Sunday, April 6, 2014

မူလခန္ဓာနှင့်အဖြစ်ခန္ဓာရှုကွက်

မူလခန္ဓာနှင့်အဖြစ်ခန္ဓာရှုကွက်

တရားတော်ကို ကြိုးစားကျင့်ကြံပွားများ
အားထုတ်ဖို့ မိမိတို့ရဲ့ စိတ်တိုင်းကျ နှစ်
သက်တဲ့ ဣရိယာပုတ်နဲ့ စတင်ပြီးတော့ 
ကြိုးစားအားထုတ်ကြတဲ့ သူတော်စင်များ
မှာ သဘောထားတွေ ပေါ်မှာ ဉာဏ်
ရောက်အောင် ကြည့်တဲ့နေရာမှာ လွဲနေ
သေးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေတော့
ကိုယ်သိနဲ့သိဖို့အရေးလေးကိုယခုတစ်မျိုး
ပြောဦးမယ်။

ကိုယ်တိုင် သိမှလဲဘဲ ကိုယ်သိ ရောက်မှာ
သူများပါးစပ်ဖျားလမ်းဆုံးနေတဲ့ အသိမျိုး
နဲ့တော့ ဒီခန္ဓာကိုယ်ရဲ့နှိပ်စက်နေတာကို
သဘောပေါက် ဉာဏ်ရောက်အောင် ရှုဖို့
မလွယ်ပါ။ ကိုယ်တိုင်ထိုးထွင်းသိတဲ့ဉာဏ်
အမြင်ရမှ ခန္ဓာကိုယ်ရဲ့ နှိပ်စက်မှုတွေကို
သဘောဉာဏ်ရောက်အောင်ရှုနိုင်မှာ ဖြစ်
ပါတယ်။ များသောအားဖြင့်ထိုင်ခြင်းဣရိ
ယာပုတ်နဲ့ အားထုတ်ကြတဲ့ယောဂီတိုင်း
မှာခန္ဓာကိုယ်အောက်ပိုင်းရဲ့နှိပ်စက်တတ်
တဲ့နာကျင်မှုထုံကျင်မှုဆိုတဲ့ ဒီဆင်းရဲဒုက္ခ
တွေကို ထိုးထွင်းပြီးတော့ အစဉ်တန်းနေ
တဲ့ပညတ်ကိုလည်းဘဲ မကျော်နိုင်ဘူး။
ဃနဆိုတဲ့ အဆိုင်အခဲကြီးကိုလည်းဘဲထိုး
ထွင်းပြီးတော့ မရှုနိုင်ကြဘူး။

အဲဒီလို မရှုနိုင်တာကိုက ကိုယ်တိုင် သိတဲ့
ထိုးထွင်းတဲ့ဉာဏ် အားနည်းနေတယ်။
ပညတ်နဲ့ပရမတ်ကို ခွဲခြားပြီး အကြိမ်ကြိမ်
ပြောနေတယ်ဆိုတာ ကိုယ်တိုင်သိတဲ့ဉာဏ်
ရဖို့အတွက်ကို ရှုရမဲ့ခန္ဓာမှသဘောမပေါက်
ရင် ဘယ်လိုမှဉာဏ်မရောက်နိုင်လို့ဒါကိုဘဲ
ပြန်ပြန်ပြီးတော့ ပြောရတယ်။ အခုလည်း
ဘဲ ယောဂီတွေမှာ ရှုတော့ရှုနေတယ်။ ခန္ဓာ
ကိုယ်ရဲ့အောက်ပိုင်းကနိုပ်စက်လာလို့ ပေါင်
ကနာတာ၊ ဒူးကကိုက်တာ၊အစဉ်တန်းနေတဲ့
သန္တတိကိုလည်းထွင်းဖောက်ပြီး မကြည့်နိုင်
ကြဘူး။ ဃနဆိုတဲ့ အစိုင်အခဲကြီးကိုလည်း
ထွင်းဖောက်ပြီးမကြည့်နိုင်ပြန်ဘူး။ အဲဒီလို
မကြည့်နိုင်ဘဲနဲ့ ဒီပေါ်မှာဖြစ်ပျက်လဲရှုလို့မရ
သူ့ သဘောအမှန်ကိုလည်း မကြည့်နိုင်တာ
သည် သူများ ပါးစပ်ဖျုား လမ်းဆုံးနေသေး
တယ်။

ကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်း သိမှု
အားနည်းနေသေးတယ်။ ဒါကြောင့်မို့လို့
ခန္ဓာကို နှစ်မျိုး နားလည်အောင် သဘော
ပေါက်အောင် အမြင်ဉာဏ်လည်း သိပ်ပြီး
တော့ မရှင်းသေးတဲ့ ပုဂ္ဂိုလ်များလဲ အမြင်
ရှင်းသွားအောင် မူလခန္ဓာနဲ့အဖြစ်ခန္ဓာကို
ကွဲအောင်ခွဲပြီးမှရှုရမယ်။ အဲဒါလေးကိုသ
ဘော ပေါက်လိုက်ပါ။ မူလခန္ဓာနဲ့ အဖြစ်
ခန္ဓာရယ်လို့နှစ်မျိုးကို နားလည်ကြရမယ်။

အဲဒီ ခန္ဓာ နှစ်မျိုးမှာလည်းဘဲ တရားရှုရင်
အဖြစ်ခန္ဓာလေးကိုဘဲရှုရမယ်။ ပြန်ပြီးတော့
ပြောပါ့မယ်။ခန္ဓာနှစ်မျိုးကိုနားလည်တော့မှ
တရားရှုပါ။ ကိုက်တာတွေ၊ နာတာတွေ၊
ထုံတာတွေ၊ စူးတာတွေဘယ်လောက်ဒုက္ခ
ပေးနေပေးနေ ဒီခန္ဓာနှစ်မျိုးကိုဉာဏ်ရောက်
သွားရင် ရှုရတာလွယ်သွားပြီ။ မူလခန္ဓာနှင့်
အဖြစ်ခန္ဓာလို့နှစ်မျိုးရှိတယ်။ အဲဒီမူလခန္ဓာ
နှင့်အဖြစ်ခန္ဓာမှာ တရားရှုရင်အဖြစ်ခန္ဓာကို
ဘဲ တရားရှုမယ်။ ဒီလောက် ဆိုရင်တော့
ဘယ်ခန္ဓာ တရားရှုရမယ်ဆိုတာလေး သိ
သွားပြီ။

အဲဒီသိသွားတဲ့အပိုင်းမှာလည်းဘဲ ဘယ်ဟာ
ကမူလခန္ဓာ၊ ဘယ်ဟာကအဖြစ်ခန္ဓာလို့ခွဲခြား
မသိရင်လဲဘဲကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းပြီးသိ
ဖို့မလွယ်ပြန်ဘူး။ ဒါကြောင့်အဲဒီခန္ဓာနှစ်မျိုးမှာ
မရှုရမဲ့မူလခန္ဓာဆိုတာကဘာ၊ ရှုရမဲ့အဖြစ်ခန္ဓာ
ဆိုတာက ဘာဆိုတာ ကွဲသွားအောင်ခွဲရင် မိမိ
တို့ရဲ့ခန္ဓာကိုယ်ကြီးမှာအမျိုးမျိုးပြနေတဲ့ဖောက်
ပြန်နိုပ်စက်မှုပေါင်းစုံမှာ ဒူးကိုက်တာလဲရှိတယ်။
ပေါင်နာတာလည်းရှိတယ်။ ခေါင်းမူးတာလည်း
ရှိတယ်။ ခြေကျင်တာလည်းရှိတယ်။ အဲဒီ သ
ဘော တရားလေးကို ထုတ်ပြီးတော့ ဉာဏ်
ရောက်အောင် ပြောသွားမယ်။

