Sunday, April 6, 2014

ရှင်ပြုမင်္ဂလာ

ရှင်ပြုမင်္ဂလာ

၁။ မိမိ၏သားဖြစ်သူကိုရှင်ပြုပေးခြင်းအတွက်
မိဘတို့မှာ ငွေကြေးကုန်ကျများစရာ လိုပါသ
လား။

၂။ သရဏဂုံကိုပီသအောင်မရွတ်ဆိုတတ်သေး
သော ကလေးငယ်များအား ရှင်ပြုပေးခြင်းသည်
သာမဏေစစ်စစ်ဖြစ်နိုင်ပါမည်လော။

၃။ ရှင်ပြုမင်္ဂလာပွဲတွင် သတ္တ၀ါတို့၏အသက်ကို
သတ်ဖြတ်၍ ကျွေးမွေးခြင်းသည်ပြုကောင်းပါ
သလော။

၎။ ရှင်ပြုပွဲ အလှူပွဲလာသူများထံမှ ကူပံ့ငွေကို
လက်ခံထိုက်ပါသလော။

၅။ ပကာသနမဲ့အလှူသည် မည်သို့သောအလှူ
မျိုးနည်း။

အလှူပွဲနှင့်ပါဏာတိပါတကံ
ရှင်ပြုရဟန်းခံပွဲ၊ ကထိန်ပွဲ၊ ဘုန်းကြီးပျံပွဲ စသည်
များတွင်လူအများအားကျွေးမွေးဧည့်ခံရန်ကြက်၊
ဝက်၊ အမဲ၊ စသည်တို့ကို ပြုခြင်းသည် မပြုသင့်
မပြုအပ်သောအမှုဖြစ်သည်။အလှူကိုအကြောင်း
ပြုလျက် မည်သည့်သတ္တ၀ါမျှ ခန္ဓာအသက်ကိုမ
စွန့်လွှတ်စေသင့်။ အလှူပွဲများတွင်သတ္တ၀ါများကို
သတ်ဖြတ်၍ ဧည့်ခံကျွေးမွေးခြင်းသည် သတ္တ၀ါ
ဝေနေယျတို့အပေါ်၌အနှိုင်းမဲ့ကျင်နာသနားတော်
မူသော မြတ်စွာဘုရား၏မဟာကရုဏာတော်ကို
မထောက်ထားရာရောက်ပါ၏။

ရှင်ပြုရကျိုးနပ်စေရန်
သရဏဂုံပီသမှုသည် ရှင်သာမဏေပြုရာတွင်အဓိ
က အချက်ဖြစ်လေရာ သရဏဂုံကိုမှ ပီသအောင်
ရွတ်ဆိုနိုင်မှုမရှိသေးသော ငယ်ရွယ် လွန်းသူများ
အား ရှင်ပြုပေးခြင်းသည် သာမဏေ စင်စစ်ဖြစ်ဖို့
ရန် ခဲယဉ်းလှပေသည်။ ရှင်ဖြစ်သောအခါ၌လည်း
သေခိယ ၇၅ပါး၊ ခန္ဓာက၀ဂ် ၁၄ပါးစသည်တို့ကို
သိရှိပြီး ရှင်ကျင့်ဝတ်နှင့်အညီနေထိုင်နိုင်မှ သာမ
ဏေစင်စစ်ဖြစ်နိုင်ပေမည်။ ကိုရင်ဝတ်ပြီးသင်စရာ
ပရိယတ်လည်းမသင်၊ ကျင့်စရာပဋိပတ်ကိုလည်း
မကျင့်လျှင် ရှင်ပြုရကျိုးမနပ်နိုင်ပေ။

ပကာသနရှင်ပြုပွဲ
ရှင်ရာဟုလာရှင်ပြုစဉ်က မည်သည့်ဆိုင်းဝိုင်းမှ
မပါ။ ကြီးကြီး ကျယ်ကျယ် မဏ္ဍာပ်မထိုး။ မည်
သည့်ပျော်ရွှင်ပွဲမှမပါ။ မည်သည့်ဘိသိက်မှမပါ။
ရှင်လောင်းမလှည့် တိတ်တိတ်ဆိတ်ဆိတ် ရိုးရိုး
အေးအေးရှင်ပြုခဲ့သော ရှင်ရာဟုလာသည် သာ
သနာတော်ဝယ်ရဟန်းအဖြစ်ရာသက်ပန်နေထိုင်
သွားတော်မူပြီး နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြု
တော်မူသွားခဲ့၏။

