Saturday, June 21, 2014

“မြတ်ဗုဒ္ဓအလိုကျ ပြဿနာ ဖြေရှင်းနည်း ဥပဒေသ” “ ပြဿနာဟူသည် ”


“မြတ်ဗုဒ္ဓအလိုကျ ပြဿနာ ဖြေရှင်းနည်း ဥပဒေသ”
••••••••••••••••••••••••••••••••••••••••••••••••••
“ ပြဿနာဟူသည် ”
•••••••••••••••••
“ပြဿနာ” ဟူသည် အကျိုးစကားလုံးဖြစ်သည်။
ပြဿနာလောက်ကိုသာ အပေါ်ယံကြည့်၍ ရှူတ်ချ
အပုတ်ချခြင်းသည် “အသိဉာဏ်နည်းသူများ၏
လုပ်ရပ်” ဖြစ်သကဲ့သို့ ၊
တစ်ပါးသူ လွန်ကျူးမိသော အပြစ်ကို အများတကာသိအောင်
ကြိုးစားခြင်းသည် “စိတ်ပုတ်၊စိတ်ယုတ်”ရှိသူများ၏
လက္ခဏာ ပေတည်း။
“လောဘ ၊ ဒေါသ ၊ မောဟ” ရှိသူမှန်သမျှသည်
ပြဿနာကို လုပ်လေ့ရှိကြသည်။ ခြောက်ပြစ်ကင်း သဲလဲစင်
ဟူသည် ပုထုဖဉ်လူသားတွေမှာ မရှိနိုင်ပါဘူး။ လောဘကို
မထိန်းနိုင်ခြင်း ဒေါသကို မထိန်းချုပ်နိုင်ခြင်း မောဟကို
မပယ်သတ်နိုင်ခြင်းတို့ကြောင့် ယနေ့ခေတ် လွန်ပြီး
ခေတ်တွေမှာ ပြာဿနာပေါင်းစုံ အရှုပ်ပေါင်းစုံဖြစ်ပေါ်နေခြင်း
ဖြစ်သည်။
နောင်လာမည့်ခေတ်တွေမှာလဲ ဖြစ်လာဦးမည်တည်း။
ပုထုဇဉ်လူသားမှန်သမျှသည် အပြစ်ကို လုပ်နေဦးမည်တည်း။
ထို့ကြောင့် ပြဿနာ၏ အကြောင်းတရားသည်
လောဘ ဒေါသ မောဟ တို့ပေတည်းဟု
သတိနှင့် သိရှိထားရပေမည်။
ပြဿနာဟူသည် လောဘ ဒေါသ မောဟတို့ဖြင့်
လွန်ကျူးလာသော အပြစ် ပေတည်း။
ထိုကို ပြဿနာဟု ခေါ်ဝေါ်ကြသည်။
တစုံတယောက် ပြဿနာလွန်ကျူးမိခဲ့လျှင်
လွန်ကျူးသူ တစုံတယောက်သည် မိမိလွန်ကျူးမိသော
အပြစ်ကို ရင်ဆိုင်ဖြေရှင်းသင့်သည်။
ပတ်ဝန်းကျင်ကလည်း ထိုသူ၏ လွန်ကျူးမှုကို
ကူညီဖြေရှင်းပေးသင့်သည်။
အော် လောဘကို မထိန်းနိုင်လို့ ၊ ဒေါသကို မတားနိုင်လို့ ၊
မောဟတရား အားကြီးလို့ ဒီလိုအပြစ်တွေဖြစ်တာပါ
လားလို့ ကိုယ်တိုင်းလည်း “သင်္ခန်းစာ” ယူသင့်သည်။
အပြစ်သည် လူမြင်သာသည်။
အပြစ်၏ “အကြောင်းတရား”သည် အမြင်ရခက်သည်။
ထို့ကြောင့် လောကတွင် အပြစ်တွေ့လာတိုင်း ၊
အပြစ်ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရားကို အခြေမြစ်သိရအောင်
လေ့လာဖို့ လိုလာသည်။ အပြစ်ကို ဖုံးကွယ်ကာ ဖြေရှင်းသင့်သည်။
လော်စပီကာနှင့် အော်ကာ အများသူငှာ အသိပညာ ရရှိစေဖို့
ဝေငှရမည့် ကြော်ငြာ ပစ္စည်းမဟုတ်ပေ။
ယခုခေတ်မှာတော့ ဘလော့ပေါ် ၊ အင်တာနက် စာမျက်နှာပေါ်
ဖြန့်ဝေရမည့် သတင်းလည်းမဟုတ်သလို ၊
အများ သူငှာ သိသင့်သည် အင်ဖော်မေးရှင်းလည်း မဟုတ်ပေ။
မည်ကဲ့သိုအပြစ်ပေါ်လာလျှင် မည်ကဲ့သို့ ဖြေရှင်းသင့်သည်ဟုသာ