ဒူးကိုက်တယ်၊ ပေါင်နာတယ်။ ခြေကျင်တယ်၊
ခေါင်းမှုးတယ်။ အဲဒီ လေးမျိုးလုံးကို နုလုံးသွင်း
လိုက်ရင်ဒူးကိုက်လို့ မရှုနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ခေါင်း
မှုးလို့မရှုနိုင်တဲ့ပုဂ္ဂိုလ်တွေ ခန္ဓာနှစ်မျိုး မကွဲသေး
လို့ပါ။ ခန္ဓာနှစ်မျိုးကိုခွဲလိုက်ရင် ဒူးကိုက်တယ်ဆို
ရင် ဒူးရယ်ကိုက်တာရယ် ခွဲကြည့်လိုက်ပါ။ ပေါင်
နာတယ်ဆိုရင်ပေါင်ရယ် နာတာရယ်ကို ခွဲလိုက်
ပါ။ ခြေကျင်တယ် ဆိုရင် ခြေရယ်ကျင်တာရယ်
ခွဲလိုက်ပါ။ခေါင်းမှုးတယ်ဆိုရင်ခေါင်းရယ်မှုးတာ
လေးရယ်ခွဲနားလည်လိုက်ပါ။ နှစ်ခုနှစ်ခုစီရသွား
တယ်။ ဒူးကိုက်တယ်ဆိုရင် ဒူးဆိုတာက မူလ
ခန္ဓာ ကိုက်သဘောလေးက အဖြစ်ခန္ဓာ၊ ပေါင်
နာတယ်ဆိုရင် ပေါင်ဆိုတာက မူလခန္ဓာ၊နာသ
ဘောက အဖြစ်ခန္ဓာ၊ ခြေကျင်တယ်ဆိုရင်ခြေ
ထောက်က မူလခန္ဓာ ကျင်သဘောလေးက
အဖြစ်ခန္ဓာ၊ ခေါင်းမှုးတယ်ဆိုရင်ခေါင်းကမူလ
ခန္ဓာ မှုးသဘောက အဖြစ်ခန္ဓာ။ မူလခန္ဓာနဲ့
အဖြစ်ခန္ဓာကိုခွဲလိုက်ပြီး အဲဒီအထဲမှာတရားရှု
ရမှာက အဖြစ်ခန္ဓာရှုရမှာဆိုတော့ ဒူးကိုက်ရင်
ဒူးကိုမကြည့်ရဘူး။ ကိုက်သဘောကိုပဲ သိ
အောင်ကြည့်ရမှာ။ ပေါင်နာရင်ပေါင်ကိုမကြည့်
ရဘူး။ နာသဘောပဲ ကြည့်ရမှာ။ ခြေကျင်ရင်
ခြေထောက်ကြီးကိုမကြည့်ရဘူး ကျင်သဘော
ဘဲကြည့်ရမှာ။ ခေါင်းမှုးရင်ခေါင်းကိုမကြည့်ရ
ဘူး။ မှုးသဘောကို ကြည့်ရတာ။

အဲဒီအဖြစ်ခန္ဓာကိုယ်အပေါ်မှာ ဉာဏ်ရောက်
သွားရင် ရှုရတာလွယ်သွားပြီး ကိုယ်တိုင်ကိုယ်
တိုင်သိတဲ့ဉာဏ်နဲ့ကိုရှုနိုင်သွားပြီ။ အခုသူတော်
စင်များကို ပညတ်ပရမတ်ခွဲတယ်ဆိုတာ ဒါပဲ။
မူလခန္ဓာဆိုတာက ပညတ်ကြီး။ အဖြစ်ခန္ဓာဆို
တာက ပရမတ်။ ဒါလေးနဲ့ပြန်အစားသွင်းလိုက်
ရင်ရှင်းသွားတာဘဲ။ အခုတရားရှုနေကြတဲ့ သူ
တော်စင်အပေါင်းမှာ ဒီခန္ဓာ နှစ်မျိုး အပေါ်မှာ
သဘောပေါက်သလိုနဲ့တကယ်ရှုတော့သဘော
မပေါက်ဘဲ ရောထွေးသွားကြတယ်။

ကိုယ့်ခန္ဓာကိုယ်အောက်ပိုင်းက တရားရှုလို့များ
နာမှုတွေ ကိုက်မှုတွေ ကျင်မှုတွေက နှိပ်စက်
လာရင် ဒူးကိုက်ရင် ဒူးကြီးကို ပေပြီးကြည့်နေ
ကြတယ်။ ပေါင်ကနာရင် ပေါင်ဆိုတဲ့နေရာကြီး
မှာ ပေပြီးကြည့်နေကြတယ်။ အဲဒီလိုကြည့်တဲ့
နေရာမှာလည်းပဲတဲ့အကြည့်နှစ်မျိုးကွဲပါစေ။
မွေးကတည်းက စပြီး အခုအသက် အရွယ်ထိ
တိုင်အောင် ကြည့်ဆိုရင်အမေမွေးလို့ပါလာတဲ့
မျက်လုံးအကြည့်အားကောင်းနေကြတယ်။
အခုတရားသဘော အဖြစ်ခန္ဓာကိုမြင်ဖို့အတွက်
ကျတော့ မျက်လုံးအကြည့်နဲ့ ကြည့်လို့မရဘူး။
ဉာဏ်အကြည့်လေးနဲ့ ကြည့်ရမှာ အဲဒါကိုလည်း
ရှေးဦးစွာရှင်းပါစေ။ မျက်လုံးအကြည့်မပါစေနဲ့။
ဉာဏ်မျက်လုံးတပ်ပြီး ဉာဏ်လေးနဲ့ကြည့်တတ်
အောင် အလေ့အကျင့်လုပ်ပါ။

