Friday, March 27, 2015

မေတ္တာရင်မှာ ပိုက်ပါလို့။



မေတ္တာရင်မှာ ပိုက်ပါလို့။
========
ရှေးလွန်လေပြီးသော ကာလတုန်းက ဗာရာဏသီပြည့်ရှင်မင်းကြီးတွင် မိဖုရား ၄ ယောက်
ရှိတဲ့အနက် တစ်ယောက်သော မိဖုရားကြီးမှ သားယောက်ျားလေးတစ်ပါး ဖွားမြင်ပါတယ်။ တိုင်း
သူပြည်သားတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေသည့်အတွက်ကြောင့် မင်းသားလေးကို “ဥဒယ
ဘဒ္ဒ” လို့ ခေါ်တွင်ခဲ့ပါတယ်။ များမကြာခင်မှာပဲ အခြားသော မိဖုရားကြီးတစ်ပါးကလည်း မင်းသ
မီးလေးတစ်ယောက် ဖွားမြင်ပြန်တယ်။ ဒီမင်းသမီးလေး ဖွားမြင်တယ်လို့ သတင်းစကားကြားရင်
ဆိုပဲ တိုင်းသူပြည်သားတွေရဲ့စိတ်နှလုံး ရွှင်ပြုံးပီတိ ရင်ဝယ်ငြိ၊ ဖြစ်လာတော့ မင်းသမီးရဲ့နာမည်
ကိုလည်းပဲ “ဥဒယဘဒ္ဒ” လို့ မှဲ့ခေါ်ကြပါတယ်။
ဥဒယဘဒ္ဒ မင်းသားနဲ့ ဥဒယဘဒ္ဒ မင်းသမီးတို့ ဗြဟ္မာ့ပြည်မှ သက်ဆင်းလာသည့် ပုဂ္ဂိုလ်
များ အားလျော်စွာ အာရုံငါးပါး ကာမဂုဏ်တရားတွေ ခံစားချင်စိတ် မရှိကြဘူး။ အာရုံငါးပါး ကာ
မဂုဏ်တရားတွေကို ခံစားတဲ့အိပ်မက်တောင် မမက်ကြအောင်ထိ စိတ်ဓာတ်တွေ မြင့်မြတ်ကြပါ
တယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ မင်းကြီးနဲ့တကွ မူးမတ်သေနာပတိ တိုင်းသူပြည်သားအ
ပေါင်းတို့က မင်းသားနှင့် မင်းသမီးတို့ကို စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာ လက်ထပ်တဲ့ ပွဲသဘင်
ကြီးကို ဆင်နွဲပေးလိုက်ကြပါတယ်။
လက်ထပ်ခဲ့ကြသော်လည်း ဗြဟ္မာပြည်မှလာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြသည့်အတွက်ကြောင့်
တစ်ယောက်နဲ့တစ်ယောက် မောင်နှမပမာ စောင့်ရှောက်နေကြပြီး ကိလေသာနဲ့တောင်မှ မကြည့်
မိကြပါ။ ဒီလိုနေကြရင်း ခမည်းတော်ကလည်း နတ်ရွာစံ ကံတော်ကုန်၊ မယ်တော်တွေကလည်း
နတ်ရွာစံ ကံတော်ကုန်ကြတဲ့အခါကျတော့ မင်းကြီးအဖြစ် တိုင်းပြည်အုပ်ချုပ် စီမံရပါတယ်။ ဒီလို
နဲ့ ဖြူစင်မေတ္တာတွေထားပြီး ပေါင်းသင်းလာခဲ့ကြရာ အလျင်စောပြီး ကံတော်ကုန်လို့ ကောင်းရာ
သုဂတိဘုံသို့ ရောက်သွားတယ်ဆိုရင်၊ ရောက်တဲ့ဘ၀ကလည်း လာပြောစတမ်း၊ ကိုယ်သိတဲ့ တ
ရားတွေကိုလည်း ဟောပြောစတမ်း ဆိုပြီး ဂတိသစ္စာတွေ ထားလိုက်ကြပါတယ်။
နှစ်ပေါင်း ၇၀၀ လောက်ကြတဲ့အခါကျတော့ ဥဒယဘဒ္ဒမင်းသားက နတ်ရွာစံ ကံတော်ကုန်
ပြီး တာဝတိံသာနတ်ပြည်မှာ သိကြားမင်းကြီးသွားဖြစ်ပါတယ်။ နတ်ပြည်ကျတော့ ကာမဂုဏ်တ
ရားတွေက အင်မတန် ဆန်းကြယ်များပြားလှသည့် အတွက်ကြောင့် အာရုံငါးပါး ကာမဂုဏ်တရား
တွေကို ခံစားပြီးတော့ နေလိုက်တာ နတ်သက် ၇ ရက်မြောက်နေ့၊ လူ့ပြည်က လူ့သက်နဲ့တွက်
ကြည့်တော့ နှစ်ပေါင်း ၇၀၀ ကြာမှ မင်းသမီးနဲ့ငါ ဂတိသစ္စာတွေ ပြောခဲ့ပါသကော... သတိရလာ
ပါတယ်။ ငါလူ့ပြည်ကို ဆင်းပြီးတော့ လုလင်ပျိုလိုဆောင်ကာ မင်းသမီးဆီသွားတွေ့ကာ ကိုယ်သိ
