Friday, June 26, 2015

ဓမ္မဒူတအရှင်ဆေကိန္ဒ သိခဲ့တဲ့ တရားသဘော။



ဓမ္မဒူတအရှင်ဆေကိန္ဒ သိခဲ့တဲ့ တရားသဘော။
=================
ဘုန်းဘုန်းကလည်းပဲ ကိုယ့်ဘ၀ ဒီဘ၀ရဲ့အစကို ဘုန်းဘုန်း မှတ်မိတာလေး တစ်ခု
ပြောကြည့်ပါအုံးမယ်။ တစ်နေ့တော့ အဖေအမေတို့ အိမ်မှာမရှိကြဘူး ရွာထဲကိုကိစ္စတစ်ခုနဲ့
သူတို့သွားကြတယ်။ မှတ်မိတာကတော့ အချိန်က ည(၇)နာရီ လောက်ပေါ့။ မှောင်လာပါပြီ
မိုးတွေကလည်း အုံ့အုံ့နဲ့ မည်းနေတာပဲ။ ညအမှောင် အိမ်တစ်လုံးမှာ မိုးမှောင်မိုက်အတွင်း
ကလေးအရွယ် ညီအစ်ကို နှစ်ယောက်ထဲ ကျန်နေတဲ့ အချိန်မှာ မှတ်မိနေပါတယ်။
ညီလေးအသက်က တစ်နှစ်မပြည့်သေးဘူး၊ ဘုန်းဘုန်းက နှစ်နှစ်ခွဲ သုံးနှစ်ပေါ့၊ အဲဒီ
နေ့အဲဒီညက ကောင်းကင်တစ်ခုလုံး မိုးတွေမှောင်ပြီးတော့ မည်းလာတယ်။ လျှပ်စီးလက်
တယ်၊ မိုးချုန်းသံတွေလည်း ကြားရတယ်၊ အဲဒါနဲ့ ဘုန်းဘုန်းကနိုးလာတယ်၊ နိုးလာတော့
အိပ်ယာကနေ ထပြီး ထိုင်လိုက်တယ်။ ဘေးပတ်ဝန်းကျင် အကုန်လုံး မှောင်မည်းပြီး တစ်
ချက် တစ်ချက် လျှပ်စီးတွေက လက်နေတယ်။ ဒီနေရာမှာ ဘုန်းဘုန်းအဓိက ပြောချင်တာ
က ငါ့ဘ၀ရဲ့ အစဟာ အကြောက်တရားနဲ့ စ ခဲ့ပါလား ? ။
အဲဒီအချိန်မှာ ကြောက်စိတ်နဲ့ ကြည့်လိုက်တော့လည်း အနားမှာ ကိုယ့်ညီလေးပဲ ရှိ
တယ်။ တစ်အိမ်လုံးမှာ မျက်စိနဲ့ ရှာကြည့်လိုက်တော့ အဖေလည်း မရှိဘူး၊ အမေလည်း
မရှိဘူး၊ ပတ်ဝန်းကျင်မှာ တစ်မိုးပြင်လုံးကိုမှောင်မည်းနေတာပဲ၊ လျှပ်စီးတွေလက်နေတယ်
ပတ်ဝန်းကျင် အခြေအနေကလည်းေ ကြာက်စိတ်တွေကို ထပ်ပြီး၊ ထပ်ပြီး၊ တိုးအောင်၊
တိုးအောင် လုပ်ပေးနေတယ်။
ကိုယ်ကကြောက်ကြောက်နဲ့ ထထိုင်နေတုံး လျှပ်စီးအလက်မှာ အိမ်ရှေ့သရက်ပင်ကြီး
ရဲ့ခြေရင်း တစ်ပေလောက် အမြင့်မှာ မျက်လုံးကြီး အကြီးကြီးနှစ်လုံးကို တွေ့တယ်၊ မျက်
လုံးကြီးနှစ်လုံးက ၀င်းခနဲ လက်သွားတယ်၊ မှောင်လို့မဲလို့ ကြောက်ရတဲ့အထဲ မျက်လုံးကြီး
