Friday, April 17, 2015

တရားထူးတရားမြတ်ရဖို့အကြောင်းသုံးမျိုး



တရားထူးတရားမြတ်ရဖို့အကြောင်းသုံးမျိုး

ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ်ကို အကြမ်းဖျင်း
အားဖြင့် ဘယ်လိုလုပ် သိနိုင်တုန်းလို့ မေးမယ်
ဆိုလို့ရှိရင် တိဟိတ်ပုဂ္ဂိုလ်ဟာ မထိုင်းမှိုင်းဘူး။
သုဘာ သိတာ ဒုဗ္ဗာသိတ ဿအတ္ထံ ဇာနာတိ
တဲ့ ကောင်းသဖြင့် ပြောတဲ့စကားလား၊ မကောင်း
သဖြင့် ပြောတဲ့စကားလား အဆိုးနဲ့အကောင်း
အကျိုးနဲ့အကြောင်း ခွဲခြားပြီး သိနိုင်တယ်လို့ဆို
ရင် တိဟိတ်ပုဂ္ဂိုလ်ပဲလို့ပြောရမယ်။ တချို့ပုဂ္ဂိုလ်
ကျတော့ အဆိုးလား အကောင်းလားလည်းမသိ
ဘူး။ အကျိုးလား အကြောင်းလား ဆိုတာလည်း
မသိဘူး။ အဲဒီလို မသိလို့ရှိရင် ဒါ ဒွိဟိတ်ပုဂ္ဂိုလ်
ပဲ။ ထက်မြက်မှုမရှိတဲ့ပုဂ္ဂိုလ်ပဲ။ အဲဒီပုဂ္ဂိုလ်နှစ်ဦး
မှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်လာပြီဆိုရင်တော့ ဒီဘဝ
မှာ ကြိုးစားရင်ကြိုးစားသလောက် ၀ီရိယစွမ်း
အားမြင့်ရင်မြင့်သလောက် အသိဉာဏ်အား 
ပေါက်ရောက်လာနိုင်တယ်တဲ့။ ဒီဘ၀မှာမဂ်ဖိုလ်
ကို ရနိုင်တယ်။ 

အဲဒီတိဟိတ်ပုဂ္ဂိုလ်ထဲမှာ ထပ်ပြီးတော့ခွဲကြည့်
မယ်ဆိုရင် ပစ္ဆိမ ဘ၀ိက ဆိုတဲ့ အနေအထားမျိုး
ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္ဆိမဘ၀ ကံအနေအထား
အရ သူကကျတော့ဉာဏ်ဟာ ထက်မြက်လိမ့်
မယ်လို့ယူဆရတယ်။ စိတ်စွမ်းအားတွေလည်း
ပိုပြီးတော့ မြင့်မားလိမ့်မယ်။ ဆိုလိုတာက level
တို့ ဒီဂရီတို့ဆိုတာ နေရာတိုင်းမှာ ရှိမယ်ပေါ့။
တိဟိတ်ပုဂ္ဂိုလ်ရဲ့ level ထဲမှာလည်း ပိုပြီးတော့
ထက်တဲ့ တိဟိတ်ပုဂ္ဂိုလ်ရဲ့ level ဆိုတာလည်း
ရှိသေးတယ်။ 

ပင်ကိုယ်က ဉာဏ်ထက်လို့ တိဟိတ်ပုဂ္ဂိုလ်ဖြစ်
လာပြီဆိုလို့ရှိရင် စာပေတွေမှာဘယ်လိုသုံးတာ
တုန်းဆိုလို့ရှိရင် ဥပနိဿယသမ္ပတ္တိတဲ့။ အခြေ
ခံကောင်းတွေရှိနေတဲ့ ပုဂ္ဂိုလ်တဲ့။ အဲဒီပုဂ္ဂိုလ်မျိုး
ဟာ ဘုရားနဲ့တွေ့ပြီး တရားနာလိုက်ရပြီဆိုရင်
ကျွတ်သွားတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ တရားထူးတရား
မြတ်ရသွားတယ်။ သို့သော်လည်း အဲဒီလို
ဥပနိဿယ အခြေခံကောင်းရှိသော်လည်း
တရားထူးတရားမြတ်မရတဲ့ပုဂ္ဂိုလ်တွေရောမရှိ
နိုင်ဘူးလားဆိုလို့ရှိရင် ရှိတယ်။ အများကြီးရှိ
တယ်။ ဟောဒီပရိသတ်တွေထဲမှာလည်းအြေ
ခံကောင်းတွေရှိပြီး တရားထူးတရားမြတ်မရ
သေးတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်နော်။