ဖြေရှင်းနည်းကိုတော့ဖြင့် အင်ဖော်မေးရှင်းအဖြစ် ဝေငှမည်ဆိုလျှင်
ဝေငှနိုင်ပါသည်။ သို့ဖြင့် မဟုတ်ဘဲ မည်သူက မတရားလုပ်သဖြင့်
ထိုမည်သူသည် လူယုတ်မာကြီးဟု အများသူငှာသို့ ဖြန်ဝေလျှင်တော့
ထိုဖြန့်ဝေသူကိုယ်တိုင်ပင် လူယုတ်မာကြီးဖြစ်လာ ပေတော့သည်။
ယနေ့ခေတ် အများစုသည် မိမိထံသို့ရောက်လာသော
အင်ဖော်မေးရှင်းများကိုဖတ်ကာ ရေးသားဖော်ပြသည့်
အကြောင်းအရာလောက်ကိုသာ အဟုတ်ကြီးထင်ကာ
သံယောင်လိုက်၍ “မတရားဘူး၊ မလုပ်သင့်ဘူး၊
ဒီလိုကြီး လုပ်တာ လူယုတ်မာပဲ” စသည်ဖြင့် ဝေဘန်ကြသည်၊
အတင်းတုတ်ကြသည်။ အပုတ်ချကြသည်။
အင်ဖော် မေးရှင်းရေးသူ သို့မဟုတ် ဖော်ပြသူ၏
အတွင်းစိတ်သည် ဤအကြောင်းအရာကို မည်သည့်
ရည်ရွယ်ချက် မည်သို့ မည်ပုံရေးသည်ကို လေ့လာမဆန်းစစ်ကြပေ။
အင်ဖော်မာ (စာရေးသူ)သည် ပြဿနာတစုံတခုကြောင့်
ဖြစ်ပေါ်လာသည့် အကျိုးဆိုးကို တပါးသူတို့ ဆင်ခြင်စေဖို့ ၊
အသိပညာရစေဖို့ ဝေငှလိုလျှင် ဖြစ်ပေါ်လာသော
ပြဿနာ၏ ဆိုလိုရင်း အကြောင်းတရား ဖြစ်ပေါ်လာသော
“ဆိုးကျိုး” များကို ဓမ္မဒိဋ္ဌာန်ကျကျ ရေးသားသင့်သည်။
အသင်းအဖွဲ့ သို့မဟုတ် ကာယကံရှင်တို့၏ အမည်များကို
သုံးစွဲခွင့်မရှိပေ။ သုံးစွဲမည်ဆိုခဲ့လျှင် ခွင့်တောင်းရပေမည်။
သို့တည်းမဟုတ်ပဲ ခွင့်ပြုချက် မရှိပဲ အင်ဖော်မေးရှင်းအဖြစ်
ရေးခဲ့လျှင် အင်ဖော်မာသမားသည် အသင်းအဖွဲ့ သို့မဟုတ်
ကာယကံရှင်တို့အပေါ် မကျေနပ် အမုန်းပွားသော စိတ်ဖြင့်
ရေးသားခြင်းသာ ဖြစ်ချေ၏။ ထို့ကြောင့် အင်ဖော်မာသမား
သည်လည်း ဒေါသကိုမထိန်းနိုင်၍ ကိုယ်တိုင်ပင်
သူတပါးကို အပုတ်ချခြင်း ၊ ရှုတ်ချခြင်း ၊
“ဗျာပါဒ အပြစ် အကုသိုလ်” လွန်ကျူးနေတော့၏။
ဆုတ်ကပ်ခေတ်ဖြစ်သော ယနေ့ကမ္ဘာကြီးတွင် မကြာ
မကြာ ပြဿနာများ ပေါ်လာကြပေလိမ့်မည်။
ဓမ္မဒိဋ္ဌာန်ကျကျ မိမိတို့ ရှု့မြင်သုံးသပ်ကာ ဒါကြောင့် ပြဿနာဖြစ်တာပဲ၊
ဒီလိုမဖြစ်အောင် ဒို့တွေ ရှောင်ကြဉ်ကြစို့ဟဲ့ဟု သင်္ခန်းစာယူရမည်။
မိမိဝန်းကျင်မှာ ပြာဿနာဖြစ်လာလျှင် ၀ိုင်းဝန်း၍ အသိပညာဖြင့်
သိုသိုသိပ်သိပ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်သည်။
ထို့ကြောင့် ပြာဿနာဖြေရှင်းနည်းများကို
“မြတ်ဗုဒ္ဓ ဟောကြား နည်းပေးသည့်အတိုင်း”
အများသူငှာ သိရှိစေဖို့ ဝေငှလိုက်ပါသည်။
“အဓိကရဏ - ပြဿနာ” (၄) ခုရှိသည်။
••••••••••••••••••••••••••••••••••••••••••
(၁) ၀ိဝါဒါဓိကရဏ- ငြင်းခုံခြင်းပြဿနာ၊
(၂) အနုဝါဒါဓိကရဏ- စွပ်စွဲခံရခြင်းပြဿနာ၊
(၃) အာပတ္တာဓိကရဏ- အပြစ်လွန်ကျူးခြင်းပြဿနာ။
