Monday, March 9, 2015

မုန်းသူကို ချစ်အောင်လုပ်နည်း။



မုန်းသူကို ချစ်အောင်လုပ်နည်း။
မိမိအား သူတစ်စုံတစ်ယောက်က မနာလို မုန်းထားခြင်း ခံနေရလျှင် ထိုသူအား မုန်း
စိတ်ကင်းပျောက်သွားပြီး မိမိကို သနားချစ်ခင်စိတ် ၀င်ရောက်လာစေလိုသော် မေတ္တာ ပို့
လွှတ်ပေးရပါမည်။
မေတ္တာပို့နည်းမှာ = ထိုသူအား ရည်မှန်း၍ မေတ္တာပို့လွှတ်ပေးရမည်၊ မေတ္တာပို့လွှတ်
ပေးနေစဉ် ထိုသူ၏ ရုပ်သွင်ကို မိမိ၏စိတ်အာရုံတွင် ထင်ထင်ရှားရှား ဖြစ်နေပါစေ။ အထူးမှာ
ကြည်လင်ရိုးသား၍ ကြည်လင်သော စေတနာကောင်းဖြင့် ချမ်းသာစေလိုစိတ် ထက်ထက်
သန်သန် လွှတ်ပေးရပါမည်။
မခံချင်သော မာနစိတ်၊ ပျက်စီးစေလိုသော ဒေါသစိတ်၊ ဆင်းရဲဒုက္ခရောက်သွားစေလို
သော ကောဓစိတ် လုံးဝ(လုံးဝ) ၀င်ရောက်မသွားစေရ၊ ပယ်ထုတ်ပစ်ပါ။ ကြည်လင်သောစိတ်
ဖြူစင်သန့်ရှင်းသော စိတ်စေတနာဖြစ်အောင် ကြိုးစားပါ။ ဒေါသစိတ်ကင်း၍ ဖြူစင်သော
စိတ်စေတနာ ဖြစ်ပေါ်လာပြီဆိုလျှင် မိမိက နိုင်ပြီဟူ၍မှတ်ပါ။
တောင်တန်းသာသနာပြု ဆရာတော်ဦးဥတ္တမသာရ ကိုယ်တော်ကြီးသည် ဘယ်မြို့၊
ဘယ်ဒေသ၊ ဘယ်တိုင်းပြည်ကိုပဲသွားသွား၊ သွားလေရာရာမှာ အန္တရာယ်မရှိ ဘေးမထိခဲ့၊
တောအုံ တောင်ကြား ချောက်ကမ်းပါးကို ဖြတ်ကျော်သွားစေကာမူ အန္တရာယ်မရှိ ဘေးမထိ
ခဲ့သည်မှာ မေတ္တာတန်ခိုးပင် ဖြစ်ပါသည်။ ကိုယ်တော်ကြီး၏ နှလုံးသားမှ အမြဲမပြတ်ထွက်
နေသော မေတ္တာဓာတ် အလင်းရောင်သည် လူအပေါင်းတို့အား ခြုံမိပြီးဖြစ်သောကြောင့်
လူမရောက်သော တောအုံ တောင်ကြား၌ နတ်တို့က စောင့်ရှောက်ကြသလို လူတို့နေထိုင်ရာ
ရောက်ရာအရပ်တို့မှ နယ်ခံလူတို့က စောင့်ရှောက်ကြပါမည်။
အင်္ဂုတ္တရနိကာယ်၊ ဧကဒသနိပါတ် ၅၄၂ -၌ မေတ္တာပွားများသူတို့ ခံစားရသော အ
ကျိုးတရား ၁၁ - ပါးရှိကြောင်း ဟောတော်မူပါသည်။ သို့သော် မေတ္တာ ဘာဝနာ ပွားများ
ရာမှာ ဒေသနာတော်နဲ့အညီ စနစ်တကျ မေတ္တာပို့တတ်၊ ပွားများတတ်ဖို့ လိုအပ်ပါသည်။
မေတ္တာတရားသည် ဗြဟ္မ၀ိဟာရတရား ၄ ပါးတွင် ဦးစီးခေါင်းဆောင်အဖြစ် အမှတ် ၁ မှ ပါ
ဝင်သောတရား ဖြစ်ပါသည်။
ထို့ကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း စကြ၀ဠာအနန္တကို
မေတ္တာပို့နိုင်ကြကာ ဘေးရန်အပေါင်းကင်းငြိမ်းစွာဖြင့် ကျင့်ကြံအားထုတ်ကြကာ မြတ်နိဗ္ဗာန်
ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{ တောင်တန်းသာသနာပြုဆရာတော် အရှင်ဦးဥတ္တမသာရ၏ မေတ္တာစွမ်းအား လက်တွေ့
အကျိုးများ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

0 comments:

Post a Comment