Tuesday, April 29, 2014

သြကာသမူကွဲတွေဘယ်နှစ်မျိုးရှိသလဲ

သြကာသမူကွဲတွေဘယ်နှစ်မျိုးရှိသလဲ။

ဗုဒ္ဓဘာသာဝင် မှန်သမျှ သြကာသ ကန်တော့
ချိုးကို ငယ်စဉ်ကပင် ရထားကြသည်။ 
သို့သော် ထိုသြကာသ ကန်တော့ချိုးသည် တစ်
ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသည့်
စကားနှင့်အညီ နေရာဒေသတစ်ခုနှင့်တစ်ခု မတူ
ကွဲပြားနေသည်လည်း ရှိကြသည်။ ထိုသြကာသ
မူကွဲတို့သည် ၈ မျိုးရှိကြောင်းသိရှိရပေသည်။
၎င်းတို့မှာ-
၁။ မူလသြကာသ
၂။ ဒွါရသြကာသ
၃။ နှစ်ရပ်ပေါင်းစပ်သြကာသ
၎။ ပမာသြကာသ
၅။ သြကာသမူသစ်
၆။ အများသုံးသြကာသ
၇။ မဟာစည်သြကာသ
၈။ မွန်သြကာသကန်တော့ချိုးတို့ပင်ဖြစ်ကြသည်။

၁။ မူလသြကာသ
ဤသြကာသသည် ပုဂံခေတ်မှစ၍ အစဉ်အလာ
အသုံးပြုခဲ့ကြသည့်သြကာသဖြစ်သည်။
သြကာသ သြကာသ သြကာ၊ ကာယကံ ၀စီကံ
မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပထမ
ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
မြောက်အောင် ဘုရားရတနာ တရားရတနာ
သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံး
ပါးတို့အား အရိုအသေ အလေးအမြတ်ပြု၍ ဖူး
မြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး
ပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါရသော
အကျိုးအားဖြင့် အပါယ်လေးပါး ကပ်သုံးပါး
ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါးတို့မှ ကင်းလွတ်
သည်သာဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၂။ ဒွါရသြကာသ
အထက်ပါကန်တော့ချိုး၌ပါသည့် ကံဖြင့်ရှိခိုး
ခြင်းသည် အဋ္ဌသာလိနီအဋ္ဌကထာနှင့်မညီ
ဟုဆို၍ ဒွါရဂိုဏ်းကြီးကိုတည်ထောင်တော်
မူခဲ့သည့် အုတ်ဖိုဆရာတော်သည်အောက်
ဖော်ပြပါအတိုင်း သြကာသကန်တော့ချိုးကို
ပြင်ဆင်ရေးသားတော်မူခဲ့လေသည်။
သြကာသ သြကာသ သြကာ၊ ကာယဒွါရ
ဝစီဒွါရ မနောဒွါရ တည်းဟူသော သုံးပါး
သောဒွါရတို့ဖြင့် ပထမ ဒုတိယ တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်
ဘုရားရတနာ တရားရတနာ သံဃာရတနာ
တည်းဟူသော ရတနာမြတ်သုံးပါးတို့အား
အရိုအသေ အလေးအမြတ်လက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏
အရှင်ဘုရား။
ဤသို့ကန်တော့ရသောကုသိုလ်ကံစေတနာ
တို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်
ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ အနာမျိုးကိုးဆယ့်
ခြောက်ပါး၊ ၀ိပတ္တိတရား လေးပါး၊ ဗျသနတ
ရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်း
သည်ဖြစ်၍ အဆုံးစွန်သောမဂ်တရား ဖိုလ်
တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏
အရှင်ဘုရား။

၃။ နှစ်ခုပေါင်းစပ်သြကာသ
အထက်ဖော်ပြပါ သြကာသနှစ်မျိုးတို့ဖြင့်
ကံဖြင့်ရှိခိုးသူများကို ကံဂိုဏ်းဟုခေါ်ကြ၍
ဒွါရဖြင့်ရှိခိုးသူများကို ဒွါရဂိုဏ်းဟုခေါ်ကြ
သည်။ ကံ၊ ဒွါရ အငြင်းပွားနေသည့်အတွက်
အချို့သောသူများက နှစ်မျိုးလုံးမှန်ကန်သည်
ဟု လက်ခံကာ အထက်ပါသြကာသနှစ်မျိုး
ကိုအောက်ပါအတိုင်း ပေါင်းစပ်ရှိခိုးကြပြန်
သည်။

သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံ တည်းဟူသောကံသုံးပါး၊
ကာယဒွါရ ၀စီဒွါရ မနောဒွါရ တည်းဟူ
သော သုံးပါးသောဒွါရတို့ဖြင့် ပထမ ဒုတိယ
တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်
အောင် ဘုရားရတနာ တရားရတနာ သံဃာ
ရတနာ တည်းဟူသောရတနာမြတ်သုံးပါးတို့
အား အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူ
ဇော် ဖူးမြော်မာန်လျော့ကန်တော့ပါ၏ အရှင်
ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရသော
အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရား
လေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည် ဖြစ်၍ အဆုံးစွန်သော
မဂ်တရားဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်
ကို ရပါလို၏ အရှင်ဘုရား။

၎။ ပဏာမသြကာသ
အချို့သူများကမူ အထက်ပါကံဒွါရအငြင်း
ပွားမှုကိုရှောင်လွဲလိုသည့်အတွက်အောက်
ပါအတိုင်း ပဏာမဖြင့်ရှိခိုးကြပြန်သည်။
သြကာသ သြကာသ သြကာသ၊ ကာယ
ပဏာမ ၀စီပမာဏ မနောပမာဏ တည်း
ဟူသော သုံးပါးသော ပမာဏတို့ဖြင့် ပထမ
ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
မြောက်အောင် ဘုရားရတနာ တရားရတနာ
သံဃာရတနာ တည်းဟူသောရတနာမြတ်
သုံးပါးတို့အား အရိုအသေ အလေးအမြတ်ပြု
၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ကန်တော့ပါ
၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရသော
အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရား
လေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်
တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို
ရပါလို၏ အရှင်ဘုရား။

ထို့အပြင် ကံကို စေတနာဟုအမည်တပ်၍
ဒွါရ ပမာဏတို့ဖြင့်ရှိခိုးနည်းကို အောက်ပါ
အတိုင်းရေးသားရှိခိုးခဲ့ကြပြန်သည်။

သြကာသ သြကာသ သြကာသ၊ ကာယ
ဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာ
ဒွါရပမာဏဖြင့် ဘုရားရတနာ တရားရတနာ
သံဃာရတနာ ရတနာမြတ်သုံးပါး ဆရာ
သမားတို့အား ဘုရားတပည့်တော် ရိုသေ
မြတ်နိုးလက်အုပ်မိုး၍ ဖူးမြော်မာန်လျော့
ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရ
သော ကောင်းမူကံစေတနာတို့ကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသ
နတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်
ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၅။ သြကာသမူသစ်
အချို့သောသူများသည်ကား ကံဖြင့်ရှိခိုးခြင်း
ဒွါရဖြင့်ရှိခိုးခြင်း ပမာဏဖြင့်ရှိခိုးခြင်းတို့ကို
ရှောင်လွှဲလိုသောကြောင့် ကာယကံ ၀စီကံ
မနောကံတို့ကို ပြစ်မှားမိသောကံအဖြစ်ရေး
သားထားသည့် အောက်ပါသြကာသမူသစ်
တစ်မျိုးသည်လည်း ထွက်ပေါ်လာခဲ့ပြန်
သည်။

သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံ ကံသုံးပါးတို့တွင်တစ်ပါးပါး
သော ကံတို့ဖြင့် ပြစ်မှား ကျူးလွန်မိသည်ရှိ
သော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုး
ငှါ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရား
ရတနာ သံဃာရတနာ ရတနာမြတ်သုံးပါး
ဤရတနာမြတ်သုံးပါးအပေါင်းကို ရိုသေ
မြတ်နိုးလက်အုပ်မိုး၍ ဖူးမြော်မာန်လျော့
ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမျှော် မာန်လျော့ ကန်
တော့ရသော ကုသိုလ်ကံစေတနာတို့ကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသ
နတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်
ငြိမ်းသည်ဖြစ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၆။ အများသုံးသြကာသ
အထက်ပါသြကာသမူသစ်ကိုပင် ထပ်မံ
အဓိပ္ပါယ်ဖွင့်ဆိုသည့် အနေဖြင့် အများသုံး
သြကာသမူသစ်ကို အောက်ဖော်ပြပါအတိုင်း
ပြုပြင်ရေးသားခဲ့ကြပြန်သည်။
သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံ သဗ္ဗဒေါသခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ
ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရား
ရတနာ သံဃာရတနာရတနာမြတ် သုံးပါးတို့
ကို အရိုသေအလေးအမြတ်နိုးလက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏
အရှင်ဘုရား။
ကန်တော့ရသောအကျိုးအားကြောင့် အပါယ်
လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး
ငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါး
ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းသည်
ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရား
တော်မြတ်ကို ရပါလို၏အရှင်ဘုရား။

