Friday, April 17, 2015

တရားထိုင်တဲ့အခါ ညောင်းလို့ပြောင်းရင်း ရွေ့ရင် အပြစ်ဖြစ်ပါသလား။



တရားထိုင်တဲ့အခါ ညောင်းလို့ပြောင်းရင်း ရွေ့ရင် အပြစ်ဖြစ်ပါသလား။

ကောင်းကျိုးချမ်းသာရဖို့ တရားအားထုတ်
တဲ့အခါ ထိုင်တဲ့ဣရိယာပုတ်ကြာလာရင်
ညောင်းတတ်ပါတယ်။ ရပ်တဲ့၊ သွားတဲ့၊
လျောင်းတဲ့ ဣရိယာပုတ်တွေလည်း ကြာ
လာရင် ဒီအတိုင်းဘဲ ညောင်းတတ်ပါ
တယ်။ ဒီကိုယ်ဆင်းရဲမှု ညောင်းတဲ့အာရုံ
ကိုတွေ့ပြီး မရှုတတ်သေးတဲ့ သူတွေအ
တွက် သဘောမကျတဲ့ စိတ် ဆင်းရဲမှု
ဒေါသဖြစ်လာတယ်။ ဒေါသ အကုသိုလ်
စိတ်ဖြစ်နေလို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်မပြော
နဲ့ ၀ိပဿနာဉာဏ်ပင်မရနိုင်ပါဘူး။

ဆရာသမားများက မရွေ့ရ၊ မပြင်ရ၊ မလှုပ်
ရစတဲ့ စကားတွေကြောင့် ညောင်းလို့
လည်းစိတ်ညစ်၊ လှုပ်ရင် ပြောင်းရင် ဆူမှာ
ကိုလည်း ကြောက်ရတဲ့ စိတ်နဲ့ မလှုပ်ဘဲ၊ 
မရွေ့ဘဲ နာလွန်းလို့ ပေတေ အောင့်အီး
နေတဲ့အခါ ခံရခက်ပြီး ကိုယ်ရော စိတ်ပါ 
ဆင်းရဲနေပါတယ်။ ပေတေ အောင့်အီးနေ
လို့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြစ်ရင် ဘာ
ဉာဏ် ဘာအသိမှ မရနိုင်၊ မဖြစ်နိုင်တာ
ကြောင့် တရားအားထုတ်ရာမှာ အပြစ်ဖြစ်
တယ်လို့ ပြောရမှာပါ။

နာကျင်လွန်းလို့ မခံသာရင် အသိဉာဏ်နဲ့
သတိကပ်ပြီးပြောင်းရရွေ့ရပါတယ်။ အဲဒီ
လိုပြောင်းပြင်ရွေ့ ပေးလိုက်တဲ့အခါ

ဒုက္ခဝေဒနာပြင်းထန်စွာမဖြစ်ခြင်း။
တည်ကြည်မှုသမာဓိရှိခြင်း။
အားထုတ်ဆဲကမ္မာန်းတရား တိုးပွားခြင်း။
တရားထူးရခြင်းဆိုတဲ့ အကျိုးလေးမျိုး ရ
နိုင်ပါတယ်။

နာကျင်ကိုက်ခဲလို့ စိတ်ဆင်းရဲဖြစ်နေတာ
ကို သတိကပ်ပြီး မပြောင်းပြင်၊ မရွေ့ပေး
ဘဲနေရင်
ဒုက္ခဝေဒနာပြင်းထန်စွာဖြစ်ခြင်း။
တည်ကြည်မှုသမာဓိမရခြင်း။
အားထုတ်ဆဲ ကမ္မဋ္ဌာန်းတရား ပျက်ခြင်း။
တရားထူးမရခြင်းဆိုတဲ့ အပြစ်လေးမျိုးဖြစ်
ပါတယ်။

