Monday, June 23, 2014

မေတ္တာပါရမီ

မေတ္တာပါရမီ

မေတ္တာဟူသည် သူတစ်ပါးတို့ကို ကြီးပွားစေလို၊ 
ချမ်းသာစေလိုသောသဘောတည်း။

ထို့ကြောင့် မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့သည်
မိမိအပေါ်၌ သူတစ်ပါးက မတော်မတရား ပြုထား
aစကာမူ ထိုသူ၏အပြစ်အနာအဆာ ကို(လက်စား
aချမည်ဟု) မရှုတော့ဘဲ အကြောင်းကိစ္စပေါ်လာလျှင် 
ကိုယ်ကသာ သူ့အကျိုးကို ဆောင်ရွက်ကြ လေသည်။ 
(အရှင်ဇနကာဘိဝံသ ၊ရုပ်စုံဗုဒ္ဓ၀င်အမေးအဖြေ ၊ နှ - ၃၀)

မေတ္တာဆိုတဲ့ ပါဠိရဲ့အနက်ကို ချစ်ခြင်းလို့အနက်ပြန်ကြ
ပါတယ်။ အချစ်က သုံးမျိုးရှိပါတယ်။
၁။ ချစ်သူအချစ်ရယ်၊
၂။ မိသားစုအချစ်ရယ်၊
၃။ ပါရမီအချစ်ရယ်ပါ။

ချစ်သူအချစ်ဆိုတာက မိန်းမယောက်ျား အပြန်အလှန် 
ချစ်ကြတဲ့အချစ်ပါ။

မိသားစုအချစ်ဆိုတာက မိဘနဲ့သားသမီး၊ ညီနဲ့အစ်ကို၊
မောင်နဲ့နှမ စသည်တို့ မိသားစုအိမ်သား အချင်းချင်း
ချစ်ကြတဲ့ အချစ်ပါ။

ပါရမီအချစ်ဆိုတာကတော့ သူတစ်ပါးတို့ရဲ့အကျိုးဖြစ်
ထွန်းမှုကို လိုလားတဲ့အချစ်ပါ။ပါဠိလိုပြောရင်တော့ တဏှာပေမရယ်၊ ဂေဟသိတပေမရယ်၊ မေတ္တာပေမ
ရယ်ပါ။မေတ္တာပါရမီမှာတော့ နောက်ဆုံးအချစ်ဖြစ်တဲ့ 
ပါရမီအချစ်ကို ယူရမှာပါ။

ပါရမီအချစ်ဟာ သူတစ်ပါးအကျိုးကို ငဲ့နေပါတယ်။ 
မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်ကသူ့ကို ပါရမီအချစ်နဲ့
ချစ်ဖြစ်နေရင် သူ ကြီးပွားစေချင်တယ်၊တိုးတက်စေ
ချင်တယ်၊ အောင်မြင်စေချင်တယ်၊ အစစအရာရာ 
အဆင်ပြေစေချင်တယ်။ သူ့ဆီက ဘာတုံပြန်မှုမှ 
မမျှော်လင့်ပါဘူး။ ဒါ - ပါရမီအချစ်ရဲ့ သဘောတွေပါ။

အကြောင်းတစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့အခါမှာ 
ကိုယ်ကလည်း သူ့ကို ပါရမီအချစ်နဲ့ ချစ်မယ်။ သူကလည်း 
ကိုယ့်ကို ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးလုံးရဲ့ ခင်မင်
မှုဟာ အစဉ်အမြဲ ခိုင်မြဲနေတော့မှာပါ။ တစ်ဆင့်တက်ပြီး 
သူတရားထူး တရားမြတ်ရဖို့အတွက်လည်း ကိုယ်က 
ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်
လည်း သူက ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန်အထိတောင် ကျေးဇူးပြုနေတော့တာပါ။

တစ်စုံတစ်ယောက်ကို ကိုယ်ကတကယ်ချစ်တယ်ဆိုရင် 
ပါရမီအချစ်နဲ့ချစ်ပြီး နိဗ္ဗာန်ရဲ့အထောက်အပံ့တွေ အခါ
အားလျော်စွာ ဖန်တီးဖန်တီး ပေးနေနိုင်ရပါမယ်။

ဒီလိုပါပဲ။ သတ္တ၀ါအားလုံးအပေါ်မှာ ပါရမီအချစ်နဲ့ 
ချစ်နိုင်ရမှာဖြစ်သလို ချစ်သူအချင်းချင်း၊ မိသားစု 
အချင်းချင်းမှာလည်း ပါရမီအချစ်ပါတဲ့အချစ်တွေ 
တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူ
အချင်းချင်း ချစ်ကြတဲ့နေရာမှာ တဏှာရာဂကို 
အခြေခံတယ်ဆိုပေမယ့် သူကုသိုလ်ဖြစ်ဖို့ ကိုယ်က
ဖန်တီးပေးနေမယ်။ ကိုယ်ကုသိုလ် ဖြစ်ဖို့အတွက် 
သူက ဖန်တီးပေးနေမယ်ဆိုရင် ချစ်သူ နှစ်ယောက်
အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ 
အိပ်မက်ထဲမှာတောင် ရှာလို့ရတော့မှာ မဟုတ်တော့
ပါဘူး။

ပြီးတော့ ကိုယ့်ရဲ့ မိသားစုဘ၀လေးဟာ ငြိမ်းငြိမ်းချမ်းချမ်း
aလး ရှိနေရုံတင်မကဘဲ တရားထူးတရားမြတ်ရဖို့ အတွက်
လည်း အထောက်အပံ့တွေ ဖြစ်နေတော့မှာပါ။

အဆင်မပြေဖြစ်ကြတယ်ဆိုတာ တဏှာပေမအချစ်လောက်
နဲ့ပဲ ချစ်နေကြလို့ပါ။ ပါရမီအချစ် မပါကြလို့ပါ။ ဒီသဘော
aလးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲနေဖို့ ပါရမီအချစ်လေး
ပါ တွဲပါပေးရပါတယ်။

ဒီတော့ ပါရမီအချစ်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်
aနတော့တာပါ။

မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူတွေကို ထိုင်ပြီးပွားနေတာနဲ့တင် မလုံလောက်သေးပါဘူး။ ထိုင်ပြီးပွားတာက ပွားမေတ္တာပါ။ 
ကံအနေနဲ့ပြောရင် မနောကံမေတ္တာပါ။

ပွားမေတ္တာနဲ့အတူ ထားမေတ္တာကိုလည်း ကျင့်သုံးနိုင်ရပါမယ်။

သူတစ်ပါးအကျိုးရှိစေမယ့် စကားလေးတွေပြောပြပေးတာ၊ 
သူတစ်ပါးအကျိုးရှိစေမယ့် အလုပ်ကလေးတွေ ပြုလုပ်ပေး
တာတွေပါ။ ကံအနေနဲ့ပြောရင်တော့ ၀စီကံမေတ္တာနဲ့ ကာယကံ
aမတ္တာပါ။

ဘယ်လိုစကားမျိုးပဲပြောရပြောရ မေတ္တာနဲ့ပဲပြောပေးတာ၊ 
ဘယ်လိုအလုပ်မျိုးပဲ လုပ်ပေးရလုပ်ပေးရ မေတ္တာနဲ့ပဲ လုပ်
ပေးတာ၊ မြန်မာလိုပြောရင် သူတစ်ပါးအကျိုးငဲ့ငဲ့ပြီး ပြောပေး
တာ၊ သူတစ်ပါးအကျိုးငဲ့ငဲ့ပြီးလုပ်ပေးတာတွေပါ။ ဒါတွေဟာ 
ထားမေတ္တာတွေပါပဲ။

တကယ်တော့ ဒါတွေဟာ ဘာမှမခက်ပါဘူး။ အိပ်ရာထ ကိုယ်
လက်သန့်စင်ပြီးတာနဲ့ “ ငါ ဒီနေ့ ဘယ်သူနဲ့ပဲတွေ့တွေ့ မေတ္တာ
ပါတဲ့ စကားလေးတွေပဲပြောပေးမယ်၊ မေတ္တာပါတဲ့ အလုပ်က
လေးတွေပဲ လုပ်ပေးမယ် ” လို့ စိတ်ထဲက သုံးကြိမ်လောက် 
အဓိဋ္ဌာန်ထားလိုက်ရင် လူတစ်ယောက်နဲ့ ဆက်ဆံလိုက်ရတာနဲ့ မေတ္တာပါပြီးသားဖြစ်နေတော့မှာပါ။

တစ်ခုတော့ရှိပါတယ် ။ ပုထုဇဉ်တွေဆိုတော့ ကိုယ့်ရဲ့စိတ်ဟာ အမြဲတမ်းတော့ ဖြူဖွေးသန့်စင်မနေနိုင် ပါဘူး။ တစ်ခါတစ်
လေ အာရုံဆိုးတစ်ခုခုကြောင့် ညစ်ထေးသွားတတ်တာတွေ
လည်း ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ “ ငါက မေတ္တာပါရမီ
ဖြည့်ကျင့်ချင်သူ ၊ ငါက မေတ္တာပါရမီ ဖြည့်ကျင့်ချင်သူ ” လို့ 
ဆက်ကာ ဆက်ကာလေး ဆင်ခြင်ပေးလိုက်ရင် ပါရမီဓာတ်
တွေ ရင်ထဲကို ပြန်ရောက်လာတာ များပါတယ်။

ပါရမီအချစ်ရဲ့ သဘောက သူတစ်ပါးအကျိုးကိုငဲ့ပါတယ်။ 
မိမိအကျိုးကို လုံးဝမငဲ့ပါဘူး။ ကိုယ်က အခြေခံသဘောလေး
ကို အာရုံပြုထားနိုင်ရပါမယ်။

သတ္တ၀ါအားလုံး ပါရမီအချစ်တွေနဲ့ပဲ ချစ်နေနိုင်ဖို့ဆိုတာတော့ 
မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်သူတွေကြားထဲမှာ ချစ်တဲ့ စာဖတ်သူတစ်ယောက်ကတော့ ဖြစ်နိုင်သူတစ်ယောက် ဖြစ်နိုင်
အောင်ကြိုးစားရပါမယ်။

ပါရမီအချစ်နဲ့ မချစ်ဖူးကြသေးလို့သာ တခြားအာရုံတွေကို 
စိတ်ညွတ်နေကြတာပါ။

ပါရမီအချစ်ကို ချစ်ဖူးပြီးသွားရင် ကုန်ခဲ့သမျှ အချိန်တွေကိုတောင် ပြန်နောင်တရနေတော့မှာပါ။

ပုထုဇဉ်တွေဆိုတော့လည်း ကိလေသာလေးတွေက ရှိနေ
သေးတာဆိုတော့ အမြဲတမ်း ပါရမီအချစ်နဲ့ ချစ်နေနိုင်ဖို့ဆိုတာ
ကတော့ မလွယ်ပါဘူး။ ပါရမီအချစ်နဲ့နီးလိုက်ဝေးလိုက်တော့
ဖြစ်နေမှာပါ။ ဒါပေမယ့်ကိုယ်ကအဲဒီနီးနေတဲ့သဘောလေး
ဝေးနေတဲ့သဘောလေးကို သတိနဲ့ ပြန်သိနေဖို့ပါပဲ။

ဘာပဲပြောပြော တွေ့ကြဆုံကြအခိုက်လေးမှာ အပြန်အလှန်
ကိုယ်စီ ပါရမီအချစ်ကလေးတွေနဲ့ ချစ်နေဖို့ပါပဲ။

ရဝေနွယ်(အင်းမ) ၏ မြင့်မြတ်သူတို့ရဲ့အလုပ် မှ မေတ္တာပါရမီ 
ကို မျှဝေခံစားအပ်ပါသည်။

ပါရမီပါတဲ့ မေတ္တာနဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်နိုင်ကြပါစေ။

ခန္ဓာကိုသိပုံ

ခန္ဓာကိုသိပုံ

မြင်ဆဲ၌ မြင်တယ်ဟု မှတ်သောသူသည်
မျက်စိကြည်လင်မှု မြင်ရသောအဆင်းရုပ်
ကိုသိ၏။ မြင်၍ကောင်းခြင်း မကောင်းခြင်း
မဆိုး မကောင်းမညီမျှခြင်းတို့ကို ပဓာနပြု
၍ သိသောအခါ၌ ဝေဒနက္ခန္ဓာကိုသိ၏။
မြင်ရသောအဆင်း၌ မှတ်သားခြင်းသဘော
ကို သိသောအခါ၌ သညာကခန္ဓာကိုသိ၏။

စိတ်ထဲ၌အဆင်းနှင့်တွေ့မှုဖဿ၊ မြင်အောင်
စေ့ဆော်တိုက်တွန်းမှု စေတနာ၊ သာယာနှစ်
သက်မှု လောဘ၊ ကြည်ညိုမှု သဒ္ဓါစသော
သဘောတို့ကို သိသောအခါ၌ ၀ိညာဏက္ခ
န္ဓာကိုသိ၏။ ဤသို့ ရုပ်သဘောမျှ ဝေဒနာ
သဘောမျှစသည်ကို သိခြင်းသည် ဣတိ
ရူပံ၊ ဣတိဝေဒနံ၊ ဣတိ သညာ၊ ဣတိ
သင်္ခါရာ၊ ဣတိဝိညာဏံနှင့် အညီပင်တည်း။
ကြားဆဲဏ၌လည်း နည်းတူပင်တည်း။