ကြီး နှစ်လုံးကို ၀င်းခနဲ လက်ခနဲ တွေ့တယ်ဆိုတော၊့ အဲဒီ အချိန်မှာ အဖေလည်း မရှိဘူး၊
အမေလည်း မရှိဘူး။ အဲဒါနဲ့ ပိုပြီး ကြောက်သထက် ပိုကြောက်သွားတယ်။ ငါ့ဘေးမှာ ငါ့
ညီလေး အိပ်လို့ရှိသေးတယ်၊ ငါ ဒီလောက် ကြောက်နေရင် ငါ့ညီလေး နိုးလာရင် ဘယ်လို
လုပ်မလဲပေါ့၊ သူလည်းကြောက်မှာပဲ၊ အကြီးဖြစ်တဲ့ ငါက ဒီလောက်ကြောက်ပြနေရင် ညီ
လေးက ပိုပြီး ကြောက်မှာပေါ့ .... လို့ အသိကလေး ၀င်လာတယ်။
အဲဒီတော့ မဖြစ်သေးပါဘူး၊ ဒီမျက်လုံးကြီး နှစ်လုံးက ဘာကောင်ကြီးလဲ မသိဘူး။ ဒီ
အကောင်ကြီးက ကိုယ့်ဆီများ လာလေမလား ?။ ဒီတစ်ခါတော့ ဘာကောင်ကြီးလဲဆိုတာ
သေသေချာချာ ကြည့်ဦးမယ် ဆိုပြီး ကြည့်တာပေါ့။ ဒါပေမဲ့ ကြည့်တိုင်း မမြင်ဘူးလေ။ မြင်
အောင်လို့ လျှပ်စီးအလက်ကို စောင့်နေရသေးတယ်။
ပထမတုန်းက လျှပ်စီးလက်မှ အဲဒီ မျက်လုံးကြီး နှစ်လုံးကို မြင်ရတာ၊ စောင့်ကြည့်ရ
တာမဟုတ်ဘူး။ ကြောက်လိုက်တာ။ ဒီတစ်ခါတော့ လျှပ်စီးမလက်ခင် ကိုယ်က ဒီအကောင်
ကြီး ရှိတဲ့ဆီကို သေချာသိအောင်လို့ ကြည့်ပြီး မှောင်ထဲမှာ စောင့်နေတာ။ အဲဒီ အခါမှာ
လျှပ်စီးက ဖျက်ကနဲဆို လက်ချလိုက်တာ။ “လားလား ငါးသေတ္တာဘူးခွံ နှစ်ခု” ။ လျှပ်စီး
လက်တော့ သူကလည်းလက်တာကိုး။ ကိုယ်က ကြောက်လို့သာ ကြောက်တဲ့စိတ်နဲ့ ကြည့်
လို့သာ ငါးသေတ္တာဘူးခွံက လျှပ်စီးနဲ့ အရောင် လက်တာကို အကောင်ကြီး တစ်ကောင်ရဲ့
မျက်လုံးလို့ ထင်တာ။
အဲဒီ ကတည်းက ဘုန်းဘုန်းရဲ့ ဘ၀မှာ ဒီ အတွေ့အကြုံကြောင့် ငယ်ငယ်ကတည်းက
လောကကြီးမှာ “ဘာကိုပဲ ကြည့်ကြည့် ကြောက်စိတ်နဲ့ ကြည့်ရင် အကုန်လုံးက ကြောက်
စရာတွေချည်းပဲ” ဆိုတဲ့ အသိလေး ရခဲ့တယ်။
အဖေအမေကလည်း မရှိ၊ အားကိုးစရာ မရှိတော့ ကိုယ်ကကြောက်လို့ ကြောက်စိတ်
နဲ့ ကြည့်လိုက်တော့ အကုန်လုံး ကြောက်စရာချည်းပဲ။ အဲဒါနဲ့အတူတူ ဆက်ပြီးတော့ ဉာဏ်
