Monday, June 23, 2014

ရပ်ပြစ်ရှစ်ပါးကိုကော တိတိကျကျ ရေတွက်တတ်ရဲ့လား

ရပ်ပြစ်ရှစ်ပါးကိုကော တိတိကျကျ
ရေတွက်တတ်ရဲ့လား။

ဗုဒ္ဓဘာသာဝင်တို့သည် သြကာသကန်တော့ချိုး
ဖြင့် ရှိခိုးသည့်အခါ ရပ်ပြစ်ရှစ်ပါးမှကင်းလွတ်ရ
ပါစေကြောင်း အခါခါပင်ဆုတောင်းခဲ့ကြသည်။
ဆုပင်တောင်းသော်လည်း ရပ်ပြစ်ရှစ်ပါးကို တိ
တိကျကျ ရေတွက်တတ်သူနှင့် မရေတွက်တတ်
သူ နှိုင်းယှဉ်ကြည့်လျှင် မရေတွက်တတ်သူက
ပိုများမည်ထင်မိပါသည်။

တိတိကျကျရေတွက်တတ်သူ သိသူများသည်
အဘယ်ကြောင့် ကင်းလွတ်ပါလိုကြောင်းဆု
တောင်းခဲ့ကြပါသနည်း။ အဖြေကား အရပ်
ဌာနဘုံနေရာသည် ပင်ကိုအားဖြင့်ပင် အပြစ်
ဖြစ်နေသည့်အတွက် အရပ်ပြစ်ဟုဆိုထားခြင်း
ဖြစ်သောကြောင့် အဖြေကရှင်းနေပါချေပြီ။
အရပ်ပြစ်မှ အ ကိုဖြုတ်ထားပြီး ရပ်ပြစ်ရှစ်ပါး
ဟု ဆိုကြခြင်းဖြစ်သည်။ နဂိုသဘာဝကပင်
လျှင် အပြစ်ဖြစ်နေသည့် အရပ် ( ၈ ) မျိုးရှိ
သည်။ ၄င်းတို့မှာ
၁။ ငရဲဘုံ၌ဖြစ်ရသောသူ
၂။ တိရစ္ဆာန်ဘုံ၌ဖြစ်ရသောသူ
၃။ ပြိတ္တာဘုံ၌ဖြစ်ရသောသူ
၎။ လွန်စွာသက်တမ်းရှည်၍ ရုပ်မရှိသော
အရှုပဗြဟ္မာနှင့် ရုပ်သက်သက်သာရှိသော
အသညသတ်ဗြဟ္မာဖြစ်ရသူ၊
၅။ ပစ္စန္တရာဇ်အရပ်၌ ဖြစ်ရသောသူ = ဤ၌
ပစ္စန္တရာဇ်အရပ်ဟူသည် တိုင်းစွန်ပြည်ဖျား
လမ်းပန်းဆက်သွယ်ခက်ခဲ၍ ဝေါဟာရစကား
မပြည့်စုံမကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်၌
ဖြစ်ရသောသူပင်ဖြစ်သည်။
၆။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းသည့်အယူဝါဒကိုဆုပ်
ကိုင်ထားသည့် အမျိုးအနွယ်၌ ဖြစ်ရသူ။
၇။ ဒုပ္ပည = အသိဉာဏ်လူစဉ်မမှီသူ ( သို့ )
သုဂတတိအဟိတ်ပဋိသန္ဓေနေခဲ့သူနှင့်
၈။ သာသနာပကာလ = ဘုရားမပွင့်သည့်
ခေတ်ကာလကမ္ဘာ၌ ဖြစ်ရသူတို့ပင်ဖြစ်ကြ
သည်။ ဤအရပ်ဌာနများ၌ ဖြစ်လာသူများ
သည် မြတ်ဗုဒ္ဓ၏တရားဓမ္မကို ကြားနာခွင့်
မရခြင်း၊ ကြားနာခွင့်ရသော်လည်း အနက်
အဓိပ္ပာယ်ကို သိနိုင်စွမ်းမရှိခြင်းကြောင့်ဤ
အရပ်ဌာန ( ၈ ) ခုကို ရပ်ပြစ်ရှစ်ပါးဟုခေါ်
ခြင်းဖြစ်သည်။

အထက်ပါရပ်ပြစ်ရှစ်ပါးကိုပင် မြတ်ဗုဒ္ဓသည်
အင်္ဂုတ္တရနိကာယ် အက္ခဏသုတ္တန်၌ ဟော
ကြားတော်မူခဲ့သည်။ အက္ခဏဟူသည် တရား
အားထုတ်ရန်အခွင့်မရှိသော ခဏအချိန်အခါ
ဟု အဓိပ္ပါယ်ရသည်။ အက္ခဏပါဠိမှ အ ကို
ဖြုတ်လျှင် ခဏ ဖြစ်လာသည်။ ခဏဟူသည်
အခွင့်ဟု အဓိပ္ပါယ်ရပြီး သြကာသနှင့်အဓိပ္ပါယ်
တူသည်။ ဤသည်မှာရပ်ပြစ်ရှစ်ပါးနှင့်စပ်လျဉ်း
၍ သိစေရန် တင်ပြလိုက်ခြင်းပင်ဖြစ်သည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် ၁၀၀ ။

0 comments:

Post a Comment