ကွေးဆဲ၌ ကွေးချင်တယ် ကွေးချင်တယ်ဟု
မှတ်သော သူသည် ကွေးသောအမူအယာ
အားဖြင့် လှုပ်ရှားသော ရူပကခန္ဓာကိုလည်း
သိ၏။ ကွေးချင်သောစိတ် ၀ိညာဏခန္ဓာကို
လည်းသိ၏။ စိတ်ထဲ၌ကွေးမှုနှင့်သိရသကဲ့
သို့ စေတနာစသော သင်္ခါရက္ခန္ဓာတို့ကိုလည်း
သိ၏။ ဝေဒနာ သညာတို့ကား အများအား
ဖြင့် မထင်ရှားဘဲရှိတတ်ကုန်၏။ ထင်ရှား
သောအခါ၌ ကွေးချင်မှု၏ကောင်းခြင်း
မကောင်းခြင်းသဘော ဝေဒနာကိုလည်း
သိ၏။

ကွေးမည်ဟု မှတ်သားမှု သညာက္ခန္ဓာကို
လည်းသိ၏။ ဆန့်ဆဲသွားဆဲ စသည်တို့၌
လည်း နည်းတူပင်တည်း။

ဤသို့သိ၍ နာမရူပပရိစ္ဆေဒဉာဏ်တစ်ဖက်
ကမ်းသို့ရောက်သော် ဖောက်ပြန်တတ်သော
ရုပ်ကား ဤမျှသာတည်း။ ခံစားတတ်သော
ဝေဒနာကား ဤမျှသာတည်း။ မှတ်သား
တတ်သော သညာကားဤမျှသာတည်း။
အမူအရာကြိယာကိုပြုတတ်ပြီးစေတတ်
သော သင်္ခါရကားဤမျှသာတည်းဟု ပိုင်း
ခြားလျက်သိ၏။ ဤသို့သိခြင်းသည်သရုပ်
ခွဲရာ၌သိခြင်းကဲ့သို့ ဂဏာန်းသင်္ချာဖြင့်ရေ
တွက်၍ သိခြင်းကားမဟုတ်ပေ။ ရှုမှတ်
သောဉာဏ်ထဲ၌ ငါးမျိုးကွဲပြားလျက်ထင်
ရှားသော ထိုအရာအလုံးစုံကို ပေါ်တိုင်း
ပေါ်တိုင်း မှတ်သိခဲ့ပြီးသောကြောင့်အလုံး
စုံကိုပင် မှတ်သိပြီ တွေ့မြင်ပြီ ကိုယ်ထဲ၌
မမှတ်သိရ။ မတွေ့မြင်ရသော ရုပ်စသည်
တို့ မရှိကြပြီဟု သဘောကျသည့်အား
လျော်စွာ ဆုံးဖြတ်လျက်သိခြင်းမျှသာ
တည်း။ ဤသို့ဆုံးဖြတ်လျက်သိခြင်းသည်
လည်း ဣတိရူပံ ဣတိဝေဒနံ စသည်နှင့်
အညီပင်တည်း။

ထိုကြောင့် အဋ္ဌကထာ၌ ဣတိ ရူပန္တိ ဣဒံ
ရူပံ ဧတ္ထကံ ရူပံ၊ နဣတော ပရံ ရူပံ၊ အတ္ထီ
တိ သဘာဝတော ရူပံ ဇာနာတိ၊ ဝေဒနာ
ဒီသုပိ ဧသောဝ နယော၊ ဣတိရူပံဟူရာ၌
ဤကားရုပ်တည်း။ ရုပ်သည် ဤမျှသာတည်း။
ဤထက်အလွန်ရုပ်မရှိပြီဟု သဘာဝလက္ခ
ဏာအားဖြင့် ရုပ်ကိုသိ၏။ ဝေဒနာစသည်
တို့၌လည်း နည်းတူပင်တည်းဟု ဖွင့်ပြ၏။

ရုပ်၏ သမုဒယကိုသိပုံ
မြင်ဆဲစသည်၌ မြင်တယ်။ ကွေးတယ်စ
သည်ဖြင့် မျက်စိကြည့်ရှုမှမြင်ရသော အဆင်း
ရွေ့လျားမှုစသောရုပ်တို့ကို ဖြတ်ခနဲဖြတ်ခနဲ
ပေါ်လာ၏။ ရိပ်ခနဲ ရိပ်ခနဲကွယ်ပျောက်ကုန်
ဆုံးသွားကြသည်ဟု သိ၏။ ဤသို့သိခြင်း
သမုဒယ နိဗ္ဗတ္တိလက္ခဏာဟုခေါ်သောဖြစ်မှု၊
ဝယ၀ိပရိနာမလက္ခဏာဟုခေါ်သောပျက်မှု
တို့ကို မျက်မှောက်ပြုသော ဥဒယဗ္ဗယဉာဏ်
မည်၏။

ဗလပုထုဇဉ်အပေါင်းသည် ရုပ်နာမ်တို့ကို
ချမ်းသာသည် ကောင်းသည် တင့်တယ်သည်
ဟုသာ ထင်၏။ ဆင်းရဲ မကောင်း မတင့်တယ်
ဟုကား မသိနိုင် မထင်နိုင်။ ဖြစ်ထိုက်သောရုပ်
နာမ်တို့၏ အလျဉ်းမဖြစ်ပေါ်လာဘဲ ချုပ်ခြင်း၊
ကင်းခြင်းကိုလည်း ချမ်းသာသည်ကောင်းသည်
ဟူ၍ မသိနိုင်။ မထင်နိုင်။ ဤမသိခြင်းသည်
အ၀ိဇ္ဇာမည်၏။

ရှေးဘ၀၌ကံကိုပြုစဉ်က ဤမသိမှုမကင်းသေး
၍ ရုပ်တို့၌ သာယာတောင့်တမှုသည်လည်းဖြစ်
ခဲ့၏။ ထို့ကြောင့် သာယာနှစ်သက်သောရုပ်နာမ်
တို့အားကောင်းစားစေရန် အမှုတစ်စုံတစ်ရာကို
ပြုခဲ့၏။ ဤပြုမှုသည် ကုသိုလ် အကုသုလ်ကံ
ပင်တည်း။ ယခုဘ၀၏အကြောင်းကိုသာဆိုလို
လျှင် ကုသိုလ်ကံကိုသာ ယူအပ်၏။ ၀ိပဿနာ
ရှုသောသူသည် ရှေးအဖို့ကပင် ဒိဋ္ဌေစ ဥဇုကာ
ဟူသည်နှင့်အညီ ကံကြောင့် ကောင်းကျိုးမ
ကောင်းကျိုးဖြစ်ရသည်ဟု သုတဖြင့်ယုံကြည်
သိမြင်ပြီးဖြစ်၏။

ဝိပဿနာရှုသောအခါ၌ ရုပ်နာမ်တို့၏အကြောင်း
များစွာနှင့် ဖြစ်မှုပျက်မှုတို့ကို မျက်မှောက်သိမြင်
ရပြန်၏။ ထို့ကြောင့် ဒိဋ္ဌ သုတ ရောစပ်လျက်ဤ
ဆိုလတ္တံ့သောနည်းဖြင့်လည်း သဘောကျနိုင်သိ
နိုင်လေ၏။ ရှေးဘ၀ကမသိမှုမကင်းသေး၍ ဤ
ရုပ်ဖြစ်သည်။ မသိမှုကင်းလျှင်ကား မဖြစ်နိုင်ဟူ
၍လည်းကောင်း ပြုခဲ့သောအမှုကံရှိ၍ ဤရုပ်ဖြစ်
သည်။ မရှိလျှင်ကားမဖြစ်နိုင်ဟူ၍လည်းကောင်း
ယခုဘ၀စားသောက်အပ်သော အစာအာဟာရ
ရှိ၍ ဤရုပ်ဖြစ်သည် မရှိလျှင်ကားမဖြစ်နိုင်ဟူ၍
လည်းကောင်း ဆင်ခြင်၍သိ၏။

ဤသိခြင်းသည် အ၀ိဇ္ဇာ သမုဒယော၊ ရူပသမုဒ
ယော၊ အ၀ိဇ္ဇာနိရောဓေါ ရူပနိရောဓေါ စသောပဋိ
သမ္ဘိဒါမဂ်နှင့်အညီ သမုဒယဖြစ်ကြောင်းတရား၊
ဝယနိရောဓ ချုပ်ပျက်ကြောင်း မဖြစ်နိုင်ကြောင်း
ကင်းငြိမ်းကြောင်းတရားတို့ကို အနုမာနအားဖြင့်
မှန်းဆ၍သိသော ဥဒယဗ္ဗယဉာဏ်ပင်တည်း။
ကွေးချင်မှု စိတ်ရှိ၍ ကွေးမှု လှုပ်ရှားမှုဖြစ်သည်။
မရှိလျှင်ကား မဖြစ်နိုင်။ ဤသို့စသည်ဖြင့်သိခြင်း
ကိုလည်းကောင်း။

အေးမှု ပူမှု ဥတုရှိ၍ အေးရုပ်ပူရုပ်ဖြစ်သည်။ မရှိ
လျှင်ကား မဖြစ်နိုင်ဟု သိခြင်းကိုလည်းကောင်း၊
ယခုဘ၀ အကြောင်းကိုသိမှုအဖြစ်ဖြင့် သဘော
တူသောကြောင့် အာဟာရ သမုဒယော၊ ရူပသမု
ဒယော အာဟာရ နိရောဓါ၊ ရူပနိရောဓောဟူသော
ပါဌ်ဖြင့်ပင် ပြသည်ဟု မဟာဋီကာ၌ဆို၏။ ဆိုခဲ့
သောနည်းဖြင့် ရုပ်၏ဖြစ်မှုပျက်မှု၊ ဖြစ်ကြောင့်း
ပျက်ကြောင်းတို့ကို သိခြင်းသည် ဣတိ ရူပ
သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော ဟူ
သော ပါဠိနှင့် အညီပင်တည်း။

မဟာစည်ဝိပဿနာရှုနည်းကျမ်း
ပထမတွဲ၊ ၄၂၀- ၄၂၃ ။

ကပ်ဆိုတဲ့အဓိပ္ပါယ်ကို သိရဲ့လား

ကပ်ဆိုတဲ့အဓိပ္ပါယ်ကို သိရဲ့လား

ကပ်ဟူ၍ပြောဆိုနေကြသည့် မြန်မာစကား
သည် ကပ္ပပါဠိမှ ဆင်းသက်လာသောပါဠိ
ဝေါဟာရဖြစ်ပြီး တစ်ခုသောခေတ်အချိန်
ကာလဟု အဓိပ္ပာယ်ရသည်။ ဤနေရာ၌မူ
ဆိုးရွားသော ဘေးအန္တရာယ်များကျရောက်
ချိန်ကာလကို ကပ်ဟုခေါ်ခြင်းဖြစ်သည်။ ၄င်း
ကပ်သုံးပါးတို့မှာ
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ခြင်းဘေးဆိုက်
ရောက်သည့် ခေတ်ကာလဖြစ်၍ ရှေးလူကြီး
သူမများက သရောခိုင်းသည်ဟု ဆိုကြသည်။
ကြီးကျယ်သည့် ငတ်မွတ်ခြင်းဘေးကိုမဟာ
သရောကြီးဟု ခေါ်ကြသည်။ တနည်းအား
ဖြင့် မိုးလေ၀သခေါင်၍ သစ်ပင်တောတောင်
ရေမြေ မြေဆီသြဇာတို့ ခန်းခြောက်လျက်အ
စာရေစာ ပြတ်လတ်သည့်ဘေးကြီး ကျရောက်
ပြီး သေကြေပျက်စီးရသည့် အချိန်ကာလကို
ဒုဗ္ဘိက္ခန္တရကပ်ဟုခေါ်သည်။

၂။ သတ္တန္တရကပ် = လက်နက်ဘေးအန္တရာယ်
စစ်ဘေးအန္တရာယ် ဆိုက်ရောက်သည့်ခေတ်
အချိန်ကာလပင်ဖြစ်သည်။ ဤကဲ့သို့ ဓားလှံ
လေးမြား၊ သေနတ်အမြောက် ဗုံးအစရှိသည့်
လက်နက်ဘေးကြီးတို့ ကျရောက်၍ သေကျေ
ပျက်စီးရာ အချိန်ကာလသည် သတ္တန္တရကပ်
ဆိုက်ခြင်းပင်ဖြစ်သည်။

၃။ ရောဂန္တရကပ် = ကူးစက်တတ်သည့် ရောဂါ
အန္တရာယ်ဆိုက်ရောက်နေသည့် ခေတ်အချိန်
ကာလဖြစ်သည်။ ၀မ်းရောဂါ၊ ပုလိပ်ရောဂါ၊ ငှက်
တုတ်ကွေး၊ ကြက်တုပ်ကွေး၊ အေအိုင်ဒီအက်စ်
အစရှိသည့်ရောဂါများ ကျရောက်၍ သေကျေ
ပျက်စီးရခြင်းသည် ရောဂန္တရကပ်ဆိုက်ခြင်းပင်
ဖြစ်သည်။

အထက်တွင်ဆိုခဲ့သည့် ကပ်ကြီးသုံးပါးသည်လူ
သားတို့ ဆယ်နှစ်သက်တမ်းရောက်လျှင် ဧကန်
မုချကျရောက်လာလိမ့်မည်ဟု မြတ်စွာဘုရား
သည် အနာဂတံသရွှေဉာဏ်တော်မြတ်ဖြင့်အနာ
ဂတ်ဟောစာတန်းကို စက္က၀တ္တိသုတ္တန်တွင်ထုတ်
ပြန်ဟောကြားတော်မူခဲ့သည်။ ဤသို့ဆယ်နှစ်
သက်တမ်းတွင် တွေ့ကြုံရမည့်ကပ်သုံးပါးကိုတင်
စား၍ ဘေးအန္တရာယ်တစ်ခုခု ဆိုက်ရောက်လာ
လျှင် ကပ်ဆိုက်သည်ဟု ပြောဆိုကြခြင်းဖြစ်သည်။

