ကိုယ်ကိုယ်တိုင် ပါရမီရှင်ဖြစ်အောင်။
ပညာပါရမီ ဖြည့်တဲ့ပုဂ္ဂိုလ်ဟာ ပညာအကြောင်းပဲ လုပ်နေရပါမယ်။ ပညာတတ်အောင် လေ့လာ
နေရပါမယ်။ ပြောဆိုနေရပါမယ်။ စိတ်ကူးနေရပါမယ်။ ပညာနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်နေရပါ
မယ်။ ပညာကို အားရပါးရ လေ့လာဆည်းပူး လိုက်စမ်းပါ။ အဲဒါကို ပညာပါရမီ ဖြည့်တယ်လို့ ခေါ်ပါ
တယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့တဲ့အခါ တစ်ဦးစီ၊ တစ်ဦးစီ ဘယ်ဘာသာ အားနည်းသ
လဲ။ အားနည်းတာမျိုး သင်ပေး၊ ဆိုဆုံးမပေး၊ အဲဒီလို လုပ်ပေးရပါတယ်။ ပညာပါရမီ ဖြည့်တာပါ။
အဲသလို ပါရမီဖြည့်တဲ့အခါမှာ ကိုယ်လုပ်သမျှ အလုပ်တွေ ပါရမီဖြစ်ဖို့၊ ကိုယ်ပြောသမျှ အပြော
တွေ ပါရမီဖြစ်ဖို့၊ စိတ်ကူးသမျှတွေ ပါရမီဖြစ်ဖို့ လိုပါတယ်။ ပညာတတ် ဖြစ်ချင်ရင် ကိုယ်လုပ်သမျှ
ဟာလည်း ပညာပါရမီဖြစ်ဖို့ လိုပါတယ်။ အဲဒါက လွဲသွားတာနဲ့ ပါရမီတွေ ပျက်စီးကုန်ပြီ။ အဲဒါက လွဲ
သွားတာနဲ့ လိုရာခရီးလည်း မရောက်နိုင်တော့ပါဘူး။
ဘုန်းတော်ကြီး မြတ်စွာဘုရား ဖြစ်လာတာဟာ ပါရမီဖြည့်ခဲ့လို့ပါ။ ပါရမီကို သူများဖြည့်ပေးလို့
မရပါ။ ကိုယ့်ဘာသာ ကိုယ် ဖြည့်ရပါတယ်။ ပညာတတ်အောင် သူများက ဖြည့်ပေးလို့ မရပါ။ အမေက
ဝိုင်းပြီး စာတွေ အော်ကျက်ပေးလည်း မရဘူး။ အဖေက အော်ကျက်ပေးလည်း မရပါဘူး။ ဆရာ၊
ဆရာမတွေက ဘယ်လောက် သင်ပေးသင်ပေး၊ သင်ပေးရုံနဲ့ မရပါဘူး။ ကိုယ်ကိုယ်တိုင် ရအောင်
ကျက်မှ ရတာပါ။
ဒီ အသိဉာဏ်တွေ ကိုယ့်စိတ်ထဲ ပြည့်အောင် လုပ်ရပါမယ်။ ဒီ ယဉ်ကျေးမှုတွေ ကိုယ့်စိတ်ထဲ
ပြည့်အောင် လုပ်ရပါမယ်။ ဒါကို ပါရမီ ဖြည့်တယ်လို့ ခေါ်ပါတယ်။ ပါရမီ ဖြည့်ချင်ရင် လူမျိုးမရွေး၊
ဘာသာမရွေး၊ စိတ်ကောင်းလေးနဲ့ ကောင်းတဲ့ အလုပ်တွေကို လုပ်လိုက်စမ်းပါ။ ကောင်းတဲ့ အပြော
တွေကို ပြောလိုက်စမ်းပါ။ ကောင်းတဲ့ စိတ်ကူးတွေကို စိတ်ကူးလိုက်စမ်းပါ။
သူများအပေါ် သနားဂရုဏာရှိဖို့ အရေးကြီးပါတယ်။ သနားဂရုဏာ ဘယ်လောက် အရေးကြီး
သလဲဆိုရင် ဂရုဏာရှိမှ ပါရမီ ပြည့်ပါတယ်။ ပါရမီရှင်ကြီးတွေ ဖြစ်ချင်တယ်ဆိုရင် သူများ အားကိုးခံ
နိုင်အောင် လုပ်ရပါမယ်။ ဒါကြောင့် သူများအားကိုး ခံနိုင်အောင် (၁) ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ (၂)
သူများတွေက ကိုယ့်ကို ယုံကြည်အောင် လုပ်ပါ။ (၃) ကိုယ့်ထက်သာတဲ့ လူတွေကို ယုံကြည်ပါ။ သား
သမီးဆိုရင် မိဘ ယုံကြည်အောင် နေလိုက်စမ်းပါ။ ညီအစ်ကို မောင်နှမတွေဆိုရင် အချင်းချင်း ယုံ
