(“ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)”၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ်,တို့ကိုပူဇော်ကြည်ညိုသောအားဖြင့်ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကို,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
“စိတ်ပါ ရင် အိပ်ယာ က ရိပ်သာ ဖြစ်တယ်”
*****************************
အတွေးသစ်ဂျာနယ်မှာ ထက်ခေါင်ရဲ့ “ရိပ်သာ” ခေါင်းကြီးပိုင်းကိုဖတ်ပြီး တရားဓမ္မနဲ့ပတ်သက်ကြတဲ့ ရဟန်းတော်များရော လူပုဂ္ဂိုလ်များပါ အတော်လေး စိတ်ဝင်တစား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။
အစဉ်အလာမှာ ရေစုန်မျောရင်း အမှတ်တမဲ့ နေကြသူတွေကို လှုပ်နိုးလိုက်သလို ဖြစ်သွားလို့ ဒီခေါင်းကြီးပိုင်းကို ဖတ်ပြီး ကျေးဇူးတင်ကြသလို ဆင့်ပွားအနေနဲ့ ပြောဆိုဆွေးနွေး ဖြည့်စွက်ကြတဲ့ စကားဝိုင်း ကလေးလည်း ကြုံတွေ့ရပါတယ်။
ခေါင်းကြီးပိုင်းကိုရေးတဲ့ ထက်ခေါင်တစ်ယောက်တော့ တော်တော် လေးထိရောက်တဲ့ နိဗ္ဗာန်ဆော်အလုပ်ကို လုပ်လိုက်မိသွားတယ်လို့ ဆိုရပါလိမ့်မယ်။

ရန်ကုန်ရောက်တိုင်း မိမိအမြဲတည်းခိုတဲ့ ပုဇွန်တောင် မဟာညောင်တုန်းတိုက် ထဲက ကန်ဦးကျောင်းမှာ ကျောင်းထိုင် ဆရာတော်ရယ်၊ ဆရာတော်ကြီးနှစ်ပါးရယ်။ ကမ္မဌန်းဆရာတော်တစ်ပါးရယ် “ရိပ်သာ”နဲ့ ပတ်သက်တဲ့ စကားဝိုင်းလေးတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ဆွေးနွေးမိကြပါတယ်။
“ဆရာတော်တစ်ပါးက..”
“သူ့စာထဲမှာ ရိပ်သာကို သွားတယ်ဆိုတာ “ကိုယ့်ကိုယ်ကိုရှာဖွေဖို့”ဆိုတာလေးပါတယ်။
ဒီစကားက “ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်”တို့ မင်းသားဘ၀နဲ့ စည်းစိမ်တွေစွန့်လွှတ်ပြီး သာသနာ့ဘောင် ၀င်ရောက်သွားကြတာ၊ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တဲ့အထိ အကျိုးများသွားကြတာပေါ့။
အဲ- ဒီနေရာမှာ “ရှာဖွေ”ဆိုတဲ့ စကားကို လူတွေသဘောပေါက်ကြဖို့ အရေးကြီးတယ်။
