ရုပ်လှတာ- မလှတာ။
======
တိရစ္ဆာန်ဖြစ်သွားအုန်း၊ ကောင်းတဲ့ကံတွေက အခွင့်သာလို့ ခွေးကလေး လှလှလေးဆိုရင်
ကျွေးမယ့်သူနဲ့ မွေးမယ့်သူနဲ့၊ သူ့ကို တကတည်း မွေးချင်တဲ့သူတွေနဲ့၊ ခွေးကလေးက လှတာကိုး။
ဥပဓိက လှနေလို့ရှိရင် ကောင်းတဲ့ကံတွေက အကျိုးပေးတယ်။
တိရစ္ဆာန်ဖြစ်တောင် လိုက် အကျိုးပေးတယ်။
မလှဘူးဆိုလို့ရှိရင် လူ့ဘဝရောက်နေတာတောင်မှ လူ့ကိုက ရုပ်ကြီးကိုက ဘယ့်နှယ်ပဲ
ညာ့နှယ်ပဲနဲ့ ပြောပြီးတော့ ကိုယ့်ဆွေမျိုးသားချင်းများကတောင် အရေးမစိုက်ချင်ဘူး။ အမေက
တော့ ချစ်ပါရဲ့။ အဖေကတော့ နည်းနည်းတောင် အင်တင်တင်ကြီး။ ဘိုးတွေ ဘွားတွေက
ဒီကလေးကို ဟိုနား ဒီနား ချီမသွားပါဘူး။ အဒေါ်တွေ အမတွေ ဦးကြီးဦးလေးတွေက မချီပါဘူး။
ခင်ဗျားနဲ့ ဘယ့်နှယ်တော်တုန်း မေးရင် ပြောရမှာတောင် နည်းနည်း ရှက်တက်တက်။ အရုပ်ဆိုး
တာနဲ့ သူ့မိဘ ဘိုးဘွားက စပြီးတော့ သိပ်အရေးမစိုက်ဘူး။
ရုပ်ကလေးက လှလှပပလို့ဆိုတော့ ကြွားချင်တယ်ကိုး။ အဖေကလဲ သားကလေးကို
ပွေ့ချီပြီးတော့ “ဒါ ကျုပ်သားပါ၊ ဒါ ကျုပ်သားပါ”။ ဘိုးကလဲ ချီပြီးတော့ ဟိုအိမ် ဒီအိမ်များ
လည်လို့။ “ဒါ ကျုပ်မြေးလေ၊ ကျုပ်သားက မွေးတာ, သမီးက မွေးတာ”။ သူကလဲ ကြွားချင်
တယ်။ ဘေးက အဒေါ်တွေ ဘာတွေကလဲ ပွေ့လို့၊ ဟိုအိမ် ဒီအိမ် သွားရင် ဒီကလေးကို
ချီသွားချင်တယ်။ တော်တော်လေး ကြီးတော့လဲ ဒီလိုပဲ။
ဒါကြောင့် ဥပဓိလှလို့ရှိရင် တိရစ္ဆာန်ဖြစ်တောင်မှ အကျိုးပေးတယ်။
ဥပဓိသာ မလှဘူးဆိုလို့ရှိရင် ဂတိကောင်းတဲ့ လူ့ဘဝတောင်မှ သိပ်အကျိုးမပေးပါဘူး။
ဥပဓိရုပ်အဆင်းဟာ ဒီလောက် ကွာခြားတယ်။ အရေးကြီးတယ်။
{ http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။
0 comments:
Post a Comment