ယနေ့ကမ္ဘာအနှံ့အပြားတို့တွင် တစ်နည်းမဟုတ်
တစ်နည်းကပ်သုံးပါးတွင် တစ်မျိုးမျိုးသော ကပ်များ
ဆိုက်နေသည်ကို ဆက်သွယ်ရေးမီဒီယာများမှတစ်
ဆင့် ကြားသိနေကြရသည်။ ဂျပန်နိုင်ငံ၌ မကြာသေး
မှီကပင် ဆူနာမီငလျင်လှုပ်ခဲ့ပြီးဖြစ်သကဲ့သို့ မိမိတို့
နိုင်ငံ၌လည်း နာဂစ်မုန်တိုင်းတည်းဟူသော သဘာ
ဝဘေးအန္တရာယ်ဆိုက်ရောက်ခဲ့သည်မှာ နှစ်မကြာ
လှသေးချေ။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသတိ
တရားလက်ကိုင်ထား၍ ကုသိုလ်တရားအစားစား
တို့ကို ကြိုးစားအားထုတ်ကြပါစေဟု ဆန္ဒပြုရင်း
ကပ်သုံးပါးအကြောင်းကို နိဋ္ဌိတံလိုက်ရပါသည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် ၁၀၀
 

ကပ်ဟူ၍ပြောဆိုနေကြသည့် မြန်မာစကား
သည် ကပ္ပပါဠိမှ ဆင်းသက်လာသောပါဠိ
ဝေါဟာရဖြစ်ပြီး တစ်ခုသောခေတ်အချိန်
ကာလဟု အဓိပ္ပာယ်ရသည်။ ဤနေရာ၌မူ
ဆိုးရွားသော ဘေးအန္တရာယ်များကျရောက်
ချိန်ကာလကို ကပ်ဟုခေါ်ခြင်းဖြစ်သည်။ ၄င်း
ကပ်သုံးပါးတို့မှာ
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ခြင်းဘေးဆိုက်
ရောက်သည့် ခေတ်ကာလဖြစ်၍ ရှေးလူကြီး
သူမများက သရောခိုင်းသည်ဟု ဆိုကြသည်။
ကြီးကျယ်သည့် ငတ်မွတ်ခြင်းဘေးကိုမဟာ
သရောကြီးဟု ခေါ်ကြသည်။ တနည်းအား
ဖြင့် မိုးလေ၀သခေါင်၍ သစ်ပင်တောတောင်
ရေမြေ မြေဆီသြဇာတို့ ခန်းခြောက်လျက်အ
စာရေစာ ပြတ်လတ်သည့်ဘေးကြီး ကျရောက်
ပြီး သေကြေပျက်စီးရသည့် အချိန်ကာလကို
ဒုဗ္ဘိက္ခန္တရကပ်ဟုခေါ်သည်။

၂။ သတ္တန္တရကပ် = လက်နက်ဘေးအန္တရာယ်
စစ်ဘေးအန္တရာယ် ဆိုက်ရောက်သည့်ခေတ်
အချိန်ကာလပင်ဖြစ်သည်။ ဤကဲ့သို့ ဓားလှံ
လေးမြား၊ သေနတ်အမြောက် ဗုံးအစရှိသည့်
လက်နက်ဘေးကြီးတို့ ကျရောက်၍ သေကျေ
ပျက်စီးရာ အချိန်ကာလသည် သတ္တန္တရကပ်
ဆိုက်ခြင်းပင်ဖြစ်သည်။

၃။ ရောဂန္တရကပ် = ကူးစက်တတ်သည့် ရောဂါ
အန္တရာယ်ဆိုက်ရောက်နေသည့် ခေတ်အချိန်
ကာလဖြစ်သည်။ ၀မ်းရောဂါ၊ ပုလိပ်ရောဂါ၊ ငှက်
တုတ်ကွေး၊ ကြက်တုပ်ကွေး၊ အေအိုင်ဒီအက်စ်
အစရှိသည့်ရောဂါများ ကျရောက်၍ သေကျေ
ပျက်စီးရခြင်းသည် ရောဂန္တရကပ်ဆိုက်ခြင်းပင်
ဖြစ်သည်။

အထက်တွင်ဆိုခဲ့သည့် ကပ်ကြီးသုံးပါးသည်လူ
သားတို့ ဆယ်နှစ်သက်တမ်းရောက်လျှင် ဧကန်
မုချကျရောက်လာလိမ့်မည်ဟု မြတ်စွာဘုရား
သည် အနာဂတံသရွှေဉာဏ်တော်မြတ်ဖြင့်အနာ
ဂတ်ဟောစာတန်းကို စက္က၀တ္တိသုတ္တန်တွင်ထုတ်
ပြန်ဟောကြားတော်မူခဲ့သည်။ ဤသို့ဆယ်နှစ်
သက်တမ်းတွင် တွေ့ကြုံရမည့်ကပ်သုံးပါးကိုတင်
စား၍ ဘေးအန္တရာယ်တစ်ခုခု ဆိုက်ရောက်လာ
လျှင် ကပ်ဆိုက်သည်ဟု ပြောဆိုကြခြင်းဖြစ်သည်။

ယနေ့ကမ္ဘာအနှံ့အပြားတို့တွင် တစ်နည်းမဟုတ်
တစ်နည်းကပ်သုံးပါးတွင် တစ်မျိုးမျိုးသော ကပ်များ
ဆိုက်နေသည်ကို ဆက်သွယ်ရေးမီဒီယာများမှတစ်
ဆင့် ကြားသိနေကြရသည်။ ဂျပန်နိုင်ငံ၌ မကြာသေး
မှီကပင် ဆူနာမီငလျင်လှုပ်ခဲ့ပြီးဖြစ်သကဲ့သို့ မိမိတို့
နိုင်ငံ၌လည်း နာဂစ်မုန်တိုင်းတည်းဟူသော သဘာ
ဝဘေးအန္တရာယ်ဆိုက်ရောက်ခဲ့သည်မှာ နှစ်မကြာ
လှသေးချေ။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသတိ
တရားလက်ကိုင်ထား၍ ကုသိုလ်တရားအစားစား
တို့ကို ကြိုးစားအားထုတ်ကြပါစေဟု ဆန္ဒပြုရင်း
ကပ်သုံးပါးအကြောင်းကို နိဋ္ဌိတံလိုက်ရပါသည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် ၁၀၀

ဝိပဿနာရှုချင်အောင် စိတ်ကိုအားပေးနည်း

ဝိပဿနာရှုချင်အောင် စိတ်ကိုအားပေးနည်း

ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင်
သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌
ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။

"ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး
တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို
အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။
ဝိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့"

ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို
ရိုသေစွာ လိုက်နာပါလော့။

ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)
ဘာသာပြန်

ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။
သင်၏စိတ်ကို
ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။
မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့
ရောက်လတ်၍ မီးလျှံ
တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင်
အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း
မငိုကြွေးရပါစေလင့်။

တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့်
မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ
ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ
ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။

ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း
အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့်
အတောင် ခုနစ်ဆယ်
ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့်
ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ
အသူရကာယ်တို့သည်
အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။

အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့်
အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။

ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။

မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်

ကိုယ်ထောင်တဲ့လှေကား ကိုယ်မဖျက်ဆီးနဲ့

ကိုယ်ထောင်တဲ့လှေကား ကိုယ်မဖျက်ဆီးနဲ့

ကောင်းကျိုးစစ်၍ ကျိုးပြစ်ရှုမြော် သိမြင်မျှော်လော့
သူတော်မဟုတ် သူယုတ်တို့၌ တစ်ခိုက်မျှဖြင့်ပေါင်း
သင်းမိက စိန်နှင့်သံပုရာ အဆိပ်စာသို့ မိစ္ဆာတိမ်းပါး
ယူဖောက်ပြား၍ တရားမလျော်မှားယွင်းချော်၏။

သူတော်သူစင် ပညာရှင်တို့ မိန့်ကြင်စကား တစ်ခွန်း
ကြားက ပတ္တမြားဆန်ကျိုး အဖိုးပြည်တန် ဧကန်မုချ
တစ်လုံးရဖို့ နဂ္ဃဖိုးမွန် ကျိုးကဲလွန်၏။

အထက်ပါမခဒေ၀လင်္ကာကား မှန်လှ၏။ အဖန်ဖန်
မှန်လှ၏ဟု အဖန်ဖန်ပင် လက်ဖျစ်တီး၍ အံ့ချီးထိုက်
ပါပေ၏။

အဘယ်ကြောင့်ဆိုသော် တစ်ချိန်က နွေကာလဖြစ်
၏။ မိမိသည်မြို့တစ်မြို့တွင် တရားဟော၏။ တစ်နေ့
နေ့လည်တွင် ယင်းမြို့ကို ဆွမ်းခံရွာပြု၍တောရဆောက်
တည်နေသော တောရထေရ်ကျော်ဆရာတော်တစ်ပါး
ထံသို့ သွားရောက်ဖူးမြော်သည်။

ရောက်တယ်ဆိုလျှင်တောရကျောင်းမှာ တိတ်ဆိတ်
ငြိမ်သက် ကြက်သီးထဖွယ်ပင်ဖြစ်တော့သည်။ ဆရာ
တော်ကား တရားနှလုံးသွင်းနေသည်။

မိမိတို့သည် ဆရာတော်ကိုဖူးမြော်လိုသည်။ သြ၀ါဒ
စကားနာကြားလိုသည်။ သို့နှင့်အပြင်မှ ချောင်းဟန့်
လိုက်သည်။ အထဲမှမသံမကြား နှစ်ခါသုံးခါဆက်၍
ချောင်းဟန့်တော့မှအတွင်းမှချောင်းဟန့်သံတစ်ချက်
ကြားရသည်။

ထိုအခါ မိမိတို့မှာ စကားမဟရဲဘဲ ငြိမ်သက်စွာနှင့်
အတွင်းသို့ နားစွင့်နေရသည်။ အတွင်းမှသင်္ကန်းပြင်
သံတစ်ချက်ကြားပြီးမကြာမီဆရာတော်သည်အတွင်း
မှ အပြင်သို့ကြွလာသည်။

ဆရာတော်မှာ ကြည်လင်၏။ သပ္ပာယ်၏။ ရိုးသား
တည်ကြည်သောအသွင်ကိုဆောင်လျက်ရှိ၏။ ခပ်
ကုပ်ကုပ်ကလေးထိုင်ကာ မေး၏။

ဘယ်ကကြွလာကြပါသလဲ။

တပည့်တော်တို့ -------------- တောရကျောင်းကပါ
ဘုရား။ ယခုဒီမြို့မှာ တရားလာဟောပါတယ်ဘုရား။

အေး အေး ကောင်းတယ် ကောင်းတယ်။

ရောက်တဲ့အခိုက်တပည့်တော်တို့ကို ဆုံးမသြ၀ါဒ
ပေးသနားတော်မူပါဘုရား။

ဆုံးမသြ၀ါဒက ဘာအထူးပေးစရာလိုမှာလဲ။ ကိုယ်
ထောင်တဲ့လှေကား ကိုယ်မဖျက်ဆီးနဲ့ ဒါပဲပေါ့။

ဆရာတော်မှာ စကားပြောလျှင် ခပ်ပြတ်ပြတ်ပင်
ဟန်ဆောင်မှုမပါ ပွင့်လင်းလှ၏။

ကိုယ်ထောင်တဲ့လှေကား ကိုယ်မဖျက်ဆီးနဲ့ဆိုတဲ့
စကားရဲ့အဓိပ္ပါယ်က ဘယ်လိုပါလဲဘုရား။

ရဟန်းဝတ်တယ်ဆိုတာ နိဗ္ဗာန်သွားမယ်ဆိုပြီးသီလ
လှေကားထောင်လာခဲ့တာ မဟုတ်လား။

မှန်ပါဘုရား။

မပြုသင့်တာ ပြုရင် သီလမပျက်ဘူးလား။

ပျက်ပါတယ်ဘုရား။

သီလပျက်တယ်ဆိုရင် အကုသိုလ်ဖြစ်မယ်
မဟုတ်လား။

ဟုတ်ပါတယ်ဘုရား။

ဒီတော့ ကိုယ်ထောင်တဲ့လှေကား ကိုယ်ဖျက်ရာ
မရောက်ဘူးလား။

ရောက်ပါတယ် ဘုရား။

အေး .... ခုခေတ် ရဟန်းတော်တွေဟာ ကိုယ်
ထောင်တဲ့ သီလလှေကား ကိုယ်ဖျက်ဆီးနေကြ
တာများတယ်။

မှန်ပါဘုရား၊ များပါတယ်။

တို့တော့ ဒီဘ၀မှာပဲ တရားရအောင်ခဲမယ်ဆိုပြီး
သီလလှေကားထောင်ပြီး ကြိုးစားနေတာပဲ။

မှန်ပါဘုရား။

ဒီဘ၀မရလို့ လူ့ပြည်များပြန်လာပြီးတော့ လူဖြစ်မှာ
သိပ်ပြီးတော့ ကြောက်တယ်။

ခေတ်အနေနဲ့ကြည့်ရင် ကြောက်စရာပါဘုရား။

လူတွေဘက်ကလည်း လူ့သီလတွေ ချို့တဲ့ကုန်ပြီ။

မှန်ပါဘုရား။

နောက်တစ်ခါလူဖြစ်ရင် သီလမရှိတဲ့လူတွေဝမ်းထဲမှာ
ပဋိသန္ဓေနေနေပြီး သီလမရှိတဲ့ရဟန်းတွေထံမှာ ရှင်ပြု
ရဟန်းခံရမယ်ဆိုတော့ ကြောက်စရာမကောင်းဘူးလား။

