အာရုံခြောက်ပါး အားလုံးသိသည်
-------------------------- -------
သဘာဝလောကကြီးအား အာရုံခံစားထိတွေ့နိုင်ရန် သဘာဝလောကကြီးမှ ကျွန်ုပ်တို့အား အာရုံခံပစ္စည်းတို့နှင့် အသိစိတ်တို့ ယှဉ်တွဲအပ်နှင်းထားလေ၏။
- မျက်စိဖြင့် ရှုမြင်ခံစားလျှင် မြင်သိစိတ်
- နားဖြင့် နားထောင်ခံစားလျှင် ကြားသိစိတ်
- နှာခေါင်းဖြင့် အနံ့ခံ ခံစားလျှင် နံသိစိတ်
- လျှာဖြင့် အရသာခံ ခံစားလျှင် အရသာသိစိတ်
- ခန္ဓာကိုယ်ဖြင့် ထိတွေ့ခံစားလျှင် ထိတွေ့သိစိတ်
- စိတ်ဖြင့် တွေးတောခံစားလျှင် တွေးသိစိတ်
ကျွန်ုပ်တို့လူသားတို့၌ ဤအာရုံ ခြောက်ပါးမှတပါး တခြားအာရုံခံနိုင်စရာ တစုံတရာဟူ၍ မရှိ။ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ပစ္စုပ္ပန်တည့်တည့်၌ သံသရာမှ လွန်မြောက်နေပုံကို ရှုမြင်နေပြီဖြစ်သော စာဖတ်သူသည် နိဗ္ဗာန်ကို အာရုံပြုနေခြင်းဟု သုံးသပ်ကောင်းသုံးသပ်နေပေလိ မ့်မည်။ ဥာဏ်ဖြင့်သာ ထိုးထွင်းသိမြင်အပ်သော ဥာဏ်၏အရာသာဖြစ်သော "နိဗ္ဗာန်တရား" ကို ဥာဏ်ဖြင့် ထိုးထွင်းသိမြင်နေခြင်းသာ ဖြစ်၏။
အလင်းရောင်မရှိသော ညအမှောင်ထုအတွင်း မှောင်ကြီးမဲမဲတွင် ကျွန်ုပ်တို့အားလုံးသည် အကန်းနှင့်မခြားနား အတူတူသာဖြစ်သည်။ မျက်စိကို မည်မျှကျယ်ကျယ်ဖွင့်သည်ဖြစ် စေ မည်မျှအာရုံစိုက်သည်ဖြစ်စေ မည်မျှပြူးပြဲကြည့်သည်ဖြစ်ေ စ အလင်းရောင်တစုံတရာ လုံးဝမရှိလျှင် ဘာမျှမမြင်နိုင်တော့။ အလင်းရောင် (သို့) အလင်းလွှတ်ဝတ္ထုတစ်ခု၏ အကူအညီပါမှ မြင်ရသည်။ အလင်းလွှတ်ဝတ္ထုဆိုရာ၌ နေရောင်သော်လည်းကောင်း ဓာတ်မီး ဖယောင်းတိုင် စသည်တို့ ပါဝင်လေမည်။ မြင်ခြင်းကိုသိသော မြင်သိစိတ် ဖြစ်ပေါ်ရေးအတွက် မျက်စိသည် မရှိမဖြစ်လိုအပ်သကဲ့သို့ အလင်းရောင်သည်လည်း မရှိမဖြစ်လိုလေ၏။ နေ ဓာတ်မီးစသည့် အလင်းလွှတ်ဝတ္ထုမှ အလင်းသည် အရာဝတ္ထုပေါ်သို့ ကျရောက်ပြီး အရာဝတ္ထုမှ တဆင့်ပြန်လာသော လုံလောက်သော အလင်းရှိမှသာ နောက်ဆုံးတွင် အဆင့်ဆင့်ဖြင့် မြင်သိစိတ်ဟူသော သိစိတ် ဖြစ်ရသည်။
- အရာဝတ္ထုပေါ်သို့ လုံလောက်သော အလင်းရောင်ကျရောက်သည်။
- အရာဝတ္ထုမှ လုံလောက်သော အလင်းပြန်မှုဖြစ်သည်။
- အလင်းပြန်လာသော အရာဝတ္ထု၏ ပုံသဏ္ဍာန် အရောင်အဆင်းကို ဆောင်ယူလာသော အလင်းသည် မျက်စေ့ကို ရောက်သည်။
- မျက်စေ့ရှိ မှန်ဘီလူးခုံးကို ဖြတ်သန်းသည်။