ရှုရမှာက အဖြစ်ခန္ဓာ သဘောတရား။ ကြည့်ရမှာ
က ဉာဏ်မျက်လုံးနဲ့ ကြည့်ရမှာ။ ပေါင်တို့ ဒူးတို့
နာတယ် ကိုက်တယ်၊ ဒီနေရာကပြလာပြီ မိမိက
ရှုဆိုတော့ အဲဒီနေရာလေးကို အာရုံပြုပြီးတော့
ဒူးဆိုရင်လည်းဒူးနေရာ၊ ပေါင်ဆိုရင်လည်း ပေါင်
နေရာ၊ အဲဒီနေရာလေးတွေကို နာတာကိုက်တာ
လေးတွေပြလာရင်ကြည့်လိုက်တာ နာတာက ပို
နာလာတယ်။ ကိုက်တာက ပိုကိုက်လာတယ်။
အဲဒီလိုဖြစ်နေတာသည်မူလခန္ဓာပေါ်တင်နေတာ။
ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းပြီးသိတဲ့ အမြင်မျိုးမရပဲ
နဲ့ မျက်လုံးအကြည့်အားသန်နေတယ်။ အဲဒီအချိန်
မှာ ယောဂီသူတော်စင်တို့ရဲ့ မျက်လုံး သတိထား
ကြည့်ပါ။ မျက်လုံးသည် မှိတ်ထားသော်လည်းဘဲ
နာတဲ့နေရာ ကိုက်တဲ့နေရာ ကျင်တဲ့နေရာဆီမှာ
အလေးသာပြီး အားစိုက်ကြည့်နေသလိုမျိုးဖြစ်နေ
လိမ့်မယ်။

အဲဒီလိုအားစိုက်ကြည့်နေသလိုမျိုး ဖြစ်နေပြီဆိုရင်
ကြည့်ရမှာက ဉာဏ်နဲ့ကြည့်ရမှာ မျက်လုံးအကြည့်
ကြီးကို အားကိုးပြီးတော့ အဲဒီနေရာမှာ စူးစူးစိုက်
စိုက်နဲ့အလေးသာသလို စိုက်ကျပြီးတော့ကြည့်နေ
တဲ့အတွက် အစဉ်တန်းတာကိုလည်းဘဲ ထိုးထွင်း
ပြီးတော့ဉာဏ်ကမြင်အောင်မရှုနိုင်ဘူး။ အစိုင်အခဲ
ဆိုတဲ့ပညတ်ကြီးကိုလဲ ထိုးထွင်းပြီးတော့ဉာဏ်က
မလိုက်နိုင်တော့ဘူး။ အဲဒီအချိန်အခါမှာ မျက်လုံး
အကြည့်အားသတ်နေသလို မျက်လုံးကြီးကစိုက်
ကျသလိုဖြစ်နေပါသည်။ ယောဂီများသတိပြုလိုက်
ပါ။အဲဒီကျရင် ကိုယ်ရှုနေတဲ့အရှုခံအာရုံဟာ အဖြစ်
ခန္ဓာကိုရှုရမှာ။ မူလခန္ဓာပေါ်တင်သွားပြီး သူများ
ပါးစပ်ဖျားမှာ လမ်းဆုံးတဲ့ နာမှု၊ကျင်မှုဆိုတဲ့ပညတ်
နောက်ကို ပါသွားပြီ။

ရှုရမှာက ရှုပံ ရှုပံတိ သမနုပဿတိ ဆိုတဲ့ဖောက်
ပြန်တဲ့ သဘောလေးကို ဖောက်ပြန်တဲ့အမြင် ရိုးရိုး
လေးသိရုံပဲ။ အခုတော့ မိမိတို့က ဘယ်လို ရှုလိုက်
လဲဆိုတော့ ရူပံ အတ္တတော သမနုပဿတိ ဆိုပြီး
အသိအမြင်မျိုးနဲ့ သွားရှုနေတယ်။ ရူပံ၊ ဖောက်ပြန်
တတ်တဲ့ သဘောအမှန်လေးကိုဘဲ အတ္တတော၊ ငါ
ငါ့ပေါင် ငါ့ဒူး၊ ပူတယ်၊ နာတယ်၊ ကျင်တယ်၊ ထုံ
တယ်၊ ဒါမျိုးတွေနဲ့သွားရှုနေတယ်။ အဲဒီလိုရှုနေတဲ့
အတွက် အတ္တတော ဆိုကတည်းကိုက သက္ကာယ
ဒိဋ္ဌိနဲ့ရှုနေမှတော့ ယောဂီတို့ရဲ့ အစဉ်တန်းနေတဲ့
သန္တတိလဲ ထိုးဖောက်ပြီး မရှုနိုင်တော့ဘူး။

