Sunday, March 15, 2015

ကံဟူသည်။



ကံဟူသည်။
======
ကံဟူသည် အတိတ်ကာလ၊ ပစ္စုပ္ပာန်ကာလတို့၌ ပြုခဲ့၊ ပြုဆဲဖြစ်သော ကာယကံမှု၊
ဝစီကံမှု၊ မနောကံမှုတို့ ဖြစ်ပါ၏။ “စေတနာကံကို ကံဟု ငါဘုရားဟော၏” စေတနာဖြင့် စေ့
ဆော်၍ ကိုယ် နှုတ် စိတ်တို့ဖြင့် အမှုကိစ္စတို့ကိုဆောင်ရွက်၏။(ဆက္ကအင်္ဂုထ္တုရ်နိဗ္ဗေဓိကသုတ်)
ကံတရားဆိုတာ တခြားမှဝင်ရောက်လာခြင်းမဟုတ်ပါ။ မိမိ၏ စိတ်ရင်းမှ ဖြစ်ပေါ်
လာသော စေတနာကို ခေါ်ပါသည်။ စေတနာပင်လျှင် ကံတရားအစစ် ဖြစ်ပါ၏။ ကံကောင်း
ချင်ရင် စေတနာကောင်းကောင်းထားပါ။ စေတနာ အမြဲကောင်းကောင်း ထားနေသူမှာ
အမြဲကံကောင်းနေပါမယ်။
ကံဆိုသည်မှာ ကုသိုလ်ကံနှင့် အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိရာ ကုသိုလ် အကုသိုလ်ကို
သိလျှင် ကုသိုလ်ကံ အကုသိုလ်ကံကို သိခြင်းပင်ဖြစ်၏။ ကုသိုလ်မှုဟူသည်မှာ သုစရိုက်(၁၀)
ပါး ဖြစ်ပြီး၊ အကုသိုလ်ဟူသည်မှာ ဒုစရိုက်(၁၀)ပါး ဖြစ်၏။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူ၍
ဆီလျော်အောင်ရေးသား ပူဇော်ပါသည်။ }

0 comments:

Post a Comment