“ရှာတယ်”-ဆိုတာ “တစ်ခုခု- ဖုံးကွယ်နေတာကို တွေ့မြင်အောင် ကြိုးစားရတဲ့ သဘော”ပဲ။
“အဖုံးအကွယ်ကို ဖယ်ရှားဖွင့်လှစ်ရတဲ့ သဘောမျိုး”လို့ ဆိုရမှာပေါ့။
ဒီနေရာမှာ ဟိုး- “ဓမ္မစကြာ”မှာပါတဲ့ “နိရောဓသစ္စာ”ထဲက “စဂေါ- ပဋိနိဿဂ္ဂေါ-မုတ္တိ၊အနာလယော” ဆိုတဲ့ စကားလေးပိုဒ်ကို သတိထား ကြည့်သင့်တယ်။

“စာဂေါ”-စွန့်တယ်၊ “ပဋိနဿဂ္ဂေါ”-ခွာတယ်၊ ဒီနှစ်ပိုဒ်က အဓိပ္ပါယ်တူနေသလိုလိုထင် ရတယ်။
ဒါပေမယ့် မတူဘူး။
ဒါပေမယ့် မတူဘူး။
ထူးခြားပုံကို ဥပမာနဲ့ပြောရရင်- “စာဂ-စွန့်တယ်”ဆိုတာက “၀ါးမျှစ်တစ်ခုကို အသားပေါ်လာအောင် အခွံတွေတစ်ခုချင်းဖယ်ရှားသလို တဖြည်းဖြည်း စွန့်စွန့်လာတဲ့သဘော”၊ “အလောင်းတော်ကြီးများ ပါရမီဖြည့်ရာကာလတွေကနေ ရင့်ကျက်ချိန်ရောက်သည်အထိ စွန့်လွှတ်မှုတွေ လေ့ကျင့်ပြီး နောက်ဆုံး အပြီးအပြတ် စွန့်နိုင်အောင် လေ့ကျင့်ယူတဲ့သဘော”မျိုးပေါ့။ ညင်သာတယ်။ ဒါပေမယ့် ဖြည်းတယ်၊ နှေးတယ်။
“ပဋိနိဿဂ္ဂေါ-ခွာတယ်”ဆိုတာတော့ “မျှစ်စိမ်းချိုးချိုးဖယ်ပစ်လိုက်သလို ဇွတ်အတင်း စွန့်ပစ်တာ”၊ “သိဒ္ဓတ”္ထတို့၊ “ယသသူဌေးသား”တို့လို တစ်ခါတည်းစွန့်ပြီး အလွတ်ရုန်းထွက် တာမျိုးပေါ့။
သိပ်တော့ မသက်သာလှဘူး။ မြန်တယ်။ ပြတ်တယ်။
သိပ်တော့ မသက်သာလှဘူး။ မြန်တယ်။ ပြတ်တယ်။
“မုတ္တိ”- ဆိုတာကတော့ “ရုန်းထွက်လို့ လွတ်မြောက်လာတယ်”။
“အနာလယော”=ဆိုတာ “နောက်ပြန်မကြည့်တော့တာ”၊ နောက်ဆံမတင်းတော့တာ။ မြန်မာတွေပြောနေကြတဲ့ အာလယ ပြတ်တယ်ဆိုတာ ဒီစကားလုံးကိုယူသုံးတာပဲ။ “အနာလယ”= “န အာလယ”=”တွယ်တာမှုကင်းပြီး”လို့ အဓိပ္ပာယ်ရတယ်။
သူ့စာထဲက ကြီးမေဆိုတာ အဲဒီလို အာလယ မပြတ်နိုင်ဘဲ နောက်ဆံတင်းနေတဲ့ ယောဂီကြီးမို့လား။
ဒီလိုယောဂီမျိုး တွေလည်း ပေါမှပေါပါ့ကွာ။ တို့ပတ်ဝန်းကျင်မှာလည်းရှိပါ့။
အဲ--အဲဒီလေးမျိုး တစ်မျိုးမျိုးနဲ့ လေ့ကျင့်ပြီး အဖုံးအကွယ်ကို ဖယ်ရှား နိုင်မှ ကိုယ့် ကိုယ်ကိုယ် ရှာတွေ့နိုင်မှာ။ ဒါကိုသဘောပေါက်ကြဖို့ အရေးကြီးတယ်..”
