Friday, March 20, 2015

ပကတိ အမာရွက်။



ပကတိ အမာရွက်။
==========
အခု မှတ်မိတဲ့အကြောင်းက သုံးတန်းက ဆရာမအကြောင်းပေါ့။ ဆရာမကိုတွေ့တော့
ကိုယ့်ရဲ့စိတ်ထဲမှာ သနားတာလိုလို၊ အဲဒီလို မဖြစ်စေချင်တာလိုလို၊ ဆရာမကိုမဖြစ်စေချင်သလို
ကိုယ်လည်း အဲဒီလို မဖြစ်ချင်ဘူး။ ဆရာမရဲ့ ပါးပြင်မှာ အမာရွက် တစ်ခုရှိတယ်။ အမာရွက်ဆို
တာ ထိခိုက်မိလို့ ရတဲ့အမာရွက်မျိုး မဟုတ်ဘူး။ ပြာပြာအရောင် နီညိုရောင် အမှတ်ကြီးတစ်ခု။
ပါးပြင်ကနေ လည်ပင်းဘက်အထိ ရောက်တယ်။ 
ဆရာမကို ကြည့်ပြီး သနားမိတယ်။ သြော်..ဒီအရွယ်နဲ့ ဒီလိုအမာရွက်မျိုးကြီးကို ပါးပြင်
မှာ ဘယ်ဖြစ်ချင်ပါ့မလဲ။ ကျောင်းအလာ မနက်မှာ ဘယ်လိုပဲ သနပ်ခါး ထူထူလိမ်း လာလာ၊ ည
နေရောက်တော့ သနပ်ခါးက ပါးပြီးတော့ ပျက်သွားပြီ။ အဲဒါကို မြင်ပြီးတော့ ဆရာမဆီမှာ ဒီအ
မာရွက်ကြီး၊ ဒီအမှတ်ကြီးကို မရှိစေချင်ဘူး။ ပျောက်သွားအောင် ဘယ်လို လုပ်ပေးရမလဲ။ ကိုယ်
လည်း အဲသလို အမာရွက်ကြီး မဖြစ်ချင်ဘူး။
ဘာလို့များ ဒါကြီး ဖြစ်တာပါလိမ့်ဆိုတာ စိတ်မကောင်းတဲ့ စိတ်မျိုး ခဏခဏ ပေါ်တယ်။
လောကမှာ လူဆိုတာ အသိဉာဏ်ရှိကြတဲ့သူတွေ ချည်းပါပဲ။ အသိဉာဏ် ရှိလာတာနဲ့အမျှ 
မကောင်းတာဆို မကြိုက်ချင်ကြဘူး။ ကောင်းတာဆို ကြိုက်တယ်။ မကောင်းကျိုးကို မကြိုက်ကြ
ဘူး။ ကောင်းကျိုးကို ကြိုက်ကြတယ်။ ဒီနေရာမှာ အသိဉာဏ် ရှိလာတာနဲ့အမျှလို့ ပြောတော့
လောဘနဲ့ ကြိုက်တာကို ဒေါသနဲ့ မကြိုက်တာကို ပြောတာ မဟုတ်ပါဘူး၊ ဒီလိုတော့ ဉာဏ်နဲ့
လောဘ၊ ဒေါသနဲ့ကွာခြားမှုရှိတယ်ဆိုတာ သိသာပါတယ်။ မကောင်းကျိုးကြီးကို မကြိုက်ဘူး။
ကောင်းကျိုးကြီးကို ကြိုက်တယ်။ အဲဒီ ကောင်းကျိုးရအောင် လုပ်ရမယ့် ကောင်းကြောင်းကို
ကြိုက်တယ်။ အဲဒီလို ဉာဏ်နဲ့ကြိုက်တယ် မကြိုက်ဘူးဆိုတာလည်း ရှိပါတယ်။
အသိဉာဏ် ရှိတဲ့သူ ဆိုတာက မကောင်းကျိုး၊ ဆိုးကျိုးကို မကြိုက်ရုံနဲ့ မပြီးဘူး။ 