ကြောက်စရာပါဘုရား။

အပါယ်ကျမှာထက် ကြောက်စရာကောင်းတယ်။

မှန်ပါ ဘုရား။

အဲဒီ သီလမရှိတဲ့ရဟန်းတော်တွေထံမှာ တပည့်ခံရမှာ
ဆိုတော့ အပါယ်မှာကြာမယ်မဟုတ်လား။

ဟုတ်ပါတယ် ဘုရား။

ကြောက်စရာအလွန်ကောင်းတယ်နော်။ မပေါ့နဲ့။
ကြိုးစားအားထုတ်ကြ။ သူများကိုတရားဟောရတာလွယ်
တယ်။ ကိုယ်ဟောတဲ့တရားအတိုင်းနေဖို့ရာ ခက်တယ်။

မှန်ပါဘုရား။

ကိုယ်ဟောတဲ့တရားအတိုင်း ကိုယ်နေရင်လည်း သူများ
တွေကို နည်းနည်းဟောပြီး ကိုယ်ကများများကျင့်ဖို့ပဲမဟုတ်
လား။

ဟုတ်ပါတယ် ဘုရား။

အေး ... အဲဒါသတိထား။ သူများနည်းနည်းဟော။ ကိုယ်
များများကျင့် ဒါပဲ။

မှန်ပါ ဘုရား။

ရဟန်းတွေဟာ ကျင့်စရာတွေအများကြီးသိသားပဲ။
မကျင့်တာတွေများတယ် မဟုတ်လား။

ဟုတ်ပါတယ် ဘုရား။

မကျင့်ရင် အကျိုးမရဘဲ အပြစ်တွေပဲဖြစ်မှာ။ ဒီတော့
အကျိုးယူမလား အပြစ်ယူမလားဆိုတာ ကိုယ့်ဘာသာ
စဉ်းစားပြီးလုပ်ပေါ့။

မှန်ပါဘုရား။

သူများတွေတော့ ဒါနလောက် သီလလောက် သမထ
လောက်နဲ့ တင်းတိမ်မနေနဲ့။ ဘာဝနာတရားကို ကြိုးစား
လို့ဟောကြတယ် မဟုတ်လား။

မှန်ပါ ဟောကြပါတယ် ဘုရား။

အဲဒီ ဟောသူသွားကြည့်ရင် သူမှာသီလလောက်တောင်
သိပ်မရှိတာ များတယ်နော်.။

မှန်ပါ ဘုရား။

သတိကြပ်ကြပ်ထားပါ။

မှန်ပါ ဘုရား။

မိမိတို့သည် ဆရာတော်ကြီးက ဆုံးမစကားများကိုနာ
ကြား၍ မ၀ကြပါ။ သို့သော် ဆရာတော်ကြီး၏အချိန်
ကို လုမယူချင်သည်နှင့် နာကြားမ၀ဘဲသာပြန်ခဲ့ကြ
ပါသည်။

မိမိတောရသို့ရောက်သော် မိတ်ဆွေတစ်ပါးနှင့်ယင်း
တောရသို့သွား၍ ဆရာတော်ကြီးဖူးမြော်ကြောင်းအစုံ
ပြောပြ၏။ ထိုအခါမိတ်ဆွေများက ပြောပြ၏။

အရှင်ဘုရားတို့ ကံကောင်းတာပေါ့။

ဘာဖြစ်လို့လဲ။

တပည့်တော်တို့ တစ်ခါတုန်းက တောရတစ်ခုက
အပြန် မြို့ပေါ်ရှိရိပ်သာဆရာတော်ကြီးသွားဖူးမျှော်
တာ မဆုံးမတဲ့အပြင် မာန်လိုက်ထန်လိုက်တာစိတ်
ကိုကုန်ရော။

ဟင် ဘာဖြစ်လို့ မာန်တာလဲ။

ဆရာတော်ကြီးက သူ့လိုပဲ ပရိသတ်အသိုင်းအ၀ိုင်း
နဲ့ နေစေချင်တယ်နဲ့ တူပါတယ်။

သြော် ခက်ပဲ ခက်ရချည်သေးရဲ့။

အဲဒီလို ဆရာတော်ကြီးတွေသွားဖူးမြော်တာစိတ်
မကြည်ဘူး။ ယခုအရှင်ဘုရားစိတ်ကြည်တယ်
မဟုတ်လား။

ဟာ စိတ်သိပ်ကြည်တာပေါ့။ ၀မ်းသာမဆုံးပေါ့။
ကိုယ့်ရဲ့တောစိတ်ကလေးတွေလည်းမပျောက်
သွားဘူး။ နောက်လည်း သွားဖူးချင်သေးတယ်။

အဲဒီစာထဲမှာပါတဲ့ မနောဘာဝနီယရဟန်း စိတ်
နှလုံးပွားစေတတ်တဲ့ရဟန်းပေါ့။

မှန်ပါ ဘုရား။

တပည့်တော်တို့ကျတော့ စိတ်နှလုံးတွန့်ဆုတ်သွား
တယ်။ စိတ်နှလုံးမပွားဘူး။ နောက်လည်းအဲဒီဆရာ
တော်ကြီးဆီ မသွားချင်တော့ဘူး။

သာသနာရှေ့သို့ ဘယ်သို့နည်း။

သြ၀ါဒစကား ဟောမိန့်ကြား စိတ်များကြည်လှပါ။
အပြစ်ပြောကြား မာန်ထန်ငြား စိတ်များနောက်လှပါ။

ဓမ္မဒူတ အရှင်ပညာဇောတ
ဗုဒ္ဓ ဓမ္မ ပြဿနာများပေါင်းချုပ်
ဒုတိယတွဲ

လှုပ်တာသိရင် တရားရပါသလား

လှုပ်တာသိရင် တရားရပါသလား

ဆရာဝန်တွေ လူနာရဲ့လက်ကောက်ဝတ်
သွေးခုန်နှုန်းတိုင်းတဲ့အခါ လှုပ်တဲ့ရုပ်ကို
တွေ့ပါတယ်။ အဲဒီလို လှုပ်တာသိရင်တရား
ရပါသလား။

လှုပ်တဲ့သဘောဟာ ရုပ်ပါ။ ဒီလိုပဲစသင်ပေး
ရင် ပြောပြရပါမယ်။ စာသင်တဲ့အါ စာစသင်
တဲ့ကလေးတွေကို အဓိပ္ပါယ်နားမလည်သေး
ပေမယ့် ၀ လုံးကိုတော့ ရေးတတ်အောင်သင်
ပေးရတာ။ ဖိုးလမင်းလိုပဲဆိုတဲ့အသိလောက်
နဲ့ပြောပြရတယ်။ ၀တယ်၊ ပိန်တယ်၊ ဖောင်း
တယ်ဆိုတဲ့ အဓိပ္ပါယ်တွေကိုတော့ တဖြည်း
ဖြည်းမှ သိလာနိုင်တာပေါ့။

အဲဒီလိုပဲ တရားစရှုသူတွေအတွက် လှုပ်တာ
ရုပ် ငြိမ်တာရုပ် နာကျင်တာရုပ်လို့သင်ပေးရ
တာပါပဲ။

နေနဲ့နေရောင် လနဲ့လရောင် လျှပ်စစ်မီးသီးနဲ့
လျှပ်စစ်အရောင်တို့ ဒီလိုသဘောတွေရှိနေ
တာကို နားလည်ထားစေချင်တယ်။

နေရောင်ကိုတွေ့ရင် နေ့အခါ နေထွက်နေတာ
သိတယ်၊ နေကိုမတွေ့ပေမယ့် တွေ့သလို၊ လ
ရောင်တွေ့ရင် ညအခါလထွက်တယ်။ လကိုမ
တွေ့ပေမယ့် တွေ့သလိုပေါ့။ လျှပ်စစ်ရောင်
လည်း ဒီအတိုင်းပဲ။

ကိုယ်နဲ့ဆက်စပ်ပြီး တစ်မျိုးပြီးတစ်မျိုးဖောက်
ပြန်နေတဲ့သဘောတွေဟာ ရုပ်သဘောတွေပါ။
တကယ်တမ်းကျတော့ ပူ အေး လှုပ် ငြိမ်ဆိုတာ
တွေက ဖောက်ပြန်တဲ့ရုပ်သဘောရဲ့အရိပ်အ
ရောင်တွေပါ။ အမှတ်သညာအားကောင်းပြီးဒီလို
ဆိုလှုပ်တယ်။ ငြိမ်တယ်။ ပူတယ်။ အေးတယ်လို့
စိတ်မှာ မှတ်ယူထားတာ။

စသင်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ လှုပ်တာကို ဂရုစိုက်
နိုင်ဖို့ တွေ့နိုင်ဖို့ကို မလွယ်ဘူး။ တွေ့ရင်တော်
တော် ဟုတ်လာပြီ။ ဒါပေမယ့်အရိပ်အယောင်ပဲ
ရှိသေးတယ်။ ရုပ်အစစ်မဟုတ်ပါဘူး။ ရုပ်အစစ်
ကကိုယ်နဲ့စပ်ပြီးဖောက်ပြန်နေတဲ့ သဘောသက်
သက်ပါ။ အရောင်အဆင်းပုံသဏ္ဍာန်ကင်းတယ်။

နောက်တစ်မျိုးကို သတိထားစဉ်းစားရမှာက ဆရာ
ဝန်ဟာ လှုပ်တဲ့သဘော ခုန်တဲ့သဘောကို တွေ့
တဲ့အခါ ရုပ်ခန္ဓာ ပရမတ်သဘောလို့ သူမသိဘဲ
နှလုံးမသွင်းဘဲ သွေးခုန်နှုန်းဘယ်လောက်ရှိသ
လဲလို့ ဆေးပညာသင်စဉ်က မှတ်သားခဲ့ရတဲ့သညာ
အသိတွေနဲ့မှတ်သားနေတာပါ။

တကယ်ရုပ်ခန္ဓာအစစ်ရဲ့သဘောတွေကို သိလို
တဲ့နှလုံးသွင်းလည်းမရှိဘူး။ သိအောင်လည်း
ဂရုစိုက်မကြည့်ဘူး။ လှုပ်တာကိုသာ တွေ့တယ်။
လှုပ်သဘောတရားကိုလည်း ရုပ်တရားသဘော
အဖြစ် မမြင်နိုင်ပါဘူး။

ရုပ်ရဲ့အရိပ်အယောင်ထက် ရုပ်အစစ်ကိုတွေ့ဖို့
ရုပ်အစစ်ကိုတွေ့ရင်လည်း ရုပ်အစစ်ရဲ့ပရမတ်
သဘောလက္ခဏာတွေအထိ မြင်ဖို့ သိဖို့လိုအပ်
ပါတယ်။

ဒါကြောင့် ဆရာဝန်တွေ သွေးခုန်နှုန်းစမ်းလို့လှုပ်
တာ ခုန်တာ သိခါမျှနဲ့ရုပ်ကိုသိတယ်။ တရားသိ
တယ်မဖြစ်ပါဘူး။

ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာတရားသင်တန်းအမေးအဖြေများ ၁

ပီပြင်အောင်လုပ်

ပီပြင်အောင်လုပ်

မရှင်းတာလေးမေးလျှောက်လိုပါသည်ဘုရား။
ဥပုသ်စောင့် ပုတီးစိပ်ရင် ဘယ်လိုအကျိုးထူးများ
ရရှိပါသလဲ အရှင်ဘုရား။ တပည့်တော်ရဲ့အမေ
အဒေါ်တွေဟာ ဥပုသ်နေ့မှာဥပုသ်စောင့်ရင်းနဲ့
လောဘ၊ ဒေါသ၊ မောဟတွေ အားပေးတဲ့အလုပ်
တွေကို လုပ်တတ်ကြပါတယ်။ ကိုးရီးယားကား
လာချိန်မှာ တီဗွီလည်းကြည့်ကြပါတယ်။ အဲဒီလို
လုပ်ရင် သီလကျိုးပေါက်ပါသလား။ သို့မဟုတ်
အပြစ်ရှိပါသလား။ အချို့ကအဲဒီလို ဥပုသ်တန်း
လန်းနဲ့ အကုသိုလ်များနေရင် ဥပုသ်မစောင့်တာ
ကမှ ပိုပြီးတော့ကောင်းဦးမယ်လို့ ပြောပါတယ်။
သူတို့ပြောတာ မှန်ကန်ပါသလား။
ရင်ရင်

ဥပုသ်စောင့် ပုတီးစိပ်နှစ်မျိုးလုံးက စိတ်ပိုင်းလေ့
ကျင့်မှုတွေပါပဲ။ စိတ်ပိုင်းဘ၀ကိုတည်ငြိမ်အောင်
လေ့ကျင့်ရာမှာ တိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်း
ကျင်ဖြစ်သင့်တယ်။ လောကီအနှောင်အဖွဲ့တွေ
ကို ခေတ္တခဏခွာရှောင်ထားနိုင်မှုလည်း အရေး
ပါတယ်။ အဆင်ပြေတဲ့ ဘုန်းကြီးကျောင်း ဘုရား
တန်ဆောင်းတွေမှာ တစ်ည နှစ်ည သွားနေပြီး
ဥပုသ်စောင့် ပုတီးစိပ်ရင်ပိုကောင်းတယ်။ ဘာ
ကြောင့်ဆို ဥပုသ်သီလယူပြီး အိမ်ပြန်သွားလို့
သားသမီးမြေးမြစ်တွေကို ထမင်းခူးပေးပြီး မေ့
ပြီး ကိုယ်ပါ ညနေစာ စားမိတယ်ဆိုတဲ့ ဖြစ်ရပ်
မျိုးကြုံဖူးကြားဖူးလို့ပါ။ ဘာလုပ်လုပ်ထိရောက်
ပီပြင်မှ အကျိုးရှိတယ်။

