၁၆ "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၆)"
(လူငယ်များ အတွက်)

ကျွန်တော့်အနေဖြင့် -
"ဤမျက်မှောက်ဘ၀၌ တစ်ဆူတည်းသော သဗ္ဗညုဘုရားစင်စစ် ဧကန်ဖြစ်သော ဗုဒ္ဓဘုရားရှင်" ကိုလည်းကောင်း။
ထို ဗုဒ္ဓဘုရားရှင် ၏ "စစ်မှန်သော တရားတော်" ကို လည်းကောင်း။
ထို ဗုဒ္ဓဘုရားရှင်၏ တပည့်သား "သံဃာ တော်" ကိုလည်းကောင်း။
ထို ဗုဒ္ဓဘုရားရှင်၏ တပည့် သာဝကဖြစ်သော "မိခင်၊ ဖခင် ကျေးဇူးရှင်" နှင့် "သင်၊မြင်၊ကြား ဆရာ များ" တို့ကိုလည်းကောင်း။
ကျေးဇူးဆပ် ပူဇော်ရန် ရည်ရွည်၍ "ဗုဒ္ဓ၏အဘိဓမ္မာ" ၏ ပထမအဆင့် အနေဖြင့် (စိတ်ပိုင်း၊စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း) ကို အားထုတ် ကြိုးစား ပြုစု ရေးသားထားပါသည်။
ဤ အဘိဓမ္မာ ဆွေးနွေးချက် ဓမ္မဆောင်းပါး ၏ အဓိက ရည်ရွယ်ချက်မှာ-
"အဘိဓမ္မာ ကို စတင်လေ့လာမည့်သူများ" ၊ "အဘိဓမ္မာ ကိုသင်ယူရန် အခက်အခဲရှိသူ"၊ "အဘိဓမ္မာနှင့်နီးစပ်မှု မရှိသေးသော လူငယ်များ" အတွက် လွယ်လွယ်ကူကူ သိ နားလည်သဘောပေါက်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီ အားဖြည့်ပေးခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကျမ်းစာရေးနည်းပုံစံဖြင့် ရေးမည် မဟုတ်ဘဲ "မိတ်ဆွေနှစ်ဦး၏ အပြန်အလှန်စကားပြောဟန်(Dial ogue)" ဖြင့်သာ ရေးသားမည်ဖြစ်ပါသည်။
ဤဓမ္မဆောင်းပါးကိုရေးရာ၌ "အဘိဓမ္မာ သရုပ်သဘော" ကို အထူးဦးတည်ရေးပါသည်။
ဖတ်ကြည့်ရုံ၊ လေ့လာကြည့် ရုံနှင့် "အဘိဓမ္မာ သဘောသဘာဝ" ကို မြင်သာ ထင်သာ ရှိကြစေရန် အားထုတ်ရည်ရွယ်ပါသည်။
အရေးတကြီး မှာကြားလိုသည်မှာ -
အဘိဓမ္မာ သရုပ်သဘော သည် ရှေ့သင်္ခန်းစာများတွင် တဖြေးဖြေး ခက်ခဲ လေးနက် လာတော့မည် ဖြစ်ပါသဖြင့် ဆွေးနွေး ပြီးခဲ့သည့် သင်္ခန်းစာများကို ပြန်လည် တွဲဖက် ဖတ်ရှုလေ့လာ ကြည့် စေလိုပါကြောင်း အထူး တိုက်တွန်းအပ်ပါသည်။
"လွယ်ကူလေ့လာ အဘိဓမ္မာ(၁၆)" ကို ဤသို့ပင် စ လိုက်ပါသည်။
@@@@@@@@@@@@@@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@@@@@@@
" ကဲ…..မောင်ဖိုးတင်..။ဟို အပတ် က လောကီစိတ် (၈၁)ပါး အထိ တို့များ ရောက်နေကြပြီ၊ နော့ပေတဲ့ အရူပစိတ်(၁၂)ပါး ရဲ့ လင်္ကာ က မပါသေးဘူး၊ ဒီတော့ အခု လိုက်ဆို လေ့ကျင့်ကြည့်ပါဦး။
အာကာ-၀ိညာ၊ အာကိဉ်-ပါနဲ့ ၊ နေ၀သညာ-နာသညာ၊ မှတ်ပါ အရူဈာန်စိတ်လေး။
ကုဝိ ကရိ၊ လေးစီရှိ၊ မှတ်ဘိ အရူ တစ်ဆယ့်နှစ်။"
"ဟုတ်ကဲ့ ..၊ ဆိုကြည့်ပါ့မယ်..။

"ဒီတော့ ဒီ လင်္ကာ လေးကို ရှင်းရဦးမယ်။ ကဲ…အာကာ တဲ့..။ဘာ ဈာန်တဲ့လဲ..။ "
"အင်း..၊ အာကာသာနဉ္စာယတနဈာန် ..ပါ..။"
"၀ိညာ- ကရော..။"
"၀ိညာနဉ္စာယတနဈာန် ပေါ့..။"
"အာကိဉ်- တဲ့ကွာ…။"
"အာကိဉ္စညာ ယတနဈာန်..ပါ။ "
"နေ၀သညာ နာသညာ -ကရော..။"
" နေ၀သညာ နာသညာ ယတနဈာန်..ပါ။.."
"ဟုတ်ပြီ..၊ အဲဒီ ဈာန် နဲ့ ယှဉ်တဲ့ စိတ် ကလည်း လေးပါး ပဲ..။တစ်ခါ-
ကု, ၀ိ , ကရိ - ကို ရှင်းရဦးမယ်..။ ကုသိုလ် ဆိုရင် ဘယ်လောက်လဲ…။"
" အရူပကုသိုလ်စိတ် (၄)ပါး..ပါ..။"
"၀ိပါက် စိတ် ကရော..။"
" အရူပ ၀ိပါက်စိတ် ကလည်း (၄)ပါး..ပါပဲ..။
"ဟုတ်ပြီ..၊ ကြိယာ ကရော..။"
" အရူပကြိယာစိတ် လည်း (၄)ပါး..ပါပဲ..။."