ဒီမကောင်းကျိုး၊ ဆိုးကျိုးကြီးက ဘယ်ကနေ စဖြစ်တာလဲ သိရပါတယ်။ ဒီလိုဖြစ်အောင် လုပ်ခဲ့
လို့ ဖြစ်တာဆိုရင် အဲဒီလိုမျိုးကို နောင်အခါ ငါကဖြစ်အောင် မလုပ်ဖို့ပဲ။ ဒီအသိမျိုး ရှိရပါတယ်။
ဆိုးကျိုး၊ မကောင်းကျိုးကြီးကို ဖြစ်စေတဲ့ ဆိုးကြောင်း၊ မကောင်းကြောင်းကို မလုပ်မိဖို့၊ စိတ်မ
ကူးမိဖို့ အသိဉာဏ်ရှိလာပါတယ်။ အဲဒီလိုထိအသိလေးရှိလာမှ အဲဒါကို အသိဉာဏ်လို့ခေါ်ပါတယ်။
အဲဒီလိုပဲ ကောင်းတဲ့ချမ်းသာချည်းပဲ ကြိုက်ရုံနဲ့ မရဘူး။ အဲဒီ ကောင်းတဲ့ချမ်းသာတာကို
ရအောင် ကောင်းကြောင်းတွေ ဘာတွေလုပ်ရမလဲ၊ ကောင်းကြောင်းတွေ ဘာတွေပြောရမလဲ၊
ကောင်းကြောင်းတွေ ဘာတွေစိတ်ကူးရမလဲ၊ အဲဒီ အကြောင်းရင်းတွေကိုလည်း သိရမယ်။ ဒါက
လည်း အခု သာသနာ့ဘောင်ရောက်မှ ဘုရားသားတော် ဖြစ်ပြီးမှ ဒီလို ပြောပေးနိုင်တာပါ။ 
ကိုယ့်ကိုယ်ကို ပြန်စဉ်းစားပါ။ ငါရော အရွယ်မရွေး ကြုံရဆုံရတာတွေကို အသိဉာဏ်နဲ့
သိသလား?။ ဘ၀ဆိုတာ အကောင်း၊ အဆိုးတွေနဲ့ ဖြစ်ပျက်နေတာ သဘာဝပါ။ အဲဒီ သဘာဝ
အကျိုးတရားတွေမှာ အကြောင်းတရားတွေဆိုတာ ရှိတယ်။ အဲဒီ အကြောင်းတရားတွေကို အ
နည်းဆုံးတော့ ဒီအသိတရားလေးနဲ့ “ ဒီ အကျိုးကောင်းရအောင် ဒီ အကြောင်းကောင်းလေးကို
လုပ်ရတယ် ” ။ “ဒီ အကျိုးဆိုးတွေ ရှောင်ချင်ရင် ဒီ အကြောင်းဆိုးတွေကို ရှောင်ရမယ် ” လို့
သိရင်ကိုပဲ အလွန်ကျေးဇူး များပါတယ်။ 
တကယ်တမ်းပြောရရင် ဗုဒ္ဓမြတ်စွာ သာသနာတော်မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ
ဆိုတာ အဲဒီ အကြောင်းအကျိုး ရှိတယ်။ အကြောင်းနဲ့အကျိုး ဆက်စပ်မှုကို နားလည်တယ်။ အ
ကျိုးကိုကြည့်ပြီး အကြောင်းကို သိရတယ်။ အကြောင်းကိုသိပြီး အကျိုးကို မြင်ရတယ်။ ဒီလိုလေး
သိဖို့ကို အများကြီး လိုအပ်ပါတယ်။
လောကမှာ လောဘဇောနဲ့ စီးပွားရှာ လုပ်ကိုင်စားသောက် နေကြတာတွေ၊ မကျေနပ်မှု
ဒေါသ၊ နားလည်မှုမရှိတဲ့ မောဟနဲ့ အသိဉာဏ်နည်းပြီး လုပ်ကိုင်စားသောက် နေကြတာတွေဟာ
