Thursday, June 11, 2015

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။



မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။
========================
လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ
ဟာ နေ့စဉ်နှင့်အမျှ ပကတိပစ္စည်းဥစ္စာကိုသာ ရှာကြတယ်။
ရထားတဲ့ စီးပွားဥစ္စာက လူတွေကို အကျိုးပြုတာဟာ အင်မတန်မှ တိုတောင်းပါတယ်။ အဲ
ဒီလို အင်မတန်မှ တိုတောင်းသည့် အတွက်ကြောင့် တိုတောင်းသည့် ခဏလေးအတွင်းမှာပဲ ပစ္စည်း
ဥစ္စာက အကျိုးပြုနိုင်တယ်။ အကျိုးပြုတဲ့ အချိန်မှာတောင် အပြည့်အ၀ အကျိုးပြုသလားဆိုတော့
တစ်ဖက်က အကျိုးပြုတာ တွေ့ရသလို ကျန်တစ်ဖက်က အကျိုးမပြုတာကိုလည်း တွေ့ရတယ်။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခရောက်ရတာတွေလည်း ရှိတယ်။
ပစ္စည်းဥစ္စာ၊ ရွှေ၊ ငွေ၊ ရတနာတွေ အလွန်များလွန်းလို့ ချမ်းသာကြွေဝတဲ့ လူတစ်ယောက်
ဟာ ထိုပစ္စည်းဥစ္စာတွေကို အကြောင်းပြုပြီး ချမ်းချမ်းသာသာ နေနိုင်ပေမယ့်လို့ ထိုပစ္စည်းဥစ္စာ
တွေကို အကြောင်းပြုပြီး ဒုက္ခရောက်ရတာလည်း အများအပြားတွေ့ရတယ်။ “မရှိတောင့်တ ရှိ
ကြောင့်ကျ” ဆိုတဲ့အတိုင်း ရှိထားတဲ့ ပစ္စည်းဥစ္စာအပေါ်မှာ စိုးရိမ်မှုဆိုတာတွေလည်း ရှိသေးတယ်။
ဒါကတော့ ဘယ်သူမှ မငြင်းနိုင်တဲ့ အကြောင်းကိစ္စတစ်ခု ဖြစ်တယ်။ အဲဒီတော့ လောကမှာ ပစ္စည်း
ဥစ္စာတွေဟာ ရှာသာရှာရတယ် ကောင်းကျိုးချည်း ပေးတာမဟုတ်ဘူး၊မကောင်းကျိုးလည်း ပေး
ပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ပကတိဥစ္စာအပြင် မြတ်သော
ဥစ္စာ စုဆောင်းဖို့ လိုအပ်တယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ထိုမြတ်သောပစ္စည်းဥစ္စာတွေ
ရရှိဖို့ရန်အတွက် ကြိုးစားအားထုတ်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

0 comments:

Post a Comment