လို့ မိန့်ကြားပါ တယ်။

“မဟာစည်နယ်လှည့် ဓမ္မကထိက မြ၀တီမြို့ ဇောတိရတနာကျောင်း ကမ္မဌာနာ စရိယ”ဖြစ်တဲ့
“အရှင်ဇာဂရ”ကတော့--
“ရှေးဆရာတော်ကြီးတွေ မိန့်ကြားထားတဲ့ စကားရှိတယ်။
စိတ်ပါရင် အိပ်ယာက ရိပ်သာဖြစ်တယ်။
စိတ်မပါရင် ရိပ်သာက အိပ်ယာဖြစ်တယ်တဲ့။
“အရှင်ဇာဂရ”ကတော့--
“ရှေးဆရာတော်ကြီးတွေ မိန့်ကြားထားတဲ့ စကားရှိတယ်။
စိတ်ပါရင် အိပ်ယာက ရိပ်သာဖြစ်တယ်။
စိတ်မပါရင် ရိပ်သာက အိပ်ယာဖြစ်တယ်တဲ့။
ခုလည်းသူ့စာထဲမှာပါတဲ့ ' ဘကြီးဖြိုး" က အိပ်ယာမှာနေပြီး ရိပ်သာဖြစ်နေပြီး "ကြီးမေ"ကတော့ ရိပ်သာမှာ အိပ်ရာတင်မကဘူး၊
အိပ်ရာပါဖြစ်တာတာပေါ့လေ။ ဆိုတော့ ဆရာတော်တစ်ပါးကပါ ဒီလိုဆိုတော့……
အိပ်ရာပါဖြစ်တာတာပေါ့လေ။ ဆိုတော့ ဆရာတော်တစ်ပါးကပါ ဒီလိုဆိုတော့……
`စိတ်ပါရင်အိပ်ရာကရိပ်သာဖြစ်တယ်။
စိတ်မပါရင် ရိပ်သာက အိပ်ရာဖြစ်တယ်´လို့တော့ ဆိုရလိမ့်မယ်။
စိတ်မပါရင် ရိပ်သာက အိပ်ရာဖြစ်တယ်´လို့တော့ ဆိုရလိမ့်မယ်။
ဟုတ်တယ်လေ။
မြတ်စွာဘုရားရှင်က တရားတွေ့ဖို့အတွက် သီးခြားအချိန်၊ သီးခြားနေရာ လိုအပ်တယ်လို့ ဟောခဲ့တာ မဟုတ်ဘူး။
အချိန်တိုင်း အလုပ်တိုင်းမှာ သတိရှိရမယ်လို့ ဟောခဲ့တာပဲ။
အချိန်တိုင်း အလုပ်တိုင်းမှာ သတိရှိရမယ်လို့ ဟောခဲ့တာပဲ။
တစ်ချို့က `မအားဘူး´လို့ ဆင်ခြေပေးတတ်ကြတယ်။
အဲဒိ `မအားဘူး´ဆိုတဲ့ အချိန်တွေက အိပ်နေချိန်တွေမဟုတ်ဘူး။
နိုးကြားနေ၊ လုပ်ကိုင်နေတဲ့ အချိန်တွေပဲ။
ဒီအချိန်တွေမှာ သတိထားတတ်ရင် သိစရာတွေချည်းပဲ။
သတိပဌာန်အလုပ်ဆိုတာ အဲဒီသိစရာတွေကို သိနေအောင် သတိထားရတာပဲမို့လား။
လူဆိုတာ နတ်များလို ကမ္မဋ္ဌန ဇီဝိတ=ကံရဲ့ အကျိုး ကိုမှီပြီး ထိုင်စားနေတဲ့အမျိုးမှ မဟုတ်ဘဲ။
ဥဋ္ဌာနဇီဝိတ=ထကြွလုံ့လ လုပ်ကိုင် စားရတဲ့ အမျိုးဆိုတော့ သီးသန့်အားလပ်ချိန်ရယ်လို့ ဘယ်ရှိမလဲ။
ပင်ပန်းလို့ အိပ်ရာဝင် ကြတာတောင် စိတ်က အားနေရတာမဟုတ်ဘူး။

နောက်ဆုံး မနေနိုင်လို့သာ အိပ်ပျော် ကြရတာ။
ကြံတုန်းစည်တုံးနဲ့ အိပ်ပျော်ရတာချည်းပါပဲ။
တရားအသိရဖို့ တရားအားထုတ် ရမည့်လမ်းစဉ်(မဂ္ဂင်)ထဲမှာ သမ္မာအာဇီဝဆိုတာ ပါနေတာကိုက အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်ရင်း တရား အသိရအောင် ရှာနိုင်ရမယ်လို့ ရည်ညွန်းနေတာ။
ကြံတုန်းစည်တုံးနဲ့ အိပ်ပျော်ရတာချည်းပါပဲ။
တရားအသိရဖို့ တရားအားထုတ် ရမည့်လမ်းစဉ်(မဂ္ဂင်)ထဲမှာ သမ္မာအာဇီဝဆိုတာ ပါနေတာကိုက အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်ရင်း တရား အသိရအောင် ရှာနိုင်ရမယ်လို့ ရည်ညွန်းနေတာ။
ဒါကို သဘောပေါက်ကြရင် တရားအတွက် အားချိန်သီးသန့်မလိုဘူးဆိုတာ သဘောပေါက် ကြမှာပါ ….”
