Thursday, March 5, 2015

လူရဲ့ရတနာ။

လူရဲ့ရတနာ။=======မြတ်စွာဘုရားက ရတနာအစစ် ဆိုတာ အဲဒီ စိန်တွေ ရွှေတွေ ပတ္တမြားတွေ မဟုတ်ပါတဲ့။“ပညံ နရာနံ ရတနံ” - “အသိပညာသာ လူ့ရဲ့ရတနာ” လို့ ဆိုပါတယ်။ ဟို စိန်၊ ရွှေရတနာတွေက
ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။
မြန်မာပြည်မှာလည်း ရှိပါတယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရ
တာတို့၊ ရတနာတွေ အလုခံလိုက်ရတာတို့၊ အသတ်ခံလိုက်ရတာတို့နဲ့၊ ရတနာကို အကြောင်းပြုပြီး
တော့ ဒုက္ခရောက်ကြတာတွေ အများကြီးပဲလေ။ စိန်၊ ရွှေရတနာတွေက တကယ်တော့ ကိုယ်
ပိုင်တယ် ဆိုင်တယ်ဆိုတာ ခဏတစ်ဖြုတ်ပါပဲ။ မပိုင်မဆိုင်တာတွေ အများကြီးပါ။ တကယ် ထာဝ
ရပိုင်လို့ရတဲ့ ပိုင်ဆိုင်မှုက အသိပညာပါ။
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တကယ့် အစစ်အမှန် “ပညံ နရာနံ ရတနံ”- “ပညာ
သည်သာလျှင် လူသားတွေအတွက် ရတနာ ဖြစ်ပါတယ်”၊ ကျန်တာတွေက ရတနာလို့ ခေါ်သာနေ
ကြတာ တစ်သက်လုံးလည်း မပိုင်ဆိုင်နိုင်ပါ။ တစ်သက်လုံး ကိုယ်ကျိုးချည်းပေးတာလည်း မဖြစ်
နိုင်ပါ။ တကယ့်ပညာ ဆိုတာကျတော့ ကိုယ့်အတွက် ကောင်းကျိုးချမ်းသာ ပေးပါတယ်။
ပညာဆိုတာ ဘာလဲ? ဆိုတာ သိဖို့လိုပါတယ်။ လုပ်သင့်တာ၊ မလုပ်သင့် တာကို ခွဲခြားသိ
တယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိတယ်။ အခွင့်ကောင်း ကြုံတယ်၊ မကြုံဘူး။
အခွင့်ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ပညာသည်သာလျှင် တကယ့်ရတနာအစစ်ပါ။
အဲဒီ- ရတနာကိုသာ ပိုင်ဆိုင်ဖို့ ကြိုးစားရမှာပါ။ ဟို စိန်ရွှေရတနာတွေကို ပိုင်ဆိုင်ရင်လည်း ခဏပဲ
ပိုင်ဆိုင်လို့ရမှာပါ။ ခဏပဲပိုင်ရုံတင်မကဘူး အဲဒီရတနာတွေက ကိုယ့်ကိုလည်း ဒုက္ခပေးသေးတယ်။
ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင် ပိုင်ဖို့ ကြိုးစားရမှာက ပညာတည်းဟူသော ရတနာပါပဲ။
အဲဒီတော့ ရှင်ဥပါလိမထေရ်က သူ့ရဲ့ကိုယ်တွေ့ကို ပြောပြီးတော့ ဆုံးမပေးပါတယ် “သ
ဒတ္ထေ ၀ါယမေ-ယျာထ”- “ကိုယ့်အတွက် သံသရာမှာပါ အကျိုးရှိတဲ့အလုပ်မျိုး လုပ်ကြပါ” တဲ့။
“ခဏော ဝေါ ပဋိပါဒိတော” ဘယ်သံသရာ ဘယ်ဘ၀မျိုးမဆို လူ့ဘ၀ရရင် စီးပွားရှာလို့ရတဲ့ အခြေ
အနေတွေ ဆိုတာ ရရှိနိုင်ပါတယ်။ တရားဓမ္မကို နှလုံးသွင်းခွင့်၊ ကျင့်ဆောင်ခွင့်ဆိုတဲ့ အခွင့်အရေး
ဆိုတာကျတော့ နေရာတိုင်း မရနိုင်ပါ။ အချိန်တိုင်း မရနိုင်ပါ။ ခေတ်တိုင်းလည်း မရပါ။
နောက်ဆုံးမှာ ကုန်ကုန်ပြောရလို့ရှိရင် “ (အသိပညာ)အသိဉာဏ်ရှိတဲ့ဘ၀ရအောင် ကြိုးစား
