Monday, March 9, 2015

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ အန္ဓပုထုဇဉ်


ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ အန္ဓပုထုဇဉ်
ရွှေဟင်္သာဆရာတော်ဘုရားကြီးက အမတဂါမိနီတရားတော်မှာ အန္ဓပုထုဇဉ်ရဲ့
သဘော လက္ခဏာ (၁၁) ချက်ကို ဖေါ်ပြထားပါတယ်။
၁။ အထူးထူး အပြားပြားသော ကိလေသာကို ဖြစ်စေတယ်။
၂။ အထူးထူးသော ဘုရားအမည်ခံ ကိုးကွယ်ရာ ဆရာများရှာပြီးလည်း ကိုးကွယ်တယ်။
၃။ သက္ကာယဒိဋ္ဌိကို မပယ်သတ်နိုင်ဘူး။
၎။ သေရင် အပါယ်ဂတိလားရာ ရှိတယ်။
၅။ အထူးထူးသော လောကီကုသိုလ်၊ အကုသိုလ်တွေကို လုပ်တယ်။
၆။ သြဃလေးအင် ရေအလျင်မှာ မြှပ်မျော၊ ပေါ်မျော နေတတ်တယ်။
၇။ ကိလေသာ အပူမီးမျိုးစုံ ပူလောင်ကျွမ်းနေတယ်။
၈။ ကာမဂုဏ် အလွန်အလိုရှိသောကြောင့်လည်းကောင်း။ ကာမဂုဏ်တို့ စွဲမက်ခြင်း
အားကြီး၍ ၄င်းကိလေသာတို့၌ ကပ်ငြိလျက်ရှိတယ်။
၉။ နိဝရဏတရားတို့ဖြင့် ပိတ်ဆီးလျက်ရှိတယ်။
၁၀။ အရိယာတို့ရဲ့တရားဆိုရင် မျက်နှာလွှဲတယ်၊ ယုတ်ညံ့တဲ့ကိုယ်အကျင့်ရှိသူတို့၏
အကျင့်ကိုတော့ နှစ်သက်တယ်။
၁၁။ သီလဖြူစင်တဲ့ အကျင့်ရှိတဲ့ အရိယာတို့နှင့် အသီးအခြား နေတတ်တယ်။ ဒါတွေအားလုံး
ဘာကြောင့်ဖြစ်ရသလဲဆိုရင် အန္ဓပုထုဇဉ်ရဲ့ကိုယ်မှာ သုတပုဒ္ဓိဉာဏ်မရှိလို့၊ အကြားအမြင်
မရှိလို့ ဖြစ်တယ်လို့ ကျမ်းဂန်မှာဆိုတယ်။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }


0 comments:

Post a Comment