ယနေ့ သိန်းချီပေးရသော ဆိုင်းဝိုင်း၊ ပျော်ရွှင်ပွဲ
တို့ဖြင့် ကြီးကျယ်ခန်းနားစွာ ဆင်ယင် ကျင်းပ
သော ပကာသနရှင်ပြုပွဲမှ ရှင်ဖြစ်ရသောကိုရင်
ကလေးများသည် သာသနာ့ဘောင်တွင် တစ်
လပြည့်အောင် နေသူပင်ရှား၍ နေစဉ် အခိုက်
လည်းရှင်ကျင့်ဝတ်နှင့်အညီနေထိုင်သူကလည်း
ပါးရှားနေရာ အဘယ်မှာလျှင် သာသနာတော်
အတွက်အကျိုးများသောရှင်ပြုပွဲဖြစ်ပါမည်နည်း။

ပကာသနရှေးရှုသောအလှူ
ရှင်ပြုရာတွင်ပျော်ပွဲရွှင်ပွဲ ကြည့်ချင်ပွဲများ ထည့်
သွင်းခြင်း၊ ၀က်သား အမဲသားကို အကောင်
လိုက်ပေါ်ကျွေးခြင်းတို့သည်သာသနာတော်ကို
အကျိုးရှိစွာအထောက်အပံ့ပြုနိုင်သော အမူအ
လေ့ မဟုတ်သည့်အပြင် အလှူပွဲကိုပင် ဂုဏ်
ပျက်စေတတ်ပါ၏။

မိမိ၏ရင်သွေးငယ်ကို ရှင်သာမဏေအဖြစ်သာ
သနာ့အမွေကို ထိထိရောက်ရောက်ရရှိစေလို
သော ရည်ရွယ်ချက်ဖြင့် ရှင်ပြုပေးသည်လား၊
မိမိ၏ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်ပကာသနကို
မဏ္ဍာပ်တိုင်တက်ပြလိုသောကြောင့် ရှင်ပြုပေး
သည်လား မိမိကိုယ်ကိုအပြန်အလှန် မေးမြန်း
စိစစ်ကြရန်ပင်ဖြစ်ပါ၏။

ပကာသနသို့ရှေးရှုသောအလှူသည် အလှူရှင်
ကို
အကျိုးပေးနိုင်စွမ်းနည်းပါးသည့်အပြင် ဘာသာခြား
တို့၏အမြင်တွင် အထင်သေးဖွယ်ဖြစ်တတ်သော
ကြောင့် သတိထင်ထင်ဆင်ခြင်ကြစေချင်ပါသည်။

အတွေးတိမ်တိမ်
ရှင်ပြုမည့်ကလေးသည် သရဏဂုံပီသအောင်
ရွတ်ဆိုနိုင်သည့်အရွယ်ဖြစ်ရပေမည်။ထို့ပြင်ရှင်
သာမဏေမဖြစ်မီကပင် သေခိယ ၇၅ပါး၊ ခန္ဓက
ဝတ် ၁၄ပါးစသည်တို့ကိုသိရှိအောင်လေ့လာ
ထားရပေမည်။

ပုဆိုး အင်္ကျီဝတ်ခြင်းမှသည် သင်္ကန်းပြောင်းလဲ
ဝတ်လိုက်လျှင် ရှင်သာမဏေဖြစ်ပြီဆိုသောအ
တွေးတိမ်တိမ်ဖြင့်မူမိမိရင်သွေးငယ်အားရှင်မပြု
ပေးသင့်ပါ။