ဥပနိဿယသမ္ပတ္တိဆိုတဲ့ တိဟိတ်ပဋိသန္ဓေ
အနေအထားပေမယ့်လို့ ဘာဖြစ်လို့မရသေး
တာတုန်းဆိုလို့ရှိရင် မရင့်ကျက်သေးတာလဲ
ဖြစ်လိမ့်မယ်။ အခြေခံကောင်းကတော့ သူက
စွမ်းအားတွေအများကြီးလိုတယ်လေ။ ပြီးတော့
မြတ်စွာဘုရားတရားဟောတဲ့အခါမှာ ဘယ်
ပုဂ္ဂိုလ်က ဘယ်တရားနဲ့တန်တယ်ဆိုတာ
မြတ်စွာဘုရားက ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ကို
ကြည့်ပြီးတော့ သူနဲ့တန်တဲ့တရားတစ်ခါတည်း
ဟောတော့ အသိဉာဏ်က ချက်ချင်းပွင့်သွား
တယ်။ 

မြတ်စွာဘုရားကနည်းလမ်းအကုန်သိနေတော့
နည်းလမ်းစုံ သုံးတယ်။ ကျန်တဲ့ သာဝကတွေ
ကျတော့ ဘုရားဟောတဲ့တရားအတိုင်း တရား
ထဲကနေရမ်းပြီးတော့ ဟောရတာဆိုတော့
လူအုပ်ထဲကို ခဲနဲ့ပစ်ရင် မှန်ချင်တဲ့သူမှန်မှာပေါ့။
တရားဟောရတာက အဲဒီလိုရမ်းပြီးတော့ ကြဲနေ
ရတဲ့ဟာမျိုးပဲ။ ဘုရားဟောတဲ့တရားတွေယူပြီး
တော့ဟောတော့ ထိတဲ့သူကထိတယ်။ မထိတဲ့
သူက မထိဘူးပေါ့။ ပေါက်ရောက်တဲ့သူကပေါက်
ရောက်တယ်။ မပေါက်ရောက်တဲ့သူမပေါက်ရောက
ဘူး။ စိတ်ထဲတွေ့သွားတဲ့သူတွေရှိတယ်။ စိတ်ထဲ
မတွေ့တဲ့သူလည်း ရှိမှာပဲ။ ဘာဖြစ်လို့တုန်းဆို
ရင် လူ့ရဲ့စိတ်ကိုသိတာမှမဟုတ်ဘဲ။ မြတ်စွာဘုရား
က စိတ်ကိုသိလို့ လွှဲမှားမှုမရှိတော့ဘူး။

အဲဒီအထဲမှာ ဥပနိဿယသမ္ပတ္တိဆိုတဲ့ အခြေခံ
ကောင်းတွေရှိတဲ့ တိဟိတ်ပုဂ္ဂိုလ်တွေတောင်မှ
ပဲ တစ်ခါတစ်ရံ သူတို့အခြေအနေကောင်းတွေ
ပျက်စီးသွားတာတွေ ရှိတတ်သေးတယ်တဲ့။ ဒါက 
သတိထားစရာကောင်းတယ်။ ပျက်စီးသွားတာ
ဘာကြောင့်ပျက်စီးသွားတာတုန်းဆိုရင် နံပါတ်(၁)
က ပါပမိတ္တ မကောင်းတဲ့သူတွေနဲ့ပေါင်းမိတယ်
ဆိုလို့ရှိရင် အခြေခံကောင်းတွေပျက်စီးသွားနိုင်
တယ်။ ဆိုပါစို့ မိတ်ဆွေယုတ်နဲ့ပေါင်းမိသွားတဲ့
အတွက်ကြောင့် ကံငါးပါးကို ကျူးလွန်မိရင်
အဲဒီကံငါးပါးကို ကျူးလွန်မိတယ်ဆိုရင် အခြေ
အနေကောင်းတွေပျက်စီးသွားတတ်တယ်။
ဘယ်သူပျက်စီးသွားတာလဲဆိုလို့ရှိရင် ထင်ရှား
တာပြောရမယ်ဆိုရင် အဇာတသတ်မင်းကြီး။
ဒေ၀ဒတ်ဆိုတဲ့မိတ်ဆွေယုတ်နဲ့ပေါင်းမိသည့်
အတွက်ကြောင့် သူ့ရဲ့အခြေအနေကောင်း
တွေ ဆုံးရှုံးသွားတယ်။