"ဒီတော့ ကုသိုလ်ရယ်..၊ ၀ိပါက် ရယ်..၊ ကြိယာရယ် ဆိုတဲ့ ဒီ သုံးမျိုး နဲ့ ဝေဖန်ရင် အရူပစိတ် ဟာ (၁၂)ပါး ဖြစ်ရော မဟုတ်လား..။"
"ဟုတ်ကဲ့..၊အရူပစိတ် ဟာ (၁၂)ပါး ဖြစ်ပါတယ်..။"
"အေး..၊ဟုတ်ပြီ..။တို့များ လောကီစိတ်(၈၁)ပါးကို ကုသိုလ် တို့ ၊၀ိပါက် တို့ ၊ ကြိယာ တို့နဲ့ ဘယ်လောက်စီရှိတယ် ဆိုတာကို ဝေဖန်ကြည့်ရဦးမယ်..။"
"ဟုတ်ကဲ့..။"
"ကဲ..ကိုဖိုးတင်..၊ အကုသိုလ်စိတ် (၁၂)ပါး ထဲမှာ ကုသိုလ်စိတ် ရှိလား..။"
"ရော်..၊ မင့်ဟာ က အကုသိုလ် စိတ်ပါဆိုနေမှ ဘယ်ကလာ ကုသိုလ်စိတ် ရှိရမှာလဲဟ..။"
" အယ်..၊ လျှာရှည်တော်မူလိုက်တာ..။ မရှိရင် မရှိဘူးပေါ့ဟ..။ "
"ဒါဆို.. မရှိဘူး..ကွာ..။"
"အဲသလို လုပ်ပါ..။ အဟိတ် စိတ် ထဲမှာရော..။ "
" မရှိဘူး..ကွာ..။"
"နော့ဖြင့် ကာမာဝစရသောဘဏစိတ်(၂၄)ပါး ထဲမှာ ကုသိုလ်ရော..။"
" ရှိတယ်..။ ကာမာဝစရသောဘဏကုသိုလ်စိတ် (၈)ပါး လို့ခေါ်တဲ့ မဟာကုသိုလ်စိတ် (၈)ပါး ပေါ့..။"
"ဟုတ်လိုက်လေ..၊ ကိုဖိုးတင်..။ အဲဒီတော့ ဘာလို့ မဟာကုသိုလ်စိတ် ခေါ်တာလဲ..။"
"ဒါလေးများ..။
အခြားအခြားသော ရူပကုသိုလ်၊ အရူပကုသိုလ် တွေထက် တို့ ကာမကုသိုလ် က အရေအတွက်များနေလို့ မဟာ တပ်ပြီး ကာမကုသိုလ်(၈)ပါး ကို မဟာကုသိုလ် လို့ခေါ်တာ..။
အဲဒီလိုပဲ..၊ ကာမာဝစရသောဘဏ၀ိပါက်စိတ် (၈)ပါးကိုလည်း မဟာ တပ်ပြီး မဟာဝိပါက် ခေါ်တာ..။ ဒီလိုပဲ..ကြိယာစိတ် (၈)ပါးကိုလည်း မဟာ တပ်ပြီး မဟာကြိယာစိတ် လို့ခေါ်တာ..။"
"သာဓုပါ ကိုဖိုးတင်ရေ..။ ဟုတ်ပါပြီ..၊ နော့ဖြင့် ရူပစိတ် (၁၅)ပါး မှာရော..။"
"ရှိပေါ့…။ ရူပကုသိုလ်စိတ် (၅)ပါး ပေါ့..။"
"ဒါဆိုရင် အရူပစိတ် (၁၂)ပါးထဲ မှာရော..။"
"အရူပကုသိုလ်(၄)ပါး ပေါ့..။"
"အေး..၊ဟုတ်တယ်..။ ကာမကုသိုလ်စိတ်(၈)ပါး၊ ရူပကုသိုလ်စိတ်(၅)ပါး၊ အရူပကုသိုလ်စိတ်(၄)ပါး ဆိုတော့ အားလုံးပေါင်းတော့ လောကီကုသိုလ်စိတ် ဟာ (၁၇)ပါး ဖြစ်ရော..။ လောကီ ကုသိုလ်စိတ် ဆိုရင် ဒီ (၁၇)ပါးပဲ ရှိတယ်..။
အဲ…မင်း..ဒါန တို့ ၊ သီလ တို့ လုပ်ရင် ဘာကုသိုလ် ရမလဲ..။"
"ကာမကုသိုလ်(၈)ပါး ထဲက တစ်မျိုးမျိုးပေါ့..။ ဒါဟာ ကုသိုလ်လုပ်သူရဲ့ သဒ္ဓါတရား တို့ ၊စေတနာ တို့ နဲ့ဆိုင်တယ်၊ ထက်သန် ရင် ထက်သန်သလိုပေါ့..။"
"ဈာန် ရရင်ကော ကွယ်..။"
"ရူပကုသိုလ်စိတ် (၅)ပါး နဲ့ အရူပကုသိုလ်စိတ် (၄)ပါး ပေါ့..။"
"မင်း မှာ က ဈာန် ဆိုတာက အခုထိ မရသေးတော့..မဟာကုသိုလ်စိတ် (၈)ပါး နဲ့ပဲ ပြီးနေတာပဲကိုး နော့. ..။"
"အေးပေါ့..၊ ခုနေများ ဈာန် ရရင် အိန္ဒိယ တောင် ရောက်ရော့မယ်..။ဟဲ..ဟဲ..။"
"အမယ်..လာလာ ချေသေး..။ကဲ..၀ိပါက်စိတ် စစ်ရအောင်..။ အကုသိုလ်စိတ် ထဲမှာ ၀ိပါက် ဘယ်လောက်လဲ..။"
"အကုသိုလ် စိတ်ထဲမှာ ၀ိပါက် မရှိပါ..။"
"အဟိတ်စိတ်ထဲမှာ ၀ိပါက် ..?...။"
"အဟိတ်စိတ် ထဲမှာက အကုသလ၀ိပါက်စိတ် (၇)ပါး နဲ့ အဟိတ် ကုသလ၀ိပါက်စိတ် (၈)ပါး ပေါင်းရင် အဟိတ်ဝိပါက်စိတ် (၁၅)ပါး ရှိပါတယ်..။"
"ဟုတ်ပြီ..။ ကာမသောဘဏစိတ်(၂၄)ပါး ထဲမှာ ကောကွယ်..။"
"မဟာဝိပါက်စိတ် (၈)ပါး ပေါ့..။"
"ဒါဆိုရင် အခုန အဟိတ်ဝိပါက် နဲ့ ပေါင်းလိုက်ရင်.?.။"
"ဟော…အဟိတ်ဝိပါက်စိတ် က (၁၅)ပါး၊ မဟာဝိပါက်စိတ် က (၈)ပါး…ပေါင်းလိုက်ရင် (၂၃)ပါးပေါ့..။"
"အေး..၊ မှန်ပါ့ဗျာ..။ဒါကို ကာမ၀ိပါက်စိတ် (၂၃)ပါး လို့ခေါ်တယ်..။
ပါဠိ မှာက-
ကာမေ တေ၀ီသ ပါကနိ။
ကာမေ= ကာမဘုံ၌
ပါကာနိ=၀ိပါက်စိတ်တို့သည်
