Saturday, March 7, 2015

ငါကိုယ်တိုင် သောတာပန် တည်ပြီလား။



ငါကိုယ်တိုင် သောတာပန် တည်ပြီလား။
===================
၁။ မဟာသောတာပန်အနေနဲ့ ဒိဌိဝိစိကိစ္ဆာ အစရှိတဲ့ တရားတွေကိုသာ ပယ်သတ်နိုင်တာ
လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ(ငိုက်မြည်းမှု)၊ ဥဒ္ဓစ္စကုက္ကစ္စ(စိတ်ပျံ့လွင့်မှု) ဆိုတဲ့ ပုထုဇဉ်တို့ မပယ်
နိုင်သေးတဲ့ တရားတွေကို ပယ်နိုင်တာချင်းတူပေမယ့်လို့ မိုးကုတ်ဆရာတော်ကြီးက လောကီအ
လို ပြောလို့ရှိရင်ဖြင့် ပုထုဇဉ်က ဖြစ်ကြောရှည်၊ သောတာပန်က ဖြစ်ကြောတိုတယ်တဲ့။ ဒုက္ခ
ချုပ်ငြိမ်းပြီးသား ပုဂ္ဂိုလ်ကတော့ မပယ်နိုင်သေးတဲ့ ကိလေသာဖြစ်သွားရင် ဖြစ်သွားပြီလို့ ဉာဏ်
အသိကလေးက ချက်ချင်း(သိ) လိုက်တယ်။ လောဘ၊ ဒေါသ၊ မောဟ ထတိုင်း,ထတိုင်း ပေါ်
တိုင်း,ပေါ်တိုင်း နောက်က ချက်ချင်းသိတာသည် သောတာပန်၏ အသိပါပဲ။
၂။ မဟာသောတာပန်အနေနဲ့ မပယ်နိုင်သေးတဲ့ လောဘ၊ ဒေါသ၊ မောဟ အစရှိသည်
တို့ဟာ ပုထုဇဉ်လိုပဲ ဖြစ်တတ်ပါတယ်။ ဖြစ်ပင်ဖြစ်ငြားသော်လည်း လွန်ကျူးခဲ့တဲ့ ကိလေသာ
တွေကို ရှိမှန်းသိတဲ့အတွက် ခန္ဓာဖြစ်ပျက်ရှုပြီးသကာလ ငြိမ်းအေးအောင် လုပ်နိုင်တဲ့ စိတ်နေ
စိတ်ထား သဘောသွားရှိလျှင် သောတာပန်ပါပဲ။
၃။ ဗုဒ္ဓရဲ့သာသနာတော်မှတစ်ပါး တခြားတစ်ပါးသော သာသနာမှာဖြင့် သောတာပန်
သဒါဂါမ် အနာဂါမ် ရဟန္တာ မရှိနိုင်ဘူးဆိုတဲ့၊ ဒီဗုဒ္ဓရဲ့သာသနာတော်မှတစ်ပါး တခြားသောသာ
သနာမှာ ထွက်ရပ်လမ်းကို မရှိဘူးလို့ ဒီလိုသိတာဟာ သောတာပန်ရဲ့အသိပါပဲ။
၎။ ရဟန်းများမှာတော့ လွန်ကျူးမိတဲ့ အာပတ်အတွက် ချက်ချင်းပဲ ဒေသနာကြားချင်
တယ်၊ လူများမှာကျတော့ မပယ်နိုင်တဲ့ကိလေသာကြောင့် အပြစ်သင့်သွားတဲ့အတွက် မြန်မြန်
ဝန်ချတောင်းပန်ပြီးသကာလ ပြေပျောက်အောင် လုပ်နိုင်တဲ့ စိတ်နေစိတ်ထားဟာလည်း သော
တာပန်တို့ရဲ့ စိတ်နေစိတ်ထား သဘောသွားပါပဲ။
၅။ သောတာပန်လည်း အလုပ်ထဲမှာပဲ နေထိုင်တဲ့အတွက် ကိစ္စကြီးငယ်ကြောင့် ကူပါဦး
ကူပါဦး ဆိုရင် ကူချင်ယူချင်တဲ့စိတ်တော့ သောတာပန်မှာ ပေါ်တာပါပဲ။ ဒီလိုရုံးပြင်ကနားတို့ကို
လိုက်ပင်လိုက်ငြားသော်လည်း သူ့ရဲ့ သမ္မာဝါစာ -မှန်တာပြောမယ်၊ သမ္မာကမ္မန္တ -မှန်တာပဲလုပ်
မယ်၊ သမ္မာအာဇီဝ -မှန်တဲ့အသက်မွေးဝမ်းကျောင်းပဲလုပ်မယ်ဆိုတဲ့ အဓိသီလ သုံးပါးနှင့်တကွ
အဓိသမ္မာဓိ၊ အဓိပညာတွေကို ဘယ်တော့မှ အပျက်မခံတော့တဲ့ စိတ်နေစိတ်ထားဟာလည်း
သောတာပန်တို့ရဲ့ စိတ်နေစိတ်ထားပါပဲ။
၆။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်၊ တရားတွေကို ဘုရားက ဟော-ဟော၊
သံဃာအရှင်မြတ်တွေ ဟော-ဟော၊ သည်လိုဟောနေတဲ့အခါမှာ အာရုံတစ်ပါး စိတ်မသုံးပဲနဲ့၊
အနက်အဓိပ္ပါယ်ကိုပါသိပြီး တရားနာနေတဲ့ စိတ်နေစိတ်ထားဟာလည်း ပုထုဇဉ်နဲ့ မတူတဲ့ သော
တာပန်တို့၏ တရားနာနည်းပါပဲ။
၇။ နာပြီးသည်၏ အခြား၌ ခန္ဓာဉာဏ်ရောက် သဘောပေါက်ပြီးသကာလ ၀မ်းမြောက်လို့
မဆုံး၊ မျက်လုံးဖွင့်ပေးတဲ့ ပုဂ္ဂိုလ်ကြီးဆိုပြီး ကြည်ညိုလို့ကိုမဆုံး ကျေးဇူးတင်လို့မပြီး၊ ၀မ်း
မြောက်သက် ရှည်လေ့ရှိတယ်။ ဒီအချက်ဟာလည်း ပုထုဇဉ်နဲ့မတူတဲ့ အချက်ပါပဲ။
ဖေါ်ပြပါ (၇) ချက် ကိုယ့်စိတ်ထဲ ပေါ်လာလို့ရှိရင် ငါ သောတာပန်တည်လို့ပဲလို့ ဆုံးဖြတ်
ချက် ချနိုင်ပြီ ဖြစ်ပါတယ်။
{ ဦးစောလှထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့ မှ ထုတ်နုတ်ရေးသားပူဇော်
ပါသည်။ }

0 comments:

Post a Comment