ကောင်းတဲ့အာရုံကိုမြင်တော့ လောဘဖြစ်တယ်။
မကောင်းတဲ့အာရုံမြင်တော့ ဒေါသဖြစ်တယ်။
မကောင်းတကောင်း အာရုံမြင်တော့ မောဟဖြစ်တယ်။
ခန္ဓာထဲ ဥာဏ်တစ်ချက်လောက်လှည့်လိုက်ရရင်
စကြဝတေးမင်း စည်းစိမ်ထက်သာတယ်။
အသက်တစ်ရာနေရတာထက် ဖြစ်ပျက်တစ်ချက်
မြင်ရတာကမြတ်တယ်လို့ ဘုရားကသေသေချာချာ
ဟောထားတယ်။
'ဧကာဟံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ'
အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက် ဖြစ်ပျက်
တစ်ချက်မြင်ရသူက သာပါတယ်။
- [ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ]

0 comments:
Post a Comment