လေကျင့်မှုနှစ်မျိုးလုံးက လောဘ၊ ဒေါသ၊ မော
ဟ တွေကိုအဖြစ်နည်းအောင်ထိန်းဖို့ရရည်ရွယ်
တယ်။ ကုသိုလ်ရဖို့လုပ်တယ် ဆိုနိုင်သလို စိတ်
ပိုင်းလေ့ကျင့်မှုအားကောင်းတဲ့ ဗုဒ္ဓ၀ါဒီဟာ အဲဒီ
နည်းနဲ့အလုပ်နဲ့ မိသားစု တာဝန်နဲ့ နစ်မွန်း
လှောင်ပိတ်နေတဲ့ စိတ်ရဲ့တင်းကျပ်မှုကို လျော့
အောင်လုပ်တာ၊ စိတ်ကိုထွက်ပေါက်ပေးတာ
လို့လည်း ဆိုနိုင်တယ်။ ရုပ်ပစ္စည်းထွန်းကားတဲ့
အနောက်ဘက်ကလူတွေကတော့ တစ်လတစ်
ကြိမ်လောက် မြို့ပြရဲ့လင်းလက်မီးရောင်ကိုခွာ
ပြီး ဝေးလံတဲ့တောထဲက သတ်မှတ်တဲ့ နေရာ
တွေမှာ ဖယောင်းတိုင်မီး သစ်သားထင်းမီးတွေ
နဲ့ ချက်ပြုပ်စားသောက်ရင်း တစ်ညအိပ်နှစ်ည
အိပ်သွားနေကြတယ်။

ဥပုသ်သီလ ရှစ်ပါးသို့မဟုတ် ကိုးပါးထဲမှာ နစ္စ
ဂီတ ၀ါဒိတ ဆိုတာ အဆိုအကဇာတ်လမ်းရုပ်
ရှင်တွေ မကြည့်ဘဲနေပါမယ်လို့ဆိုတာဖြစ်လို့
သီလယူထားပြီး အဲဒါတွေကိုမရှောင်ရင် သီလ
ကျိုးပေါက်တာပဲ။ သီလရှစ်ပါးသို့မဟုတ်ကိုးပါး
ထဲမှာ ပထမငါးပါးထဲက တစ်ပါးပါးကျိုးပျက်ရင်
အားလုံးပျက်သွားတယ်။ နောက်ဆုံးသီလသုံး
ပါး သို့မဟုတ် လေးပါးထဲမှာ တစ်ပါးပျက်ရင်
တော့ ကျန်ခုနှစ်ပါး သို့မဟုတ် ရှစ်ပါး မကျိုး
ဘူးလို့ မှတ်ဖူးပါတယ်။ အင်း ဥပုသ်မစောင့်
တာက ကောင်းဦးမယ်လို့ ဆိုနိုင်ပေမယ့် ခု
ခေတ်မှာ ဥပုသ်စောင့်တာနဲ့ပဲကျေနပ်စရာ
ကောင်းလှပါပြီ။

အရှင်ကေလာသ ( USA )
ဓမ္မအမေးအဖြေများ

ဆင်းရဲခြင်းအမှန်

ဆင်းရဲခြင်းအမှန်

ပဋိသန္ဓေနေခြင်းသည် ဆင်းရဲ၏ဟု မြတ်ဗုဒ္ဓ
ဟောတော်မူ၏။ သို့သော် အချို့သောသူတို့
က မည်သူဆင်းရဲသနည်း။ သန္ဓေလောင်း
ဆင်းရဲခြင်းလော ( သို့ ) သန္ဓေလောင်းကို
ဆောင်သော မိခင်လောင်းကဆင်းရဲခြင်းလော
ဟု တွေးကြ၏။ မေးကြ၏။

သူတို့အလိုအရ သန္ဓေသားလောင်းဟူသည်
သူ့ကိုယ်သူ ဘာကိုမျှမသိ၍ ဤနေရာ၌အမိ
ဝမ်းထဲ ဆင်းရဲသည်ဆိုသည်မှာ ယုံလောက်
ဖွယ်မရှိ.။ မိခင်လောင်းကဆင်းရဲသည်ဆို
သည်မှာလည်း တတ်နိုင်သူများအဖို့ငွေကြေး
အကူ ဆေးသိပ္ပံအတတ်အကူတို့ဖြင့် သက်
သာချမ်းသာစွာ နေထိုင်နိုင်ကြရကား ဆင်းရဲ
ဟူ၍ပြောလောက်ဖွယ်မရှိဟု အာဘောဂအမှု
မှတ်ချက်ပြုကြပြန်လေသည်။

ဘာသာခြားတို့၏အယူစကားဆိုလျှင်ကား
အထူးပြောဖွယ်မရှိသော်ငြား အံ့သြဖွယ်ကောင်း
သည်မှာ ထိုသို့တွေးသူ မေးသူများသည် ဗုဒ္ဓ
ဘာသာဝင်အမည်ခံထားသူများ ဖြစ်နေသော
ကြောင့်ပင်တည်း။

ဗုဒ္ဓဘာသာဝင်တို့မည်သည် ဗုဒ္ဓသာသနာအရိပ်
အာဝါသအောက်တွင် ခိုလှုံနေရသဖြင့် ဒုက္ခစစ်
၏သဘောသရုပ်ကို ခပ်လွယ်လွယ်နှင့်သိရှိနေ
ကြရပေသည်။ လွယ်လွယ်ကူကူသိရှိနေကြရ
ပေသည်။ လွယ်လွယ်ကူကူသိရှိနိုင်သဖြင့်ခပ်
ပေါ့ပေါ့ သဘောထားလွန်းပါက မိမိတို့ထက်ပေါ့
လွန်းသူ ပေါလွန်းသူ အတုမရှိဖြစ်ပေရာ၏။
မျောက်အုန်းသီးရ အသုံးမကျဆိုသကဲ့သို့လည်း
ဖြစ်နိုင်ပေသေး၏။ ထို့ကြောင့်ဒုက္ခစစ်၏ သဘော
အမှန်နှင့် သရုပ်သဏ္ဍာန်ကို လေးနက်စွာသိရှိ
ရန် အရေးကြီးလှပေတော့သည်။

ဒုက္ခစစ်ကား အခြားမဟုတ်၊ အပြင်မှာမရှိ၊ ဝေဟင်
မှာမရှိ၊ ဓာတ်ခွဲရုံစသည်မှာလည်း ရှာဖွေမတွေ့နိုင်
ဒုက္ခစစ်ဟူသည်ကား ကျွန်ုပ်တို့၏ ခန္ဓာပင်တည်း။

ကျွန်ုပ်တို့သည် မိခင်ဝမ်းကြာတိုက်၌ သန္ဓေသား
လေးဖြစ်ခဲ့ရ၏။ ရေကြည်ကလလမှ ခက်မစုံလင်
သည်အထိ တဖြည်းဖြည်းပြည့်ဖြိုးလာရ၏။ အချိန်
တန်လျှင် မိခင်ဝမ်းဗိုက်မှ ဂျွမ်းစိုက်၍ ဆင်းသက်
လာရပေ၏။ ကိုယ့်ဘ၀ကိုယ်တစ်ပတ်ဂျွမ်းဖြင့်စတင်
စတင်ထွက်ပေါ်ရ၏။ ၀မ်းကကျွတ်လျှင်ကျွတ်ချင်း
တအဲ့အဲ့ငိုခဲ့ရ၏။ ဘ၀ကိုမျက်ရည်ဖြင့်အစပျိုးခဲ့ရ
ပုံကို မေ့နေကြပေသည်။

ရေကြည်စွဲသည်မှ ငိုမည်ပွဲစရချိန်ထိ ကျွန်ုပ်တို့
ပင်ပန်းဆင်းရဲခဲ့ကြရပါသည်။ နွမ်းနယ်ခွေလျော့
ခဲ့ကြရသည်။ ဂန္ဓ၀င်စကားဖြင့်ပြောရပါမှု ဘ၀ကို
ဇာတိ ဒုက္ခ ငိုချင်းချဖြင့် ကားလိပ်တင်ခဲ့ကြသည်
မဟုတ်ကြပါလော။ သို့သော် လူတိုင်းထိုလွမ်းချင်း
ကို မေ့နေကြလေပြီ။

ငိုခြင်းဖြင့် ဘ၀ကို စတင်ခဲ့ကြပြီးသည်နောက်
အကြီးအကျယ် ပြောင်းလဲ ပျက်စီးရမည့် အချိန်
တစ်ချိန်စီသို့ အပြင်းအထန်ဆက်လက်ချီတက်
နေကြရသူများမှာလည်း ကျွန်ုပ်တို့ပင် ဖြစ်ပေ
သည်။ တောင်လေဖိသဖြင့် ပြိုအိလာသောတိမ်
လိပ်ကြီးသည် မြောက်ဘက်သို့သာလျှင် အစဉ်
တစိုက် ရွေ့လျား သွားရောက်ရသည့် နည်းတူ
ကျွန်ုပ်တို့သည်လည်း ဘ၀နိဂုံးမှတ်တိုင်သို့ ဦး
လည်မသုန်အရောက်သွားနေကြရ၏။

ထိုသို့သွားရာ၌လည်း ချော့မွေ့သက်သာ ဖြောင့်
ဖြူးချမ်းသာစွာမဟုတ်၊ ကိုယ်တွင်း ကိုယ်ပ နှစ်
ဌာန၀ယ် စက္ကန့်မလပ်ပြုပြင်စီရင်မှုသဘောတရား
ဒဏ်ချက်တို့ဖြင့် ခရီးနှင်ကြရပေသည်။ ဇာတိကို
အခြေပြုထားကြသူများပီပီ ရလာဒ်ဇရာတရားအ
ဖြစ် အသက်မကြီးချင်ဘဲ ကြီးလာရခြင်း မဟိုင်း
ချင်ဘဲဟိုင်းလာရခြင်း၊ ခြေရေ၊ လက်ရေ၊ ပါးရေ၊
နားရေမတွန့်ချင်ဘဲတွန့်လာရခြင်းဆံပင်မဖြူချင်
ဘဲဖြူရခြင်း၊သွားမကျိုးချင်ဘဲ ကျိုးရခြင်း မျက်စိ
မမှုန်ချင်ဘဲမှုန်ရခြင်းနားမထုံချင်ဘဲထုံရခြင်း မှဲ့နီ
မှဲ့ခြောက် ထူကဲပေါက်ရောက်လာချိန်တွင် အ
ကြောပြိုင်းပြိုင်း ခါးကိုင်းကိုင်း နားအူ နားထိုင်း၊
လူတိုင်းမသတီစရာအပိုင်းဖြစ်လာရ၏။

တယိုင်ယိုင် တယိမ်းယိမ်း ကတိမ်းကပါး စိတ်
သွားတိုင်း ကိုယ်မပါ အိုနာစွဲကပ်မှုကိုလည်းကြုံ
တွေ့ကြ၏။ သူတစ်ပါး ပေးစာ ကမ်းစာ လှမ်း
စာမျှဖြင့် အသက်ရှင်ရပြီး မှဲ့ပျော်သက်ကြီးသေ
ခါနီးသော အချိန်မခါကို ညှိုးငယ်လှစွာခံယူနေ
ကြရပေသည်။

ထို အိုနာဆိုးကြီးကြောင့် ကျန်းမာရေးကိုအထူး
ဂရုပြု နေထိုင်၍ ဆေးအမျိုးမျိုး ဓာတ်စာအဖုံဖုံ
တို့ဖြင့် ကိုယ်ကာယကိုမွေးမြူပါသော်ငြားလည်း
နောက်ဆုံးတွင်အပြင်းအထန်ထိုးနှက်ဝင်ရောက်
စွဲကပ်လာသော ဗျာဓိ ( သေနာရောဂါ ) အား
ကျွန်ုပ်တို့သည် အရှုံးပေးစရမြဲ ဖြစ်ပေသည်။

ခေတ်မှီ ဆေးပစ္စည်းများ ကိရိယာများကလည်း
ထိုဗျာဓိ ( သေနာရောဂါ )ကို ဘယ်သောအခါမျှ
နိုင်နင်းအောင် မဖြိုခွင်းနိုင်ကြ။ ကမ္ဘာကျော်သမား
တော်ကြီးများပင်လျှင် သူတို့၏ဂုဏ်သရုပ်ကိုဖော်
ထုတ်ချိန်ပင် မရနိုင်တော့ဘဲ အချိန်တန်သော်သေ
နာရောဂါအောက် ပြားပြားမှောက်ရသည်ချည်း
ဖြစ်သည်။

နောက်ဆုံးတွင် ငြင်း၍လည်းမရ။ ခယတောင်းပန်
လို့လည်းမဖြစ်၊ ခုခံတိုက်ခိုက်လို့လည်းမနိုင်သော
ရွေ့လျားခြင်းသဘော ပျက်စီးကွယ်ပျောက်ကုန်
ခမ်းခြင်းသဘော သတ်ဖြတ်ခြင်းသဘောက ကျွ
န်ုပ်တို့နှင့် ကျွန်ုပ်တို့လောက ပတ်ဝန်းကျင်ကိုအ
ဆက်ဖြတ်ချလိုက်ပေတော့သည်။ ထိုအခါကျွန်ုပ်
တိုကသည် အကူအညီမဲ့မဲ့၊ အားကိုးစရာမဲ့မဲ့အ
ခြေသို့ ရောက်ကာ၊ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်း
အတိဖြင့် မချိမဆံ့ဒုက္ခဝေဒနာကြီးကို လူးလဲခံစား
ကြရှာရင်း သေမင်းပြုသမျှနုရရှာလေသည်။

