Thursday, April 2, 2015

ခင်ပွန်းကြီး(၁၀)ပါးအား ၀န်ချကန်တော့ရန်



ခင်ပွန်းကြီး(၁၀)ပါးအား ၀န်ချကန်တော့ရန်။
======================
၁။ သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌ လည်းကောင်း။
၂။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
၃။ အဂ္ဂသာဝက အရှင်မြတ်များအပေါ်၌ လည်းကောင်း။
၎။ ရဟန္တာအရှင်မြတ်များတို့အပေါ်၌ လည်းကောင်း။
၅။ ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌တော်စပ်ခဲ့သော
မိခင်များအပေါ်၌ လည်းကောင်း။
၆။ ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌တော်စပ်ခဲ့သော
ဖခင်များအပေါ်၌ လည်းကောင်း။
၇။ တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ
ဆရာသမားများအပေါ်၌ လည်းကောင်း။
၈။ သီလ၀န္တသူတော်စင်အပေါင်းတို့အပေါ်၌ လည်းကောင်း။
၉။ လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားမျာအပေါ်၌
လည်းကောင်း။
၁၀။ မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကြ
ကုန်သော ကျေးဇူးရှင်အပေါင်းတို့အား လည်းကောင်း။
ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည်
ပစ္စုပ္ပန်ဘ၀၌ လည်းကောင်း၊ သံသရာဘ၀၌ လည်းကောင်း၊ သိ၍ဖြစ်စေ၊
မသိ၍ဖြစ်စေ၊ ကာယကံ၊ ၀စီကံ၊ မနောကံတို့တွင် တစ်ပါးပါးသော ကံတို့ဖြင့်
ပြစ်မှား၊ ကျူးလွန်၊ ကြံစည်ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ၀န်ခံပါ၏။
ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏။
ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော
အကုသိုလ် မှန်သမျှ အနန္တတို့သည် ပိန်းကြာဖက်တွင် ရေမတင် လျှောကျဘိ
သကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တ ဖြစ်
ထွန်းရပါလို၏ အရှင်မြတ်ကြီးတို့ဘုရား။
{ မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ၏ ၁၃၇၅-၁၃၇၆ ခုနှစ်၊
၇.၄.၂၀၁၄ တနင်္လာနေ့ ညနေမှ ၂၀.၄.၂၀၁၄ တနင်္ဂနွေနေ့ နေ့လည်အထိ
(၃၅)ကြိမ်မြောက်၊ သင်္ကြန်အထူး (၁၄) ရက်စခန်း လက်ကမ်းစာစောင်မှ
ကူးယူရေးသားပူဇော်ပါသည်။ }

0 comments:

Post a Comment