အဲဒီလိုဖြစ်နေတဲ့ ရူပံ ရူပံတိ သမနုပဿတိဆိုတဲ့
အတိုင်း ဖောက်ပြန်တဲ့ သဘောလေးကို ဖောက်
ပြန်တဲ့အမူအရာလေးတိုင်း အသိအမြင်လေးကိန်း
အောင်ကြည့်လိုက်ပါ။ အဖြစ်ခန္ဓာလေးကို အဖြစ်
ခန္ဓာလေးပေါ်မှာဘဲ ထိုးထွင်းသိတဲ့ ဉာဏ်လေးနဲ့
ကြည့်လိုက်တော့ဆိုရင် မျက်လုံး အကြည့် မပါစေ
တော့နဲ့။ ဒီအချိန်မှာ ဘာနဲ့ ဥပမာပေးရမလဲဆိုရင်
ကြည်လင်နေတဲ့ ရေကန်ထဲကို ခဲလုံးလေး တစ်လုံး
ပစ်ချလိုက်တယ်။ ဒီခဲလုံးလေးဟာ ရေအောက်
ကြမ်းပြင်ကို ထိသွားတော့ ပလုံစီလေးတွေတက်
လာတယ်။ ရေအတွင်းပိုင်းထဲမှာ မိမိကစိုက်ကြည့်
နေတဲ့အခါမှာ ပလုံစီလေးတွေဟာ ရေအောက်
ကြမ်းပြင်ကိုထိသွားတော့ ပလုံစီလေးတွေ တက်
လာတယ်။ ရေအတွင်းပိုင်းထဲမှာ မိမိက စိုက်ပြီး
ကြည့်နေတဲ့အခါမှာ ပလုံစီလေးတွေဟာစပြီးတစ်
လုံး နှစ်လုံး သုံးလုံးတုန်းကတော့ တစ်ခုပြီးတစ်ခု
ရှင်းသလိုလို အဲဒီအတိုင်းပဲ ကိုယ့်ခန္ဓာက နာစ
လေးမှာကျင်စလေးမှာထုံစလေးမှာတုန်းကတော့
ရှုရတာ မပင်ပန်းဘဲနဲ့ သက်တောင့်သက်သာနဲ့
ရှင်းရှင်းလင်းလင်းတစ်ခုချင်းကိုရှုနိုင်သလိုမျိုးကြုံ
ရပါတယ်။

အဲဒီကနေပြီးတော့ ရေအတွင်းပိုင်းကိုစိုက်ကြည့်နေ
တဲ့ အတွက်ကြောင့်မို့လို့ ပလုံစီလေးဟာ ကွဲသွား
တာမရှိဘဲ တစ်လုံးပြီးတစ်လုံး၊ တစ်လုံးပြီးတစ်လုံး
ဟာ အရေအတွက်တွေများလာပြီး အစဉ်တန်းသွား
တယ်။ အစဉ်တန်းသွားတဲ့ သန္တတိပညတ်ကဖုံးသွား
တဲ့အခါကျတော့ ရှုပ်ထွေးတဲ့ အမြင် ကြည့်လို့ကို
ဘယ်လိုမှ မရှင်းတော့ဘဲ အမြင် အာရုံတွေဟာ
မကြည်လင်တော့ဘူး။

