Wednesday, June 17, 2015

လိုချင်တာကို ရှေ့တန်းတင်လျှင်။



လိုချင်တာကို ရှေ့တန်းတင်လျှင်။ 
=================
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား အကြောင်းဆက်စပ် ကြည့်ရင်၊ 
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
တော်တွေ ကြွလာတဲ့အခါ အပေါ်သို့တက်ဖို့ လှေကားကို အ၀တ်ဖြူကြီး ခင်းထားတယ်။ ဇနီး
မောင်နှံက လှေကားဦးမှာရပ်ပြီး လျှောက်ကြတယ်။ “ဘုန်းတော်ကြီး မြတ်စွာဘုရား ဟော
ဒီ လှေကားအပေါ် အ၀တ်ဖြူကိုနင်းပြီး တိုက်ခန်းအဆောင် အပေါ်ထပ်ကို ကြွတော်မူပါဘု
ရား”ဆိုတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အဲဒီအ၀တ်ဖြူ ခင်းထားတဲ့ လှေကားပေါ်ကို
မကြွဘူး။ နောက်တစ်ခါ ထပ်ပြီး ပင့်လျှောက်ကြပြန်တယ်။ နှစ်ခါလျှောက်တယ်၊ ဘုရားရှင်
မကြွဘူး။ သုံးခါလျှောက်တော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို လှည့်
ကြည့်တော်မူပါတယ်။ အဲဒီလို ဘုရားရှင်က လှည့်ကြည့်တော်မူတော့ အရှင်အာနန္ဒာက သိ
တယ်။ လှေကားအထက်မှာ ခင်းထားတဲ့ အ၀တ်ဖြူကြီးကို ဖယ်လိုက်တယ်။ 
ဗောဓိကုမာရ ဇနီးမောင်နှံက “ဘုန်းတော်ကြီး မြတ်စွာဘုရား မဖယ်ပစ်တော် မူပါနဲ့
ဘုရား” လို့ လျှောက်ထားတယ်။ “ဘာအကြောင်းကြောင့်များ ဖယ်တာပါလဲ ဘုရား” လို့
ဗောဓိကုမာရ မင်းသားကမေးတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားက “အမောင် သင်ဘာ
စိတ်ကူးပြီး ဘယ်လို နှလုံးသွင်းနဲ့ ဒီအ၀တ်ဖြူကို ခင်းထားတာလဲ” လို့ ပြန်မေးတယ်။ သူတို့
ဇနီးမောင်နှံမှာ သားသမီးမရှိတော့ (မရတော့) ဒီအ၀တ်ဖြူကြီးကို ဘုန်းတော်ကြီး မြတ်စွာ
ဘုရား နင်းပြီးတက်ရင် “သားသမီး ရရပါလို၏” လို့ အဲသလို အဓိဌာန်ပြီး အ၀တ်ဖြူကြီးကို
လှေကားထက်မှာ ခင်းထားတာ၊ ဘုန်းတော်ကြီး မြတ်စွာဘုရားကလည်း သိတော်မူတော့
ဒီအ၀တ်ဖြူကို မနင်းပါဘူး။
ဘာလို့လဲဆိုရင် သူတို့ဇနီးမောင်နှံမှာ သားသမီးရဖို့ ကုသိုလ်ကံ မပါ ပါဘူး။ သားသမီး
မရနိုင်မယ့် အကုသိုလ်ကံပဲ ပါပါတယ်။ အဲဒီအ၀တ်ဖြူကိုသာ ဘုန်းတော်ကြီး မြတ်စွာဘုရား
က နင်းပြီးလှေကားတစ်ထစ်ချင်း အထက်ကို တက်သွားလိုက်လို့ .. သားသမီး မရခဲ့လျှင် 
ဘုရားရှင်ကိုတောင် သူတို့တစ်တွေက ပြစ်မှားကြမှာလေ။ 
လူတိုင်းလူတိုင်းဟာ ကိုယ့်လောဘနဲ့သာ ရတနာသုံးပါးကို ကိုးကွယ်ကြတယ် ဆိုရင်
ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့ ဒီလို အခါမှာ “ ဘုန်းတော်ကြီး မြတ်စွာဘုရားက တန်ခိုးကြီး
တယ်သာ ပြောတယ်။ အခု ဒီအ၀တ်ဖြူကြီး တက်နင်းသွားတာတောင် ငါတို့ အဓိဌာန်တာ
အောင်လဲ မအောင်ဘူး။ တကယ် တန်ခိုးမရှိလို့ နေမှာပေါ့” ဆိုတဲ့ အတွေးမျိုးများ ပေါ်လာ
ပြီဆိုရင် အလကားနေရင်း အပါယ်လေးဘုံ ရောက်ကြလိမ့်မယ်။ အဲဒါတွေ အားလုံးကို သိ
တော်မူတဲ့ ဘုန်းတော်ကြီး မြတ်စွာဘုရားက အပြစ်ကင်းဖို့ နည်းလမ်းကို သိတော်မူလို့ အ
ဝတ်ဖြူကို ဖယ်ခိုင်းတာပါ။
သူတို့ သားသမီးမရတာ ဘာဖြစ်လို့လဲ ဆိုရင် အရင့်အရင် ဘ၀တွေက ကိုယ်အသက်
ရှင်ဖို့အတွက် ကြက်ဥ၊ ဘဲဥ၊ ငှက်ဥ၊ တွေကို ရှာဖွေပြီး ပြုတ်ဖုတ်စားခဲ့လို့ မရနိုင်တာဖြစ်
တယ်။ သူများ သားသမီးတွေကို သတ်စားခဲ့တဲ့ အကုသိုလ်တွေ ပါလာလို့ သားသမီးမရနိုင်
တာဖြစ်တယ်။ 
အခုခေတ် အခုအခါမှာ ဒါတွေကို များသောအားဖြင့် မသိကြပါဘူး။ ကိုယ်လိုချင်တာ
ကို ရှေ့တန်းတင်ပြီး အဓိဌာန်ဝင်နေကြတယ်။ အဓိဌာန်ဟူသောဝေါဟာရကို လူတော်တော်
မျုားများ လွယ်လွယ်ပင် သုံးနှုန်းနေကြတယ်။ ဘာအန္တရာယ်ကင်း ဂါထာ၊ ဘာလာဘ်ရွင်
ဂါထာ၊ တို့ကိုရွတ်ဆိုပြီး အဓိဌာန်ပြုတတ်ကြတယ်။ ယင်းသို့ အဓိဌာန်ဝင်ရာ၌ နိဗ္ဗာန်ချမ်း
သာကို မျက်မှောက်ပြုနိုင်ရေးထက် ရာထူးတိုး၊ စီးပွားတက်၊ အောင်မြင်ကျော်ကြားရေး
တို့အတွက် ဦးတည်ရည်ရွယ်ပြီး ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် ပြစ်မှားတတ်
ကြပါတယ်။ 
အဲဒါတွေကို နားလည်ပြီး ကိုယ့်အသိတရား ရှိသည့် အားလျော်စွာ သိတတ်တဲ့ အချိန်
ကစပြီး ဘုရား၊ တရား၊ သံဃာအပေါ် ပြစ်မှားမှု ကင်းတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါ
စေကုန်သတည်း။

0 comments:

Post a Comment