ရှိသမျှ စဉ်းစားရင်၊ ဒေါသနဲ့ ကြည့်ရင် ကြည့်သမျှဟာ ဒေါသ ဖြစ်စရာတွေ ချည်းပါပဲ။
ကြိုက်တတ်တဲ့ လောဘနဲ့ ကြည့်ရင် အကုန်လုံး လိုက်ကြည့်လို့ မြင်မြင်သမျှဟာ ကြိုက်စ
ရာတွေချည်း။ လောဘ ဖြစ်စရာတွေချည်းပဲ။ “မသိနားမလည်တဲ့ မောဟနဲ့သာ မျက်လုံး
ဖွင့်ထားရင် ဘာမှ သေသေချာချာ သိမှာ မဟုတ်ပါဘူး။ ”
“ သြော်... လောကကြီးဆိုတာ ဒီလိုသဘောတွေနဲ့ပါလား ” .. လို့ သိလာတယ်။ ဒါ
ကြောင့်မို့ ဘုန်းဘုန်းဟာ ငယ်ငယ်တုံးက ကိုယ်မြင်တဲ့ အမြင်ဟာ မှန်ရဲ့လား။ ကိုယ်တွေး
တဲ့ အတွေးဟာ မှန်ရဲ့လား။ ကိုယ်လုပ်တဲ့ အလုပ်ဟာ မှန်ရဲ့လား။ ငါ့ကိုက ငါ့စိတ်ကိုက
လောဘဖြစ်နေလို့ကို လောဘ ဖြစ်စရာတွေချည်းပဲ မြင်နေရတာလား။ ငါ့ကိုက ငါ့စိတ်ကို
က ဒေါသဖြစ်နေလို့ကို ဒေါသ ဖြစ်စရာတွေချည်းပဲ မြင်နေရတာလား။ ငါ့ကိုက ငါ့စိတ်ကို
က စိတ်ဆိုးနေလို့ကို သူတို့ကို စိတ်ဆိုးနေတာလား။ ငါ့ကိုက ငါ့စိတ်ကိုက အပြစ်မြင်တတ်
လို့ကို သူတို့ကို အပြစ်မြင်နေတာလား။ ငါ့ကိုက ငါ့စိတ်ကိုက မကျေမနပ် ဖြစ်တတ်လို့ကို
သူတို့ကို မကျေမနပ် ဖြစ်နေတာလား။ ငါ့ကိုက ငါ့စိတ်ကိုက သူတို့ကိုချစ်လို့ သူတို့ကိုသ
ဘောကျလို့ သူတို့ကို ချစ်စရာချည်းလို့ ထင်နေတာလား။ သဘောကျစရာတွေချည်းလို့
ထင်နေတာလား..လို့ အဲဒီ သုံးနှစ်သားလောက်က မြင်ခဲ့ရတာနဲ့ ပတ်သက်ပြီး နောင်အခါ
မှာ ဒီလို အသိမျိုးလေးတွေ ရခဲ့တယ်။
ဒါကြောင့်မို့ ဒီအဖြစ်အပျက်ကို တစေ့တစောင်း ကြည့်ပြီး ဘုန်းဘုန်းဟာ ငယ်က
တည်းက ကိုယ်မြင်တဲ့ အမြင်ဟာ မှန်ရဲ့လား။ ကိုယ်တွေးတဲ့ အတွေးဟာ မှန်ရဲ့လားလို့
အမြဲတမ်း ဆန်းစစ်တဲ့အကျင့် ရှိရှိ လာခဲ့တယ်၊ သူတော်ကောင်း အပေါင်းတို့လည်း ကိုယ်
မြင်တဲ့ အမြင်ဟာ မှန်ရဲ့လား၊ ကိုယ်တွေးတဲ့ အတွေးဟာ မှန်ရဲ့လား .. လို့ ဆန်းစစ်နိုင်
သဖြင့် နိဗ္ဗာန်ဆီသို့တိုင် လှမ်းနိုင်ကြပါစေ သတည်း။ ။

0 comments:

Post a Comment