Friday, April 17, 2015

ရုပ်ကိုရှုနိုင်တာကြာပါပြီ။ နာမ်ကိုရှုချင်ပါတယ်။ ဘယ်လိုရှုရပါမလဲ။



ရုပ်ကိုရှုနိုင်တာကြာပါပြီ။ နာမ်ကိုရှုချင်ပါတယ်။ ဘယ်လိုရှုရပါမလဲ။
ဝိပဿနာရဲ့အာရုံဟာ ရုပ်ပရမတ်၊ နာမ်ပရမတ်၊
လောကဒုက္ခသစ္စာတွေပါ။
ဓမ္မသဘောအရရုပ်တရားထက် နာမ်တရားကပိုပြီး
နူးညံ့ပါတယ်။ ပိုပြီးမြင်နိုင်ခဲပါတယ်။ ရုပ်ကိုတွေ့နိုင်
တဲ့ သတိဉာဏ်အားက ပိုပြီးအားကောင်းရပါတယ်။
ဒီသဘောတွေက ၀ိပဿာအားထုတ်သူတိုင်း ကြား
ဖူး သိဖူးကြပါတယ်။
အခု နာမ်ကို ရှုချင်တယ်ဆိုတာဟာ ရုပ်ကို ရှုနိုင်သူ
ထက် နာမ်ကို ရှုနိုင်သူက ပိုပြီးအဆင့်အမြင့်တယ်
လို့ ထင်မိသလား။ ဒါမှမဟုတ် ပိုပြီး အဆင့်မြင့်တယ်
လို့ထင်ထားမိသလား။ ဒါမှမဟုတ်ပိုပြီး နူးညံ့တဲ့နာမ်
ကိုသာရှုချင်စိတ်ဖြစ်တာလား။ ဒါမှမဟုတ်ရုပ်ကိုရှုရ
တာကြာတော့ ပျင်းရိငြီးငွေ့လာပြီးတော့ အသစ်အ
ဆန်းဖြစ်တဲ့ နာမ်ကို စမ်းပြီးပြောင်းရှုချင်တာလားလို့
အားမနာတမ်း ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။
ဝိပဿနာယောဂီဟာ မိမိရှုလိုရာကို ရှုလို့မရပါဘူး။
ဆရာကညွှန်တဲ့နည်းတစ်မျိုးတည်းနဲ့အဆင်ပြေချင်
ပြေတတ်သလို အဆင်မပြေတတ်တာလည်း ရှိပါ
သေးတယ်။
ရှုချင်တာကို ရှုရတာထက် တရားထူးတိုးတက်နိုင်
တဲ့ ရှုသင့်တာကို ရှုရတာကပိုကောင်းပါတယ်။
ရှုသင့်တဲ့တရားဆိုတာ မိမိရဲ့သတိဉာဏ်အားတွေ
မိမိမှာရှိနေတဲ့ ကိလေသာ အထူအပါး အမျိုးအစား
တွေအပေါ်မှာမူတည်ပါတယ်။
ကာယဆိုတဲ့ ရုပ်အပေါင်းကိုရှုခြင်းဟာ တဏှာများ
ပြီး ဉာဏ်အားနည်းသူတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။
ဝေဒနာဆိုတဲ့ ခံစားမှုနာမ်တရားကို တဏှာများပြီး
ဉာဏ်အားထက်သူက ပိုပြီးသင့်တော်ပါတယ်။
စိတ္တဆိုတဲ့ စိတ်နာမ်တရားကို ဒိဋ္ဌိများပြီး ဉာဏ်နည်း
တဲ့သူက ပိုပြီးသင့်တော်ပါတယ်။
ဓမ္မဆိုတဲ့ ရုပ်သဘော၊ နာမ်သဘောတွေကို ဒိဋ္ဌိများ
ပြီး ဉာဏ်အားကောင်းသူတွေက ပိုပြီးတော့သင့်
တော်ကြပါတယ်။
သင့်တော်တဲ့အာရုံ ရှုသင့်တဲ့ကမ္မဋ္ဌာန်းကိုရှုရတာက
ပိုပြီးကောင်းပါတယ်။
ကိလေသာအား၊ ဉာဏ်အားတွေအပေါ်မှာမူတည်ပြီး
ရုပ်အာရုံကိုရှုသင့်တယ်၊ နာမ်အာရုံကိုရှုသင့်တယ်
လို့ ဓမ္မသဘာဝအရ ခွဲခြားနိုင်ပါတယ်။ ယောဂီက
တိတိကျကျခွဲခြားနိုင်ဖို့ အလွန်ခက်ပါတယ်။
ရုပ်အာရုံကိုမှ ရှုချင်တယ်။ နာမ်အာရုံကိုမှရှုချင်တယ်
ဆိုတာမျိုး ယောဂီကမခွဲခြားဘဲ သတိအား ဉာဏ်အား
ဝီရိယအားတွေ ကောင်းအောင်ကြိုးစားရမှာပါ။ ဒီလို
ကြိုးစားလို့ သတ္တိတွေ အင်အားတွေကောင်းလာတာ
နဲ့အမျှ ရုပ်ကိုလည်းမြင်၊ နာမ်ကိုလည်းမြင်၊ ရုပ်သ
ဘော နာမ်သဘောတွေကို တဆင့်ထက်တဆင့်သိ
လာနိုင်ပါတယ်။
မိမိရှုချင်တဲ့နာမ်ကိုလည်း ရှုနိုင်ပါပြီး။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာတရားသင်တန်းအမေးအဖြေများ-၂

0 comments:

Post a Comment