၇။ မဟာစည်သြကာသ
အထက်ပါ ဖော်ပြပါ သြကာသတို့ အပြင်
မဟာစည် ဆရာတော် ဘုရားကြီးသည် ပို၍
ပြည့်စုံသည် သြကာသ ကန်တော့ချိုးကိုရေး
သား စီရင်တော်မူခဲ့ပြန်သည်။
သြကာသ သြကာသ သြကာသ၊ ကာယကံ
ဝစီကံ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း
ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး၊
ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာဖြစ်ပါ
စေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ
သံဃာရတနာရတနာမြတ် သုံးပါး ဆရာသမား
တို့ကို အရိုအသေအလေးအမြတ်နိုးလက်အုပ်
မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့
ပါ၏ အရှင်ဘုရား။
ကန်တော့ရသောဤကောင်းမှုကံ စေတနာတို့
ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်
ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါး အနာမျိုးကိုးဆယ့်ခြောက်
ပါး၊ မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတို့မှ အခါခပ်
သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား
ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို
၏အရှင်ဘုရား။

၈။ မွန်လူမျိုးတို့၏ သြကာသ
မွန်လူမျိုးတို့သည် ရတနာမြတ်သုံးပါး၊ မိဘ
ဆရာသမားတို့ကို ရွတ်ဆိုကန်တော့ရာ၌
ပါဠိဘာသာဖြင့်ရွတ်ဆိုကန်တော့ကြသည်။
ဤ၌အထူးမှတ်သားသင့်သည်ကား မြန်မာ
တို့၏မူလ သြကာသကန်တော့ချိုးမှာ မွန်
လူမျိုးတို့၏ပါဠိဘာသာ ကန်တော့ခန်းကို
ဘာသာပြန်၍ ပြုပြင် စီမံထားခြင်း ဖြစ်နိုင်
ကြောင်း ပညာရှိများက မိန့်ဆိုခဲ့ကြသည်။
အကြောင်းကမူပုဂံခေတ်အနော်ရထာမင်း
ကြီးလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓသာသနာ
တော်ကို ရှင်အရဟံအမှူးပြုသည့်မွန်ရဟန်း
တော်များ ဦးစီး ဦးဆောင်ပြု၍ သင်ကြားပို့
ချပေးခြင်း၊ ဖြန့်ချီခြင်းပြုခဲ့ကြသောကြောင့်
ပင်ဖြစ်သည်။

သြကာသ၊ သြကာသ၊ သြကာသ၊ ယော
ဒေါသော မောဟစိတ္တေန၊ ဗုဒ္ဓသ္မိံ၊ ဓမ္မသ္မိံ၊
သံဃသ္မိံ၊ အာစရိယသ္မိံ၊ ပကတောမယာ၊
ခမထမေ ကတံ ဒေါသံ၊ သဗ္ဗပါပံ ၀ိနဿတု။
ဒုတိယမ္ပိ ....
တတိယမ္ပိ ..... စသည်ဖြင့်ဆက်ဆိုပါ။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
မယာ- တပည့်တော်သည်။ မောဟစိတ္တေန-
တွေဝေမိုက်မဲသောစိတ်ဖြင်။ ဗုဒ္ဓသ္မိံ-ဘုရား
အပေါ်၌လည်းကောင်း။ ဓမ္မသ္မိံ- တရားအ
ပေါ်၌လည်းကောင်း၊ သံဃသ္မိံ- သံဃာအ
ပေါ်၌လည်းကောင်း၊ အာစရိယသ္မိံ-ဆရာ
သမားအပေါ်၌ လည်းကောင်း။ ယောဒေါ
သော - အကြင်အပြစ်ကို။ ပကတော - ပြစ်
မှားကျူးလွန်မိပါပြီ။ မေ- တပည့်တော်၏။
ကတံ - ပြစ်မှားကျူးလွန်မိသော။ တံဒေါသံ-
ထိုအပြစ်ကို။ ခမထ- သည်းခံတော်မူကြပါ
ကုန်ဘုရား။ သဗ္ဗပါပံ - အလုံးစုံသော
မကောင်းမူ ဟူသမျှသည်။ ၀ိနဿတု -
ပျောက်ပျက်ငြိမ်းပါစေသတည်း။
ဒုတိယမ္ပိ - နှစ်ကြိမ်မြောက်လည်း စသည်
ဆက်ဆိုပါ။
တတိယမ္ပိ - သုံးကြိမ်မြောက်လည်း စသည်
ဆက်ဆိုပါ။

အထက်ပါသြကာသတို့သည် ပုဂံခေတ်မှ
သည် ယနေ့ထိတိုင် ပေါ်ပေါက်ခဲ့သည့်
သြကာသ မူကွဲတို့ပင် ဖြစ်ကြသည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် - ၁၀၀ 

0 comments:

Post a Comment