ကိုယ်မသိလို့သာပါ။ ကိုယ့်နဖူးမှာ ပကတိ အမာရွက် မရှိပေမဲ့လို့ ဘေးက သူတော်ကောင်းတွေ
ကြည့်ရင် ကိုယ်နဖူးမှာ အမာရွက်ကြီးတွေကို အရာထင်လို့။ အဲဒါ မကောင်းတဲ့ လုပ်ရပ်တွေရဲ့
အကျိုးဆက် မကောင်းကျိုးကြီးတွေပဲ။
အကုသိုလ်လုပ်လို့ ဆိုးကျိုးတွေ ဖြစ်နေတာပဲ။ ဆိုးကျိုးဆိုတာ အဆင်မပြေတာ တစ်ခု
တည်းကို ပြောတာမဟုတ်ဘူး။ ကိုယ်က သီလမရှိရင်၊ ကိုယ်က သမာဓိမရှိရင်၊ ကိုယ်က ပညာမ
ရှိရင်၊ ကိုယ်က ကုသိုလ်ကောင်းမှု မရှိရင်၊ ကိုယ်က စိတ်ကောင်းမရှိရင် ဆိုးကျိုးတွေများ လိုက်
တာလို့ ပြောရမှာပဲ။
ဒါကြောင့်မို့ ဖြစ်စေချင်တာက အကြောင်းအကျိုးကို နားလည်စေချင်တယ်။ နားလည်ပါ။
ကြုံလာခဲ့ရတဲ့ ဆိုးကျိုးတွေဟာ ကိုယ့်အကြောင်းဆိုးခဲ့လို့၊ ကိုယ်ဆုံလာခဲ့ရတဲ့ ကောင်းကျိုးတွေ
ဟာ ကိုယ့်ကောင်းကြောင်းတွေ လုပ်ခဲ့လို့ ဆိုတာကို အသိတရားနဲ့ လက်ခံစေချင်တယ်။ ပကတိ
အမာရွက် အမှတ်မည်းကြီးပါတာမျိုးဟာ အရင်မသိလို့ ဖြစ်ခဲ့တာမို့ ထားခဲ့ပါတော့။ ဒီအသိတရား
ကိုရရှိပြီး အရင်တုန်းက လောဘ၊ ဒေါသ၊ မောဟနဲ့ အသိဉာဏ်နည်းပြီး မသိလို့ လုပ်ခဲ့တဲ့ မျက်
နှာအမာရွက်တွေက ရှိရင်လည်း မတတ်နိုင်တော့ဘူးပေါ့။ ဒီကရှေ့လျှောက် အသိဉာဏ်မဲ့ အသိ
ဉာဏ် နည်းပြီးတော့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကိုယ့်မျက်နှာ ကိုယ့်နဖူးကို ပညာရှိသူတော်
ကောင်းတွေ ကြည့်တိုင်းကြည့်တိုင်း “ ဘ၀ အမာရွက်ကြီးနဲ့ပါလား ” လို့ အမြင်မျိုး မမြင်စေရ
အောင် အကြောင်းအကျိုးသဘော နားလည်ပြီး ကောင်းတာတွေ လုပ်ကြပါ၊ ပြောကြပါ၊ စိတ်ကူး
ကြပါ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံအောင် ကြိုးစားကြပါ။
မိမိတို့ ဘ၀မှာ ဆိုးကျိုးတွေ ကင်းပျောက်ပြီးတော့ ဘ၀မျက်နှာကောင်းအောင် ပုံရိပ်
ဖေါ်နေတဲ့ သူတော်ကောင်းတွေဖြစ်ပြီး ကောင်းကျိုးချမ်းသာတွေ ခံစားစံစားကာ နိဗ္ဗာန်ထိ စံဝင်
နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။

0 comments:

Post a Comment