လို့ ဆွေးနွေးပါတယ်။
လို့ ဆွေးနွေးပါတယ်။
“အမရပူရ တူးမောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တ ဃောသိတ”ကတော့….
“အေးကွ… တစ်ချို့ဆုပေးတဲ့ပုဂ္ဂိုလ်တွေက “စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာရောက် နိုင်ကြပါစေ”ဆိုတာ ကြားရတိုင်း စဉ်းစားကြည့် မိတယ်။
“အေးကွ… တစ်ချို့ဆုပေးတဲ့ပုဂ္ဂိုလ်တွေက “စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာရောက် နိုင်ကြပါစေ”ဆိုတာ ကြားရတိုင်း စဉ်းစားကြည့် မိတယ်။
စိတ်ဆိုတာ အငြိမ်လည်း မနေ တတ်ဘူး။
သွားပြန်တော့လည်း ကောင်းတဲ့နေရာက နည်းနည်း ဒီလူတွေ စိတ်သွား တိုင်းသာ ကိုယ်က ပါပါသွားမယ်ဆိုရင် လူကြားထဲ ပြန်ဝင်ရဲပါ့မလား၊
သွားပြန်တော့လည်း ကောင်းတဲ့နေရာက နည်းနည်း ဒီလူတွေ စိတ်သွား တိုင်းသာ ကိုယ်က ပါပါသွားမယ်ဆိုရင် လူကြားထဲ ပြန်ဝင်ရဲပါ့မလား၊
မစင်တွေ၊ ဗွက် တောထဲလူပြီး လူကြားထဲဝင်လာတဲ့ ၀က်တစ်ကောင်လို ဖြစ်မလာလောက်ပေဘူးလား လို့ အောက့်မေ့မိတယ်။
အမှန်ကကိုယ်သွားချင်တဲ့နေရာ စိတ်ပါလာဖို့ အရေးကြီးတာ။
တို့ စာအံ စာဖတ်လုပ်ကြတဲ့အခါ တစ်ခါတစ်လေစာထဲမှာ စိတ်ကမရှိကြလို့ ဆရာသမား ဘာတွေ ပြောသွားတယ် ဆိုတာ မသိလိုက်တဲ့ အကြိမ်တွေအများကြီးပါပဲ….” တဲ့။
တို့ စာအံ စာဖတ်လုပ်ကြတဲ့အခါ တစ်ခါတစ်လေစာထဲမှာ စိတ်ကမရှိကြလို့ ဆရာသမား ဘာတွေ ပြောသွားတယ် ဆိုတာ မသိလိုက်တဲ့ အကြိမ်တွေအများကြီးပါပဲ….” တဲ့။
“တစ်ခြားဆရာတော်တစ်ပါး”ကလည်း..