ထို့ကြောင့် ရင့်ကျက်သောပညာရှိတို့သည် လူ
သားတို့၏ ကိုယ်ခန္ဓာအား သန္ဓေယူခြင်း၊ ရင့်
ရော်ခြင်း၊ သေနာစွဲခြင်း၊ သတ်ဖြတ်ခြင်း ( ဇာတိ၊
ဇရာ၊ ဗျာဓိ၊ မရဏ ) ဟူသော ဒုက္ခအသိုက်အမြုံ
ကြီးသာဖြစ်သည်။ စိုးရိမ် ညှိုးပိန်၊ ငိုကြွေး၊ ပူဆွေး
ရခြင်း ဆင်းရဲခြင်း မုန်းသူယှဉ်တွဲ ချစ်သူကွဲကို
လည်းမရခြင်းဟူသော ( သောက၊ ပရိဒေ၀၊ ဒုက္ခ၊
ဒေါမနဿ၊ ဥပါယာသ ) ဟူသော ရွံမုန်းစရာပြတ်
ပြတ်သားသား အမနာပတရား အနိဋ္ဌာရုံများဆုံစည်း
ဖြစ်ထွန်းရာ ဂေဟာကြီးဖြစ်၏ဟူ၍ အသိအမြင်ရှင်း
ကြလေသည်။

ဆိုခဲ့ပါ ဆင်းရဲဒုက္ခသဘာဝသည် အတိတ်ကလည်း
မှန်ခဲ့ပြီး ယခုလည်းမှန်ဆဲဖြစ်သည့်အပြင်၊ နောင်
တွင်လည်း ဆက်လက်၍ အမှန်တရားအနေဖြင့်
ရပ်တည်နေပေမည်။ ပဉ္စုပါဒါနက္ခန္ဓာကိုအကြောင်း
ခံ၍ ဇာတိကို အမှီပြုထားသည့်တရားများဖြစ်သော
ကြောင့် ဒုက္ခသစ္စာ၌သွင်းယူအပ်၏ဟု ဗုဒ္ဓဟော
ကြားခဲ့၏။ ပညတ်ချထားခဲ့၏။ ဖွင့်ပြဝေဖန်ခဲ့၏။
ပေါ်လွင်ထင်ရှားစွာသိမြင်စေခဲ့၏။

အပူငွေ့နှင့်မီးခိုးကိုဖြစ်လျှင် မီးကိုမတွေ့ရှိသော်ငြား
မီးရှိနေသည်ဟုဉာဏ်ဖြင့်သိအပ်သကဲ့သို့ ဇရာ ဗျာဓိ
မရဏတို့ကို ဆင်းရဲဒုက္ခဟုဆိုခဲ့ပါအတိုင်း ကောင်းစွာ
သိမြင်သူတို့သည် အကြောင်းခံဖြစ်သော ဇာတိ( ပဋိ
သန္ဓေ )နှင့်တကွ သန္ဓေသားလောင်း၏ သဘာဝကို
လည်း ( ၀ါ ) နာမ်တရားနှင့် တကွကလာပ်စည်းရုပ်
သုံးဆယ် အပေါင်းစုကိုလည်း ဒုက္ခသစ္စာ ဆင်းရဲခြင်း
အမှန်တရားအဖြစ်သိမြင်ပြီးဖြစ်ရာ၏။ သန္ဓေသား
လောင်း၏ မိခင်အတွက်မှာကား သည်ပုပ်ထဲက
သည်ပဲဖြစ်၍ ဆိုဖွယ်မရှိပြီ။ ကျွန်နှင့်သဘောက်မွေး
ဖောက်ခြင်းပင်တည်း။

နိဂုံးချုပ်ရပါမူကား
သင်္ခတဋ္ဌော = အဖန်ဖန်ထူထောင်အပ်ခြင်းသဘော
ရှိနေသော၊ သန္တောပဋ္ဌော = ထူထောင်သော်ငြား
အဖန်ဖန်ပူလောင်ခြင်းဖြင့်သာတည်မြဲနေကုန်သော၊
ဝိပရိနာမဋ္ဌော = တစ်ချိန်ချိန်တွင်တစ်နည်းနည်းဖြင့်
ကြေမွပျက်သုန်းလက်စတုန်းကုန်မည့် သဘောသာ
လျှင်ရှိကြကုန်သော စသောသဘောတရားတို့ဖြင့်
ပိဠနဋ္ဌော = မပြတ်နှိပ်စက်အပ်ကုန်သည့် ဇာတိအစ
မရဏအဆုံး ၀ဋ်တရားအားလုံးတို့သည် ( ၀ါ ) သင်္ခ
တ ဓမ္မပေါင်းစည်းသမူ အစုအပုံဟူသည် ခန္ဓာစုတို့
သည် မြတ်ဗုဒ္ဓဟောကြားတော်မူသည့်အတိုင်းဒုက္ခ
သစ္စာအမှန်ပင်ဖြစ်ပေတော့သတည်း။

အနန္တဂုဏ်ရည်မဂ္ဂဇင်း
အတွဲ ၄၊ အမှတ် ၁၀။

သဒ္ဓါစစ်ဆိုတာ



















သဒ္ဓါစစ်ဆိုတ
ကိုယ့်သန္တာန်မှာ ဉာဏ်ဘုရားပေါ်အောင်

လုပ်ရမှာ မလုပ်ကြပါဘဲနှင့် ဟိုအနားဘုရား
ပေါ်တယ်ဆိုရင် သွားလိုက်ကြတာ ဆီးမရ
တား မရ၊ နွားမိတ်သင်းကြီးလိုပဲကွယ့်၊
ကောင်းလိုက်တဲ့သဒ္ဓါတရား၊ ပါတာအကုန်
ချွတ်လှူတာပဲ။ ပေါ်တော်မူအစစ်ဆိုတာ
မှိုနဲ့မျှစ်သာရှိသကွယ့်။

အဲဒါကလွဲရင် ကိုယ့်ဘုရားကိုယ်မြှပ်၊ ကိုယ့်
အိပ်မက်ကိုယ်မြင်ပြီး လိမ်စားကြတာချည်း
ပဲ။ ပေါ်တော်မူမှန်ရင် မြေထဲမြှပ်လို့မဆွေး
တဲ့ ကျောက်ဆင်းတုနှင့် ဖန်သားတွေချည်း
ပဲ။ ကျွန်းသားဆင်းတုမပါဘူး။

အဲဒီလို မစဉ်းစားဘဲ အရမ်းကောင်းတဲ့သဒ္ဓါ
တရားဟာ သဒ္ဓါရှုး သဒ္ဓါနှမ်းတဲ့၊ ငွေကုန်ပြီး
ဘာမှအကျိုးမရှိဘူး။ အကျိုးမရှိတဲ့နေရာမှာ
သဒ္ဓါတွေကကောင်း အကျိုးရှိမယ့်နေရာတွေ
ကျတော့ သဒ္ဓါတရားမကောင်း။

ဘယ်ကလာပြန်ပြီး မြန်မာတွေ ကောင်းစား
မလဲကွယ့်။ အလှူပေးတာလဲ မြန်မာ၊ မွဲတာ
လဲ မြန်မာ၊ အဲဒါ သဒ္ဓါအချိုးမကျလို့ကွယ့်။

မြတ်စွာဘုရားက ဆင်းရဲတဲ့သူတွေကို ကရု
ဏာနဲ့ ပေးကမ်းကြ၊ ထောက်ပံ့ကြတဲ့၊ ဒါမှ
သဒ္ဓါအစစ်ကွယ့်၊ အခုတော့ မဟုတ်တာလုပ်
ပြီးညာရင် သဒ္ဓါတရားကောင်းပြီ။ အဲဒါသဒ္ဓါ
အစစ်မဟုတ်ဘူးကွယ့်၊ ဒိဋ္ဌိတဲ့။

ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်း
ဆရာတော် ဦးဉာဏ၏ တရားစစ်တမ်းဆွေးနွေး
ခန်း စာအုပ်မှ

ရပ်ပြစ်ရှစ်ပါးကိုကော တိတိကျကျ ရေတွက်တတ်ရဲ့လား

ရပ်ပြစ်ရှစ်ပါးကိုကော တိတိကျကျ
ရေတွက်တတ်ရဲ့လား။

ဗုဒ္ဓဘာသာဝင်တို့သည် သြကာသကန်တော့ချိုး
ဖြင့် ရှိခိုးသည့်အခါ ရပ်ပြစ်ရှစ်ပါးမှကင်းလွတ်ရ
ပါစေကြောင်း အခါခါပင်ဆုတောင်းခဲ့ကြသည်။
ဆုပင်တောင်းသော်လည်း ရပ်ပြစ်ရှစ်ပါးကို တိ
တိကျကျ ရေတွက်တတ်သူနှင့် မရေတွက်တတ်
သူ နှိုင်းယှဉ်ကြည့်လျှင် မရေတွက်တတ်သူက
ပိုများမည်ထင်မိပါသည်။

တိတိကျကျရေတွက်တတ်သူ သိသူများသည်
အဘယ်ကြောင့် ကင်းလွတ်ပါလိုကြောင်းဆု
တောင်းခဲ့ကြပါသနည်း။ အဖြေကား အရပ်
ဌာနဘုံနေရာသည် ပင်ကိုအားဖြင့်ပင် အပြစ်
ဖြစ်နေသည့်အတွက် အရပ်ပြစ်ဟုဆိုထားခြင်း
ဖြစ်သောကြောင့် အဖြေကရှင်းနေပါချေပြီ။
အရပ်ပြစ်မှ အ ကိုဖြုတ်ထားပြီး ရပ်ပြစ်ရှစ်ပါး
ဟု ဆိုကြခြင်းဖြစ်သည်။ နဂိုသဘာဝကပင်
လျှင် အပြစ်ဖြစ်နေသည့် အရပ် ( ၈ ) မျိုးရှိ
သည်။ ၄င်းတို့မှာ
၁။ ငရဲဘုံ၌ဖြစ်ရသောသူ
၂။ တိရစ္ဆာန်ဘုံ၌ဖြစ်ရသောသူ
၃။ ပြိတ္တာဘုံ၌ဖြစ်ရသောသူ
၎။ လွန်စွာသက်တမ်းရှည်၍ ရုပ်မရှိသော
အရှုပဗြဟ္မာနှင့် ရုပ်သက်သက်သာရှိသော
အသညသတ်ဗြဟ္မာဖြစ်ရသူ၊
၅။ ပစ္စန္တရာဇ်အရပ်၌ ဖြစ်ရသောသူ = ဤ၌
ပစ္စန္တရာဇ်အရပ်ဟူသည် တိုင်းစွန်ပြည်ဖျား
လမ်းပန်းဆက်သွယ်ခက်ခဲ၍ ဝေါဟာရစကား
မပြည့်စုံမကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်၌
ဖြစ်ရသောသူပင်ဖြစ်သည်။
၆။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းသည့်အယူဝါဒကိုဆုပ်
ကိုင်ထားသည့် အမျိုးအနွယ်၌ ဖြစ်ရသူ။
၇။ ဒုပ္ပည = အသိဉာဏ်လူစဉ်မမှီသူ ( သို့ )
သုဂတတိအဟိတ်ပဋိသန္ဓေနေခဲ့သူနှင့်
၈။ သာသနာပကာလ = ဘုရားမပွင့်သည့်
ခေတ်ကာလကမ္ဘာ၌ ဖြစ်ရသူတို့ပင်ဖြစ်ကြ
သည်။ ဤအရပ်ဌာနများ၌ ဖြစ်လာသူများ
သည် မြတ်ဗုဒ္ဓ၏တရားဓမ္မကို ကြားနာခွင့်
မရခြင်း၊ ကြားနာခွင့်ရသော်လည်း အနက်
အဓိပ္ပာယ်ကို သိနိုင်စွမ်းမရှိခြင်းကြောင့်ဤ
အရပ်ဌာန ( ၈ ) ခုကို ရပ်ပြစ်ရှစ်ပါးဟုခေါ်
ခြင်းဖြစ်သည်။

အထက်ပါရပ်ပြစ်ရှစ်ပါးကိုပင် မြတ်ဗုဒ္ဓသည်
အင်္ဂုတ္တရနိကာယ် အက္ခဏသုတ္တန်၌ ဟော
ကြားတော်မူခဲ့သည်။ အက္ခဏဟူသည် တရား
အားထုတ်ရန်အခွင့်မရှိသော ခဏအချိန်အခါ
ဟု အဓိပ္ပါယ်ရသည်။ အက္ခဏပါဠိမှ အ ကို
ဖြုတ်လျှင် ခဏ ဖြစ်လာသည်။ ခဏဟူသည်
အခွင့်ဟု အဓိပ္ပါယ်ရပြီး သြကာသနှင့်အဓိပ္ပါယ်
တူသည်။ ဤသည်မှာရပ်ပြစ်ရှစ်ပါးနှင့်စပ်လျဉ်း
၍ သိစေရန် တင်ပြလိုက်ခြင်းပင်ဖြစ်သည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် ၁၀၀ ။

သတိမကင်းသော အရှင်မဟာသံဃရက္ခိတ မထေရ်ဝတ္ထု

သတိမကင်းသော အရှင်မဟာသံဃရက္ခိတ မထေရ်ဝတ္ထု

အရှင်မဟာသံဃာရက္ခိတမထေရ်ကြီးဟာ
သက်တော်ကရှစ်ဆယ်၊ ၀ါတော်ကခြောက်
ဆယ်ရှိပါပြီ။ ပျံလွန်တော်မူခါနီးမှာအိပ်ယာ
ထက်မှာ ပက်လက် ဖြစ်နေပါပြီ။ ထိုင်လို့
တောင်မရတော့ပါဘူး။