နောက်နံပါတ်(၂)က ကိရိယာ ပရိဟာနိလို့ခေါ်
တယ်။ ကိုယ့်ရဲ့လုပ်ဆောင်ရမယ့်ကိစ္စတစ်ခု
မလုပ်ဆောင်မိရင်လည်း အခြေခံကောင်းတွေ
ဆုံးရှုံးသွားတယ်တဲ့။ အဲဒါကျတော့ တရား
ဟောပြောသူနဲ့ ကာယကံရှင်နှစ်ဦးသက်ဆိုင်မှုရှိ
တယ်တဲ့။ ကိရိယာပရိဟာနိနေရာမှာ မြတ်စွာ
ဘုရားနဲ့ ပြောမယ်ဆိုရင် ချို့ယွင်းချက်မရှိဘူး။
ရဟန္တာတွေဘက်ကရှိနိုင်တယ်တဲ့

ကြည့်လေ ဓနဉ္စာနီပုဏ္ဏားကို ရှင်သာရိပုတ္တရာက
တရားဟောတယ်။ အစွဲတွေချွတ်တယ်။ နောက်
ဆုံးကျတော့ ပုဏ္ဏားတွေဟာ ဗြဟ္မာ့ပြည်ကိုသိပ်
ရောက်ချင်တဲ့ကောင်တွေဆိုပြီးတော့ ဗြဟ္မာ့ပြည်
ကို ပို့ထားပစ်ခဲ့တာ။ တကယ်တော့သူဟာ
ဗြဟ္မာပြည်တင်မကဘူး။ တရားထူးတရားမြတ်
ရနိုင်တဲ့အဆင့်ရှိရဲ့သားနဲ့ သူကဗြဟ္မာ့ပြည်အဆင့်
လောက်တင်ချန်ထားခဲ့ပြီးတော့ ဟိုကတရားထူး
တရားမြတ်ရတဲ့အဆင့်မရောက်သွားဘူးပေါ့။
အဲဒါကျတော့ ရှင်သာရိပုတ္တရာရဲ့လုပ်ဆောင်မှု
အားပျော့တယ်လို့ ဒီလိုပြောတယ်။ ဟောပြော
တဲ့ ပုဂ္ဂိုလ်ရဲ့အားပျော့မှုလို့ ဒီလိုပြောတယ်။

နောက်တစ်ခုက ရွှေပန်းထိမ်သည်ရဲ့သားလေး
ကို လူငယ်လူရွယ်ဖြစ်လို့ ကာမဂုဏ်စိတ်တွေ
ငြိမ်သွားအောင် ဆိုပြီးတော့ အသုဘကမ္မဋ္ဌာန်း
ပေးတယ်။ ၄ လ အားထုတ်တာ မရဘူးပေါ့။
ဒါက ရှင်သာရိပုတ္တရာရဲ့အားပျော့မှုပေါ့။
မြတ်စွာဘုရားကတော့ တစ်မနက်ခင်းလေး
အတွင်းမှာပဲ တရားထူးတရားမြတ်ရအောင်
ဆောင်ရွက်ပေးလိုက်နိုင်တယ်။ ဘုရားဘက်
ကတော့ ချို့ယွင်းချက် လုံးဝမရှိဘူး။ ရဟန္တာ
တွေဘက်မှာတော့ ချို့ယွင်းချက်ရှိနိုင်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ မြတ်စွာဘုရားလို
အာသယာနုယယဉာဏ်နဲ့ ဣန္ဒြိယပရော
ပရိယတ္တိဉာဏ်ဆိုတာ ရဟန္တာတွေမှာ လုံးဝ
မရှိဘူးတဲ့။ ပစ္စေကဗုဒ္ဓါတောင်မှမရှိဘူးတဲ့။
လူရဲ့အတွင်းအဇ္ဈာသယကို သိဖို့ဆိုတာမရှိ
ဘူးတဲ့။ ဥပနိဿယသမ္ပတ္တိလို့ဆိုတဲ့ တိဟိတ်
ပုဂ္ဂိုလ်ဖြစ်လာတဲ့အခါမှာ ဒီအကြောင်းတွေ
ဆုံစည်းမိဖို့က အင်မတန်မှအရေးကြီးတယ်။

ခွဲလိုက်မယ်ဆိုလို့ရှိရင် ကလျာဏမိတ္တ ကောင်း
တဲ့မိတ်ဆွေနဲ့ ပေါင်းမိဖို့လည်း လိုသေးတယ်။
ကိရိယာပရိဟာနိ မဖြစ်အောင် ဟောပြောနည်း
ပေးလမ်းပြတဲ့ဆရာက ပြည့်စုံဖို့လိုသေးတယ်။
နောက်ထပ် ကိရိယာပရိဟာနိ မဖြစ်အောင်
ကိုယ်တိုင်က ကြိုးစားဖို့လိုသေးတယ်လို့
အကြောင်းသုံးမျိုး။ အဲဒါမှတရားထူးတရားမြတ်
ရဖို့ဆိုတာ ဖြစ်နိုင်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသ
အဘိဓမ္မာမြတ်ဒေသနာ အပိုင်း(၂)

0 comments:

Post a Comment