တဲ့တရား သူလည်းသိအောင် လုပ်ရဦးမယ်လို့ ပြင်လိုက်ပါတယ်။
တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒ မင်းသမီးဟာ ပြသာဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။ 
အဲဒီအချိန်မှာ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြီး မင်းသမီးကို 
လူပျိုစကား စပြောပါတယ်။ "ငါကနတ်သားတစ်ယောက်ပါ ၊ သင်က ငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ 
ရွှေခွက်နဲ့  ရွှေအပြည့်ပေးပါ့မယ်။" ဒီတော့ မင်းသမီးက "သင်ဟာ နတ်သားမကလို့  ဘာဘဲ ဖြစ်နေ
ဖြစ်နေ ကွယ်လွန်သွားတဲ့ ကျမခင်ပွန်းဟောင်းမင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်
ပြန်ပါတော့" လို့  နှင်လွှတ်လိုက်ပါတယ်။ 
ဒုတိယ ညကျတော့ လုလင်ပျို နတ်သားက ငွေခွက်နဲ့  ရောက်လာပြန်ပါတယ်။ ဒါပေမဲ့ မင်းသ
မီးက ချက်ချင်းဘဲ ပြန်လွှတ်ပါတယ်။ တတိယ ညကျတော့ ကြေးခွက်နဲ့  ချစ်ရေးဆိုလာ ပြန်ပါတယ်။ 
ဒီမှာတင် မင်းသမီးက စဉ်းစားပြီး လုလင်ကိုပြန်မေးကြည့်ပါတယ်။ "အသင်ယောက်ျား...ယောက်ျား
တွေဟာ မိန်းမကို ချစ်ရေးဆိုရင် ပစ္စည်းဥစ္စာကို တိုးပြီးတိုးပြီးပေးကြတယ်။ သင်က ဘာဖြစ်လို့  တစ်
နေ့ ထက်တစ်နေ့  လျှော့ လျှော့ပေးရတာလဲ။" လို့ မေးပါတယ်။
ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။" မင်းသမီးရဲ့  အသက်နဲ့  ရုပ်ရည်အဆင်းက တစ်
နေ့ ထက်တစ်နေ့  လျှော့လျှော့ အိုလာတာပဲ။ ဒါကြောင့် ငါကပစ္စည်းကို လျှော့ လျှော့ပေးတာပါ။ မင်း
သမီးရယ်၊ တစ်ရက်တစ်ည ကုန်လွန်တာကိုထားပါဦး။ အသင့်ကို ငါကြည့်နေဆဲ မှာပဲ သင့်ရဲ့ ရုပ်ရည် 
အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့  အိုအိုလာနေပြီ၊ တစ်နေ့ ထက်တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ။" 
လို့ ရှင်းပြလိုက် ပါတယ်။
ပြီးနောက် ငါဟာ မင်းသမီးရဲ့ခင်ပွန်းဟောင်းဖြစ်ကြောင်း ရှင်းပြပြီး၊ လုလင်နတ်သားက နတ်
ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ပြုနိုင်ရန် လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  
သေဖို့ တစ်ရက် နီး နီး သွားကြောင်း၊ သေဖို့ တစ်ရက် နီးသွားတာနဲ့  ကုသိုလ်ပြုဖို့  အခွင့်အရေး တစ်
ရက်လျှော့သွားကြောင်း။ ဒီတရားသဘောကို အခြေခံပြီး အမြဲတမ်း သတိရနေရင် တစ်နေ့ တာ ကု
သိုလ်ပြုဖို့ ကိုပဲ ကြံစဉ် အားထုတ်နိုင်မယ်လို့ တရားဟောပြီး တာဝတိံသာနတ်ပြည်သို့ ပြန်သွားပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း သတိတရားလက်ကိုင်ထားပြီး အကု
သိုလ်ကင်းပြီး ကုသိုလ်ပြုရင်း နေနိုင်ကြကာ အပါယ်တံခါးပိတ်ပြီးသူများ ဖြစ်ကြပါစေ ကုန်သတည်း။ ။

0 comments:

Post a Comment