Friday, March 6, 2015

စိတ်မညစ်တတ်သူ၏သဘောထား



စိတ်မညစ်တတ်သူ၏သဘောထား
---------------------------------
ဆင်းရဲချမ်းသာအား သဘာဝ၏သဘောဟုသိသူဟာ
ထိုဆင်းရဲချမ်းသာ၌
အလိုကျခြင်း အလိုမကျခြင်းမရှိ
ပကတိပင်ကိုသဘောအား
အစုံတွဲနေသော ကောင်းဆိုးမျှသာ သိပါသည်
အကောင်းလဲမခင်တွယ်
အဆိုးလဲမတွယ်တာတတ်သူဖြစ်၏။
သောကကိုထိန်း ရမ္မက်သိမ်းပြီးသော
စိတ်အခြေအနေရှိသူဟာ
အကောင်းပိုင်၍ အဆိုးနိုင်၏။
အဆိုးနိုင်စွာကာကွယ်တတ်သောကြောင့်
ပကတိအခြေနေကောင်းနှင့်အဆိုးအပေါ်
ထိတ်လန့်တုန်လှုပ်ခြင်းကင်းလေ၏။
မေတ္တာဗြဟ္မစိုရ်တရားကို လက်ကိုင်သုံး၍
သစ္စာဉာဏ်ကိန်းသောအမြင်ဖြင့်
အလင်းရှင်ဘွဲ့ထူးကိုခံယူတော်မူထိုက်ပါပေ၏။
လုပ်ကိုင်ပြောကြားရာ၌
သတိထားတတ်သူဖြစ်သောအခါ
အပြစ်ကင်းစင်လာပါတယ်။
အပြစ်ကင်းစင်သောစိတ်နေသဘောထားရှိသူဟာ
သုစရိုက်တရား၌မွေ့လျော်၏။
ထိုအခါ ကိုယ်နှုတ်စိတ်အကြံတို့၌အမှားကင်းစင်၍
မိမိနှင့်အတူနေသူတို့၏ကောင်းကျိုးကို
ဆောင်ရွက်လေ၏။
ကောင်းကျိုးဆောင်နေစဉ်
အကောင်းကံ၏အဟုန်ဖြင့်
မကောင်းမှုကိုကာကွယ်တားဆီးပိတ်ဆို့ထားလို့
ကုသိုလ်ပညာ ဥစ္စာရကြောင်းအခွင့်ကောင်းကို
ကောင်းစွာအသုံးချတတ်သူဖြစ်လာ၏။
အခွင့်အခါကောင်းပြီးနေရာကောင်းမှာ
သူတော်ကောင်းနှင့်ပေါင်းသင်းလျက်
ကောင်းမှုကံစေတနာဖြင့်
ကုသိုလ်ရရေး၌ ပို၍စိတ်ဝင်စားလာ၏။
အထူးအားဖြင့်
အာရုံမှောက်မှားစိတ်ဆိုးစိတ်ညံ့များ
တဖြည်းဖြည်းရှင်းတတ်လာသည့်အခါ
အရိယာသူတော်စင်များကဲ့သို့
ခန္ဓာဇာတ်သိမ်း အငြိမ်းဓာတ်ဖြင့်
ဒုက္ခဆင်းရဲခြင်းလုံးဝကင်းစင်သွားပါလိမ့်မည်။
(သတ္တဝါမှန်သ၍တရားတွေ့
ငြိမ်းအေးချမ်းသာကြပါစေ)
*Ashin Mingala (Bsc,A.G.T.I)

0 comments:

Post a Comment