ကြည်အောင် နေလိုက်စမ်းပါ။
အဲဒီ ပုဂ္ဂိုလ်မျိုးဟာ သူများအားကိုးစရာ ဖြစ်တယ်။ အားကိုးစရာ ဖြစ်မှသာ ပါရမီဖြည့်လို့ ရပါ
တယ်။ အလုံးစုံသော သတ္တ၀ါတို့ရဲ့ အကျိုးငှာ မိမိတို့ ဆောင်ရွတ်ပေးရင် ပါရမီ ဖြည့်တယ်လို့ ခေါ်ပါ
တယ်။ သူများတွေအတွက် အကျိုးရှိအောင်လည်း လုပ်ပေးရတယ်။ ကိုယ်က ဆောင်ရွတ်ပေးလိုက်လို့
အကျိုးရသွားရင် အဲဒီ အကျိုးလေးဟာ ထပ်ခါထပ်ခါ တိုးသွားတယ်။
အဲဒီ အကျိုးတွေ တိုးသွားတာကို စီး ပွါးလို့ခေါ်တယ်။ အဲဒီ တိုးသွားတဲ့ စီး ပွါး အကြောင်းပြု
ပြီး ချမ်းသာရင် လူ,နတ်,ဗြဟ္မာ သတ္တ၀ါတို့ အကျိုးငှာ၊ စီး ပွါးအလို့ငှာ မိမိတို့ ဆောင်ရွတ်ပေးရင် ပါရ
မီဖြည့်တယ်လို့ ခေါ်ပါတယ်။ သူများတွေကို၊ ပါရမီရှင်တွေကို အားကျနေမယ့် အစား ကိုယ်ကိုတိုင်
ပါရမီရှင် ဖြစ်အောင်လုပ်လို့ ရပါတယ်။ ပါရမီရှင် ဖြစ်အောင် ဘာအရင်းအနှီးလိုလဲ ဆိုတော့ သနား
တတ်ရပါမယ်။ ကိုယ်ကိုတိုင် စွမ်းဆောင်၊ အရည်အချင်တွေ ပြည့်အောင် လုပ်ရပါမယ်။
အဲဒီလို ဆောင်ရွတ်နိုင်တာကို ပါရမီရှင်လို့ ခေါ်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး လေး
သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဘုရားဖြစ်ခါနီးဘ၀ ခဏထား၊ ဟိုး..အစကတည်းက သတ္တ၀ါတွေ အပေါ်
မှာ သနားဂရုဏာ ထားခဲ့ပါတယ်။ စွမ်းနိုင်တာလည်း ပါတယ်။ စွမ်းနိုင်မှ သူများအားကိုး မှာပါ။ ပါရမီ
ဖြည့်ဖို့အတွက် သနားလည်း သနားတတ်ရပါမယ်။ သူများ အားကိုးအောင်လည်း နေတတ်ရပါမယ်။
ဖြစ်အောင် ကျင့်ရန် မခက်ပါ။ လူမျိုးမရွေး၊ ဘာသာမရွေး ကျင့်နိုင်ပါတယ်။
ဒါကြောင့်မို့ ကိုယ်လုပ်သမျှ၊ ကိုယ်ကြံစည်သမျှတွေဟာ ပါရမီဖြစ်အောင် လုပ်ပါ။ ပါရမီ ဖြစ်ဖို့
ဆိုရင် သနားတတ်တဲ့ စိတ်ရယ်၊ ကိုယ့်အရည်အချင်း ကိုယ်ဖြည့်ဖို့ရယ် လိုပါတယ်။ ဘုရားရှင် ကိုယ်
တော်မြတ်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာ၊ တရားစစ်ကို တကယ် ကြည်ညိုတယ်ဆိုရင် အဲဒီ သီလ၊ သမာ
ဓိ၊ ပညာ၊ အဲဒီ တရားအစစ်တွေကို ဖြည့်ရပါမယ်။
ကိုယ့်ကိုယ်ကို လူတိုင်းအားကိုးလောက်တဲ့ အရည်အချင်းရှိအောင် ဖြည့်ဆည်းနိုင်သဖြင့် ကိုယ်
ကိုယ်တိုင် ပါရမီရှင်ဖြစ်ပြီး နိဗ္ဗာန်ဆီသို့ လှမ်းနိုင်ကြပါစေကုန်သတည်း။ ။
{ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ လိုရာခရီးရောက်ဖို့  မှ ကောက်နုတ်ရေးသားပူဇော်ပါသည်.။}
0 comments:
Post a Comment