အဲဒါဘာနဲ့တူသလဲဆိုတော့ မိမိရဲ့မျက်လုံးအကြည့်
ဟာ အလေးသာသလိုမျိုး ဒူးကိုက်ရင်ဒူးဆိုတဲ့နေရာ၊
ပေါင်ဆိုတဲ့နေရာ၊ ခြေကျင်ရင်ခြေဆိုတဲ့နေရာ၊ အဲဒီ
နေရာမှာ အလေးသာပြီးတော့ ရေအတွင်းပိုင်းမှာ
စိုက်ကြည့်နေသလိုမျိုး ကြည့်တဲ့အတွက် အစဉ်
တန်းလာတဲ့အရာတွေဟာ ရှုပ်ထွေးကုန်တယ်။ တစ်
ခုချင်းတစ်ခုချင်းကို ပီပြင်စွာရှုလို့မရတော့ဘူး။ ဒီအ
ချိန်မှာ ရေအတွင်းပိုင်းထဲမှာ စိုက်ကြည့်နေတဲ့ အ
ကြည့်ကိုရေပြင်ပေါ်မှာရှပ်ကြည့်လိုက်ပါ။ ရေမျက်နှာ
ပြင်ပေါ်မှာရှပ်ကြည့်လိုက်တဲ့အခါမှာ အစဉ်တန်းတာ
သည်သူ့သဘောအတိုင်း သူဖြစ်နေသည်။ ကိုယ်နဲ့
မဆိုင်ဘူး။ ဒါကြောင့်မို့ တရားရှုတယ်ဆိုရင် အဖြစ်
ခန္ဓာလေးတွေ ပေါ်တိုင်း ပေါ်တိုင်း မှာကိုယ်နဲ့မဆိုင်
တဲ့အကြည့် သူစိမ်းဆန်တဲ့အမြင်လို့ ကျေးဇူးတော်
ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာခဲ့တဲ့ စကား
လေးကို မမေ့နဲ့။

သူစိမ်းဆန်တဲ့အမြင်ဆိုတာ ကိုယ်မမြင်ဘူးတဲ့အရာ
ကို ကြည့်နေသလို ကိုယ်နဲ့မဆိုင်တဲ့ အကြည့်ဆိုတာ
ဒီတရားတွေသည် ကိုယ့်သဘောကိုယ့်အကြိုက်မပါ။
သူ့သဘောသူ့အတိုင်း ဖြစ်နေတာလို့ ကိုယ်နဲ့ မဆိုင်
တဲ့အကြည့်လေးမျိုးနဲ့ ကြည့်နေရင် အလွန်ကိုသက်
တောင့်သက်သာ ရှိတယ်။ အဲဒီအတိုင်းဘဲ ရေပြင်
ပေါ်ကို ရှပ်ကြည့်လိုက်တော့ တစ်လုံးချင်း တစ်လုံး
ချင်း တက်လာလိုက် ကွဲသွားလိုက် တက်လာလိုက်
ကွဲသွားလိုက် နဲ့ အစဉ်တန်းနေတာတွေဟာ ကိုယ့်
ကို ဒုက္ခမပေးတော့ဘဲနဲ့ အလွန်အမြင်ရှင်းတဲ့ရှုကွက်
လေးဟာ ရေပြင်ပေါ်မှာရှပ်ကြည့်နေသလို တစ်လုံး
ပွက်လိုက် ပျောက်သွားလိုက် တစ်လုံး ပွက်လိုက်
ပျောက်သွားလိုက်နဲ့ ပိုင်ပိုင်နိုင်နိုင် ရှုနိုင်သလိုဘဲ
မျက်လုံးအကြည့်ကို အဲဒီနေရာက နေပြီး ရှေ့တူရှု
ကိုပို့လိုက်ပါ။

အစဉ်တန်းနေတဲ့ နေရာကို စိုက်ကျနေတဲ့ မျက်လုံး
အကြည့်ကို ရှေကတူရှုကိုပို့လိုက်ရင် အဲဒီအစဉ်တန်း
တာသည် ကိုယ်နှင့်မဆိုင်တော့ဘူး။ ပေါ်လာတဲ့အရှု
ခံကိုလဲ ကိုယ်နဲ့ ရင်းနှီးတဲ့ အသွင်မျိုး နာတာတွေ၊
ကျင်တာတွေ၊ ပညတ်နယ်မှာ ရင်းနှီးတဲ့သွင်မျိုး မရှု
တော့ဘဲနဲ့ ဖောက်ပြန်တဲ့ နှလုံးသွင်း မှန်မှုလေးကို
ပိုင်ပိုင်နိုင်နိုင်အောင်လို့ မျက်လုံးအကြည့်ကို ရှေ့တူ
ရှုပို့ပြီး ဉာဏ်ကလေးနဲ့ စောင့်ကြည့်လိုက်စမ်းပါ။
ဉာဏ်ကလေးနဲ့ စောင့်ကြည့်လိုက်တော့ ခုနအစဉ်
တန်းနေတာသည် ကိုယ်နဲ့မဆိုင်သလို ပေါ်လာတဲ့
အရှုခံဟာလဲ သူစိမ်းဆန်တဲ့ အမြင်မျိုးနဲ့ ကြည့်လာ
နိုင်တဲ့အခါ အစဉ်တန်းတာလဲ ကိုယ့်ကို ဒုက္ခမပေး
တော့ဘူး။ သူစိမ်းဆန်တဲ့ အမြင်ကြောင့်လဲဘဲ နှိပ်
စက်နာကျင်မှုဆိုတဲ့ ပညတ်ပေါ် မတင်တော့ဘဲနဲ့
ဖောက်ပြန်တဲ့ သဘောလေးရဲ့ အမူအရာလေးကို
သူ့သဘောအတိုင်း ကြည့်လိုက်တဲ့အခါမှာ တစစ်
စစ်နဲ့ တနာနာနဲ့ ဉာဏ်အောက်မှာ ဖြစ်လိုက်ပျက်
လိုက် စစ်ကနဲ စစ်ကနဲ နာကနဲ နာကနဲ၊ ကျင်က
နဲ ကျင်ကနဲနဲ့ တစ်ခုပြီး တစ်ခုဟာ ရေပြင်ပေါ်မှာ
တက်ပြီးတော့ ပေါ်လိုက် ကွဲသွားလိုက် ပေါ်လိုက်
ကွဲသွားလိုက် နဲ့ အဲဒီသဘောမျိုးကို ကိုယ့်ရဲ့ဉာဏ်
မှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်လိုက်ပျက်လိုက်နဲ့
ကောင်းစွာမြင်လာလိမ့်မယ်တဲ့။ မျက်လုံးအကြည့်
မပါစေနဲ့နော်။

