Friday, April 17, 2015

ကာယာနုပဿနာ သတိပဋ္ဌာန်



ကာယာနုပဿနာ သတိပဋ္ဌာန်

ရူပကာယတည်းဟူသော ရုပ်အစု၌ အသိနှင့် သတိ
တစ်စပ်တည်းရှိအောင် မပြတ်မလပ်စောင့်ကြပ်ရှုပွား
ခြင်းသည် ကာယာနုပဿနာသတိပဋ္ဌာန် မည်ပါ၏။
ကာယာနုပဿနာသတိပဋ္ဌာန်၌
၁။ အာနာပါနပဗ္ဗ
၂။ ဣရိယာပထပဗ္ဗ
၃။ သမ္ပဇညပဗ္ဗ
၎။ ပဋိကူလမနသိကာရပဗ္ဗ
၅။ ဓာတုမနသိကာရပဗ္ဗ
၆။ န၀သိဝထိကာပဗ္ဗ ကိုးမျိုးပေါင်း ၁၄-မျိုး ရှိပါသည်။

၁။ အာနာပါနပဗ္ဗ
ဝင်လေထွက်လေ ရှုပွားသည့်အပိုင်းကို အာနာပါနပဗ္ဗ
ဟုဆိုပါသည်။ နှာသီးဖျား၌ လည်းကောင်း၊ အထက်
နှုတ်ခမ်းဖျား၌လည်းကောင်း၊ ထွက်လေ ၀င်လေထိမှု
ထင်ရှားသည့်နေရာ၌ စိတ်စူးစိုက်ကာ ထွက်လေ ၀င်
လေကိုသတိဆောင်၍ သိအောင်ရှုရပါသည်။

အသိနှင့် သတိ ဆက်စပ်လာသောအခါ ၀င်လေထွက်
လေ၏ ရှည်မှုတိုမှုကို ထပ်ဆင့်သတိမြှင့်၍ ရှုရပါသည်။ 
ဝင်လေထွက်လေကို ရှည်အောင် တိုအောင်မလုပ်ရပါ။ 
သဘာဝအတိုင်း ရှုသွင်း ရှုထုတ်နေသော ၀င်လေထွက်
လေကို ရှည်လျှင် ရှည်သည်။ တိုလျှင်တိုသည်ဟုစောင့်
ရှုခြင်းသာဖြစ်ပါသည်။ ၀င်လေထွက်လေ၏ ရှည်မှုတိုမှု
ကိုရှုခြင်းသည် အသက်ရှုမှုအနှေးအမြန်ကို သတိပြုခြင်း
သဘောဖြစ်ပါသည်။

ဝင်လေထွက်လေ၏ ရှည်မှုတိုမှုကိုကောင်းစွာရှုနိုင်လျှင်
တစ်ဆင့်တက်၍ ၀င်လေ ထွက်လေတို့၏ အစအလယ်
အဆုံးကို နှာသီးဖျား၌ သတိကပ်၍ ထင်ရှားအောင်ရှုရ
ပါသည်။

သတိ မြင့်သထက်မြင့်၍ ရင့်သထက်ရင့်လာပါက ၀င်
လေထွက်လေတို့သည် တဖြည်းဖြည်း သိမ်မွေ့လာပြီး 
ချုပ်ငြိမ်းသောသဘောအထိ ဆောင်နိုင်သည်။ သတိ
မလွတ်အောင်ဝီရိယအဆင့်ကို အလွန်မြှင့်ထားရသော
အပိုင်းဖြစ်ပါသည်။

၂။ ဣရိယာပထပဗ္ဗ
သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းဟူသော
ဤ လေးမျိုးကို ဣရိယာပုထ် လေးပါးဟု ဆိုပါသည်။
ယင်း ဣရိယာပုထ် လေးပါး၌ ရှုသည့်အပိုင်းသည်
ဣရိယာပထ ပဗ္ဗ မည်ပါသည်။

သွားသောအခါ သွားဆဲအမူအရာ သွားနေသည့် ခြေ
လှမ်းတိုင်းမှာ .......
ရပ်သောအခါ ရပ်ဆဲ အမူအရာ ရပ်နေသည့် ကိုယ်
ကာယမှာ ..............
ထိုင်သောအခါ ထိုင်ဆဲအမူအရာ ထိုင်နေသည့်ကိုယ်
ကာယမှာ ...............
လျောင်းသောအခါ လျောင်းဆဲအမူအရာ လျောင်းနေ
သည့် ကိုယ်ကာယမှာ ................