စမ်းပါ” လို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အသိ
ပညာသာလျှင် လူရဲ့ ရတနာအစစ်ဟု နားလည်သဘောပေါက်ကြပြီး ကိုယ်စီကိုယ်ငှ သဘောကျပြီး
တော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။မြန်မာပြည်မှာလည်း ရှိပါတယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရတာတို့၊ ရတနာတွေ အလုခံလိုက်ရတာတို့၊ အသတ်ခံလိုက်ရတာတို့နဲ့၊ ရတနာကို အကြောင်းပြုပြီးတော့ ဒုက္ခရောက်ကြတာတွေ အများကြီးပဲလေ။ စိန်၊ ရွှေရတနာတွေက တကယ်တော့ ကိုယ် ပိုင်တယ် ဆိုင်တယ်ဆိုတာ ခဏတစ်ဖြုတ်ပါပဲ။ မပိုင်မဆိုင်တာတွေ အများကြီးပါ။ တကယ် ထာဝရပိုင်လို့ရတဲ့ ပိုင်ဆိုင်မှုက အသိပညာပါ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တကယ့် အစစ်အမှန် “ပညံ နရာနံ ရတနံ”- “ပညာသည်သာလျှင် လူသားတွေအတွက် ရတနာ ဖြစ်ပါတယ်”၊ ကျန်တာတွေက ရတနာလို့ ခေါ်သာနေကြတာ တစ်သက်လုံးလည်း မပိုင်ဆိုင်နိုင်ပါ။ တစ်သက်လုံး ကိုယ်ကျိုးချည်းပေးတာလည်း မဖြစ်နိုင်ပါ။ တကယ့်ပညာ ဆိုတာကျတော့ ကိုယ့်အတွက် ကောင်းကျိုးချမ်းသာ ပေးပါတယ်။ပညာဆိုတာ ဘာလဲ? ဆိုတာ သိဖို့လိုပါတယ်။ လုပ်သင့်တာ၊ မလုပ်သင့် တာကို ခွဲခြားသိတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိတယ်။ အခွင့်ကောင်း ကြုံတယ်၊ မကြုံဘူး။ အခွင့်ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ပညာသည်သာလျှင် တကယ့်ရတနာအစစ်ပါ။ အဲဒီ- ရတနာကိုသာ ပိုင်ဆိုင်ဖို့ ကြိုးစားရမှာပါ။ ဟို စိန်ရွှေရတနာတွေကို ပိုင်ဆိုင်ရင်လည်း ခဏပဲ ပိုင်ဆိုင်လို့ရမှာပါ။ ခဏပဲပိုင်ရုံတင်မကဘူး အဲဒီရတနာတွေက ကိုယ့်ကိုလည်း ဒုက္ခပေးသေးတယ်။ ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင် ပိုင်ဖို့ ကြိုးစားရမှာက ပညာတည်းဟူသော ရတနာပါပဲ။အဲဒီတော့ ရှင်ဥပါလိမထေရ်က သူ့ရဲ့ကိုယ်တွေ့ကို ပြောပြီးတော့ ဆုံးမပေးပါတယ် “သဒတ္ထေ ၀ါယမေ-ယျာထ”- “ကိုယ့်အတွက် သံသရာမှာပါ အကျိုးရှိတဲ့အလုပ်မျိုး လုပ်ကြပါ” တဲ့။ “ခဏော ဝေါ ပဋိပါဒိတော” ဘယ်သံသရာ ဘယ်ဘ၀မျိုးမဆို လူ့ဘ၀ရရင် စီးပွားရှာလို့ရတဲ့ အခြေအနေတွေ ဆိုတာ ရရှိနိုင်ပါတယ်။ တရားဓမ္မကို နှလုံးသွင်းခွင့်၊ ကျင့်ဆောင်ခွင့်ဆိုတဲ့ အခွင့်အရေး ဆိုတာကျတော့ နေရာတိုင်း မရနိုင်ပါ။ အချိန်တိုင်း မရနိုင်ပါ။ ခေတ်တိုင်းလည်း မရပါ။နောက်ဆုံးမှာ ကုန်ကုန်ပြောရလို့ရှိရင် “ (အသိပညာ)အသိဉာဏ်ရှိတဲ့ဘ၀ရအောင် ကြိုးစားစမ်းပါ” လို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အသိပညာသာလျှင် လူရဲ့ ရတနာအစစ်ဟု နားလည်သဘောပေါက်ကြပြီး ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။

ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။မြန်မာပြည်မှာလည်း ရှိပါတယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရတာတို့၊ ရတနာတွေ အလုခံလိုက်ရတာတို့၊ အသတ်ခံလိုက်ရတာတို့နဲ့၊ ရတနာကို အကြောင်းပြုပြီးတော့ ဒုက္ခရောက်ကြတာတွေ အများကြီးပဲလေ။ စိန်၊ ရွှေရတနာတွေက တကယ်တော့ ကိုယ် ပိုင်တယ် ဆိုင်တယ်ဆိုတာ ခဏတစ်ဖြုတ်ပါပဲ။ မပိုင်မဆိုင်တာတွေ အများကြီးပါ။ တကယ် ထာဝရပိုင်လို့ရတဲ့ ပိုင်ဆိုင်မှုက အသိပညာပါ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တကယ့် အစစ်အမှန် “ပညံ နရာနံ ရတနံ”- “ပညာသည်သာလျှင် လူသားတွေအတွက် ရတနာ ဖြစ်ပါတယ်”၊ ကျန်တာတွေက ရတနာလို့ ခေါ်သာနေကြတာ တစ်သက်လုံးလည်း မပိုင်ဆိုင်နိုင်ပါ။ တစ်သက်လုံး ကိုယ်ကျိုးချည်းပေးတာလည်း မဖြစ်နိုင်ပါ။ တကယ့်ပညာ ဆိုတာကျတော့ ကိုယ့်အတွက် ကောင်းကျိုးချမ်းသာ ပေးပါတယ်။ပညာဆိုတာ ဘာလဲ? ဆိုတာ သိဖို့လိုပါတယ်။ လုပ်သင့်တာ၊ မလုပ်သင့် တာကို ခွဲခြားသိတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိတယ်။ အခွင့်ကောင်း ကြုံတယ်၊ မကြုံဘူး။ အခွင့်ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ပညာသည်သာလျှင် တကယ့်ရတနာအစစ်ပါ။ အဲဒီ- ရတနာကိုသာ ပိုင်ဆိုင်ဖို့ ကြိုးစားရမှာပါ။ ဟို စိန်ရွှေရတနာတွေကို ပိုင်ဆိုင်ရင်လည်း ခဏပဲ ပိုင်ဆိုင်လို့ရမှာပါ။ ခဏပဲပိုင်ရုံတင်မကဘူး အဲဒီရတနာတွေက ကိုယ့်ကိုလည်း ဒုက္ခပေးသေးတယ်။ ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင် ပိုင်ဖို့ ကြိုးစားရမှာက ပညာတည်းဟူသော ရတနာပါပဲ။အဲဒီတော့ ရှင်ဥပါလိမထေရ်က သူ့ရဲ့ကိုယ်တွေ့ကို ပြောပြီးတော့ ဆုံးမပေးပါတယ် “သဒတ္ထေ ၀ါယမေ-ယျာထ”- “ကိုယ့်အတွက် သံသရာမှာပါ အကျိုးရှိတဲ့အလုပ်မျိုး လုပ်ကြပါ” တဲ့။ “ခဏော ဝေါ ပဋိပါဒိတော” ဘယ်သံသရာ ဘယ်ဘ၀မျိုးမဆို လူ့ဘ၀ရရင် စီးပွားရှာလို့ရတဲ့ အခြေအနေတွေ ဆိုတာ ရရှိနိုင်ပါတယ်။ တရားဓမ္မကို နှလုံးသွင်းခွင့်၊ ကျင့်ဆောင်ခွင့်ဆိုတဲ့ အခွင့်အရေး ဆိုတာကျတော့ နေရာတိုင်း မရနိုင်ပါ။ အချိန်တိုင်း မရနိုင်ပါ။ ခေတ်တိုင်းလည်း မရပါ။နောက်ဆုံးမှာ ကုန်ကုန်ပြောရလို့ရှိရင် “ (အသိပညာ)အသိဉာဏ်ရှိတဲ့ဘ၀ရအောင် ကြိုးစားစမ်းပါ” လို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အသိပညာသာလျှင် လူရဲ့ ရတနာအစစ်ဟု