ဘုရားသော်မှပေးဆပ်ရသည့် ပထမ၀ဋ်ကြွေး။
--------------------------------------------
ဘုရားအလောင်းတော်ဟာ “အနုတ္တရ သန္တိဝရပဒ” ခေါ်တဲ့ တကယ့်ထူးမြတ်တဲ့ အငြိမ်း
ဓာတ်ကို ရှာပါတယ်။ ဒီလိုရှာတာဟာ မှန်ကန်တဲ့လမ်းကြောင်းနဲ့ မရှာမိဘဲနဲ့ မှားယွင်းတဲ့ လမ်း
ကြောင်းလိုက်ပြီး ရှာနေတာဟာ အချိန်တွေ (၆) နှစ်နီးနီးလောက် ဖြစ်သွားတယ်။ “ဒီလို လမ်း
မှားလို့ ခန္ဓာကိုယ်ပင်ပန်းပြီး ဒုက္ခရောက်ရတာဟာ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာ” လို့ ဒီလို
အဲဒီထဲမှာ မှတ်တမ်းတင်ထားတယ်။
အဲဒီအချိန်က စပြီးတော့ မြတ်စွာဘုရားအတွက် ကံကြမ္မာဝဋ်ကြွေးဟာ ပေါ်လာတာ။ မှန်
မှန်ကန်ကန်နဲ့ တကယ့်တရားလမ်းကြောင်းအတိုင်း ကြည့်လိုက်မယ်ဆိုရင် (၆) နှစ်အထိ ကျင့်
စရာမလိုဘူး။ ဒီလောက် အပင်ပန်းခံဖို့ လည်း မလိုဘူး။ မလိုအပ်ဘဲနဲ့ မှားယွင်းတဲ့ အကျင့်တွေ
နဲ့ အချိန်ကုန်ပြီး ခန္ဓာကိုယ်ကြီး ပင်ပန်းကာ ဒုက္ခတွေ အကြီးအကျယ် ရောက်သွားခဲ့ရတာဟာ
လွန်ခဲ့တဲ့ဘ၀ တစ်ခုမှာ ပြစ်မှားခဲ့တဲ့ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာဖြစ်ပါတယ်။
ဟောဒီ ဘဒ္ဒကမ္ဘာထဲမှာ လူတွေရဲ့အသက် နှစ်သောင်းတမ်းမှာ ကဿပမြတ်စွာဘုရား
ပွင့်တော်မူခဲ့တယ်။ အဲဒီအချိန်မှာ ဂေါတမဘုရားအလောင်းဟာ “ဇောတိပါလ” လို့ ဆိုတဲ့ ဗေဒ
ကျမ်းတတ် ပုဏ္ဏားဖြစ်ခဲ့တယ်။ ဗေဒကျမ်းတတ် ပုဏ္ဏားတွေဆိုတာ အလွန်မာန်မာနကြီးတယ်။
ပညာမာန်တတ်တယ်။ ပညာမာန်တင်မကဘူး။ ဗြဟ္မဏဆိုတာ အဲဒီခေတ်အခါမှာ အမြင့်ဆုံးပဲ။
ဘာဖြစ်လို့တုန်းဆိုတော့ ကဿပမြတ်စွာဘုရား ကိုယ်တိုင်ကိုက ဗြဟ္မဏဇာတ်ဝင်ပဲ။ ဘုရားအ
လောင်းဟာ ဗေဒကျမ်းဂန်တွေတတ်တဲ့ ဗဟုသုတပညာကို အကြောင်းပြုပြီးတော့ ဇာတိမာန်
တွေ ပညာမာန်တွေတက်ပြီးတော့ကဿပမြတ်စွာဘုရားကို လူမထင် သူမထင် သဘောမျိုးနဲ့
သူကပြောခဲ့တယ်။
“ဗောဓိ ပရမဒုလ္လဘာ” ဗောဓိဆိုတဲ့ သဗ္ဗညုတဉာဏ်ကြီးဟာ အင်မတန်မှ ရဖို့ခဲယမ်းတယ်
ရခဲတယ်။ အဲဒီ ရခဲတဲ့ သဗ္ဗညုတဉာဏ်ကြီး သူလိုလူ ရနိုင်ပါ့မလား၊ မရနိုင်လောက်ဘူးလို့ အထင်
သေးပြီးတော့ ပြောခဲ့တဲ့စကား ရှိခဲ့တယ်။ ကဿပဘုရားပြီးရင် ပွင့်မည့် ဘုရားအလောင်းက ဘု
ရားကို မကြည်ညိုဘူး။ ဇောတိပါလ လုလင်ဘ၀တုန်းက “ဗောဓိဆိုတာ အလွန်ခဲယဉ်းတာ။ ဒီလို
ဦးပြည်း ကတုံးတွေ အနေနဲ့ ဘယ်လိုလုပ်ပြီး ဗောဓိဉာဏ်ကို ရနိုင်မှာတုန်း” ဆိုတဲ့ ဒီအပြောနဲ့
ကဲ့ရဲ့စကား ပြောခဲ့သည့်အတွက်ကြောင့် လမ်းလွှဲပြီးတော့ သူ့ခမျာ ကျင့်နေရတာ လွယ်လွယ်နဲ့
မရဘူး။ ခြောက်နှစ်ပတ်လုံး လမ်းလွှဲပြီးတော့ ဘုရားအလောင်းဟာ ကျင့်ကြံကြိုးကုတ် အားထုတ်
ခဲ့ရတယ်။ ဒါဟာ ၀ဋ်ကြွေးကို ပေးဆပ်လိုက်ရတာပဲ။ ဒါကြောင့် အင်မတန်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်
တွေနဲ့ ပတ်သက်ပြီးတော့ ၀စီကံမျိုးပြစ်မှားတဲ့စကားမျိုး မပြောမိအောင် သူတော်ကောင်းတို့တ
တွေ ဆင်ခြင်ဖို့ လိုအပ်တယ်။
ဒီကံကြမ္မာဝဋ်ကြွေးဟာ ကိုယ်တိုင်လုပ်ခဲ့တာ ဖြစ်သောကြောင့် ကိုယ့်သန္တာန်မှာ ကြွေးအ
နေနဲ့ တင်ရှိနေတယ်။ ဒါကြောင့် ပေးဆပ်ရတယ်။ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာ ကျင့်ပြီး
တော့ ပေးဆပ်လိုက်ရတယ်။ ခြောက်နှစ်ကျင့်တဲ့ အကျင့်ဟာ ဘာမှ အထောက်အကူ မဖြစ်ဘူး။
ပင်ပန်းရုံသက်သက်ပဲလို့ ဆိုလိုတယ်။ အဲဒီ ဒုက္ကရစရိယာ အကျင့်ကို ကျင့်လို့ ဘုရားဖြစ်တာ မ
ဟုတ်ဘူး။ လမ်းလွှဲပြီးတော့ လိုက်နေတာ ခန္ဓာပင်ပန်းရုံပဲ။ မှန်ကန်တဲ့ လမ်းကြောင်းကို နောက်
မှ တွေ့သွားတာ။
ဒါကြောင့် ကိုယ့်ကိုယ်ကို အသိဉာဏ်ခိုင်မာအောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။
မည်သူ့ကိုမှ ၀စီကံပြစ်မှားတဲ့ စကားမျိုး မပြောမိအောင် သူတော်ကောင်းတို့တတွေ ဆင်ခြင်နိုင်
ကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
0 comments:
Post a Comment