- မြင်လွှာ၌ အရာဝတ္ထု၏ ပုံရိပ်ကို ဇောက်ထိုးပေါ်စေသည်။
- မြင်လွှာရှိ ပုံရိပ်ကို အာရုံကြောတို့မှ လက်ခံသည်။
- အာရုံကြောမှ ဦးနှောက်ကို သတင်းပို့သည်။
- ဦးနှောက်မှ ယခင်မှတ်သားထားသော အချက်အလက်တို့ဖြင့် တိုက်ကြည့်သည်။ အဖြေထုတ်သည်။
- လူ ယောက်ျား မိန်းမဟု သိစိတ် ဖြစ်ရလေတော့၏။
ဤပုံဤနည်းဖြင့် များစွာသော အဆင့်တို့ကို ဖြတ်သန်းပြီးမှ ယောက်ျား မိန်းမ သမီး စာအုပ် ခဲတံဟု သိသောစိတ်တစ်ခု ဖြစ်ရလေ၏။ ဆိုလိုသည်မှာ အရာဝတ္ထုတစ်ခုကို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း အလင်းရောင်ဖြတ်သန်းလာရသောကြာချိန် အာရုံကြောတို့မှ သတင်းပို့သောကြာချိန် ဦးနှောက်မှ ယခင်မှတ်သားထားသော အချက်အလက်တို့ဖြင့် တိုက်ကြည့်ပြီးမှ အဖြေထုတ်သောကြာချိန်တို့ဖြစ်ပြီး နောက်ဆုံးမှ လူ၌ မြင်စိတ်ဟူသော သိစိတ်တစ်ခု ဖြစ်ရလေ၏။ အရာဝတ္ထုကို ကြည့်တိုင်းကြည့်လိုက်တိုင်း ချက်ချင်း မြင်သိစိတ်တစ်ခု မဖြစ်နိုင်။ အချိန်ကာလတစ်ခု အဆင့်ဆင့်ဖြတ်သန်းပြီးနောက် စက္ကန့်ပိုင်းမျှ နောက်ကျပြီးမှ မြင်ရခြင်းဖြစ်သည်။
ဤသို့ ဥာဏ်ဖြင့်သုံးသပ်လေသော် ကျွန်ုပ်တို့ မြင်မြင်သမျှသည် အမြဲနောက်ကျပြီးမှ မြင်နေခြင်းဖြစ်ရကား မြင်မြင်သမျှတို့သည် အတိတ်သာ ဖြစ်ရလေ၏။ မြင်မြင်သမျှတို့သည် အတိတ် မရှိတရားတို့သာ ဖြစ်ရလေ၏။ နေနှင့်ကမ္ဘာအကြား ဝေးကွာလှသော ၉၃ သန်းဟူသော အကွာအဝေးကြောင့် နေမှအလင်းရောင်သည် ၈ မိနစ်ကျော်ကြာမှသာ ရောက်သည်။ ကျွန်ုပ်တို့ ယခုမြင်နေရသော နေသည် လွန်ခဲ့သော ၈ မိနစ်ကျော်မှ "အတိတ်နေ" သာ ဖြစ်သည်။
ပစ္စုပ္ပန်တည့်တည့် နေကို ဘယ်လိုမှ ကြည့်၍မမြင်နိုင်။ နေမှမဟုတ်။ ပစ္စုပ္ပန်တည့်တည့် လောကတစ်ခွင်အားလုံးကို ဘယ်လိုမှ ကြည့်၍မမြင်နိုင်လေပြီ။ ကျွန်ုပ်တို့ မြင်နေသော လောကတစ်ခွင် အားလုံးမြင်မြင်သမျှသည် ပျောက်ပျက်ခဲ့ပြီးသော အတိတ်ပျက်တရားတို့သာ ဖြစ်သည်။ ဤသို့ဖြင့် မည်သို့မျှ ကြည့်၍မရနိုင်သော ပစ္စုပ္ပန်တည့်တည့် လောကတစ်ခွင်ကို စိတ်ကူးဖြင့် ကြိုတင်မှန်းဆကြည့်ပြန်သည်။ သူလည်း စိတ်ကူးမျှသာဖြစ်သဖြင့် မရှိတရားသာ ဖြစ်ပြန်၏။ အချုပ်အားဖြင့် -
ကျွန်ုပ်တို့ မြင်မြင်သမျှသည်အတိတ် အပျက်တရား မရှိတရား ပစ္စပ္ပန်တည့်တည့်ကို မျက်စေ့ဖြင့် အာရုံမခံစားနိုင်။ ကျွန်ုပ်တို့ မြင်သိစိတ်ဖြစ်တိုင်း ပစ္စပ္ပန်တည့်တည့်မဟုတ်။ မြင်သိစိတ်နှင့်အလားတူ …