“ဟုတ်တယ်ဟေ့၊ တို့ကျောင်းနားက ဒါယိကာမကြီးတစ်ယောက်ဆိုရင် အိမ်မှာစီစဉ် ညွန်ကြားစရာတွေရှိသမျှ ဘုရားဝတ် တက်တုန်းမှာ အကုန်ပြီးတာပဲ။
ပါးစပ်က အစိန္တေယျ- နှစ်ခွန်းလောက်စလိုက်ပြီဆို ကတည်းက ` ဟဲ့ အငယ်မ ဟိုစာပွဲပေါ်က နင့်အဖေအတွက် ချိန်ထားတဲ့ ဟင်းပန်းကန် အုပ်ထားရဲ့လား၊
အပၸေမယ်- အပၸေမယ်- ဟိုကောင် မနက်ဈေးလိုက်မယ့် ပိုက်ဆံသေသေချာချာ ထည့်နော်။ စာရင်းစာရွက်လည်း မေ့နေဦးမယ်။
သြကာသ- သြကာသ-နဲ့ ဒါနဲ့ပဲ ဘုရားဝတ်တက်လဲဆုံးရော စီစဉ်ညွန်ကြားစရာတွေလဲ ဆုံးတော့ တာပဲတဲ့။
ဒါဟာ ကိုယ်တစ်ခြား စိတ်တစ်ခြားဖြစ်နေတဲ့ သဘောပေါ့”….
လို့ ဖြည့်စွက်ပြော ပါတယ်။

ဒီစကားဝိုင်းမှာပြောသမျှတွေက ဦးတည်ချက်တစ်ခုအတွက် ဖြည့်စွက်ဆွေးနွေး တဲ့ စကားတွေဖြစ်လို့ မှတ်လောက်သား လောက်တွေချည်းပါပဲ။
အချိန်လည်း အတော် ကြာပါတယ်။
အပြည့်အစုံသာ ရေးပြမယ်ဆိုရင် ' ရိပ်သာဋီကာကျမ်း"တစ်ဆောင်ဖြစ် သွားမလားပဲ။
အချိန်လည်း အတော် ကြာပါတယ်။
အပြည့်အစုံသာ ရေးပြမယ်ဆိုရင် ' ရိပ်သာဋီကာကျမ်း"တစ်ဆောင်ဖြစ် သွားမလားပဲ။
“မိမိ” ကတော့ ဘကြီးဖြိုးလုပ်ဆောင်ချက်များကို ပါဝင် ဆွေးနွေးမိပါတယ်။
“လော ကနယ်- ဓမ္မနယ်”-ဆိုတာ “အတ္တနယ်နဲ့ အနတ္တနယ်”ပါပဲ။
အတ္တဆိုတာ ကိုယ့်အတွက်သာ သိတတ်ကြည့်တတ်တဲ့သဘော။
အနတ္တဆိုတာက ကိုယ်လို့တောင် မသတ်မှတ်တော့တဲ့ သဘောဆိုတော့ လွတ်ကနဲကူးပြောင်းဖို့ ခဲယဉ်းလှပါတယ်။
“လော ကနယ်- ဓမ္မနယ်”-ဆိုတာ “အတ္တနယ်နဲ့ အနတ္တနယ်”ပါပဲ။
အတ္တဆိုတာ ကိုယ့်အတွက်သာ သိတတ်ကြည့်တတ်တဲ့သဘော။
အနတ္တဆိုတာက ကိုယ်လို့တောင် မသတ်မှတ်တော့တဲ့ သဘောဆိုတော့ လွတ်ကနဲကူးပြောင်းဖို့ ခဲယဉ်းလှပါတယ်။
