Tuesday, June 23, 2015

နိဗ္ဗာန်ကို တကယ်လိုချင်တာလား ?၊



နိဗ္ဗာန်ကို တကယ်လိုချင်တာလား ?၊
=================
သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ စကားပုံပေါင်းချုပ်ကျမ်းထဲမှာလာတဲ့ ပုံဝတ္ထုလေးတစ်ခု
ပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေးဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ
အော်ကြီးဟစ်ကျယ် ဆုတောင်းတယ်။ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ” တဲ့။
အဲဒီလို နေ့တိုင်း အော်အော်ပြီး ဆုတောင်းတဲ့အခါ၊ တစ်နေ့ကျတော့ သူ့ သူငယ်ချင်းတစ်
ယောက်က “ ဒီကောင်တယ်ပြီး နိဗ္ဗာန်ဆု တောင်းပါလား၊ တကယ်လိုချင်တာ ဟုတ်မဟုတ် ငါစုံ
စမ်းဦးမယ်” ဆိုပြီး၊ တစ်နေ့ကျတော့ သိကြားမင်း အ၀တ်အစားတွေ ဆိုင်ကနေ ငှားဝတ်လာပြီး
ကြိုတင်ရောက်နှင့်ကာ ဘုရားနောက်က ပုန်းကွယ်နေတယ်။ ကိုမောင် ဘုရားရှိခိုးပြီး ကျယ်လောင်
ကျယ်လောင်နဲ့ ဆုတောင်းလိုက်ရာ သိကြားမင်းယောင်ဆောင်တဲ့ သူငယ်ချင်းက ထွက်လာတယ်။
“ ဟဲ့ ငမောင်၊ ငါ.သိကြားမင်း၊ မင်း.နိဗ္ဗာန်ဆု တောင်းနေတာကြာပြီ၊ အဲဒီတော့ ငါလည်း
နတ်ပြည်က အလုပ်ကိစ္စတွေနဲ့ မအားလို့ မလာနိုင်ဘူး။ ဒီကနေ့တော့ မင်းကို နိဗ္ဗာန်ပို့ပေးဖို့ ငါ.ဆင်း
လာခဲ့ပြီ၊ ကဲ..လာ သွားကြစို့” ဆိုတော့ ကြောင်ကြည့်နေတယ်။
ကိုမောင်က.“သိကြားမင်းကြီး၊ အခု လိုက်ရမှာလား” တဲ့။ သိကြားမင်းကြီးကလည်း “အခု
လိုက်ရမှာပေါ့” ဆိုတော့၊ “ အိမ်ပြန်ပြီး ပြောဦးမှဖြစ်မှာ၊ အိမ်ကလူတွေက တော်ကြာ ဘယ်သွား
မှန်းမသိ၊ အိမ်ပြန်ပါရစေဦး၊ အိမ်ကအမျိုးသမီးနဲ့ သွားတိုင်ပင်မှဖြစ်မှာ” ဆိုတော့ “ အေး သွားတိုင်
ပင်၊ ငါ (၇) ရက်ပဲ အခွင့်ပေးမယ်နော်၊ အများကြီး အခွင့်မပေးနိုင်ဘူး၊ နိဗ္ဗာန်ဆိုတာ အင်မတန်
ရောက်ရခဲတာ”။
အဲဒါနဲ့ အိမ်ပြန်သွားသတဲ့။ အိမ်ပြန်ရောက်တဲ့အခါကျတော့ အိမ်ကအမျိုးသမီးနဲ့ စကား
ပြောတယ်။ “ငါ ဒီလိုပဲ ဆုတောင်းတာ၊ ဒီကနေ့တော့ ဆုတောင်းပြည့်ပြီ၊ သိကြားမင်းက နိဗ္ဗာန်ကို
လိုက်ခဲ့လို့ ခေါ်နေတယ်၊ ငါ ဘယ်လိုလုပ်ရမလဲ” တဲ့။ အမျိုးသမီးက တွန်းတာပေါ့။ “ အမလေး
ရှင်ဆုတောင်းပြည့်တာပဲ၊ သိကြားမင်းတောင် လာခေါ်မှ လိုက်သွားပေါ့၊ ဘာလို့ ပြန်လာရတာလဲ”
“ဟာ.. နင်တစ်ယောက်တည်း ဖြစ်ပါ့မလား” တဲ့။ အဲဒီတော့ အိမ်ရှင်မကပြောတယ်၊ “ဖြစ်ပါတယ်၊
ရှင် လိုက်သာသွား” ဆိုတော့ “နင် စဉ်းစားဦးနော်” တဲ့။ “ဘာမှ စဉ်းစားစရာမလိုဘူး” “အေး..နင်
မစဉ်းစားလဲ ငါကတော့ စဉ်းစားရဦးမယ်” လို့ ပြောသတဲ့။ ။

0 comments:

Post a Comment