Monday, June 15, 2015

“အမာတာ ပုတ္တိကဘေး”



“အမာတာ ပုတ္တိကဘေး”
==============
စင်စစ်ဆိုသော်၊ ၀ါရွက်ရော်သို့
ရင့်ရော်ကြွေလု၊ အိုမင်းမှုနှင့်
နာမှုသေရေး၊ ဤသုံးဘေးသာ
ဖြစ်ပေါ်လာသော်၊ မာတာမိခင်
သားရွှေစင်ကို၊ ကယ်တင်မရ
ချစ်သားလှလည်း၊ မိဘကိုပင်
မကယ်တင်နိုင်၊ သောကလှိုင်၍
သည်းဆိုင်ပြတ်မျှ၊ ဆင်းရဲရဟု
ဗုဒ္ဓမြတ်စွာ မိန့်သတည်း။ ။
------------------------------------
“ဘေးကြီးများမှ လွတ်ကြောင်းအကျင့်”
=======================
မီးဘေးရေဘေး၊ သူပုန်ဘေးနှင့်
အိုဘေးနာသေ၊ လွတ်လိုလေလျှင်
မြတ်ကျင့်စဉ်ကား၊ မဂ္ဂင်ရှစ်ပါး
အစဉ်ပွားဟု၊ ဘုရားမြတ်စွာ မိန့်သတည်း။ ။
(အံ့ ၁၊ ၁၇၉-၁၈၀)
{၁၉၈၃ ခု အောက်တိုဘာလ။ ချမ်းမြေ့ဆရာတော် အရှင် ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}

0 comments:

Post a Comment