သစ္စာလေးပါးတရားသဘော။
=========
၁။ ပိုင်းခြားသိရမယ့်တရား။ ။ မိမိသန္တာန်မှာ အမှန်အရှိက ခန္ဓာငါးပါး ရုပ်နာမ်
ဖြစ်ပျက်တရား သာရှိ၍၊ အို နာ သေရေး ဒုက္ခဘေးတို့မှ မလွတ်ကင်းကြောင့် ဒုက္ခသစ္စာ
သာတည်းဟု မှတ်ထားပါ။
၂။ ပယ်ရမယ့်တရား။ ။ ထိုဒုက္ခသစ္စာဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို
ဒုက္ခဟုမသိ၍ မိမိ လိုချင်တပ်မက်မှု= တဏှာ၊ စွဲလမ်းမှု= ဥပါဒါန်၊ ရချင်လို့လုပ်တဲ့
ကံတို့ကြောင့် ဖြစ်၏။ ထိုအကြောင်းတရားတို့ကို သမုဒယသစ္စာ သာတည်းဟု
မှတ်ထားပါ။
၃။ မျက်မှောက်ပြုရမယ့်တရား။ ။ လိုချင်မှု တဏှာသမုဒယကို မဂ်ဉာဏ်ဖြင့်
ပယ်က၊ မိမိခန္ဓာဇာတိချုပ်သော ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသော တရားကို နိရောဓသစ္စာ
နိဗ္ဗာန်ဟု မှတ်ထားပါ။
၎။ ပွားရမယ့်တရား။ ။ ထိုသမုဒယကိုပယ်၍ ဒုက္ခကို ပိုင်းခြားသိလျက် နိရောဓ
သစ္စာကို မျက်မှောက်ပြုရန်၊ အမှန်မြင်သိ ဆုံးဖြတ်နိုင်ရန် အားထုတ်မှု၊ အမှန်မြင်သိမှုကို
မဂ္ဂသစ္စာ ဟု မှတ်ထားပါ။ ဒီလို သစ္စာလေးပါးတရားကို ထိုးထွင်းပြီးသိမှ နိဗ္ဗာန်ကို ရနိုင်
တယ်လို့ ဆိုလိုပါတယ်။ ။
( ၀ဏ္ဏကျော်ထင် ဦးဘိုးစိန်၏ တရားထူးရရန် နှလုံးသွင်းဆင်ခြင်နည်းမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ )
0 comments:
Post a Comment