တေ၀ီသ=(၂၃)ပါး တို့တည်း..။ တဲ့…။
ဒါကို တို့က (ကာမ၀ိပါက် ၂၃ထွက် ) လို့နာနာ ဆိုထားရမယ်..။ ကာမ၀ိပါက်ဟေ့..လို့ကြားရင် မင်း က ကာမ၀ိပါက်(၂၃)ထွက် ကိုသတိရပြီး ကာမ၀ိပါက်(၂၃)ပါး ပါ လို့ ဖြေရမှာ..။
ကဲ..ရူပစိတ် (၁၅)ပါးထဲမှာ ၀ိပါက် က ဘယ်လောက်ပါလဲ..။"
"ရူပ၀ိပါက်စိတ် (၅)ပါးပဲပေါ့..။"
"အေး..၊ အရူပစိတ် (၁၂)ပါး ထဲ မှာရော..။.ပြောကြည့်ပါဦး.. ။"
"အရူပ၀ိပါက်စိတ် (၄)ပါး..ပါ…။"
"ဒီတော့ ရူပ၀ိပါက်စိတ်(၅)ပါး နဲ့ အရူပ၀ိပါက်စိတ်(၄)ပါးကိုပေါ င်းရင် (၉)ပါး ရရော..။အဲဒါကို…မဟဂ္ဂုတ်ဝိပါ က်စိတ် (၉)ပါး လို့တစ်ခါမှတ်..။ ရူပ ကို အရူပ နဲ့ပေါင်းပြီး "မဟဂ္ဂုတ်စိတ်" လို့ခေါ်..မဟုတ်လား..။ "
"ဟုတ်ကဲ့..။"
"ဒါဆို မေးကြည့်ဦးမယ်..။ လောကီစိတ် (၈၁)ပါးထဲ မှာ ၀ိပါက် စိတ်ပေါင်းဘယ်လောက်ပါသလဲ..။ "
"ဟော….ကာမ၀ိပါက်စိတ် က (၂၃)ပါး..၊ မဟဂ္ဂုတ်ဝိပါက်စိတ် က (၉)ပါး..ဆိုတော့ အားလုံးပေါင်း(၃၂)ပါးပေါ့.. ။ "
"ဒါဆိုရင် အခုနက ဆောင်ပုဒ် က ..(ကာမ၀ိတက် ၂၃ ထွက်) မဟုတ်လား..။"
"ဟုတ်ပါတယ်..။ ကာမ၀ိပါက်(၂၃)ထွက် တဲ့…။ကာမ၀ိပါက် ဟာ (၂၃)ပါးပါ...။"
"အဲဒါ ဆိုရင် အခုန ဆောင်ပုဒ်နဲ့ (လောကီဝိ ဆို ၃၂ ဗျို ) လို့ ..ဆက်လိုက်..။"
" (ကာမ၀ိပါက် ၂၃ ထွက်..၊ လောကီဝိ ဆို ၃၂ ပါးဗျို)…။ "
"အင်း..၊ ကိုယ့်လူ ဒုံးမဝေးတော့ဘူး..။ အဲဒါကိုသာ ကျေနေအောင် ဆိုပေတော့..။
အခုတစ်ခါ ကြိယာစိတ် ဘယ်လောက်ဆိုတာ စစ်ကြည့်ရမယ်..။ကဲ…အကုသိုလ် စိတ် ထဲမှာ ကြိယာ ရှိလား..။"
" No ပါ..။ မရှိ ပါဘူး..။ "
"အဟိတ် စိတ်ထဲမှာရော..။"
"ကြိယာ ရှိတယ်..၊ အဟိတ်ကြိယာ(၃)ပါး ပေါ့..။"
"ဟုတ်ပြီ..။ ကာမာဝစရသောဘဏစိတ်(၂၄)ပါးထဲမှာရော..။ "
"မဟာကြိယာစိတ် (၈)ပါး ပါ ပါတယ်..။"
"မှန်ပါတယ်..။ဒါဆိုရင် အခုန အဟိတ်ကြိယာ(၃)ပါး နဲ့ မဟာကြိယာ(၈)ပါး ကိုပေါင်းရင် ဘယ်လောက်ရသလဲ..။"
"ဟုတ်ကဲ့..။ အဟိတ်ကြိယာ(၃)ပါး နဲ့ မဟာကြိယာ(၈)ပါး ကိုပေါင်းရင်(၁၁)ပါး ရပါမယ်....။"
"ဒါကို ကာမကြိယာ(၁၁)ပါး လို့ခေါ်တယ်..။ ကာမကြိယာ ဘယ်လောက်ရှိသလဲ..။"
"ဟုတ်ကဲ့..။ကာမကြိယာ (၁၁)ပါး ရှိပါတယ်..။ "
"တစ်ခါ..မဟဂ္ဂုတ်စိတ် (၂၇)ပါး ထဲမှာရော ကြိယာ ဘယ်လောက်ပါသလဲ..။"
"ရူပကြိယာစိတ် (၅)ပါး နဲ့ အရူပကြိယာစိတ် (၄)ပါး ကိုပေါင်းရင် မဟဂ္ဂုတ်စိတ် ကြိယာ ဟာ (၉)ပါး ဖြစ်ပါတယ်..။"
" ဒီလိုဆိုရင် အခုန ကာမကြိယာ(၁၁)ပါးရယ်..၊ အခု မဟဂ္ဂုတ်စိတ်ကြိယာ(၉)ပါး ရယ်..ကိုပေါင်းရင် လောကီစိတ်(၈၁)ပါးထဲမှာ ကြိယာပေါင်း(၂၀)ပါး ပါတယ်..။ ဒါဟာ..ကြိယာစိတ် အကုန်ပဲ..။စိတ် (၈၉)ပါးထဲမှာ ကြိယာစိတ်ဟာ ဒါ အကုန်ပဲ..။
ကဲ..ဒါဆို တို့ ပြောခဲ့တာတွေ ကို ပြန်ချုပ်မယ်..။
လောကီစိတ် (၈၁)ပါး ဆိုတာ အကုသိုလ်စိတ် က (၁၂)ပါး..၊ ကုသိုလ်စိတ် က (၁၇)ပါး..၊ ၀ိပါက်စိတ် က (၃၂)ပါး..၊ ကြိယာစိတ် က (၂၀)ပါး..၊ ပေါင်းလိုက်တော့ (၈၁)ပါးဖြစ်ကရော..။
ဒါကို ဇာတ် အားဖြင့် ဝေဖန်တယ် လို့မှတ်..။ ကုသိုလ်ဇာတ်,အကုသိုလ်ဇာတ်,၀ိပါက်ဇာတ် ပေါ့ကွယ်..။ "
"ကိုင်း…ဒီတစ်ပတ် ဒီတင် တော်ကြဦးစို့…။"
-"ပြန်လည် တွဲဖက် လေ့လာကြည့်စေလိုသော ရေးသားပြီး သင်္ခန်းစာများ"-
(၁) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:366572)
(၂) "လွယ်ကူလေ့လာ အဘိဓမ္မာ(၂)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:36657...)
(၃) "လွယ်ကူလေ့လာ အဘိဓမ္မာ(၃)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:369615)