ဒီလိုဆိုတော့ ညောင်းတာ ပြောင်းလိုက်။ 
ပြင်လိုက် လုပ်ရမှာလားလို့ မေးစရာ ရှိပါ
တယ်။ ညောင်းတာကို သဘောမကျတဲ့ 
ဒေါသဖြစ်လို့ မညောင်းတာကို လိုချင်တဲ့
လောဘနဲ့သာ ပြောင်းမယ်ရွေ့မယ် ဆိုရင် 
သတိ၊ အသိဉာဏ် မပါတဲ့အတွက် အဲဒီလို
ပြောင်း ရွေ့တာကိုလည်း မကောင်းဘူးလို့
ပြောရပါမယ်။ အထိုင်ကြာလို့၊ အမှုအယာ
တစ်မျိုးတည်းနေတာကြာလို့ နာကျင်ကိုက်ခဲ 
ညောင်းလွန်းတဲ့အခါ သတိအသိနဲ့ မရှုပွားဘဲ 
နာကျင်ကိုက်ခဲမှုကိုကုန်စေလိုလို့ ကျော်လွှား
လိုလို့ဆိုပြီး အတင်းအဓမ္မ ကျိတ်မှိတ်ပေတေ
အောင့်အည်းပြီး ငြိမ်မခံသင့်ပါဘူး။ ကိုယ်ဆင်း
ရဲ စိတ်ဆင်းရဲတိုးလို့အပြစ်ပိုကြီးပါတယ်။

တချို့က အဲဒီလိုကျိတ်မှိတ်ပေတေ အောင့်
အည်းပြီး နေတဲ့အခါ နာကျင်ကိုက်ခဲတာတွေ 
ကျော်သွား၊လွန်သွား၊ ကုန်သွားတယ်လို့ပြော
ကြပါတယ်။ တကယ်တမ်းကျတော့ နာကျင်
ကိုက်ခဲလွန်းလို့ထုံပြီးသွားတာပါ။ ထုံပျောက်
ကြီးပျောက်နေတာကို အဟုတ်မှတ်ပြီးတော့ 
နေ နေတတ်ကြတယ်။ တချို့ကျတော့လည်း 
ပေါ်လာတဲ့ အာရုံတစ်ခုခု နောက်ကို မှိန်းပြီး
လိုက်နေတဲ့ မောဟ၊ လောဘ၊ ကိလေသာ
တွေနဲ့ မှိန်းထိုင် ထိုင်နေတတ်ကြတယ်။
တချို့ကျတော့လည်း ပေါ်လာတဲ့အာရုံတစ်
ခုခု နောက်ကို မှိန်းပြီး လိုက်နေတဲ့ မောဟ၊ 
လောဘ၊ ကိလေသာတွေနဲ့မှိန်းထိုင်ထိုင်နေ
တတ်ကြပါတယ်။

မပြောင်းမရွေ့ဘဲ ကြာကြာထိုင်နိုင်တယ်။
ရပ်နိုင်တယ် ဆိုတာက တရားရတဲ့၊ အသိ
ဉာဏ်တွေ တိုးပွားတဲ့ ၀ိပဿနာ အလုပ်မှာ 
အဓိကမကျပါဘူး။ 

ဣရိယာပုတ်အမှုအရာနဲ့ ပြောင်းပဲပြောင်း
ပြောင်းမပြောင်းဘဲနေနေ၊ အသိဉာဏ်တိုးဖို့ 
ပြောင်းဆဲပြင်ဆဲမှာလည်း သတိ၊ ၀ီရိယ၊ အ
သိဉာဏ်နဲ့ ထင်ရှားတဲ့ ရုပ်ဓါတ်၊ နာမ်ဓါတ်
တွေကို ကြည့်နေရမယ်။ ငြိမ်နေတဲ့ အခါမှာ
လည်း အထင်အရှားဖြစ်ပေါ်နေတဲ့ ကိုယ်နဲ့
စပ်တဲ့ရုပ်သဘောဖောက်ပြန်မှု၊ စိတ်နဲ့စပ်တဲ့ 
သိမှု၊ ညွှတ်မှု၊ စဉ်းစား တွေးခေါ်မှု သဘော
တွေကို သိအောင်ကြည့်နေရမယ်။

အဲဒီလိုကြည့်နေနိုင်လို့ ထင်ရှားတဲ့ပေါ်နေ
တဲ့ဖြစ်တိုင်းဖြစ်တိုင်း အာရုံကို သတိ၊ အသိ
နဲ့ကြည့်နေရင် အပြစ်မဖြစ်ပါဘူး။ ၀ိပဿနာ
အလုပ်မှာ ဖြစ်တိုင်းဖြစ်တိုင်းအာရုံကိုမကြည့်
နိုင်ရင် အပြစ်ဖြစ်တယ်။

ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်းအမေးအဖြေများ- ၁

0 comments:

Post a Comment