ကိုယ်တိုင်သိချင်ရင် ကိုယ်ပိုင်ဉာဏ်လေးနဲ့ကြည့်
တတ်အောင်အဲဒီလို သတိထားလိုက် နိုင်တာနဲ့၊
မျက်လုံ့းအကြည့်ကို ရှေ့တူရှု ပို့လိုက် ဉာဏ်နဲ့
စောင့်ကြည့်လိုက်။ အဲဒါဆိုရင် အဖြစ်ခန္ဓာပေါ်မှာ
ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းတဲ့ အမြင်ကောင်းစွာ
ကိန်းသွားပြီး အဲဒီယောဂီသည်သက်တောင့်သက်
သာနဲ့ တရားသဘောအပေါ်မှာဉာဏ်သက်ဝင်ပြီး
ဘယ်လောက် နှိပ်စက် နှိပ်စက် ကိုယ်သာ နာစေ
စိတ်မနာတော့ပါ။ မိမိတို့နဂိုတုန်းက အဖြစ်ခန္ဓာ
ကိုကောင်းစွာဉာဏ်မရောက် အဖြစ်ခန္ဓာကိုထွင်း
ဖောက်ပြီးမကြည့်တတ် ဒီလိုလဲဘဲ ရှင်းရှင်းလင်း
လင်းမသိခဲ့တော့ ကြည့်လေ ပိုနာလေ။ ပိုမခံနိုင်
လေနဲ့ ဒေါသတရားတွေဟာ ကိုယ်နာတာနဲ့အမျှ
စိတ်ကိုပါနာကျင်စေပါတယ်။ ကိုယ်ရောစိတ်ရော
နာကျင်တဲ့အတွက် သမာဓိလဲမတည်။ ဉာဏ်လဲ
မပေါ်တော့ တစ်ချိန်လုံးသည် အရှုံးကြီးဘဲပြသွား
တယ်။

ဒါမျိုး မဖြစ်ရအောင်လို့ မျက်လုံးအကြည့် မပါစေ
ဘဲ ဉာဏ်နဲ့ကြည့်ရမှာပါလားလို့သဘော ရှင်းပြီး
ခန္ဓာနှစ်မျိုးမှာလဲဘဲ ပညတ်ဆိုတဲ့မူလခန္ဓာကိုမရှု
ရဘူးဟေ့။ သဘောဆိုတဲ့ အဖြစ်ခန္ဓာကိုသာရှုရ
မှာပါလားလို့ အဲဒီလိုကျကျနန သဘောပေါက်ပြီး
တော့ အမြင်အာရုံကလဲဘဲ ကံပေးတဲ့မျက်လုံးနဲ့
ကြည့်တဲ့ အကြည့်မျိုး မရောက်အောင်စိုက်ကျနေ
တဲ့ အကြည့်မျိုးကို သတိထားဖယ်ရှင်းပြီးဉာဏ်နဲ့
စောင့်ကြည့်လိုက်စမ်းပါ။ အဲဒီကိုယ်ပိုင်ဉာဏ်နဲ့
သိလာတဲ့အသိအမြင်အောက်မှာ သဘောအမှန်
ရဲ့ ခန္ဓာအပျက်တွေကို ရှင်းရှင်းလင်းလင်းမြင်ရ
သိရရင် သြော် တရားဆိုတာ သဘောပေါက်
တော့လဲ လွယ်လိုက်တာ။ သက်တောင့် သက်
သာလေးနဲ့ရှုရတာ အဆင်ပြေလိုက်တာ။