ဒီအချိန်မှာ ကျောင်းအနီးအပါး ၁၂ ယူဇနာ
ပတ်ဝန်းကျင်ကလူတွေဟာ ရဟန်းကြီးပရိ
နိဗ္ဗာန်စံတာကို ဖူးမြော်ဖို့ဆိုပြီး စည်းဝေး
ရောက်ရှိလာကြပါတယ်။

ဒီအခါရဟန်းများက အရှင်ဘုရား၊ လောကု
တ္တရာတရားထူးများရပြီလားလို့မေးလျှောက်
ပါတယ်။ အဓိပ္ပါယ်ကတော့ ရဟန္တာ ဖြစ်ပြီ
လားမေးတာပါ။

ငါဟာ မေတ္တေယျဘုရားကို ဖူးမျှော်လိုတဲ့အ
တွက် ၀ိပဿနာကိုမရှု ဒါကြောင့် အရိယာ
မဖြစ်သေး၊ ပုထုဇဉ်သာ ဖြစ်တယ်လို့ ဖြေ
တော်မူတယ်။

ဒီတင် ပြုစုနေတဲ့ရဟန်းများက ဒါဆို ရဟန္တာ
ပရိနိဗ္ဗာန်စံတာကို ဖူးမြောဖို့ရာလာကြတဲ့
ဒကာ ဒကာမတွေ စိတ်မကောင်းဖြစ်ကြတော့
မှာပါပဲဘုရား လို့ပြန်လျှောက်ကြတယ်။

ဒီတော့ အရှင်သံဃရက္ခိတမထေရ်က
ဟေ ဟုတ်လား၊ ဒါဖြင့်ငါ့ကို ထူပေး၊ လူတွေ
ခဏဆိုင်းထား၊ သင်အပြင်ကိုခဏထွက်လို့
အမိန့်ရှိတော်မူတယ်။ ပြုစုနေတဲ့ ရဟန်းတော်
အခန်းအပြင်ဘက်ကိုထွက်ဖို့ တံခါးပေါက်ကို
ကျော်ရုံရှိသေးတယ် ကိုယ်တော်ကြီးက လာ
ပြန်ခဲ့တော့ လို့ အချက်ပြလိုက်ပါတယ်။

သူနာပြုရဟန်းလည်း ၀င်လာပြီး
ရဟန်းကိစ္စပြီးသွားပြီလားဘုရားလို့ မေးပါတယ်။

အေးပြီးသွားပြီတဲ့။

ဟင် မြန်လှချည်လားဘုရား။ အံ့သြစရာပါကလား။
လို့ဆိုတော့ ဆရာတော်ကြီးက ဒါ မခက်ပါဘူး။ အံ့
သြစရာမရှိပါဘူး။ တကယ်ကတော့ ရဟန်းဖြစ်တဲ့
နေ့က စပြီး သတိကင်းကွာပြီး ပညာနဲ့မဆင်မခြင်ဘဲ
ပြုလုပ်ခဲ့တဲ့အမှုမရှိပါ။ အဲဒီလိုနေနိုင်ဖို့သာ ခက်တာ
ပါ လို့မိန့်တော်မူတယ်တဲ့။

အရှင်မဟာ သံဃရက္ခိတမထေရ်အကြောင်းကို
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန် ပထမတွဲ စာမျက်နှာ
၈၃ တွင်လည်း ရှုနိုင်ပါတယ်။

ဆန်းလွင်
ရွှေတောင်တက်ဒဿန

Saturday, June 21, 2014

“အပါယ်တံခါးပိတ်ချင်ရင်”
••••••••••••••••••••••••••••••••
အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။
ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။ 
ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး
အပါယ်ကလွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။
ဆိုပါစို့ . . .
ဒါနကောင်းမှုလုပ်တယ်၊ သီလစောင့်တည်တယ်၊
ကမဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ် သို့သော်
သောတပန်ဆိုတဲ့ အဆင့်မရောက်ဘူး။
အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလားလို့ပြောရင်
လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။
သို့သော် “guarantee” တော့မရှိဘူး။
“အပဋ္ဌာန်ပါဋ္ဌိတော်” မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ
ဘုရားတစ်ဆူကို “ပန်းပွင့်လေး တစ်ပွင့်” လှူလိုက်တာနဲ့
(၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့
အဲဒီပန်းလှူတဲ့ ကုသိုလ်ကို အကြောင်းပြုပြီး “ရဟန္တာ” ဖြစ်ပြီးတော့
ပရိနိဗ္ဗာန်စံသွားတယ်။ ဒါက guarantee ရှိလားဆိုတော့
guarantee ရှိလို့ပြောတာ မဟုတ်ဘူး။
အပါယ်တံခါးတော့ ပွင့်နေတယ်။ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။
တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။
အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။
သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။
ကုသိုလ်ကောင်းမှု လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ
သာမာန်ကုသိုလ်တွေနဲ့ အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။
အာမခံချက် မရှိဘူး။ သို့သော် အပါယ်ကိုကျမှာလားလို့ မေးရင်
ကျချင်မှကျမယ်ပေါ့။ ဘယ်သူက ဆွဲတင်တုန်းဆိုရင်
“ကုသိုလ်ကံတွေ” က ဆွဲတင်ပေးနေမှာ။
ဒါလည်း အင်မတန် အခြေအနေကောင်းနေမှ။
အခြေအနေ မကောင်းရင် မရဘူး။
ကဲ ခုနက ပန်းလေးတစ်ပွင့် လှူတာနဲ့
(၉၁)ကမ္ဘာ အပါယ်မလားဘူးဆိုတာ ဒီပန်းလေးတစ်ပွင့်ဆိုတဲ့
ကုသိုလ်ကောင်းမှုက နေပြီးတော့ ကယ်သွားတာလားဆိုတော့
ဒီလိုတွက်လို့မရဘူး။ ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကို
ရည်စူးပြီးတော့ “ပန်းလေးတစ်ပွင့်” လှူတာကို အကြောင်းပြုပြီးတော့
“ကောင်းတဲ့ဘုံဘဝ” ရောက်သွားတယ်။
ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါ ကုသိုလ်တွေ ဆက်လုပ်တယ်။
နောက်ဘဝလည်း “ကုသိုလ်တွေ” ဆက်ဆက်လုပ်တယ်။
“ကုသိုလ်တွေ” ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။
ဒီဘဝမှာ ပန်းလေးတစ်ပွင့် လှူထားတယ်။
ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
မေ့မေ့လျော့လျော့ နေပြီးတော့ “အကုသိုလ်တွေ” လုပ်မယ်ဆိုရင် ငရဲကျမှာပဲလေ။
ပန်းလေးတစ်ပွင့် လှူတာနဲ့ ဒီကုသိုလ်ကနေ ကယ်သွားတယ်ဆိုတာက
ဒီကုသိုလ်ရဲ့ “စွမ်းရည်သတ္တိ”ကို ဖော်ပြတဲ့အနေနဲ့ ဟောတာနော်။
တကယ် အဓိပ္ပါယ်ယူရမှာက ပန်းလေးတစ်ပွင့် လှူလိုက်လို့
ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။
အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။
လုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို
ရောက်ပြီးတော့ နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ “ရဟန္တာ”
ဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။ ဟောဒီလို အဓိပ္ပါယ်မျိုးကို ဆိုလိုတယ်။
ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။
အားမကိုးထိုက်ဘူး မဟုတ်ဘူး။
သို့သော် အပါယ်တံခါး ပိတ်သလားလို့မေးရင်တော့
အပါယ်တံခါး ပိတ်တယ်ဆိုတာ 。。。
“နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်”
လို့ ဒီလိုမှတ်ရမယ်။ ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။
နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။
ဝိပဿနာနဲ့ပဲ ဖွင့်လို့ရတယ်။
နိဗ္ဗာန်တံခါးဟာ ဝိပဿနာနဲ့ပဲ သွားရမယ်။
“ဝိပဿနာကျင့်စဉ် မကျင့်ဘဲ” နဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာ
လောကမှာ မရှိဘူးတဲ့။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】

“မြတ်ဗုဒ္ဓအလိုကျ ပြဿနာ ဖြေရှင်းနည်း ဥပဒေသ” “ ပြဿနာဟူသည် ”