(၄) "လွယ်ကူလေ့လာ အဘိဓမ္မာ(၄)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37035...)
(၅) "လွယ်ကူလေ့လာ အဘိဓမ္မာ(၅)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37052...)
(၆) "လွယ်ကူလေ့လာ အဘိဓမ္မာ(၆)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37199...)
(၇) "လွယ်ကူလေ့လာ အဘိဓမ္မာ(၇)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37295...)
(၈) "လွယ်ကူလေ့လာ အဘိဓမ္မာ(၈)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37338...)
(၉) "လွယ်ကူလေ့လာ အဘိဓမ္မာ(၉)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37415...)
(၁၀) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၀)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37734...)
(၁၁) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၁)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:37853...)
(၁၂) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၂)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:379283)
(၁၃) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၃)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:380079)
(၁၄) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၄)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:38119...)
(၁၅) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၅)"
(http:// buddhismworld.ning.com/ profiles/blogs/ 6371237:BlogPost:381965)
@@@@@@@@@@@@@@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@@@@@@@
"ဆုတောင်း"
-အောင်မြင်,ကျော်ကြားသည့်အခါ၌ ကိုယ့်ထက်နှိမ့်ကျသူကို ဆွဲခေါ်နိုင်သူဖြစ်ပြီး-
ရူံးနိမ့် ကျဆင်းသောအခါ၌ သူတစ်ပါးကို ဒုက္ခ မပေးရသောသူ ဖြစ်ရပါလို၏။
-ကိုယ့်ဒုက္ခ ကို သူတစ်ပါးအား ပြောပြ အကူအညီတောင်းခံသောသူ ထက်-
သူတစ်ပါး ဆင်းရဲဒုက္ခ ကို မျှဝေကူညီနိုင်သူ ဖြစ်ရပါလို၏။
-သူတစ်ပါးဆီက အလကားရယူလိုသောစိတ် ထက်-
ကိုယ့်ဆီက အလကားပေးလိုက်လိုသောစိတ်သာ ဖြစ်ရပါလို၏။
-သူတစ်ပါး၏အပြစ် ကို ရှာကြံ အပြစ်ပြောတတ်သောသူ ထက်-
သူတော်ကောင်းတို့၏ မြင့်မြတ်သော စိတ်ကို အတုလိုက်ကာ ပြုပြင်ပေးနိုင်သောသူ ဖြစ်ရပါလို၏။
-ကျေးဇူးကန်း၍ အသိတရားမဲ့သော သူ ၏အဖြစ် ထက်-
ကျေးဇူးသိ၍ သိသော အသိတရား ကို လောက အတွက် အသုံးချနိုင်သူ ဖြစ်ရပါလို၏။
-သူတစ်ပါး အပြစ်ကို မြင်သောအခါ၌ အကန်း ကဲ့သို့-
သူတစ်ပါး အပြစ်ကို ပြောဖြစ်တော့မည့် အခါ၌ အ, အ ကဲ့သို့-
သူတစ်ပါး က အကုသိုလ်ဖြစ်စရာ လာပြော သောအခါ၌ နား အပင်း ကဲ့သို့-
ကျင့်နိုင်သောသူ ဖြစ်ရပါလို၏။
-အဆုံး၌ ကိုယ့်အပြစ် ကိုယ်သာရှာကြံ၍ နိဗ္ဗာန် ရအောင် အသုံးချနိုင်သူ ဖြစ်ရပါလို၏။
မှီခိုရာ ကျမ်းကိုး-
- ဦးထွန်းလွင်၊ဓမ္မာစရိယ(B.A) ၊(အယ်ဒီတာချုပ်)၊ရတနာမွန် ဓမ္မမဂ္ဂဇင်း၏ "တီးမိ ခေါက်မိရုံ အဘိဓမ္မာ" ဓမ္မဆောင်းပါး။
- ရတနာမွန် ဓမ္မမဂ္ဂဇင်း။
(May all beings Living in all the ten directions be happy. May they all share the merits I acquire.
May all be happy! May all be happy! May all be happy!)
ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြော က်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ဉာဏ်လင်းမြို့
၁၃၇၅ခုနှစ်၊၊သီတင်းကျွတ် လဆုတ်(၄)ရက် ၊(23th-Oct,2013)၊ ဗုဒ္ဓဟူးနေ့- (ည-၇း ၂၇) တွင် ရေးသားပူဇော်သည်။
(လူငယ်များ အတွက်)

ကျွန်တော့်အနေဖြင့် -
"ဤမျက်မှောက်ဘ၀၌ တစ်ဆူတည်းသော သဗ္ဗညုဘုရားစင်စစ် ဧကန်ဖြစ်သော ဗုဒ္ဓဘုရားရှင်" ကိုလည်းကောင်း။
ထို ဗုဒ္ဓဘုရားရှင် ၏ "စစ်မှန်သော တရားတော်" ကို လည်းကောင်း။
ထို ဗုဒ္ဓဘုရားရှင်၏ တပည့်သား "သံဃာ တော်" ကိုလည်းကောင်း။
ထို ဗုဒ္ဓဘုရားရှင်၏ တပည့် သာဝကဖြစ်သော "မိခင်၊ ဖခင် ကျေးဇူးရှင်" နှင့် "သင်၊မြင်၊ကြား ဆရာ များ" တို့ကိုလည်းကောင်း။
ကျေးဇူးဆပ် ပူဇော်ရန် ရည်ရွည်၍ "ဗုဒ္ဓ၏အဘိဓမ္မာ" ၏ ပထမအဆင့် အနေဖြင့် (စိတ်ပိုင်း၊စေတသိက်ပိုင်း၊
ဤ အဘိဓမ္မာ ဆွေးနွေးချက် ဓမ္မဆောင်းပါး ၏ အဓိက ရည်ရွယ်ချက်မှာ-
"အဘိဓမ္မာ ကို စတင်လေ့လာမည့်သူများ" ၊ "အဘိဓမ္မာ ကိုသင်ယူရန် အခက်အခဲရှိသူ"၊ "အဘိဓမ္မာနှင့်နီးစပ်မှု မရှိသေးသော လူငယ်များ" အတွက် လွယ်လွယ်ကူကူ သိ နားလည်သဘောပေါက်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီ အားဖြည့်ပေးခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကျမ်းစာရေးနည်းပုံစံဖြင့် ရေးမည် မဟုတ်ဘဲ "မိတ်ဆွေနှစ်ဦး၏ အပြန်အလှန်စကားပြောဟန်(Dial
ဤဓမ္မဆောင်းပါးကိုရေးရာ၌ "အဘိဓမ္မာ သရုပ်သဘော" ကို အထူးဦးတည်ရေးပါသည်။
ဖတ်ကြည့်ရုံ၊ လေ့လာကြည့် ရုံနှင့် "အဘိဓမ္မာ သဘောသဘာဝ" ကို မြင်သာ ထင်သာ ရှိကြစေရန် အားထုတ်ရည်ရွယ်ပါသည်။
အရေးတကြီး မှာကြားလိုသည်မှာ -
အဘိဓမ္မာ သရုပ်သဘော သည် ရှေ့သင်္ခန်းစာများတွင် တဖြေးဖြေး ခက်ခဲ လေးနက် လာတော့မည် ဖြစ်ပါသဖြင့် ဆွေးနွေး ပြီးခဲ့သည့် သင်္ခန်းစာများကို ပြန်လည် တွဲဖက် ဖတ်ရှုလေ့လာ ကြည့် စေလိုပါကြောင်း အထူး တိုက်တွန်းအပ်ပါသည်။
"လွယ်ကူလေ့လာ အဘိဓမ္မာ(၁၆)" ကို ဤသို့ပင် စ လိုက်ပါသည်။
@@@@@@@@@@@@@@@@@@@@@@@@@@
" ကဲ…..မောင်ဖိုးတင်..။ဟို အပတ် က လောကီစိတ် (၈၁)ပါး အထိ တို့များ ရောက်နေကြပြီ၊ နော့ပေတဲ့ အရူပစိတ်(၁၂)ပါး ရဲ့ လင်္ကာ က မပါသေးဘူး၊ ဒီတော့ အခု လိုက်ဆို လေ့ကျင့်ကြည့်ပါဦး။
အာကာ-၀ိညာ၊ အာကိဉ်-ပါနဲ့ ၊ နေ၀သညာ-နာသညာ၊ မှတ်ပါ အရူဈာန်စိတ်လေး။
ကုဝိ ကရိ၊ လေးစီရှိ၊ မှတ်ဘိ အရူ တစ်ဆယ့်နှစ်။"
"ဟုတ်ကဲ့ ..၊ ဆိုကြည့်ပါ့မယ်..။
အာကာ-၀ိညာ၊ အာကိဉ်-ပါနဲ့ ၊ နေ၀သညာ-နာသညာ၊ မှတ်ပါ အရူဈာန်စိတ်လေး။
ကုဝိ ကရိ၊ လေးစီရှိ၊ မှတ်ဘိ အရူ တစ်ဆယ့်နှစ်။"
"ဒီတော့ ဒီ လင်္ကာ လေးကို ရှင်းရဦးမယ်။ ကဲ…အာကာ တဲ့..။ဘာ ဈာန်တဲ့လဲ..။ "
"အင်း..၊ အာကာသာနဉ္စာယတနဈာန် ..ပါ..။"
"၀ိညာ- ကရော..။"
"၀ိညာနဉ္စာယတနဈာန် ပေါ့..။"
"အာကိဉ်- တဲ့ကွာ…။"
"အာကိဉ္စညာ ယတနဈာန်..ပါ။ "
"နေ၀သညာ နာသညာ -ကရော..။"
" နေ၀သညာ နာသညာ ယတနဈာန်..ပါ။.."