ကိုယ်ကဘယ်လောက်ဘဲ နှိပ်စက်နှိပ်စက် စိတ်
မှာ နာကျင်မှု မရှိတော့ပါလား။ နကုလပီတာဆို
တဲ့အဖိုးကြီးကို ဘုရားရှင်ဟောခဲ့သလိုဘဲ ကိုယ်
သာနာမယ် စိတ်မနာတော့ဘူး။ အဲဒီအသိ အဲဒီ
အမြင်ကို မရသမျှ ယောဂီသူတော်စင်များကိုယ်
က နာတိုင်း နာတိုင်း စိတ်မှာလဲ မခံမရပ်နိုင်
အောင် ဒုက္ခ ဆင်းရဲတွေ ပေါ်ပြီး တရားရှုရတာ
အဆင်ပြေကြပါ။ ဒါကြောင့်မို့လို့ သဘောရှင်း
သွားရင် ဘယ်လောက်ပဲကြာကြာ ထိုင်လို့ရ
သွားပြီ။ အဲဒီလိုကြည့်တတ်အောင် အစဉ်တန်း
တိုင်း တန်းတိုင်း အစိုင်အခဲသဘောမျိုးပြတိုင်း
ပြတိုင်းမှာ ရေပြင်ပေါ်ကို ပြစ်ချလိုက်တဲ့ ခဲလုံး
ပမာ ရေအတွင်းဘက်ကိုစိုက်ကြည့်နေလို့အစဉ်
တန်းနေတဲ့ ရှုပ်ထွေးမှုတွေကို အမြင် ရှင်းရှင်းနဲ့
ကြည့်နိုင်အောင် ရေမျက်နှာပြင်ပေါ်ကိုရှပ်ကြည့်
သလို ခန္ဓာကိုယ်ရဲ့ပေါ်နေတဲ့နေရာကလေးတွေ
ပေါ်မှာ မျက်လုံး အကြည့်ကြီးပါနေရင် သူ့ကို
သတိထားပြီး ရှေ့ဦးစွာရှင်းလိုက်ပါ။

ဉာဏ်အကြည့်လေးနဲ့ စောင့်ကြည့်လိုက်ရင်တစစ်
စစ်နဲ့ သဘောတရားလေးတွေရဲ့ပေါ်လိုက်ပျောက်
လိုက် တစ်နာပြီး တစ်နာ နာကနဲ နာကနဲရဲ့ ပေါ်
လိုက်ပျောက်လိုက်၊ ကျင်ကနဲ ကျင်ကနဲရဲ့ တစ်
ကျင်ပြီးတစ်ကျင်ရဲ့ပေါ်လိုက်ပျောက်လိုက်တွေကို
ထက်ထက်မြက်မြက်ရှုလာနိုင်မှာ ဖြစ်တဲ့အတွက်
ကြောင့်မို့လို့ကြိုးစားပြီးတော့ နားရှင်းအောင်တော့
သင်ပေးလိုက်ပါတယ်။

ယောဂီများသဘောပေါက်တယ်ဆိုရင်ကိုယ်ကြိုး
စားမဲ့အရှုခံတရားတွေရဲ့အပေါ်မှာပိုင်ပိုင်နိုင်နိုင်အ
မြင်ဉာဏ်လေးတွေရအောင် ကျန်ရှိနေတဲ့ အချိန်
လေးတွေမှာ မူလခန္ဓာနဲ့ အဖြစ်ခန္ဓာကို သဘော
ရှင်းပြီး အဖြစ်ခန္ဓာကို တရားရှုရမှာပါလားလို့ သ
ဘောပေါက်ပြီး ရှုရမဲ့နေရာမှာမျက်လုံးအကြည့်ကို
မပါစေဘဲ ဉာဏ်အကြည့်လေးကိန်းပြီးတော့ သ
ဘောထားမှန်စွာနဲ့ ကိုယ်နဲ့မဆိုင်တဲ့အကြည့်သူစိမ်း
ဆန်တဲ့အမြင်မျိုးလေးတွေရအောင် ကြိုးစားရှုပွား
အားထုတ်ပေးနေကြပါ။

အရှင်ပုညာနန္ဒ
ဝိပဿနာ အလုပ်ပေးတရား

                                                    

0 comments:

Post a Comment