အဘိဓမ္မာတရားတော်များ မှာ သောမနဿ ဒေါမနဿဆိုတာမျိုးလို ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့တရားနှစ်ခု တစ် ဆက်တည်း မဖြစ်နိုင်တဲ့အခါမှာ ဥပေက္ခာဆိုတဲ့ ကြားခံတစ်ခု ဖြစ်ပေးရပါတယ်။
အာဂန္တုကဘ၀င်လို့ ခေါ်တယ်။
အတ္တနဲ့ အနတ္တကလည်း ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
ကြားခံ တစ်ခုမရှိဘဲ ကူးနိုင်ဖို့ခဲယဉ်းတယ်။
ဒီအတွက် ကြားခံတစ်ခုလိုအပ်ပါတယ်။
အဲဒါကတော့ `ပရ´ဆိုတာပါပဲ။
အလောင်းတော်ကြီးများ ပါရမီဖြည့်ကြရတယ်ဆို တာဟာ `ပရ´နယ်ပယ်မှာကျင့်သားရအောင်
လေ့ကျင့်နေရတဲ့သဘောပါ။
ဒါကြောင့် လည်း ပါရမီဖြည့်ရာကာလအကြောင်း ဇာတ်ဝတ္ထုများကို လေ့လာကြည့်ရင် ပရဟိတ တွေ ဆောင်ရွက်နေတာကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။

''ဘကြီးဖြိုး"ရဲ့ လုပ်ရပ် တွေကိုကြည့်ရင် အနတ္တလက်ကိုင်ထားပြီး ကျင့်သားရအောင်လုပ်နေတဲ့ သဘောဖြစ်လို့ အနတ္တကို ဦးတည်နေပါတယ်။
`ပရ´တို့ `ပရဟိတ´တို့ဆိုတာ မာခဲနေသလိုဖြစ်နေတဲ့ အတ္တစွဲအတုံးအခဲကို ပါးကျဲသွားအောင် လေ့ကျင့်ပေးနေတာလို့ သဘောရကြောင်း ပြောဆိုမိပါတယ်”။
စကားဝိုင်းမှာပါဝင်နေတဲ့ အရှင်မြတ်များကလည်း သဘောညီမျှကြ ပါတယ်။
ပြီးတော့ “စိတ်ပါရင်”ဆိုတဲ့ စကားကိုလည်း ဆန့်ထုတ်ကြည့်မိပါတယ်။
“စိတ်- ဘယ်ကိုပါရမလဲ”။
“မိမိဦးတည်ရည်ရွယ်တဲ့ အာရုံဆီပါရမယ်”။
ဦးတည်ထားတဲ့ အာရုံပေါ် မှာသာ ကျရောက်ပြီး တခြားအာရုံဆီလွင့်မသွားအောင် ပါနေရမှာပါ။
ဒီလိုပါဖို့အတွက် “သဒ္ဓါတရားနဲ့ စည်းရုံး”၊ “၀ီရိယတရားနဲ့ ဆုတ်နစ်မသွားအောင်ခုခံ”၊ “ပညာတရားနဲ့ အကြောင်းအကျိုးကို မျှော်မြင်ကြည့်ပြီး ဆွဲခေါ်ရမယ်”လို့ သဘောပေါက်မိပါတယ်။

ဒီလို စိတ်ကို လိုရာပါအောင် ဆွဲခေါ်တဲ့အခါမှာ အရေးအကြီးဆုံးက “သတိ” တရားဖြစ်ပါတယ်။
“သတိ”နဲ့ ပတ်သက်လို့ “ယောဆရာတော်” မိန့်ကြားတာကတော့
“သတိ”ဆိုတာ…..