"ဟုတ်ပြီ..၊ အဲဒီ ဈာန် နဲ့ ယှဉ်တဲ့ စိတ် ကလည်း လေးပါး ပဲ..။တစ်ခါ-
ကု, ၀ိ , ကရိ - ကို ရှင်းရဦးမယ်..။ ကုသိုလ် ဆိုရင် ဘယ်လောက်လဲ…။"
" အရူပကုသိုလ်စိတ် (၄)ပါး..ပါ..။"
"၀ိပါက် စိတ် ကရော..။"
" အရူပ ၀ိပါက်စိတ် ကလည်း (၄)ပါး..ပါပဲ..။
"ဟုတ်ပြီ..၊ ကြိယာ ကရော..။"
" အရူပကြိယာစိတ် လည်း (၄)ပါး..ပါပဲ..။."
"ဒီတော့ ကုသိုလ်ရယ်..၊ ၀ိပါက် ရယ်..၊ ကြိယာရယ် ဆိုတဲ့ ဒီ သုံးမျိုး နဲ့ ဝေဖန်ရင် အရူပစိတ် ဟာ (၁၂)ပါး ဖြစ်ရော မဟုတ်လား..။"
"ဟုတ်ကဲ့..၊အရူပစိတ် ဟာ (၁၂)ပါး ဖြစ်ပါတယ်..။"
"အေး..၊ဟုတ်ပြီ..။တို့များ လောကီစိတ်(၈၁)ပါးကို ကုသိုလ် တို့ ၊၀ိပါက် တို့ ၊ ကြိယာ တို့နဲ့ ဘယ်လောက်စီရှိတယ် ဆိုတာကို ဝေဖန်ကြည့်ရဦးမယ်..။"
"ဟုတ်ကဲ့..။"
"ကဲ..ကိုဖိုးတင်..၊ အကုသိုလ်စိတ် (၁၂)ပါး ထဲမှာ ကုသိုလ်စိတ် ရှိလား..။"
"ရော်..၊ မင့်ဟာ က အကုသိုလ် စိတ်ပါဆိုနေမှ ဘယ်ကလာ ကုသိုလ်စိတ် ရှိရမှာလဲဟ..။"
" အယ်..၊ လျှာရှည်တော်မူလိုက်တာ..။ မရှိရင် မရှိဘူးပေါ့ဟ..။ "
"ဒါဆို.. မရှိဘူး..ကွာ..။"
"အဲသလို လုပ်ပါ..။ အဟိတ် စိတ် ထဲမှာရော..။ "
" မရှိဘူး..ကွာ..။"
"နော့ဖြင့် ကာမာဝစရသောဘဏစိတ်(၂၄)ပါး ထဲမှာ ကုသိုလ်ရော..။"
" ရှိတယ်..။ ကာမာဝစရသောဘဏကုသိုလ်စိတ် (၈)ပါး လို့ခေါ်တဲ့ မဟာကုသိုလ်စိတ် (၈)ပါး ပေါ့..။"
"ဟုတ်လိုက်လေ..၊ ကိုဖိုးတင်..။ အဲဒီတော့ ဘာလို့ မဟာကုသိုလ်စိတ် ခေါ်တာလဲ..။"
"ဒါလေးများ..။
အခြားအခြားသော ရူပကုသိုလ်၊ အရူပကုသိုလ် တွေထက် တို့ ကာမကုသိုလ် က အရေအတွက်များနေလို့ မဟာ တပ်ပြီး ကာမကုသိုလ်(၈)ပါး ကို မဟာကုသိုလ် လို့ခေါ်တာ..။
အဲဒီလိုပဲ..၊ ကာမာဝစရသောဘဏ၀ိပါက်စိတ် (၈)ပါးကိုလည်း မဟာ တပ်ပြီး မဟာဝိပါက် ခေါ်တာ..။ ဒီလိုပဲ..ကြိယာစိတ် (၈)ပါးကိုလည်း မဟာ တပ်ပြီး မဟာကြိယာစိတ် လို့ခေါ်တာ..။"
"သာဓုပါ ကိုဖိုးတင်ရေ..။ ဟုတ်ပါပြီ..၊ နော့ဖြင့် ရူပစိတ် (၁၅)ပါး မှာရော..။"
"ရှိပေါ့…။ ရူပကုသိုလ်စိတ် (၅)ပါး ပေါ့..။"
"ဒါဆိုရင် အရူပစိတ် (၁၂)ပါးထဲ မှာရော..။"
"အရူပကုသိုလ်(၄)ပါး ပေါ့..။"
"အေး..၊ဟုတ်တယ်..။ ကာမကုသိုလ်စိတ်(၈)ပါး၊ ရူပကုသိုလ်စိတ်(၅)ပါး၊ အရူပကုသိုလ်စိတ်(၄)ပါး ဆိုတော့ အားလုံးပေါင်းတော့ လောကီကုသိုလ်စိတ် ဟာ (၁၇)ပါး ဖြစ်ရော..။ လောကီ ကုသိုလ်စိတ် ဆိုရင် ဒီ (၁၇)ပါးပဲ ရှိတယ်..။
အဲ…မင်း..ဒါန တို့ ၊ သီလ တို့ လုပ်ရင် ဘာကုသိုလ် ရမလဲ..။"
"ကာမကုသိုလ်(၈)ပါး ထဲက တစ်မျိုးမျိုးပေါ့..။ ဒါဟာ ကုသိုလ်လုပ်သူရဲ့ သဒ္ဓါတရား တို့ ၊စေတနာ တို့ နဲ့ဆိုင်တယ်၊ ထက်သန် ရင် ထက်သန်သလိုပေါ့..။"
"ဈာန် ရရင်ကော ကွယ်..။"
"ရူပကုသိုလ်စိတ် (၅)ပါး နဲ့ အရူပကုသိုလ်စိတ် (၄)ပါး ပေါ့..။"
"မင်း မှာ က ဈာန် ဆိုတာက အခုထိ မရသေးတော့..မဟာကုသိုလ်စိတ် (၈)ပါး နဲ့ပဲ ပြီးနေတာပဲကိုး နော့. ..။"
"အေးပေါ့..၊ ခုနေများ ဈာန် ရရင် အိန္ဒိယ တောင် ရောက်ရော့မယ်..။ဟဲ..ဟဲ..။"
"အမယ်..လာလာ ချေသေး..။ကဲ..၀ိပါက်စိတ် စစ်ရအောင်..။ အကုသိုလ်စိတ် ထဲမှာ ၀ိပါက် ဘယ်လောက်လဲ..။"
"အကုသိုလ် စိတ်ထဲမှာ ၀ိပါက် မရှိပါ..။"