နားလည်သဘောပေါက်ကြပြီး ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာပါ။မြန်မာပြည်မှာလည်း ရှိပါတယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရတာတို့၊ ရတနာတွေ အလုခံလိုက်ရတာတို့၊ အသတ်ခံလိုက်ရတာတို့နဲ့၊ ရတနာကို အကြောင်းပြုပြီးတော့ ဒုက္ခရောက်ကြတာတွေ အများကြီးပဲလေ။ စိန်၊ ရွှေရတနာတွေက တကယ်တော့ ကိုယ် ပိုင်တယ် ဆိုင်တယ်ဆိုတာ ခဏတစ်ဖြုတ်ပါပဲ။ မပိုင်မဆိုင်တာတွေ အများကြီးပါ။ တကယ် ထာဝရပိုင်လို့ရတဲ့ ပိုင်ဆိုင်မှုက အသိပညာပါ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တကယ့် အစစ်အမှန် “ပညံ နရာနံ ရတနံ”- “ပညာသည်သာလျှင် လူသားတွေအတွက် ရတနာ ဖြစ်ပါတယ်”၊ ကျန်တာတွေက ရတနာလို့ ခေါ်သာနေကြတာ တစ်သက်လုံးလည်း မပိုင်ဆိုင်နိုင်ပါ။ တစ်သက်လုံး ကိုယ်ကျိုးချည်းပေးတာလည်း မဖြစ်နိုင်ပါ။ တကယ့်ပညာ ဆိုတာကျတော့ ကိုယ့်အတွက် ကောင်းကျိုးချမ်းသာ ပေးပါတယ်။ပညာဆိုတာ ဘာလဲ? ဆိုတာ သိဖို့လိုပါတယ်။ လုပ်သင့်တာ၊ မလုပ်သင့် တာကို ခွဲခြားသိတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိတယ်။ အခွင့်ကောင်း ကြုံတယ်၊ မကြုံဘူး။ အခွင့်ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ပညာသည်သာလျှင် တကယ့်ရတနာအစစ်ပါ။ အဲဒီ- ရတနာကိုသာ ပိုင်ဆိုင်ဖို့ ကြိုးစားရမှာပါ။ ဟို စိန်ရွှေရတနာတွေကို ပိုင်ဆိုင်ရင်လည်း ခဏပဲ ပိုင်ဆိုင်လို့ရမှာပါ။ ခဏပဲပိုင်ရုံတင်မကဘူး အဲဒီရတနာတွေက ကိုယ့်ကိုလည်း ဒုက္ခပေးသေးတယ်။ ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင် ပိုင်ဖို့ ကြိုးစားရမှာက ပညာတည်းဟူသော ရတနာပါပဲ။အဲဒီတော့ ရှင်ဥပါလိမထေရ်က သူ့ရဲ့ကိုယ်တွေ့ကို ပြောပြီးတော့ ဆုံးမပေးပါတယ် “သဒတ္ထေ ၀ါယမေ-ယျာထ”- “ကိုယ့်အတွက် သံသရာမှာပါ အကျိုးရှိတဲ့အလုပ်မျိုး လုပ်ကြပါ” တဲ့။ “ခဏော ဝေါ ပဋိပါဒိတော” ဘယ်သံသရာ ဘယ်ဘ၀မျိုးမဆို လူ့ဘ၀ရရင် စီးပွားရှာလို့ရတဲ့ အခြေအနေတွေ ဆိုတာ ရရှိနိုင်ပါတယ်။ တရားဓမ္မကို နှလုံးသွင်းခွင့်၊ ကျင့်ဆောင်ခွင့်ဆိုတဲ့ အခွင့်အရေး ဆိုတာကျတော့ နေရာတိုင်း မရနိုင်ပါ။ အချိန်တိုင်း မရနိုင်ပါ။ ခေတ်တိုင်းလည်း မရပါ။နောက်ဆုံးမှာ ကုန်ကုန်ပြောရလို့ရှိရင် “ (အသိပညာ)အသိဉာဏ်ရှိတဲ့ဘ၀ရအောင် ကြိုးစားစမ်းပါ” လို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အသိပညာသာလျှင် လူရဲ့ ရတနာအစစ်ဟု နားလည်သဘောပေါက်ကြပြီး ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။

0 comments:

Post a Comment