Sunday, March 15, 2015

ဒိဌိပရဗိုဇ်တို့၏ အသိ။





ဒိဌိပရဗိုဇ်တို့၏ အသိ။
==========
လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် ဇေတ၀န်ရွှေကျောင်းတော်
မှာ မွေ့လျော်သီတင်းသုံးစဉ်ကာလ တနေ့တွင် ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ သင်္ကန်းကိုယ်
စီရုံပြီး ဆွမ်းခံသွားရင်း အချိန်ကလေး စောနေသေးတဲ့အတွက် ဒိဌိပရဗိုဇ်ကျောင်းကို ခေတ္တခဏ 
ဝင်ကြပါတယ်။ 
ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေကို စောင်းငဲ့ပြီးတော့
ငါ့ရှင်တို့....“ငါတို့လည်း နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း နိဝရဏ ၅ ပါး
ကို ဟောပြောလေ့ရှိတယ်။ ငါတို့လည်း ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း
ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတာပဲ ဘာများထူးခြားလို့လဲ ငါရှင်တို့.......။ ငါတို့လည်း ဒီတ
ရားတွေကို ဟောပြောနေတာပဲ၊ ရှင်ဂေါတမကလည်း ဒီတရားတွေကို ဟောပြောနေတာပဲ၊ ဘာမှ
ထူးခြားချက် မရှိပါဘူး” လို့ ပြောတော့ တပည့်ရဟန်းတွေက တားလည်းမတားမြစ်၊ ချက်ချင်း
ပြန်ပြီးငြင်းခုံမှု မပြုပါဘဲ ...၊ အသာကလေးပဲ ကိုယ့်ဆွမ်းကိုယ်ခံကာ ကျောင်းတော်သို့ ပြန်လာခဲ့
ကြပါတယ်။
ကျောင်းတော်ကို ပြန်ရောက်တဲ့အခါမှာ ဘုရားရှင်အား လျှောက်ထားပါတယ်။ “ ဘုန်းတော်
ကြီးတော်မူသော မြတ်စွာဘုရား၊ ဒီကနေ့ တပည့်တော်တို့ ဆွမ်းခံကြွရာ အချိန် စောနေသေးသဖြင့်
ဒိဌိပရဗိုဇ်ကျောင်းကို ခေတ္တခဏ ၀င်နေတဲ့အခါမှာ ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ တပည့် 
တော်တို့ကို စောင်းငဲ့ပြီးတော့ငါ့ရှင်တို့ ....“ ငါတို့လည်း နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ 
ရှင်ဂေါတမလည်း နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ ငါတို့လည်း ဗောဇ္ဈင် ၇ ပါးကို ဟော
ပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတာပဲ ဘာများထူးခြားလို့လဲ 
ငါရှင်တို့ .......။ ငါတို့လည်း ဒီတရားတွေကို ဟောပြောနေတာပဲ၊ ရှင်ဂေါတမကလည်း ဒီတရား
တွေကို ဟောပြောနေတာပဲ၊ ဘာမှထူးခြားချက် မရှိပါဘူး , လို့ ဟောပြောနေပါတယ် အရှင်ဘုရား၊
တပည့်တော်တို့မှာ ဘုရားရှင် အဆုံးအမတရားတော်မှတစ်ပါး မည်သည့်ပုဂ္ဂိုလ်ရဲ့ အဆုံးအမတရား
ကို လိုက်နာကျင့်သုံးခြင်း မပြုပါ။ ဘုရားတပည့်တော်တို့မှာ ဘုရား၊ တရား၊ သံဃာမှတစ်ပါး ယုံ
ကြည်အားကိုးရာ မရှိပါဟု လျှောက်ကာ... ထူးခြားချက်ကို မိန့်တော်မူပါ”ဟု လျှောက်ထားတော့...။
ဘုရားရှင်က .. “ ရဟန်းတို့ ဒိဌိပရဗိုဇ်တို့ ဟောပြောညွှန်ပြလေ့ရှိသော တရားဟာ သူတို့
ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး သိခြင်း မဟုတ်ဘဲနဲ့ တစ်ပါးသောပုဂ္ဂိုလ်တွေထံမှ ရယူလာတဲ့ 
အသိတွေကို ယူပြီး သူတို့ဟောနေတာ ပြောနေတာ၊ သူတို့ ဟောမှု ပြောမှုတို့သည် လက်တွေ့
ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံပွားများ အားထုတ်ပြီးမှ သိလို့ ဟောခြင်း မဟုတ်ပါဘဲနဲ့ ကြားဖူးနာဖူး
သာမန်အသိလေးတွေကို ရယူပြီးတော့ ဟောပြောလျက်ရှိနေတယ်။ ငါတို့ဆီက တဆင့်ကြား တရား
တော်မြတ်တွေကို သူတို့ သညာအားဖြင့် မှတ်ယူကာ ဒိဌိသာသနာကြီးပွားရာ ကြီးပွားကြောင်းဖြစ်
တဲ့ ဆင်တူယိုးမှားအဖြစ် ဟောပြောနေတာ၊ ဒီ ဒိဌိပရဗုဇ်တွေ ဟောဖေါ်ညွှန်ပြအပ်သော နိဝရဏ
တရား ၅ ပါးတို့ မှာ သညာသိသာ ဖြစ်တယ်၊ သူတို့ သန္တာန်ထဲမှာ မရှိတဲ့တရားတွေသာ ဖြစ်တယ်။
ကိုယ်ကိုတိုင် ကျင့်ကြံပြီးမှ သိတဲ့ အသိဟာ ပညာသိဖြစ်တယ်” လို့ ခွဲခြားပြလိုက်ပါတယ်။
ဒါကြောင့် ကိုယ်သိတဲ့တရားကို စာလုံးနဲ့ စကားလုံးနဲ့ ပုံဖေါ်လို့ မရတဲ့ဟာတွေ အများကြီးပါ။
ပညာသိ သဘောကို စကားလုံးတွေနဲ့ ပုံဖေါ်သညာပြုလို့ မရနိုင်ပါဘူး၊ သကြားဆိုတဲ့ အရာရဲ့ပညတ်
သဘောကို စကားလုံးတွေနဲ့ ပုံဖော်လို့ရကောင်းပေမယ့် သူ့အထဲမှာ ရှိတဲ့ ချိုတဲ့သတ္တိ အမှန်တကယ်
ရှိနေတဲ့ ပရမတ်သဘောကို စကားလုံးတွေနဲ့ ဘယ်လိုမှ ပုံဖော်လို့ မရနိုင်ပါဘူး။ ကိုယ်တိုင် စားကြည့်
ပြီး သိတဲ့အသိသာလျှင် တကယ့်အမှန်သိ သဘောပါ။ ဒါဟာ ဥပမာပါ.. ပြည့်စုံတိကျတဲ့ ဥပမာတော့ 
မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ တရားရဲ့ ထူးခြားချက်တွေကို တိတိကျကျ ပုံဖေါ်ရေးသား ဟောပြောလို့
မရနိုင်ပါ။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ကိုယ်တိုင်ကျင့်ကြံ၍ သိသောအသိ
“ပညာသိဖြင့်” တရားဓမ္မများကို ကျင့်ကြံအားထုတ်မှာသာ တရားထူးတရားမြတ် ရနိုင်မယ်လို့ ကိုယ်စီ
သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

0 comments:

Post a Comment