(၄) ကိစ္စာဓိကရဏ- လူမှုရေးဖောက်ဖျက်ခြင်းပြဿနာ။
“သမထ (ပြဿနာဖြေရှင်းနည်း) (၇)-ခု”
•••••••••••••••••••••••••••••••••••••••••••
(၁) “သမ္မုခါဝိနယ” - စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသော ဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း၊
(၂) “ေယဘုယ်သိကာ၀ိနယ” - သမာသမတ္က်ေသာ
အများ သူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း)
အဆုံးအဖြတ်ဖြင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၃) “သတိဝိနယ” - သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊
(၄) “အမူဠ၀ိနယ” - ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း။
(စိတ်ဖောက်ပြန်သူများအတွက်)
(၅) “ပဋိညာတကရဏ၀ိနယ” - အပြစ်လွန်ကျူးကြောင်း
ဝန်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊
(၆) “တဿပါပိယသိကာဝိနယ” - လွန်ကျူးပါလျက် ၊
မလွန်ကျူးဟု အတင်းငြင်းချက် ထုတ်သူအား
သက်သေအထောက်အထား အရလွန်ကျူးနေသူ(သို့မဟုတ်)
သံသယဖြစ်ဘွယ်ရှိသူ ဟုသာ အသိမှတ်ပြု၍ စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၇) “တိဏ၀တ္ထာရက ၀ိနယ” - မစင်အညစ်ကြေးတို့သည် အနံ့ဆိုးဝါး
လှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန် မြတ်သစ်ရွက်
တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး ၊တွင်းတူး၊ဖုံးအုပ်ထားသကဲ့သို့)
ပြဿနာသည် မငြိမ်းအေးပဲ ကြီးထွားမလာစေရန်နှင့် ညီညွတ်နေမှုတို့
ကွဲပြားပျက်စည်းမှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိုနှိုင်းခြင်းမပြုပဲ
တဦးနှင့်တဦး ၊တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက် ခွင့်လွှတ်နားလည်မှုဖြင့်
ငြိမ်အေးစေခြင်း- တို့ဖြစ်သည်။
“ပြဿနာနှင့် ဖြေရှင်းနည်း တွဲအသုံးပြုပုံ”
•••••••••••••••••••••••••••••••••••••••••••
■“၀ိဝါဒါအဓိရုဏ်”( ငြင်းခုံခြင်းပြဿနာ) ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံ ရသူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသောဓမ္မ၊ ရေးစွဲထားသည့်
ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည်
အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၂) ယေဘုယျသိကာဝိနယ- သမာသမတ်ကျသော အများ
သူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း) အဆုံးအဖြတ်ဖြင့်
စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း နည်းနှစ်ခုဖြင့် ဖြေရှင်းပါ။
■“အနုဝါဒါဓိကရုဏ်” (စွပ်စွဲခံရခြင်း ပြဿနာ) ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ ၊ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသော ဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊
(၃) သတိဝိနယ- သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊
(၄) အမူဠ၀ိနယ- ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း၊
(၆) တဿပါပိယသိကာဝိနယ- လွန်ကျူးပါလျက် မလွန်ကျူးဟု
အတင်းငြင်းချတ်ထုတ်သူအား သက်သေအထောက်အထားအရ
လွန်ကျူးနေသူ (သို့မဟုတ်) သံသယဖြစ်ဘွယ်ရှိသူ ဟုသာ
အသိမှတ်ပြု၍ “စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း” ဟူသော
နည်းလေးနည်းတို့ဖြင့် ဖြေရှင်းပါ။
■“အာပတ္တာဓိကရဏ” (အပြစ်လွန်ကျူးခြင်းပြဿနာ)ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ ၊ အစွပ်စွဲခံရ သူဟူသော ပုဂ္ဂိုလ်၊
တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ် ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ် ညှိနှိုင်း ဖြေရှင်းခြင်း၊
(၅) ပဋိညာတကရဏ၀ိနယ- အပြစ်လွန်ကျူးကြောင်း
ဝန်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊
(၇) တိဏ၀တ္ထာရက ၀ိနယ- မစင်အညစ်ကြေးတို့သည် အနံ့
ဆိုးဝါးလှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန်
မြတ်သစ်ရွတ်တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး၊
တွင်းတူး ဖုံးအုပ်ထားသကဲ့သို့) ပြဿနာသည် မငြိမ်းအေးပဲ
ကြီးထွား မလာစေရန်နှင့် ညီညွတ်နေမှုတို့ ကွဲပြားပျက်စည်း
မှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိနှိုင်းခြင်းမပြုပဲ
တဦးနှင့်တဦး ၊ တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက်
ခွင့်လွှတ်နားလည်မှုဖြင့် ငြိမ်အေးစေခြင်း။
နည်းသုံးနည်းဖြင့် ဖြေရှင်းပါ။
■“ကိစ္စာဓိကရဏ” (လူမှုရေးဖောက်ဖျက်ခြင်းပြဿနာ)- ကို-
~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ ၊ အစွပ်စွဲခံရသူဟူသော
ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊
သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း၊ ဖြင့်သာဖြေရှင်းပါ။
မြတ်ဗုဒ္ဓ ချပေးထားသည့် ပြဿနာဖြေရှင်းနည်းတွင်
အများသူငှာ အသိရစေဖို့ ၊ ရှောင်ကြည်နိုင်စေဖို့
ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ဖော်ထုတ်ရမည်ဟု မပါချေ။
