Thursday, June 4, 2015

တွန်းပို့ခြင်းကို ခံနေကြရသူများ။



တွန်းပို့ခြင်းကို ခံနေကြရသူများ။
==============
လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရတယ် သို့မဟုတ် တွန်းပို့ခြင်းကို ခံနေရတယ်။
ငယ်ငယ်တောင်ကျေး ကလေးဘ၀ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ နေ့စဉ်နှင့်အမျှ အိုလာ
ကြတယ်။ “ဇာတိ”ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက “ဇရာ” ဆိုတဲ့ မှတ်တိုင်ကို
ရောက်အောင် တွန်းပို့နေတာ။ ဇရာမှတ်တိုင်ကို ရောက်တော့လည်း ဇရာက ဒီအတိုင်းနေတာ မ
ဟုတ်ဘူး “ဗျာဓိ” ဘက်ကို တွန်းပို့လိုက်ပြန်တယ်။
အိုလာပြီဆိုလို့ရှိရင် ဘာမှမကောင်းတော့ဘူး၊ ဒါပေမဲ့ ဘ၀မှာ ပျော်နေကြတဲ့ ပုဂ္ဂိုလ်တွေ
ကျတော့ ကောင်းတာလေးတွေကိုရွေးပြီး ပျော်တတ်ကြသေးတယ်။ လူ့ရဲ့ခန္ဓာကိုယ်ကြီးက
တရွေ့ရွေ့နဲ့ ကောင်းတဲ့ဘက် သွားနေတာ အဟုတ်ဘူး၊ မကောင်းတဲ့ဘက်ကို သွားနေတာ။
နောက်ဆုံးရောက်မယ့် မှတ်တိုင်ကြီးက “မရဏ”ဆိုတဲ့ မှတ်တိုင်ပဲ။ အဲဒီ ရောက်သွားလို့ရှိရင် တဘ
ဝ ပြီးကြပြန်ရော၊ ပြီးသွားတော့ အဆုံးသတ်သလားလို့ဆိုရင် အဆုံးမသတ်သေးဘူး။ ကုသိုလ်
ကောင်းမှုလေးလုပ်ပြီး နောင်ဘ၀ကျတော့ ဒီ့ထက် ကောင်းတဲ့ဘ၀ ရောက်ပါ့ရစေဘုရား ဆိုတော့
လာပြန်ပြီပေါ့ တစ်ကျော့။
“ဘ၀တဏှာ” (ထာဝရရှိနေမှုကို တွယ်တာနေတဲ့တဏှာ) က ရှိနေသမျှ အဲဒီတဏှာက ဆွဲ
ခေါ်သွားပါတယ်။ ဒီ့ထက်ကောင်းတဲ့ဘ၀ကို မျှော်ပြန်တယ်။ ဆင်းရဲတဲ့သူက ချမ်းသာချင်တယ်။
ချမ်းသာတဲ့သူက ပိုပြီးတော့ ချမ်းသာချင်တယ်။ ရာထူးဂုဏ်သိမ် ပြည့်စုံချင်တယ်။ (ဝေဒနာ ပစ္စယာ
တဏှာ) ။
တပည့်တော်ဘုရား နိဗ္ဗာန်မရောက်မီစပ်ကြား နောင်ဘ၀မှာ မတောင့်မတ မကြောင့်မကျ
ရတဲ့ဘ၀၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံတဲ့ဘ၀၊ ပညာတတ်တဲ့ဘ၀မျိုးမှာ ဖြစ်ပါရစေ ဆိုပြီးတော့
တောင်းလိုက်တာက “ဘ၀”။(ဘ၀သစ်)
ဘာကြောင့်တောင်းလဲ ?။ အတွယ်အတာလေး ရှိနေလို့။ ဘာဖြစ်လို့ တွယ်လဲ ?။ အမှန်မသိ
လို့။ ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာဆိရင် “အ၀ိဇ္ဇာ နီဝရဏာနံ၊ တဏှာ သံယောဇ
နာနံ” -သတ္တ၀ါတို့ရဲ့ အခြေအနေမှာ “အ၀ိဇ္ဇာ”က အမှန်မမြင်ရအောင် ပိတ်ကာပေးထားတယ်တဲ့။
“တဏှာ” က နှောင်ကြိုးတည်းထားတယ်တဲ့။ ဆိုလိုတာက အမှန်မသိတော့ ကြိုက်တာပေါ့။
“တဏှာ”က တွယ်တယ်။ တဏှာတွယ်ပြီးတော့ ကံတရားတွေလုပ်၊ ထိုကံတရားတွေက
ဘ၀သစ်တစ်ခုကို ဖန်တီးပေးလိုက်တယ်။ ဒီလိုနဲ့ သံသရာကြီးမှာ တစ်ပတ်ပြီးတစ်ပတ် အဆုံးမ
သတ် လည်နေပါတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက.. “ ဥပနီယျတိ လောကော အဓုဝေါ ”
“လောကော”- လောကကြီးကို၊ “ဥပနီယျတိ”- ဇာတိက ဇရာသို့၊ ဇရာက ဗျာတိသို့၊ ဗျာတိက မရ
ဏသို့ အမြဲတွန်းပို့၍ နေပါပေတော့၏။ “လောကော” လောကကြီးဟာ၊ “အဓုဝေါ” ဘယ်တော့မှ
တည်ငြိမ်နေတာ မရှိပေဟူ၍၊ “ဘဂ၀ါ” မြတ်စွာဘုရားသည် “အဝေါစ” ကောင်းစွာမသွေ ဟော
ကြားတော် မူခဲ့ပါပေသတည်း။ ။

0 comments:

Post a Comment