၁။ ဘာလုပ်မယ်၊ ဘာကိုအာရုံပြုမယ်ဆိုတဲ့ အာရုံကို ပုံဖော်ပေးတယ်။
၂။ ဒီအာရုံနဲ့ စိတ်ကို တွဲကပ်ပေးတယ်။
၃။ ရည်ရွယ်ချက်မပြီးမြောက်သမျှ အာရုံမပျောက်အောင် အသိနဲ့ အာရုံကိုလည်း
တွဲစပ်ပေးထားတယ်။
၎။ အလုပ်လုပ်နေစဉ်မျာ တစ်ခြားအာရုံတွေ လက်မခံမိအောင်လည်း ကာကွယ်
ပေးထားတယ်။
၅။ သိစရာကို သိနေတဲ့ အသိဉာဏ်လေး အဆက်မပြတ်မသွားအောင်လည်း `
`သတိ´က ဆက်စပ်ပေးထားတယ်။
၆။ အလုပ်တိုင်း အရေးကြီးတယ်လို့ သဘောထားတယ်။

အတိုချုပ်ကတော့ အာရုံကိုပုံဖော်၊ အသိစိတ် ပေါ်အောင်လုပ်ပေးပြီး တခြားမလိုအပ်တဲ့ အာရုံဆီ ပျံလွင့် မပြေးအောင် ၊ မလိုအပ်တဲ့ အတွေးတွေဝင်မလာအောင် အစောင့် အရှောက်ပေးနေတာဟာ `သတိ´ရဲ့ အလုပ်ပါပဲ။
ဒီလို စိတ်ကိုသတိနဲ့ကပ်ထိန်းပေးထား ရင် စိတ်က တခြားအာရုံတွေဆီ ပျံ့လွင့်မသွားတော့ဘဲ ကိုယ်စူးစိုက် လုပ်ကိုင်ရမယ့် အာရုံဆီကိုသာ ကိုယ့်ဆန္ဒနဲ့အညီ ပါလာတာကို စိတ်ပါတယ်လို့ ခေါ်ရပါလိမ့်မယ်။
အဲဒီလိုမိမိစိတ်က မိမိစေရာ အာရုံဆီပါလာပြီဆိုရင် သိစရာ အာရုံတိုင်းရဲ့ သဘောမှန်ကို သိနေမှာဖြစ်ပါတယ်။
အာရုံရဲ့သဘောအမှန်ကို သိနေတာကိုလည်း ၀ိပဿနာလို့ ခေါ်တာဖြစ်လို့ စိတ်ပါရင် အိပ်ရာကလည်း ရိပ်သာဖြစ်တယ်လို့ ဆိုတာဖြစ်မှာပါ။
အာရုံရဲ့သဘောအမှန်ကို သိနေတာကိုလည်း ၀ိပဿနာလို့ ခေါ်တာဖြစ်လို့ စိတ်ပါရင် အိပ်ရာကလည်း ရိပ်သာဖြစ်တယ်လို့ ဆိုတာဖြစ်မှာပါ။
အမှန်ကတော့ အိပ်ရာက သာမကပါဘူး။
နေရာတိုင်း အလုပ်တိုင်း ဣရိယာပုတ်တိုင်းမှာ ရိပ်သာဖြစ်နေမှာပါ။
နေရာတိုင်း အလုပ်တိုင်း ဣရိယာပုတ်တိုင်းမှာ ရိပ်သာဖြစ်နေမှာပါ။
အာရုံရဲ့ပင်ကိုယ်သဘောအမှန်မှာ ချစ်စရာ၊ မုန်းစရာရယ်လို့ သီးခြားမရှိဘဲ။ ခဏဖြစ်၊ ခဏပျက်တဲ့ သဘောမျှသာရှိလို့ ဒါကို အမှန် အတိုင်းသနေသူမှာလည်း အချစ်၊ အမုန်းဆိုတဲ့ လောဘ-ဒေါသက စပြီး မနာလိုဝန်တိုမှု၊ကိုယ့်အတွက်သာ သိမ်းထားလို မှုစတဲ့ ကိလေသာအပူတွေဝေးနေမှာဖြစ်လို့ အေးမြတဲ့ အရိပ်မှာ နေရသလို ဖြစ်နေမှာသေချာပါတယ်။
ဒီလိုနေနိုင်သူဟာဘ၀မနာ ဘဲ ဘာဝနာသာဖြစ်နေမှာ ဖြစ်သလို တရားနဲ့ယှဉ်တွဲနေတဲ့ ယောဂီ၊ တရား အသိကို ရနေတဲ့ ရတနာအစစ်ရသူ ဧကန်ဖြစ်နေမယ် လို့ သဘောပိုက်မိပါတယ်။
ဘ၀မနာဘဲ ဘာဝနာဖြစ်နေစေဖို့နေရာတိုင်း အချိန်တိုင်း အလုပ်တိုင်းမှာ သတိ ထားပြီး တရားရှိအောင် နေတတ်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ၏တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြုပါသည်)
0 comments:
Post a Comment