စာဖတ်သူတို့ နားလည်မည်ထင်ပါသည်။
“မှုခင်းဂျာနယ်” များကို ဖတ်ဖူးလျှင် သိပါမည်။
ကာယကံရှင် တို့၏ အမည်များ ၊ ဓာတ်ပုံများ ၊
သုံးစွဲမည်ဆိုလျှင် ခွင့်တောင်း ရပါသည်။ခွင့်ြ
ပုချက်ယူရပါသည်။
သို့မဟုတ်ဘဲ နာမည်ဓာတ်ပုံမှာ ကာယကံရှင်
ခွင့်ပြုသည်မဟုတ်ပဲ သုံးစွဲလျှင် လူအခွင့်အရေး
ဥပဒေအရသော်လည်းကောင်း ၊လူ့ကျင့်ဝတ်အနေရသော်
လည်းကောင်း သုံးစွဲသူ ဖော်ပြသူအား တရားစွဲလို့ရပါသည်။
ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ရေးသားလာသော သတင်းနှင့် အကြောင်း
အရာတို့သည် အမှန်စင်စစ် သတင်းမဟုတ်ပေ။
ဗဟုသုတ ဖြစ်ဖွယ်နှင့် အများသူငှာ ဖတ်သင့်သည့် အရာမဟုတ်ချေ။
တကယ်စင်စစ် စိတ်ဓာတ် အင်အားနည်း၍
အပုတ်ချ၊ရှုတ်ချ ခြင်းသာ ဖြစ်ချေသည်။
ပုဂ္ဂိုလ်ကို အမုန်းပွား အာဃာတထားခြင်းမျှသာ ဖြစ်ချေသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကြသည်ဟု
ဆိုကြသည့် ညီ အကို၊ အမ ညီမငယ်များတို့ ...
တကယ်ပင် ငါတို့သည် ဗုဒ္ဓ၏ အဆုံးမကို လိုက်နာသူများ
ဖြစ်သည်လော၊မဖြစ်သည်လော၊ စာပေတွေဖတ်
ဆရာတော်ပေါင်းများစွာ ဟောသမျှကို နာယူ ဖတ်နာရုံမျှ
သက်သက်မျှဖြင့် ငါတို့ တော့ ဆရာကြီးဖြစ်ပြီဟု ကိုယ့်ကိုယ်
အထင်ကြီးကာ သူတပါးပြဿနာကို လေလိုင်းမှာ ဖွ၊
ငါသာ ဆရာကြီးဖြစ်သည်ဟု ကြွားဝါနေသည့်
ပုဂ္ဂိုလ်ဖြစ်နေသလော၊မဖြစ်နေသလောဟု
ပြန်လည် ဆန်းစစ်သင့်ပေသည်။
သဒ္ဓါနည်း၍ ဆရာကြီးရောဂါပေါများနေသည့် ခေတ်ကြီးမှာ
သတိထားစရာပင် ဖြစ်ပါ၏။
ဗုဒ္ဓ၏တရားတော်များနှင့် ချိန်ထိုးကြည့်လျှင် မိမိ.ဘာ..
ဆိုတာကို နားလည်နိုင်မည်ဖြစ်ပါ၏။
န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတံ၊
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိစ
-(ဓမၼပဒ)
တပါးသူ အပြစ်၊ တပါးသူ လုပ်သည် မလုပ်သည်တို့ကို
မကြည့်လေနှင့်၊ကိုယ့်အပြစ် ကိုယ်လုပ်သည် ၊
မလုပ်သည်ကိုသာ ကြည့်လေ။
ပရ၀ဇ္ဇာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော
အာသ၀ါ တဿ ၀ဎုန္တိ၊ အာရာ သော အာသ၀က္ခယာ။
-(ဓမ္မပဒ)
တပါးသူ အပြစ်ကို စီလိုအပေါက်ရှာ ကြည်နေသူများမှာ
မည်သို့ပင် တရားတွေနာ ၊ စာအုပ်တွေဖတ်နေစေကာမူ
အကုသိုလ်တိုးပွား ကိလေသာထူ ကိလေသာ ချေးညှော်တွေ
ဆူသဖြင့် နိဗ္ဗာန်နှင့် ဝေးလေတော့သတည်း။
(ဗြဟ္မစိုရ်တရားများဖြင့် - ဦးမနက်ဖြန်)
[yaw community မှ ကူးယူ ပူဇော်မျှဝေပါသည်။

0 comments:

Post a Comment