ထာဝရချမ်းသာမယ့်နည်း။
==============
လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။ ဘယ်လိုအဖေါ်မျိုး
ကို ရှာဖွေမှ တကယ့်အရေးကြုံလာတဲ့အခါမှာ ကောင်းတဲ့အခြေအနေမျိုးတွေ ဖြစ်နိုင်သလဲဆိုတာ ဘ၀အရေးနဲ့ 
ပတ်သက်ပြီး သေသေချာချာ စဉ်းစားဆင်ခြင် သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘ၀ခရီး လျှောက်လှမ်းတဲ့အခါ
ထာဝရ ချမ်းသာဖို့ အရေး ဘာကိုအဖေါ်ပြုကြရမှာလဲ။?
အပေါင်းအသင်း အဖေါ်ပြုမှုတွေဟာ ထာဝရ ချမ်းသာမှုကို ပေးနိုင်သလားဆိုတာ အလေးအနက် စဉ်း
စားရမှာဖြစ်တယ်။ မြတ်စွာဘုရားဟောတဲ့ တရားတော်ကို နာယူပြီး လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် မြတ်စွာ
ဘုရားရဲ့  ဆုံးမသွန်သင်ချက်တွေဟာ အင်မတန်မှ မှတ်သားစရာကောင်းတဲ့ အဆုံးအမ ဩ၀ါဒသာဖြစ်တယ်။
ဘ၀မှာ နည်းအမျိုးမျိုးနဲ့  နေထိုင်ကြတဲ့ အခါမှာ တစ်သက်လုံး အဆင်ပြေမှုတွေနဲ့  ချမ်းသာသုခရသွား
တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။ နောက်ဆုံးအချိန် ကလေးမှာ လူဟာလိုအင်ဆန္ဒ မပြည့်ကြတာ များပါ
တယ်။ မိမိရဲ့  အပေါင်းအသင်း ရောင်းရင်းတွေ ဆွေမျိုးတွေ၊ အပြန်အလှန် အကျိုးပြုပြီး နေကြတယ်။ အိုခြင်း
တရားနဲ့  ရင်ဆိုင်လာပြီ ဆိုတဲ့ အချိန်မှာ ဘယ်သူမှ မကယ်နိုင်ဘူး။ နာခြင်းတရားနဲ့  ကြုံတွေ့ လာပြီဆိုရင်
ဘယ်သူမှ မကယ်နိုင်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ပုံစံမျိုးပဲ။ သေခြင်းတရားနဲ့  ရင်ဆိုင်တဲ့ အခါမှာလည်း မိမိကိုယ်
တိုင်ပဲ ကြိတ်မှိတ်ခံစား ကြရတယ်။ အဲဒီလို မျှဝေခံစားလို့ မရတဲ့ ဒုက္ခတွေ ကြုံလာလို့ ရှိရင် ဘယ်သူ့ ကိုအဖေါ်
ပြုရမှာလဲလို့  သေသေချာချာ စဉ်းစားဖို့ လိုတယ်။
ဓမ္မဆိုတဲ့ တရားကို အဖေါ်ပြုမှ ထာဝရ ချမ်းသာမှုကို ရနိုင်တယ်။ ဓမ္မကို အဖေါ်ပြုတယ်ဆိုတာ သေခါနီး
ကာလနောက်ဆုံး အချိန်ကျမှ အဖေါ်ပြုလို့ ကတော့ ကိုယ့်သန္တာန်မှာ "ဓမ္မ" ကရောက်လာမှာ မဟုတ်ဘူး။
" ဓမ္မ " ဆိုတာက လူတိုင်းအတွက် အသုံးဝင်တာ မှန်သော်လည်း "ဓမ္မ " က လွယ်လွယ်ကူကူနဲ့  ရင်ထဲနှလုံး
ထဲကို ရောက်မလာနိုင်ဘူး။ ရောက်မလာတဲ့အတွက်၊ အဖေါ်ပြုဖို့ ရာအတွက် အချိန်ယူပြီး ကြိုးစားအားထုတ်