- ကြားသိစိတ်ဖြစ်တိုင်း
- နံသိစိတ်ဖြစ်တိုင်း
- စားသိစိတ်ဖြစ်တိုင်း
- ထိတွေ့သိစိတ်ဖြစ်တိုင်း
- တွေးသိစိတ်ဖြစ်တိုင်း ပစ္စုပ္ပန်တည့်တည့်မဟုတ်။
ထို့အတူ … ပစ္စုပ္ပန်တည့်တည့် ဖြစ်ပျက်တို့မှ ချုပ်ရာ ဆုံးရာ သံသရာမှ လွန်မြောက်ရာတရား နိဗ္ဗာန်ကို ……
- မျက်စေ့ အမြင်ဖြင့် အာရုံမခံစားနိုင်
- နားအကြားဖြင့် အာရုံမခံစားနိုင်
- နှာခေါင်းအနံ့ဖြင့် အာရုံမခံစားနိုင်
- လျှာအရသာဖြင့် အာရုံမခံစားနိုင်
- ခန္ဓာကိုယ် ထိတွေ့ဖြင့် အာရုံမခံစားနိုင်
- တွေးတောခြင်းဖြင့် အာရုံမခံစားနိုင်
- လောကအာရုံတို့ဖြင့် အာရုံပြု၍မရနိုင်။
(ဓမ္မပါလ)
--------------------------
သဘာဝလောကကြီးအား အာရုံခံစားထိတွေ့နိုင်ရန် သဘာဝလောကကြီးမှ ကျွန်ုပ်တို့အား အာရုံခံပစ္စည်းတို့နှင့် အသိစိတ်တို့ ယှဉ်တွဲအပ်နှင်းထားလေ၏။
- မျက်စိဖြင့် ရှုမြင်ခံစားလျှင် မြင်သိစိတ်
- နားဖြင့် နားထောင်ခံစားလျှင် ကြားသိစိတ်
- နှာခေါင်းဖြင့် အနံ့ခံ ခံစားလျှင် နံသိစိတ်
- လျှာဖြင့် အရသာခံ ခံစားလျှင် အရသာသိစိတ်
- ခန္ဓာကိုယ်ဖြင့် ထိတွေ့ခံစားလျှင် ထိတွေ့သိစိတ်
- စိတ်ဖြင့် တွေးတောခံစားလျှင် တွေးသိစိတ်
ကျွန်ုပ်တို့လူသားတို့၌ ဤအာရုံ ခြောက်ပါးမှတပါး တခြားအာရုံခံနိုင်စရာ တစုံတရာဟူ၍ မရှိ။ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ပစ္စုပ္ပန်တည့်တည့်၌ သံသရာမှ လွန်မြောက်နေပုံကို ရှုမြင်နေပြီဖြစ်သော စာဖတ်သူသည် နိဗ္ဗာန်ကို အာရုံပြုနေခြင်းဟု သုံးသပ်ကောင်းသုံးသပ်နေပေလိ
အလင်းရောင်မရှိသော ညအမှောင်ထုအတွင်း မှောင်ကြီးမဲမဲတွင် ကျွန်ုပ်တို့အားလုံးသည် အကန်းနှင့်မခြားနား အတူတူသာဖြစ်သည်။ မျက်စိကို မည်မျှကျယ်ကျယ်ဖွင့်သည်ဖြစ်
- အရာဝတ္ထုပေါ်သို့ လုံလောက်သော အလင်းရောင်ကျရောက်သည်။
- အရာဝတ္ထုမှ လုံလောက်သော အလင်းပြန်မှုဖြစ်သည်။
- အလင်းပြန်လာသော အရာဝတ္ထု၏ ပုံသဏ္ဍာန် အရောင်အဆင်းကို ဆောင်ယူလာသော အလင်းသည် မျက်စေ့ကို ရောက်သည်။
- မျက်စေ့ရှိ မှန်ဘီလူးခုံးကို ဖြတ်သန်းသည်။
- မြင်လွှာ၌ အရာဝတ္ထု၏ ပုံရိပ်ကို ဇောက်ထိုးပေါ်စေသည်။
- မြင်လွှာရှိ ပုံရိပ်ကို အာရုံကြောတို့မှ လက်ခံသည်။
- အာရုံကြောမှ ဦးနှောက်ကို သတင်းပို့သည်။