"အဟိတ်စိတ်ထဲမှာ ၀ိပါက် ..?...။"
"အဟိတ်စိတ် ထဲမှာက အကုသလ၀ိပါက်စိတ် (၇)ပါး နဲ့ အဟိတ် ကုသလ၀ိပါက်စိတ် (၈)ပါး ပေါင်းရင် အဟိတ်ဝိပါက်စိတ် (၁၅)ပါး ရှိပါတယ်..။"
"ဟုတ်ပြီ..။ ကာမသောဘဏစိတ်(၂၄)ပါး ထဲမှာ ကောကွယ်..။"
"မဟာဝိပါက်စိတ် (၈)ပါး ပေါ့..။"
"ဒါဆိုရင် အခုန အဟိတ်ဝိပါက် နဲ့ ပေါင်းလိုက်ရင်.?.။"
"ဟော…အဟိတ်ဝိပါက်စိတ် က (၁၅)ပါး၊ မဟာဝိပါက်စိတ် က (၈)ပါး…ပေါင်းလိုက်ရင် (၂၃)ပါးပေါ့..။"
"အေး..၊ မှန်ပါ့ဗျာ..။ဒါကို ကာမ၀ိပါက်စိတ် (၂၃)ပါး လို့ခေါ်တယ်..။
ပါဠိ မှာက-
ကာမေ တေ၀ီသ ပါကနိ။
ကာမေ= ကာမဘုံ၌
ပါကာနိ=၀ိပါက်စိတ်တို့သည်
တေ၀ီသ=(၂၃)ပါး တို့တည်း..။ တဲ့…။
ဒါကို တို့က (ကာမ၀ိပါက် ၂၃ထွက် ) လို့နာနာ ဆိုထားရမယ်..။ ကာမ၀ိပါက်ဟေ့..လို့ကြားရင် မင်း က ကာမ၀ိပါက်(၂၃)ထွက် ကိုသတိရပြီး ကာမ၀ိပါက်(၂၃)ပါး ပါ လို့ ဖြေရမှာ..။
ကဲ..ရူပစိတ် (၁၅)ပါးထဲမှာ ၀ိပါက် က ဘယ်လောက်ပါလဲ..။"
"ရူပ၀ိပါက်စိတ် (၅)ပါးပဲပေါ့..။"
"အေး..၊ အရူပစိတ် (၁၂)ပါး ထဲ မှာရော..။.ပြောကြည့်ပါဦး..
"အရူပ၀ိပါက်စိတ် (၄)ပါး..ပါ…။"
"ဒီတော့ ရူပ၀ိပါက်စိတ်(၅)ပါး နဲ့ အရူပ၀ိပါက်စိတ်(၄)ပါးကိုပေါ
"ဟုတ်ကဲ့..။"
"ဒါဆို မေးကြည့်ဦးမယ်..။ လောကီစိတ် (၈၁)ပါးထဲ မှာ ၀ိပါက် စိတ်ပေါင်းဘယ်လောက်ပါသလဲ..။
"ဟော….ကာမ၀ိပါက်စိတ် က (၂၃)ပါး..၊ မဟဂ္ဂုတ်ဝိပါက်စိတ် က (၉)ပါး..ဆိုတော့ အားလုံးပေါင်း(၃၂)ပါးပေါ့..
"ဒါဆိုရင် အခုနက ဆောင်ပုဒ် က ..(ကာမ၀ိတက် ၂၃ ထွက်) မဟုတ်လား..။"
"ဟုတ်ပါတယ်..။ ကာမ၀ိပါက်(၂၃)ထွက် တဲ့…။ကာမ၀ိပါက် ဟာ (၂၃)ပါးပါ...။"
"အဲဒါ ဆိုရင် အခုန ဆောင်ပုဒ်နဲ့ (လောကီဝိ ဆို ၃၂ ဗျို ) လို့ ..ဆက်လိုက်..။"
" (ကာမ၀ိပါက် ၂၃ ထွက်..၊ လောကီဝိ ဆို ၃၂ ပါးဗျို)…။ "
"အင်း..၊ ကိုယ့်လူ ဒုံးမဝေးတော့ဘူး..။ အဲဒါကိုသာ ကျေနေအောင် ဆိုပေတော့..။
အခုတစ်ခါ ကြိယာစိတ် ဘယ်လောက်ဆိုတာ စစ်ကြည့်ရမယ်..။ကဲ…အကုသိုလ်
" No ပါ..။ မရှိ ပါဘူး..။ "
"အဟိတ် စိတ်ထဲမှာရော..။"
"ကြိယာ ရှိတယ်..၊ အဟိတ်ကြိယာ(၃)ပါး ပေါ့..။"
"ဟုတ်ပြီ..။ ကာမာဝစရသောဘဏစိတ်(၂၄)ပါးထဲမ
"မဟာကြိယာစိတ် (၈)ပါး ပါ ပါတယ်..။"
"မှန်ပါတယ်..။ဒါဆိုရင် အခုန အဟိတ်ကြိယာ(၃)ပါး နဲ့ မဟာကြိယာ(၈)ပါး ကိုပေါင်းရင် ဘယ်လောက်ရသလဲ..။"
"ဟုတ်ကဲ့..။ အဟိတ်ကြိယာ(၃)ပါး နဲ့ မဟာကြိယာ(၈)ပါး ကိုပေါင်းရင်(၁၁)ပါး ရပါမယ်....။"
"ဒါကို ကာမကြိယာ(၁၁)ပါး လို့ခေါ်တယ်..။ ကာမကြိယာ ဘယ်လောက်ရှိသလဲ..။"
"ဟုတ်ကဲ့..။ကာမကြိယာ (၁၁)ပါး ရှိပါတယ်..။ "
"တစ်ခါ..မဟဂ္ဂုတ်စိတ် (၂၇)ပါး ထဲမှာရော ကြိယာ ဘယ်လောက်ပါသလဲ..။"
"ရူပကြိယာစိတ် (၅)ပါး နဲ့ အရူပကြိယာစိတ် (၄)ပါး ကိုပေါင်းရင် မဟဂ္ဂုတ်စိတ် ကြိယာ ဟာ (၉)ပါး ဖြစ်ပါတယ်..။"
" ဒီလိုဆိုရင် အခုန ကာမကြိယာ(၁၁)ပါးရယ်..၊ အခု မဟဂ္ဂုတ်စိတ်ကြိယာ(၉)ပါး ရယ်..ကိုပေါင်းရင် လောကီစိတ်(၈၁)ပါးထဲမှာ ကြိယာပေါင်း(၂၀)ပါး ပါတယ်..။ ဒါဟာ..ကြိယာစိတ် အကုန်ပဲ..။စိတ် (၈၉)ပါးထဲမှာ ကြိယာစိတ်ဟာ ဒါ အကုန်ပဲ..။
ကဲ..ဒါဆို တို့ ပြောခဲ့တာတွေ ကို ပြန်ချုပ်မယ်..။