ရှင်ပြုခြင်း
အမှန်စင်စစ် ရှင်ပြုခြင်းသည် သီလ သာသနာ
ထူထောင်ခြင်းပင်ဖြစ်ပါသည်။ ရှင်ပြုမင်္ဂလာ၌ အ
လှူဒါနလုပ်ခြင်းသည် အဓိက မဟုတ်ပါ။ ရှင်ပြု
ခြင်းအတွက်မိဘလုပ်သူတို့မှာ ငွေကုန်ကြေးကျ
အများအပြားကုန်ကျစရာမလိုပါ။ ၀န်လေးဝန်တာ
ဖြစ်စရာမလိုပါ။
၁။ ဆရာဥပဇ္ဈာယ်ရှိမည်။
၂။ ရှင်လောင်းဖြစ်သူသရဏဂုံပီပီသသရွတ်ဆို
တတ်မည်။
၃။ သပိတ်သင်္ကန်းပရိက္ခရာပြည့်စုံမည်ဆိုလျှင်
ရှင်သာမဏေပြု၍ရပါ၏။

ရှင်ပြုပွဲနှင့်ကူပံ့ငွေ
ရှင်ပြုပွဲတွင်အလှူပွဲ ဧည့်ပရိသတ်များထံမှ အလှူ
ငွေကောက်ခံသောအလေ့မှာ အချို့အရပ်ဒေသတို့
၌သာရှိပြီး အရပ်ဒေသအတော်များများ၌ မရှိပါ။
ဤ ဓလေ့သည် စွန့်လွှတ် ပေးကမ်းမှုကို ပြုရသော
ဒါနကို အကြောင်းပြုပြီး ရလိုမှု လောဘဖြစ်သဖြင့်
ရေမှုတ်တစ်ဖက်မီးစတစ်ဖက်ဖြစ်ပါ၏။ လွတ်လွတ်
နှင့်စွန့်လွှတ်ရသော ဒါန၌ လိုချင်မှု လောဘ ပါဝင်
စွက်ဖက်လာခြင်းဖြစ်ပါသည်။ အလှူပွဲသည်ဤသို့
အလှူအကူခံသောဓလေ့ကြောင့် စင်ကြယ်မှု မရှိ
တော့။ မြင့်မြတ်မှုမရှိတော့။ ကူပံ့ငွေကိုလက်ခံရ
ယူပြီး ပကာသနအလှူ လုပ်မည့်အစား မိမိတတ်
စွမ်းသမျှဖြင့်သာ အနှစ်သာရရှိရှိအေးအေးချမ်းချမ်း
ရွှင်ရွှင်လန်းလန်းဒါနပြုသင့်ပါ၏။

ပကာသနမဲ့အလှူပွဲ
အတီးအမှုတ်၊ အဆိုအက၊ ပွဲလမ်းသဘင်ဟူသော
တဏှာနှင့်ယှဉ်သည့် ပကာသနတို့မပါသောအခါ
အလှူပွဲသည် မလိုအပ်သောငွေကုန်ကြေးကျဖြစ်
မှုမှ သက်သာသွားခြင်း။ အလှူရှင်၏လုံ့လစိုက်မှု
နှင့် အာရုံသည် သာသနာရေး သက်သက်ဆီသို့
ရှေးရှုခြင်း၊ အလှူပွဲသို့ ကြွရောက် ချီးမြှင့်သော
သံဃာတော်များအား အပျော်အပါး ဆူညံသံတို့
ဖြင့်အနှောက်အယှက်ဖြစ်မှုမှကင်းဝေးခြင်း၊တိတ်
ဆိတ်အေးချမ်းစွာဓမ္မသံသာလွှမ်းသော အလှူပွဲ
သည် အနှစ်သာရပြည့်သျှမ်းခြင်းစသော အကျိုး
တရားများ ဖြစ်ထွန်းလာပါ၏။ အလှူပွဲတွင်ပျော်
ပွဲရွှင်ပွဲများ မထည့်သွင်းသော အစဉ်အလာ
ကောင်းတစ်ရပ်ကို ထူထောင်နိုင်လျှင်မလိုအပ်
သော ပကာသန အလှူပွဲများ တဖြည်းဖြည်း
ဆိတ်သုန်းသွားပေလိမ့်မည်။

မင်းနန်မော်ကျွန်း
ဓမ္မလမ်းညွှန်စာစုမွန်

0 comments:

Post a Comment