- ဦးနှောက်မှ ယခင်မှတ်သားထားသော အချက်အလက်တို့ဖြင့် တိုက်ကြည့်သည်။ အဖြေထုတ်သည်။
- လူ ယောက်ျား မိန်းမဟု သိစိတ် ဖြစ်ရလေတော့၏။
ဤပုံဤနည်းဖြင့် များစွာသော အဆင့်တို့ကို ဖြတ်သန်းပြီးမှ ယောက်ျား မိန်းမ သမီး စာအုပ် ခဲတံဟု သိသောစိတ်တစ်ခု ဖြစ်ရလေ၏။ ဆိုလိုသည်မှာ အရာဝတ္ထုတစ်ခုကို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း အလင်းရောင်ဖြတ်သန်းလာရသောကြ
ဤသို့ ဥာဏ်ဖြင့်သုံးသပ်လေသော် ကျွန်ုပ်တို့ မြင်မြင်သမျှသည် အမြဲနောက်ကျပြီးမှ မြင်နေခြင်းဖြစ်ရကား မြင်မြင်သမျှတို့သည် အတိတ်သာ ဖြစ်ရလေ၏။ မြင်မြင်သမျှတို့သည် အတိတ် မရှိတရားတို့သာ ဖြစ်ရလေ၏။ နေနှင့်ကမ္ဘာအကြား ဝေးကွာလှသော ၉၃ သန်းဟူသော အကွာအဝေးကြောင့် နေမှအလင်းရောင်သည် ၈ မိနစ်ကျော်ကြာမှသာ ရောက်သည်။ ကျွန်ုပ်တို့ ယခုမြင်နေရသော နေသည် လွန်ခဲ့သော ၈ မိနစ်ကျော်မှ "အတိတ်နေ" သာ ဖြစ်သည်။
ပစ္စုပ္ပန်တည့်တည့် နေကို ဘယ်လိုမှ ကြည့်၍မမြင်နိုင်။ နေမှမဟုတ်။ ပစ္စုပ္ပန်တည့်တည့် လောကတစ်ခွင်အားလုံးကို ဘယ်လိုမှ ကြည့်၍မမြင်နိုင်လေပြီ။ ကျွန်ုပ်တို့ မြင်နေသော လောကတစ်ခွင် အားလုံးမြင်မြင်သမျှသည် ပျောက်ပျက်ခဲ့ပြီးသော အတိတ်ပျက်တရားတို့သာ ဖြစ်သည်။ ဤသို့ဖြင့် မည်သို့မျှ ကြည့်၍မရနိုင်သော ပစ္စုပ္ပန်တည့်တည့် လောကတစ်ခွင်ကို စိတ်ကူးဖြင့် ကြိုတင်မှန်းဆကြည့်ပြန်သည်။
ကျွန်ုပ်တို့ မြင်မြင်သမျှသည်အတိတ် အပျက်တရား မရှိတရား ပစ္စပ္ပန်တည့်တည့်ကို မျက်စေ့ဖြင့် အာရုံမခံစားနိုင်။ ကျွန်ုပ်တို့ မြင်သိစိတ်ဖြစ်တိုင်း ပစ္စပ္ပန်တည့်တည့်မဟုတ်။ မြင်သိစိတ်နှင့်အလားတူ …
- ကြားသိစိတ်ဖြစ်တိုင်း
- နံသိစိတ်ဖြစ်တိုင်း
- စားသိစိတ်ဖြစ်တိုင်း
- ထိတွေ့သိစိတ်ဖြစ်တိုင်း
- တွေးသိစိတ်ဖြစ်တိုင်း ပစ္စုပ္ပန်တည့်တည့်မဟုတ်။
ထို့အတူ … ပစ္စုပ္ပန်တည့်တည့် ဖြစ်ပျက်တို့မှ ချုပ်ရာ ဆုံးရာ သံသရာမှ လွန်မြောက်ရာတရား နိဗ္ဗာန်ကို ……
- မျက်စေ့ အမြင်ဖြင့် အာရုံမခံစားနိုင်
- နားအကြားဖြင့် အာရုံမခံစားနိုင်
- နှာခေါင်းအနံ့ဖြင့် အာရုံမခံစားနိုင်
- လျှာအရသာဖြင့် အာရုံမခံစားနိုင်
- ခန္ဓာကိုယ် ထိတွေ့ဖြင့် အာရုံမခံစားနိုင်
- တွေးတောခြင်းဖြင့် အာရုံမခံစားနိုင်
- လောကအာရုံတို့ဖြင့် အာရုံပြု၍မရနိုင်။
(ဓမ္မပါလ)
0 comments:
Post a Comment