လောကီစိတ် (၈၁)ပါး ဆိုတာ အကုသိုလ်စိတ် က (၁၂)ပါး..၊ ကုသိုလ်စိတ် က (၁၇)ပါး..၊ ၀ိပါက်စိတ် က (၃၂)ပါး..၊ ကြိယာစိတ် က (၂၀)ပါး..၊ ပေါင်းလိုက်တော့ (၈၁)ပါးဖြစ်ကရော..။
ဒါကို ဇာတ် အားဖြင့် ဝေဖန်တယ် လို့မှတ်..။ ကုသိုလ်ဇာတ်,အကုသိုလ်ဇာတ်,ဝ
"ကိုင်း…ဒီတစ်ပတ် ဒီတင် တော်ကြဦးစို့…။"
-"ပြန်လည် တွဲဖက် လေ့လာကြည့်စေလိုသော ရေးသားပြီး သင်္ခန်းစာများ"-
(၁) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁)"
(http://
(၂) "လွယ်ကူလေ့လာ အဘိဓမ္မာ(၂)"
(http://
(၃) "လွယ်ကူလေ့လာ အဘိဓမ္မာ(၃)"
(http://
(၄) "လွယ်ကူလေ့လာ အဘိဓမ္မာ(၄)"
(http://
(၅) "လွယ်ကူလေ့လာ အဘိဓမ္မာ(၅)"
(http://
(၆) "လွယ်ကူလေ့လာ အဘိဓမ္မာ(၆)"
(http://
(၇) "လွယ်ကူလေ့လာ အဘိဓမ္မာ(၇)"
(http://
(၈) "လွယ်ကူလေ့လာ အဘိဓမ္မာ(၈)"
(http://
(၉) "လွယ်ကူလေ့လာ အဘိဓမ္မာ(၉)"
(http://
(၁၀) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၀)"
(http://
(၁၁) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၁)"
(http://
(၁၂) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၂)"
(http://
(၁၃) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၃)"
(http://
(၁၄) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၄)"
(http://
(၁၅) "လွယ်ကူလေ့လာ အဘိဓမ္မာ(၁၅)"
(http://
@@@@@@@@@@@@@@@@@@@@@@@@@@
"ဆုတောင်း"
-အောင်မြင်,ကျော်ကြားသည့်အခ
ရူံးနိမ့် ကျဆင်းသောအခါ၌ သူတစ်ပါးကို ဒုက္ခ မပေးရသောသူ ဖြစ်ရပါလို၏။
-ကိုယ့်ဒုက္ခ ကို သူတစ်ပါးအား ပြောပြ အကူအညီတောင်းခံသောသူ ထက်-
သူတစ်ပါး ဆင်းရဲဒုက္ခ ကို မျှဝေကူညီနိုင်သူ ဖြစ်ရပါလို၏။
-သူတစ်ပါးဆီက အလကားရယူလိုသောစိတ် ထက်-
ကိုယ့်ဆီက အလကားပေးလိုက်လိုသောစိတ်သာ ဖြစ်ရပါလို၏။
-သူတစ်ပါး၏အပြစ် ကို ရှာကြံ အပြစ်ပြောတတ်သောသူ ထက်-
သူတော်ကောင်းတို့၏ မြင့်မြတ်သော စိတ်ကို အတုလိုက်ကာ ပြုပြင်ပေးနိုင်သောသူ ဖြစ်ရပါလို၏။
-ကျေးဇူးကန်း၍ အသိတရားမဲ့သော သူ ၏အဖြစ် ထက်-
ကျေးဇူးသိ၍ သိသော အသိတရား ကို လောက အတွက် အသုံးချနိုင်သူ ဖြစ်ရပါလို၏။
-သူတစ်ပါး အပြစ်ကို မြင်သောအခါ၌ အကန်း ကဲ့သို့-
သူတစ်ပါး အပြစ်ကို ပြောဖြစ်တော့မည့် အခါ၌ အ, အ ကဲ့သို့-
သူတစ်ပါး က အကုသိုလ်ဖြစ်စရာ လာပြော သောအခါ၌ နား အပင်း ကဲ့သို့-
ကျင့်နိုင်သောသူ ဖြစ်ရပါလို၏။
-အဆုံး၌ ကိုယ့်အပြစ် ကိုယ်သာရှာကြံ၍ နိဗ္ဗာန် ရအောင် အသုံးချနိုင်သူ ဖြစ်ရပါလို၏။
မှီခိုရာ ကျမ်းကိုး-
- ဦးထွန်းလွင်၊ဓမ္မာစရိယ(B.A)
- ရတနာမွန် ဓမ္မမဂ္ဂဇင်း။
(May all beings Living in all the ten directions be happy. May they all share the merits I acquire.
May all be happy! May all be happy! May all be happy!)
ချမ်းသာပါကြစေ..၊အေးငြိမ်းပ
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြော
ဘ၀တုသဗ္ဗမင်္ဂလံ
ဉာဏ်လင်းမြို့
၁၃၇၅ခုနှစ်၊၊သီတင်းကျွတ် လဆုတ်(၄)ရက် ၊(23th-Oct,2013)၊ ဗုဒ္ဓဟူးနေ့- (ည-၇း ၂၇) တွင် ရေးသားပူဇော်သည်။
0 comments:
Post a Comment