“မြတ်ဗုဒ္ဓအလိုကျ ပြဿနာ ဖြေရှင်းနည်း ဥပဒေသ”
••••••••••••••••••••••••••••••••••••••••••••••••••
“ ပြဿနာဟူသည် ”
•••••••••••••••••
“ပြဿနာ” ဟူသည် အကျိုးစကားလုံးဖြစ်သည်။
ပြဿနာလောက်ကိုသာ အပေါ်ယံကြည့်၍ ရှူတ်ချ
အပုတ်ချခြင်းသည် “အသိဉာဏ်နည်းသူများ၏
လုပ်ရပ်” ဖြစ်သကဲ့သို့ ၊
တစ်ပါးသူ လွန်ကျူးမိသော အပြစ်ကို အများတကာသိအောင်
ကြိုးစားခြင်းသည် “စိတ်ပုတ်၊စိတ်ယုတ်”ရှိသူများ၏
လက္ခဏာ ပေတည်း။
“လောဘ ၊ ဒေါသ ၊ မောဟ” ရှိသူမှန်သမျှသည်
ပြဿနာကို လုပ်လေ့ရှိကြသည်။ ခြောက်ပြစ်ကင်း သဲလဲစင်
ဟူသည် ပုထုဖဉ်လူသားတွေမှာ မရှိနိုင်ပါဘူး။ လောဘကို
မထိန်းနိုင်ခြင်း ဒေါသကို မထိန်းချုပ်နိုင်ခြင်း မောဟကို
မပယ်သတ်နိုင်ခြင်းတို့ကြောင့် ယနေ့ခေတ် လွန်ပြီး
ခေတ်တွေမှာ ပြာဿနာပေါင်းစုံ အရှုပ်ပေါင်းစုံဖြစ်ပေါ်နေခြင်း
ဖြစ်သည်။
နောင်လာမည့်ခေတ်တွေမှာလဲ ဖြစ်လာဦးမည်တည်း။
ပုထုဇဉ်လူသားမှန်သမျှသည် အပြစ်ကို လုပ်နေဦးမည်တည်း။
ထို့ကြောင့် ပြဿနာ၏ အကြောင်းတရားသည်
လောဘ ဒေါသ မောဟ တို့ပေတည်းဟု
သတိနှင့် သိရှိထားရပေမည်။
ပြဿနာဟူသည် လောဘ ဒေါသ မောဟတို့ဖြင့်
လွန်ကျူးလာသော အပြစ် ပေတည်း။
ထိုကို ပြဿနာဟု ခေါ်ဝေါ်ကြသည်။
တစုံတယောက် ပြဿနာလွန်ကျူးမိခဲ့လျှင်
လွန်ကျူးသူ တစုံတယောက်သည် မိမိလွန်ကျူးမိသော
အပြစ်ကို ရင်ဆိုင်ဖြေရှင်းသင့်သည်။
ပတ်ဝန်းကျင်ကလည်း ထိုသူ၏ လွန်ကျူးမှုကို
ကူညီဖြေရှင်းပေးသင့်သည်။
အော် လောဘကို မထိန်းနိုင်လို့ ၊ ဒေါသကို မတားနိုင်လို့ ၊
မောဟတရား အားကြီးလို့ ဒီလိုအပြစ်တွေဖြစ်တာပါ
လားလို့ ကိုယ်တိုင်းလည်း “သင်္ခန်းစာ” ယူသင့်သည်။
အပြစ်သည် လူမြင်သာသည်။
အပြစ်၏ “အကြောင်းတရား”သည် အမြင်ရခက်သည်။
ထို့ကြောင့် လောကတွင် အပြစ်တွေ့လာတိုင်း ၊
အပြစ်ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရားကို အခြေမြစ်သိရအောင်
လေ့လာဖို့ လိုလာသည်။ အပြစ်ကို ဖုံးကွယ်ကာ ဖြေရှင်းသင့်သည်။
လော်စပီကာနှင့် အော်ကာ အများသူငှာ အသိပညာ ရရှိစေဖို့
ဝေငှရမည့် ကြော်ငြာ ပစ္စည်းမဟုတ်ပေ။
ယခုခေတ်မှာတော့ ဘလော့ပေါ် ၊ အင်တာနက် စာမျက်နှာပေါ်
ဖြန့်ဝေရမည့် သတင်းလည်းမဟုတ်သလို ၊
အများ သူငှာ သိသင့်သည် အင်ဖော်မေးရှင်းလည်း မဟုတ်ပေ။
မည်ကဲ့သိုအပြစ်ပေါ်လာလျှင် မည်ကဲ့သို့ ဖြေရှင်းသင့်သည်ဟုသာ
ဖြေရှင်းနည်းကိုတော့ဖြင့် အင်ဖော်မေးရှင်းအဖြစ် ဝေငှမည်ဆိုလျှင်
ဝေငှနိုင်ပါသည်။ သို့ဖြင့် မဟုတ်ဘဲ မည်သူက မတရားလုပ်သဖြင့်
ထိုမည်သူသည် လူယုတ်မာကြီးဟု အများသူငှာသို့ ဖြန်ဝေလျှင်တော့
ထိုဖြန့်ဝေသူကိုယ်တိုင်ပင် လူယုတ်မာကြီးဖြစ်လာ ပေတော့သည်။
ယနေ့ခေတ် အများစုသည် မိမိထံသို့ရောက်လာသော
အင်ဖော်မေးရှင်းများကိုဖတ်ကာ ရေးသားဖော်ပြသည့်
အကြောင်းအရာလောက်ကိုသာ အဟုတ်ကြီးထင်ကာ
သံယောင်လိုက်၍ “မတရားဘူး၊ မလုပ်သင့်ဘူး၊
ဒီလိုကြီး လုပ်တာ လူယုတ်မာပဲ” စသည်ဖြင့် ဝေဘန်ကြသည်၊
အတင်းတုတ်ကြသည်။ အပုတ်ချကြသည်။
အင်ဖော် မေးရှင်းရေးသူ သို့မဟုတ် ဖော်ပြသူ၏
အတွင်းစိတ်သည် ဤအကြောင်းအရာကို မည်သည့်
ရည်ရွယ်ချက် မည်သို့ မည်ပုံရေးသည်ကို လေ့လာမဆန်းစစ်ကြပေ။
အင်ဖော်မာ (စာရေးသူ)သည် ပြဿနာတစုံတခုကြောင့်
ဖြစ်ပေါ်လာသည့် အကျိုးဆိုးကို တပါးသူတို့ ဆင်ခြင်စေဖို့ ၊
အသိပညာရစေဖို့ ဝေငှလိုလျှင် ဖြစ်ပေါ်လာသော
ပြဿနာ၏ ဆိုလိုရင်း အကြောင်းတရား ဖြစ်ပေါ်လာသော
“ဆိုးကျိုး” များကို ဓမ္မဒိဋ္ဌာန်ကျကျ ရေးသားသင့်သည်။
အသင်းအဖွဲ့ သို့မဟုတ် ကာယကံရှင်တို့၏ အမည်များကို
သုံးစွဲခွင့်မရှိပေ။ သုံးစွဲမည်ဆိုခဲ့လျှင် ခွင့်တောင်းရပေမည်။
သို့တည်းမဟုတ်ပဲ ခွင့်ပြုချက် မရှိပဲ အင်ဖော်မေးရှင်းအဖြစ်
ရေးခဲ့လျှင် အင်ဖော်မာသမားသည် အသင်းအဖွဲ့ သို့မဟုတ်
ကာယကံရှင်တို့အပေါ် မကျေနပ် အမုန်းပွားသော စိတ်ဖြင့်
ရေးသားခြင်းသာ ဖြစ်ချေ၏။ ထို့ကြောင့် အင်ဖော်မာသမား
သည်လည်း ဒေါသကိုမထိန်းနိုင်၍ ကိုယ်တိုင်ပင်
သူတပါးကို အပုတ်ချခြင်း ၊ ရှုတ်ချခြင်း ၊
“ဗျာပါဒ အပြစ် အကုသိုလ်” လွန်ကျူးနေတော့၏။
ဆုတ်ကပ်ခေတ်ဖြစ်သော ယနေ့ကမ္ဘာကြီးတွင် မကြာ
မကြာ ပြဿနာများ ပေါ်လာကြပေလိမ့်မည်။
ဓမ္မဒိဋ္ဌာန်ကျကျ မိမိတို့ ရှု့မြင်သုံးသပ်ကာ ဒါကြောင့် ပြဿနာဖြစ်တာပဲ၊
ဒီလိုမဖြစ်အောင် ဒို့တွေ ရှောင်ကြဉ်ကြစို့ဟဲ့ဟု သင်္ခန်းစာယူရမည်။
မိမိဝန်းကျင်မှာ ပြာဿနာဖြစ်လာလျှင် ၀ိုင်းဝန်း၍ အသိပညာဖြင့်
သိုသိုသိပ်သိပ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်သည်။
ထို့ကြောင့် ပြာဿနာဖြေရှင်းနည်းများကို
“မြတ်ဗုဒ္ဓ ဟောကြား နည်းပေးသည့်အတိုင်း”
အများသူငှာ သိရှိစေဖို့ ဝေငှလိုက်ပါသည်။
“အဓိကရဏ - ပြဿနာ” (၄) ခုရှိသည်။
••••••••••••••••••••••••••••••••••••••••••
(၁) ၀ိဝါဒါဓိကရဏ- ငြင်းခုံခြင်းပြဿနာ၊
(၂) အနုဝါဒါဓိကရဏ- စွပ်စွဲခံရခြင်းပြဿနာ၊
(၃) အာပတ္တာဓိကရဏ- အပြစ်လွန်ကျူးခြင်းပြဿနာ။
(၄) ကိစ္စာဓိကရဏ- လူမှုရေးဖောက်ဖျက်ခြင်းပြဿနာ။
“သမထ (ပြဿနာဖြေရှင်းနည်း) (၇)-ခု”
•••••••••••••••••••••••••••••••••••••••••••
(၁) “သမ္မုခါဝိနယ” - စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသော ဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း၊
(၂) “ေယဘုယ်သိကာ၀ိနယ” - သမာသမတ္က်ေသာ
အများ သူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း)
အဆုံးအဖြတ်ဖြင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၃) “သတိဝိနယ” - သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊
(၄) “အမူဠ၀ိနယ” - ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း။
(စိတ်ဖောက်ပြန်သူများအတွက်)
(၅) “ပဋိညာတကရဏ၀ိနယ” - အပြစ်လွန်ကျူးကြောင်း
ဝန်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊
(၆) “တဿပါပိယသိကာဝိနယ” - လွန်ကျူးပါလျက် ၊
မလွန်ကျူးဟု အတင်းငြင်းချက် ထုတ်သူအား
သက်သေအထောက်အထား အရလွန်ကျူးနေသူ(သို့မဟုတ်)
သံသယဖြစ်ဘွယ်ရှိသူ ဟုသာ အသိမှတ်ပြု၍ စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၇) “တိဏ၀တ္ထာရက ၀ိနယ” - မစင်အညစ်ကြေးတို့သည် အနံ့ဆိုးဝါး
လှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန် မြတ်သစ်ရွက်
တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး ၊တွင်းတူး၊ဖုံးအုပ်ထားသကဲ့သို့)
ပြဿနာသည် မငြိမ်းအေးပဲ ကြီးထွားမလာစေရန်နှင့် ညီညွတ်နေမှုတို့
ကွဲပြားပျက်စည်းမှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိုနှိုင်းခြင်းမပြုပဲ
တဦးနှင့်တဦး ၊တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက် ခွင့်လွှတ်နားလည်မှုဖြင့်
ငြိမ်အေးစေခြင်း- တို့ဖြစ်သည်။
“ပြဿနာနှင့် ဖြေရှင်းနည်း တွဲအသုံးပြုပုံ”
•••••••••••••••••••••••••••••••••••••••••••
■“၀ိဝါဒါအဓိရုဏ်”( ငြင်းခုံခြင်းပြဿနာ) ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံ ရသူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသောဓမ္မ၊ ရေးစွဲထားသည့်
ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည်
အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၂) ယေဘုယျသိကာဝိနယ- သမာသမတ်ကျသော အများ
သူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း) အဆုံးအဖြတ်ဖြင့်
စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း နည်းနှစ်ခုဖြင့် ဖြေရှင်းပါ။
■“အနုဝါဒါဓိကရုဏ်” (စွပ်စွဲခံရခြင်း ပြဿနာ) ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ ၊ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသော ဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၃) သတိဝိနယ- သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊
(၄) အမူဠ၀ိနယ- ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း၊
(၆) တဿပါပိယသိကာဝိနယ- လွန်ကျူးပါလျက် မလွန်ကျူးဟု
အတင်းငြင်းချတ်ထုတ်သူအား သက်သေအထောက်အထားအရ
လွန်ကျူးနေသူ (သို့မဟုတ်) သံသယဖြစ်ဘွယ်ရှိသူ ဟုသာ
အသိမှတ်ပြု၍ “စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း” ဟူသော
နည်းလေးနည်းတို့ဖြင့် ဖြေရှင်းပါ။
■“အာပတ္တာဓိကရဏ” (အပြစ်လွန်ကျူးခြင်းပြဿနာ)ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ ၊ အစွပ်စွဲခံရ သူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ် ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ် ညှိနှိုင်း ဖြေရှင်းခြင်း၊
(၅) ပဋိညာတကရဏ၀ိနယ- အပြစ်လွန်ကျူးကြောင်း
ဝန်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊
(၇) တိဏ၀တ္ထာရက ၀ိနယ- မစင်အညစ်ကြေးတို့သည် အနံ့
ဆိုးဝါးလှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန်
မြတ်သစ်ရွတ်တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး၊
တွင်းတူး ဖုံးအုပ်ထားသကဲ့သို့) ပြဿနာသည် မငြိမ်းအေးပဲ
ကြီးထွား မလာစေရန်နှင့် ညီညွတ်နေမှုတို့ ကွဲပြားပျက်စည်း
မှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိနှိုင်းခြင်းမပြုပဲ
တဦးနှင့်တဦး ၊ တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက်
ခွင့်လွှတ်နားလည်မှုဖြင့် ငြိမ်အေးစေခြင်း။
နည်းသုံးနည်းဖြင့် ဖြေရှင်းပါ။
■“ကိစ္စာဓိကရဏ” (လူမှုရေးဖောက်ဖျက်ခြင်းပြဿနာ)- ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ ၊ အစွပ်စွဲခံရသူဟူသော
ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊ ဖြင့်သာဖြေရှင်းပါ။
မြတ်ဗုဒ္ဓ ချပေးထားသည့် ပြဿနာဖြေရှင်းနည်းတွင်
အများသူငှာ အသိရစေဖို့ ၊ ရှောင်ကြည်နိုင်စေဖို့
ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ဖော်ထုတ်ရမည်ဟု မပါချေ။
စာဖတ်သူတို့ နားလည်မည်ထင်ပါသည်။
“မှုခင်းဂျာနယ်” များကို ဖတ်ဖူးလျှင် သိပါမည်။
ကာယကံရှင် တို့၏ အမည်များ ၊ ဓာတ်ပုံများ ၊
သုံးစွဲမည်ဆိုလျှင် ခွင့်တောင်း ရပါသည်။ခွင့်ြ
ပုချက်ယူရပါသည်။
သို့မဟုတ်ဘဲ နာမည်ဓာတ်ပုံမှာ ကာယကံရှင်
ခွင့်ပြုသည်မဟုတ်ပဲ သုံးစွဲလျှင် လူအခွင့်အရေး
ဥပဒေအရသော်လည်းကောင်း ၊လူ့ကျင့်ဝတ်အနေရသော်
လည်းကောင်း သုံးစွဲသူ ဖော်ပြသူအား တရားစွဲလို့ရပါသည်။
ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ရေးသားလာသော သတင်းနှင့် အကြောင်း
အရာတို့သည် အမှန်စင်စစ် သတင်းမဟုတ်ပေ။
ဗဟုသုတ ဖြစ်ဖွယ်နှင့် အများသူငှာ ဖတ်သင့်သည့် အရာမဟုတ်ချေ။
တကယ်စင်စစ် စိတ်ဓာတ် အင်အားနည်း၍
အပုတ်ချ၊ရှုတ်ချ ခြင်းသာ ဖြစ်ချေသည်။
ပုဂ္ဂိုလ်ကို အမုန်းပွား အာဃာတထားခြင်းမျှသာ ဖြစ်ချေသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကြသည်ဟု
ဆိုကြသည့် ညီ အကို၊ အမ ညီမငယ်များတို့ ...
တကယ်ပင် ငါတို့သည် ဗုဒ္ဓ၏ အဆုံးမကို လိုက်နာသူများ
ဖြစ်သည်လော၊မဖြစ်သည်လော၊ စာပေတွေဖတ်
ဆရာတော်ပေါင်းများစွာ ဟောသမျှကို နာယူ ဖတ်နာရုံမျှ
သက်သက်မျှဖြင့် ငါတို့ တော့ ဆရာကြီးဖြစ်ပြီဟု ကိုယ့်ကိုယ်
အထင်ကြီးကာ သူတပါးပြဿနာကို လေလိုင်းမှာ ဖွ၊
ငါသာ ဆရာကြီးဖြစ်သည်ဟု ကြွားဝါနေသည့်
ပုဂ္ဂိုလ်ဖြစ်နေသလော၊မဖြစ်နေသလောဟု
ပြန်လည် ဆန်းစစ်သင့်ပေသည်။
သဒ္ဓါနည်း၍ ဆရာကြီးရောဂါပေါများနေသည့် ခေတ်ကြီးမှာ
သတိထားစရာပင် ဖြစ်ပါ၏။
ဗုဒ္ဓ၏တရားတော်များနှင့် ချိန်ထိုးကြည့်လျှင် မိမိ.ဘာ..
ဆိုတာကို နားလည်နိုင်မည်ဖြစ်ပါ၏။
န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတံ၊
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိစ
-(ဓမၼပဒ)
တပါးသူ အပြစ်၊ တပါးသူ လုပ်သည် မလုပ်သည်တို့ကို
မကြည့်လေနှင့်၊ကိုယ့်အပြစ် ကိုယ်လုပ်သည် ၊
မလုပ်သည်ကိုသာ ကြည့်လေ။
ပရ၀ဇ္ဇာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော
အာသ၀ါ တဿ ၀ဎုန္တိ၊ အာရာ သော အာသ၀က္ခယာ။
-(ဓမ္မပဒ)
တပါးသူ အပြစ်ကို စီလိုအပေါက်ရှာ ကြည်နေသူများမှာ
မည်သို့ပင် တရားတွေနာ ၊ စာအုပ်တွေဖတ်နေစေကာမူ
အကုသိုလ်တိုးပွား ကိလေသာထူ ကိလေသာ ချေးညှော်တွေ
ဆူသဖြင့် နိဗ္ဗာန်နှင့် ဝေးလေတော့သတည်း။
(ဗြဟ္မစိုရ်တရားများဖြင့် - ဦးမနက်ဖြန်)
[yaw community မှ ကူးယူ ပူဇော်မျှဝေပါသည်။