Sunday, April 6, 2014

သဒ္ဓါမျိုးစေ့

သဒ္ဓါမျိုးစေ့

သဒ္ဓါတရားဟာ မျိုးစေ့နဲ့ တူပါသတဲ့။ မိုးတွေ
ဘယ်လောက် ရွာချနေနေ ဘယ်လောက်မိုး
ကောင်းနေနေ၊ မိမိမှာ စိုက်ပျိုးစရာမျိုးမရှိလို့
ရှိရင်ဘာမှမစိုက်နိုင်ဘူး။ ဘာမှ သစ်ပင်တွေ
မစိုက်နိုင်လို့ အကျိုးမရဘူးဆိုပါတော့။
လယ်လုပ်စရာစပါးမရှိလို့ စပါးမရဘူး။
ပြောင်းတွေ၊ ပဲတွေ ဒီ့ပြင့် သစ်သီးတွေစိုက်ပျိုး
ဖို့ရန် မျိုးစေ့ မရှိလို့မို့ မိုးက အင်မတန်ကောင်း
တာ။ မျိုးမရှိလို့မို့၊ မျိုးစေ့ မရှိလို့မို့ ဘာမှမစိုက်
နိုင်ဘူး။ အများ ရလိုက်ကြတာ။ သူဘာမှ မရ
လိုက်ဘူး။ အဲ ..... သဒ္ဓါတရားလဲ မျိုးစေ့နဲ့တူ
တယ်တဲ့။ သဒ္ဓါတရား မရှိတဲ့သူဟာ သူများ
ကုသိုလ်တွေရလို့ သဒ္ဓါတရားရှိတဲ့ ရဟန်းရှင်
လူတွေ ကုသိုလ်တွေ ရလိုက်ကြတာ။ သဒ္ဓါ
တရားရှိတဲ့ ကိုရင်လေးတွေ ကုသိုလ်တွေ ရ
လိုက်ကြတာ။ ကမ္မဋ္ဌာန်း ထိုင်နေတဲ့ ကုသိုလ်
ရယ်၊ သီလထိန်းတဲ့ ကုသိုလ်ရယ် ရလိုက်ကြ
တာ။ ဦးပဉ္ဖင်းလေးတွေရလိုက်ကြတာ။ သဒ္ဓါ
တရားရှိတော့။ သဒ္ဓါတရား မရှိတဲ့သူဟာ ကမ္မ
ဋ္ဌာန်းထိုင်ပါဆိုလဲ မထိုင်ပေါင်။ သီလကို စောင့်
ထိန်းပါဆိုလဲ မစောင့်ထိန်းပေါင်။ ဆရာသမား
မြင်မဲ့ ကိစ္စလောက်သာ သူတို့ကထိန်းတယ်။
ကိုယ့်သဒ္ဓါတရား နဲ့ထိန်းသွားတာမရှိဘူး။ ပြီး
တော့ သူတို့မှာ မျိုးစေ့မရှိသလိုပါပဲ။

လူများမှာလဲပဲ ဒီလိုပဲ။သဒ္ဓါတရားမရှိတော့ သူ
များကို ပေးကမ်းပါ၊ စွန့်ကြဲပါ၊ လှူဒါန်းပါ၊ ဥပုသ်
စောင့်ပါ၊ မစောင့်ပေါင်။ ဘာဝနာ စီးဖြန်းပါ၊ မစီး
ဖြန်းပေါင်။ ဘုရားရှိခိုးပါ မရှိခိုးပေါင်.။
သဒ္ဓါတရားရှိတဲ့သူက မလုပ်ပဲကို မနေနိုင်ဘူး။
ဘုရားမရှိခိုးပဲကို မနေနိုင်ဘူး။ ဘုရားကိုရေတော်
ပန်းတော် မဆက်ကပ်ပဲကို မနေနိုင်ဘူး။ မရှိဆင်း
ရဲသူတွေကို မပေးပဲကို မနေနိုင်ဘူး။ ဥပုသ်စောင့်
ချိန် ဥပုသ်မစောင့်ပဲကို မနေနိုင်ဘူး။ ဘာဝနာပွား
ချိန် ဘာဝနာမပွားပဲ မနေနိုင်ဘူး။ သဒ္ဓါတရား ရှိ
တာနဲ့မရှိတာ အင်မတန်ကွာတယ်ကိုး။

ဒါကြောင့် သဒ္ဓါတရားကို ဗုဒ္ဓမြတ်စွာက မျိုးစေ့နဲ့
လဲတူတယ်။ မျိုးစေ့ရှိလို့ရှိရင် မိုးကောင်းကောင်း
ရွာတဲ့အခါမှာ စိုက်လိုက်ပျိုးလိုက်ရင် နည်းနည်း
ကလေးစိုက်ရင် အများကြီးအကျိုးရတယ်။
ဗုဒ္ဓမြတ်စွာက သဒ္ဓါတရားကို စတည်ထားတယ်။

အရှင်ဇနကာဘိဝံသ
အခြေပြုပဋ္ဌာန်းတရားတော်

0 comments:

Post a Comment