Saturday, March 21, 2015

ကျောင်းတော်ရာ ရွှေကျင် ဆရာတော်ကြီး နှင့် စက္ခုနြေ္ဒ




ကျောင်းတော်ရာ ရွှေကျင် ဆရာတော်ကြီး နှင့် စက္ခုနြေ္ဒ
***********************************************************
ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော်အနီး၊ဗဟန်းရပ်ရှိ"ရာဇဂုရုဘွဲ့တံဆိပ်တော်ရ"ကျောင်းတော်ရာရွှေကျင်ဆရာတော်ဘုရားကြီးအရှင် သာသန" သည်ကျောင်းတွင်း၊ကျောင်းပြင်မည်သည့်အခါမဆို စက္ခုနြေ္ဒကိုအမြဲချ၍ လေးတောင်မျှသာကြည့်တော်မူလေ့ရှိသည်။
တစ်ခါသော်အထက်အညာမှမထေရ်တစ်ပါးသည် "ကျောင်းတော်ရာဆရာတော်"ကိုဖူးပြီး မိမိအရပ်သို့ပြန်ကြွရာ မင်းကွန်း၌
သီတင်သုံးတော်မူနေသော"ပထမရွှေကျင်ဆရာတော်ဘုရားကြီး"ထံတော်သို့အဖူးမျှော်ဝင်ရောက်သောအခါ-
"ရန်ကုန်မြို့တွင် ကျောင်းတော်ရာဆရာတော် "စက္ခုနြေ္ဒ"အမြဲချ၍ဟန်လုပ်နေပါသည်ဘုရား"ဟုလျှောက်ထားခဲ့လေ၏။
"ရွှေကျင်ဆရာတော်ဘုရားကြီး"က မိမိ၏တပည့်(ကျောင်းတော်ရာဆရာတော်)၏ပကတိသဘာဝအကျင့်သီလ ကိုသိရှိပြီးဖြစ်တော်မူသောကြောင့်-
"ဦးပဉ္စင်းလဲ သူ့လိုပဲ ဟန်လုပ်ပြီးနေကြည့်စမ်းပါလေ"ဟု"ဣနြေ္ဒနှင့်နေရန်"မိန့်ဆိုတော်မူခဲ့ပါသည်။
(ရွှေဟင်္သာဆရာတော်၏ ရွှေကျင်နိကာယသာသနာဝင်။စာ-၄၉၈)
ကျွန်တော်တို့လက်လှမ်းမီရာ ခေတ်ကာလအတွင်းကပေါ်ထွန်းခဲ့သော မထေရ်ကြီးတို့၏နေပုံ၊ထိုင်ပုံ စသည်အမူအရာတို့ကိုကြည်ညိုနိုင်ကြစေရန် တင်ပြအပ်ပါသည်။
အချို့သောသူတို့က မူ-"ဤအကြောင်းအရာမျိုးဖြစ်ခဲ့ဖူးသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား"ဟူသောယုံမှားသံသယရှိပါလျှင်ထို သံသယ ပယ်ဖျောက်နိုင်စေခြင်း အကျိုးငှာဆိုင်ရာစာအုပ်ကိုဖတ်ရှုနိုင်ရန်အတွက်ရည်ရွယ်၍အညွှန်းတပ်ဖော်ပြလိုက်ရပါသည်။

0 comments:

Post a Comment