မှုတွေ လုပ်ထားကြရတယ်။ အဲဒီလို လုပ်မထားလို့ ရှိရင် နောက်ဆုံးအချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
ဆင်းရဲဒုက္ခတွေနဲ့  ရင်ဆိုင် သွားရတတ်တယ်။
အခုအချိန်ကနေစပြီး " ဓမ္မ " ကိုအဖေါ်ပြုဖို့  ရင်းနှီးနေဖို့ လိုတယ်။ ဒုက္ခရောက်လာပြီ ဆိုတဲ့အချိန်ကျမှ
"ဓမ္မ " ကိုမှီတွယ်ဖို့ ခက်တယ်။ ရောဂါဝေဒနာတွေ ဖိစီးလာပြီဆိုရင် ဘာမှမတတ်နိုင်ပါ။ ဖြစ်ပေါ်လာတဲ့ ဝေ
ဒနာကို တွန်းလှန်နိုင်စွမ်း မရှိတော့ပါ။ ဆက်ပြီး စိတ်တိုလာတယ်၊ ဒေါသတွေဖြစ်လာတယ်၊ ၀မ်းနည်းကြွေကွဲ
လာတယ်။ ”ဖြစ်ရကောင်းလားလို့ ”မကြေနပ်မှုတွေနဲ့  ဒုက္ခပေါ်မှာ အကုသိုလ်တွေက ပြန်ဆင့်လာတယ်။ ခန္ဓာ
ကိုယ်မှာ ရောဂါဝေဒနာဖြစ်လို့ "ကာယိကဒုက္ခ" ကိုခံစားနေရတဲ့ အချိန်မှာ ဖြစ်လေရခြင်းဆိုတဲ့ ဆင်းရဲမှုအပြင်
"စေတသိကဒုက္ခ" လို့ ဆိုတဲ့ စိတ်ဆင်းရဲမှုက ထပ်တိုးလာတယ်။
"ကာယိကဒုက္ခ" လို့ ခေါ်တဲ့ ကိုယ်ဆင်းရဲမှုဒုက္ခ ဘုရား၊ ရဟန္တာမှာလဲရှိတယ်။ ကိုယ်ဆင်းရဲမှု အပေါ်မှာ
သည်းခံနိုင်စွမ်း ရှိသည့်အတွက်ကြောင့် "ငါမှ ဖြစ်ရလေခြင်း" ဆိုတဲ့ အတွေး ဘုရား၊ ရဟန္တာတို့ မှာ မ၀င်ဘူး။
"ဒါ သဘာဝတရားပဲ၊ ဒုက္ခဝေဒနာဆိုတာ ဒါပဲ" လို့  ဆင်ခြင်သုံးသပ်တယ်။ သဘာဝတရားကို ဆင်ခြင်ခြင်းဖြင့်
ဆင်းရဲဒုက္ခနောက် "စိတ်" ကလိုက်မသွားဘူး။ စိတ်ကို ဆင်းရဲဒုက္ခနဲ့  ခွာထားလိုက်နိုင်တယ်။ အဲဒါကို "ဓမ္မ"ကို
အဖေါ်ပြုလို့ ပဲ ဖြစ်ပါတယ်။
တရားဓမ္မ အဖေါ်ဖြစ်လာလို့ ရှိရင် တရားဓမ္မကို နှလုံးသွင်း ဆင်ခြင်မှုဟာ အင်မတန် အရေးကြီးပါတယ်။
"သုပ္ပ၀ါသာ" ဆင်ခြင်သလို၊ ဆင်ခြင်၍ဖြစ်စေ။ ငါ, ဆိုတာ မရှိဘူး။ ငါ့ဟာ, ဆိုတာ မရှိဘူး ဆိုတဲ့ ၀ိပဿနာ
ဥာဏ်နဲ့ ဆင်ခြင်၍ဖြစ်စေ။ ဘ၀ဆိုတာ ဒီလိုပဲ အဆုံးသတ်ရတာပဲ။ မိမိကိုယ်ကို သောက မဖြစ်အောင် ထိန်း
သိမ်းတဲ့ ဆင်ခြင်နည်းနဲ့ ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် "ယောနိသော မနသိကာရ" ဆိုတဲ့ တရားဓမ္မကို လက်ကိုင်
ထားပြီး နေမှသာလျှင် ထာဝရ ချမ်းသာသုခကို ရနိုင်တာဖြစ်တယ်လို့  သဘောပေါက် နားလည်ကြပြီး ဓမ္မ ကို
အဖေါ်ပြုပြီး ထာဝရချမ်းသာကို ရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။ ။
0 comments:
Post a Comment