Thursday, June 11, 2015

ဗြဟ္မာအစားအစာ။



ဗြဟ္မာအစားအစာ။
==========
ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်
သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။
ဗြဟ္မာတို့ အစာမစားဘဲ ပီတိဖြင့်သာ နေသည်ဆိုသဖြင့် “ ယုံရခက်ခက် ” ဟု ထင်
တတ်ကြ၏။ တရားရှုမှတ်သော ယောကီအချို့သည် တစ်ရက်တွင် ထမင်း လေး ငါးလုပ်မျှ
သာ စားသော်လည်း ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ နှစ်ည၊ သုံးည မအိပ်စက်ရသော်လည်း
ကြည်ကြည်လင်လင် ရှိနေခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ယင်းတို့ကို ထောက်ဆပြီး ဗြဟ္မာ
တို့၏ အဖြစ်ကို ယုံကြည်နိုင်ကြပေသည်။ အကယ်၍ ယုံကြည်ရန် အခက်အခဲရှိပါက မြတ်ဗုဒ္ဓ၏
ဝိပဿနာတရားကို သမာဓိထူး အာရုံနမိတ်ထူး ဉာဏ်အထူးပေါ်သည်အထိ အားထုတ်ကြည့်
သင့်ကြပေသည်။ သို့မှသာ မြတ်ဗုဒ္ဓ၀ါဒဆိုင်ရာ အချို့အချက်များကို လက်ခံယုံကြည်နိုင်ကြ
မည် ဖြစ်သည်။
နတ်ပြည်တွင် နတ်သား နတ်သမီး လိင်ကွဲပြားချက် ရှိ၏။ လူများကဲ့သို့ ချစ်ကြိုက်မှု
ပြုကြ၏။ ဗြဟ္မာ့ပြည်၌မူ ဗြဟ္မာထီး ဗြဟ္မာမ မရှိချေ။ အားလုံး ယောက်ျားသဏ္ဍန်များသာ ဖြစ်
ကြသည်။ ကာမဂုဏ်စိတ်ဓာတ်လည်း လုံးဝ မရှိကြပေ။

0 comments:

Post a Comment