Tuesday, June 23, 2015

သိဒ္ဓိတင်ခြင်း



သိဒ္ဓိတင်ခြင်း
=======
လူတစ်ယောက်သည် အခြားလူတစ်ယောက်ကိုပါးစပ်က ပွစိပွစိလုပ်၍ မန်းမှုတ်ပေးရုံမျှဖြင့်
တကယ် သိဒ္ဓိမြောက်သွားနိုင်ပါသလော။
ယင်းသို့ စေတစ်လုံးနှင့် ဖန်တီးပေးနိုင်သူကားကြောင်းကျိုးဝါဒ ဗုဒ္ဓအယူ၌ ရှေးကလည်းမရှိခဲ့၊ ယခုလည်း မရှိ၊နောင်လည်းရှိမည် မဟုတ်ပါ။
ပိဋကတ်သုံးပုံတွင် သိဒ္ဓိမြောက်စေနိုင်သော ဒေသနာတော်ကို ရှာမတွေ့မိပါ။
ရဟန္တာမထေရ်ကြီးမှစ၍ မထေရ်အဆက်ဆက် ဆောင်ခဲ့သောထေရဝါဒ ဗုဒ္ဓဘာသာ အလိုအားဖြင့်
သိဒ္ဓိမြောက်စေသော ပါဠိဂါထာဟူ၍ မရှိပါ။
သို့ပါလျက် 'ဝ'မရှိဘဲ 'ဝိ' လုပ်နေသူတို့အဖြစ်မှာ“ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊
အလေ့ပေါက် မင်းမူတယ်၊ အိမ်သူကို ဧည့်စောင်” ဟု ဦးပုည ရေးသလို
ရယ်စရာပြက်လုံးသာ ဖြစ်ချေသည်။
ဘုရားရှေ့၌ ပွစိပွစိလုပ်ခြင်းကို သိဒ္ဓိတင်တယ်ဟု လူအများက ထင်ဟန်တူ၏။ယင်းသို့ သိဒ္ဓိသဖြင့် ရရှိသောအကျိုးတရားဟူသည်ရှင်တစ်ပါးကို ဆန်တစ်ဇွန်းလောင်းလှူသလောက် အကျိုးများနိုင်ပါ။
လက်ဖွဲ့ စသည်ကို အဆောင်ထား၍ရသော အကျိုးတရားထက်သူတောင်းစား တစ်ယောက်ကို ရေတစ်ခွက်တိုက်သည်ကအကျိုးများနိုင်သေးသည်။
( အရှင်အဂ္ဂဉာဏ (ချမ်းမြေ့) ဆရာတော် )
c/o ( MS )

0 comments:

Post a Comment