Monday, March 23, 2015

သီးလုံးဆရာတော်ဘုရားကြီး နှင့် ခန္တီ



သီးလုံးဆရာတော်ဘုရားကြီး နှင့် ခန္တီ
****************************************
"၀ိပဿနာအစ၊သီးလုံးက"ဟုဆိုရမလောက်အောင်ယနေ့ခေတ်မြန်မာနိုင်ငံ၏မဂ်ရောက်၊ဖိုလ်ရောက်ဝိပဿနာဘာဝနာအလုပ်ကိုပြန်လည်အသက်ဆက်ပေးခဲ့သောအရှင်မြတ်ကြီးသည်ကား "ရွှေဘိုခရိုင်၊ဆိတ်ခွန်ရွာအနီး"သီးလုံးတောရ"၌
သီတင်းသုံးတော်မူခဲ့သော"သီးလုံးဆရာတော်ဘုရားကြီး အရှင်စန္ဒိမာ"(၁၁၄၈-၁၂၂၂)ဖြစ်၏။
ဆရာတော်ကြီး၏ဒေါသမာန်မာနနည်းပါး၍"ခန္တီတရား"ပြည့်ဝမှုဂုဏ်တို့မှာသက်တော်ဝါတော်ကြီးရင့်၍သာမဟုတ်ဘဲ ငယ်စဉ် "ကိုရင်"ဘ၀ကပင် ထင်ရှားခဲ့ပါသည်။
တစ်နေ့"ကိုရင်"၏သည်းခံမှုကိုစမ်းသပ်လိုသောအခြားကိုရင်တစ်ပါးက "ဆွမ်းလုံးနှင့်တကွသပိတ်ဆေးရေ"တို့ကိုဆွမ်းဘုန်း
ပေးနေသော"ကိုရင်စန္ဒိမာ"အပေါ်လောင်းချလိုက်၏။
"ကိုရင်စန္ဒိမာ"သည် စိတ်ဆိုးသည့်မူဟန်မပြဘဲ သင့်လျော်သောနေရာသို့ ထ သွားပြီး ဆွမ်းလုံးကိုခါချ။သင်္ကန်းကိုပြင်ရင်း
လက်ကတော့ထိုးပြီး ရေလောင်းချသော ကိုရင်ရှေ့တွင်ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး-
" မိမိ၌ အပြစ်များရှိပါကခွင့်လွှတ်ပါရန်" တောင်းပန်ခဲ့လေသည်။
(အရှင်ကုမာရ(မြောင်းမြ)၏နိဒါန်း။မဟာဝိသုဒ္ဓါရာဓိကထေရုပတ္တိဒီပနီ။ဒုအကြိမ်ရိုက်။စာ-န။)
ကျွန်တော်တို့လက်လှမ်းမီရာ ခေတ်ကာလအတွင်းကပေါ်ထွန်းခဲ့သော မထေရ်ကြီးတို့၏နေပုံ၊ထိုင်ပုံ စသည်အမူအရာတို့ကိုကြည်ညိုနိုင်ကြစေရန် တင်ပြအပ်ပါသည်။
အချို့သောသူတို့က မူ-"ဤအကြောင်းအရာမျိုးဖြစ်ခဲ့ဖူးသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား"ဟူသောယုံမှားသံသယရှိပါလျှင်ထို သံသယ ပယ်ဖျောက်နိုင်စေခြင်းအကျိုးငှာဆိုင်ရာစာအုပ်ကိုဖတ်ရှုနိုင်ရန်အတွက်ရည်ရွယ်၍အညွှန်းတပ်ဖော်ပြလိုက်ရပါသည်။

0 comments:

Post a Comment