မပြတ်မလပ် သတိကပ်လျက် တစိုက်မတ်မတ် 
အထပ်ထပ် ဆင်ခြင်ရှုပွားရပါသည်။ စိတ်ကြောင့်ဖြစ်
သော ရုပ်ဝါယော နှံ့နှော ကိုယ်ဝယ်ပြည့် ဆိုသည့်အ
တိုင်း လေးပါးသော ဣရိယာပုထ်များ ပြောင်းလဲဖြစ်
ပေါ်လာရခြင်းမှာ ပြုပြင်ချင်သော စိတ်ကြောင့် ဖြစ်
သည်။ သွားချင်သောစိတ်ကြောင့်သွားခြင်း၊ ရပ်ချင်
သော စိတ်ကြောင့် ရပ်ခြင်း၊ ထိုင်ချင်သော စိတ်
ကြောင့် ထိုင်ခြင်း၊ လျောင်းချင်သော စိတ်ကြောင့် 
လျောင်းခြင်းတို့သည် ကိုယ်ကာယအတွင်းရှိပျံ့နှံ့ေ
သော စိတ္တဇ ၀ါယောရုပ်တို့၏ တွန်းကန်ထောက်မ 
လှုပ်ရှားခြင်း သဘောတရားများသာ ဖြစ်ပါသည်။

သွားလို ရပ်လို ထိုင်နေလို အိပ်လို စိတ်ဟုသိ။ စိတ်
ကြောင့်ဖြစ်သော ရုပ်ဝါယော နှံ့နှောကိုယ်ဝယ်ပြည့်။ 
ဝါယောပြည့်သော် ရုပ်သစ်ပေါ် ရုပ်သော်သွားပေ၏။ 
ပုဂ္ဂိုလ်မသွား ငါမသွား ရုပ်သွားဉာဏ်ဖြင့်သိ။

အထက်ပါနည်းကို ယူ၍ ကျန်ဣရိယာပုထ်တို့၌
လည်း သဘောဖြင့် ဉာဏ်ယှဉ်လျှင် ပုဂ္ဂိုလ်သတ္တ၀ါ 
ငါသူတစ်ပါး ယောက်ျား မိန်းမဟူ၍ အစွဲမမြင်။ ရုပ်
နှင့်နာမ်သာထင်လေသည်။

၃။ သမ္ပဇညပဗ္ဗ
ကိုယ်ကာယနှင့် သက်ဆိုင်သမျှ အသေးစိတ် အမူ
အရာတို့၌ သတိ ဉာဏ်ဖြင့်အသိမှန်ခြင်းသည်သမ
ဇညဖြစ်ပါသည်။ ထိုသို့ ကိုယ်အမူအရာတို့၌ တစ်ခု
မကျန်အောင် သတိ ဉာဏ်ဖြင့် အသိမှန်စွာ ရှုပွား
သည့်အပိုင်းကို သမ္ပဇညပဗ္ဗဟုဆိုပါသည်။

ရှေ့သို့ခြေလှမ်းလှမ်းခြင်း၊ နောက်သို့ဆုတ်ခြင်း၊ရှေ့
တည့်တည့်ကြည့်ခြင်း၊ နံဘေးသို့စောင်းငဲ့ခြင်း၊ြေ
လက်တို့ကို ကွေးခြင်း ဆန့်ခြင်း၊ လှုပ်ရှားသွားလာ 
လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ရေချိုးခြင်း၊ ထမင်း စား
ခြင်း၊ ကျင်ကြီး ကျင်ငယ် စွန့်ခြင်းပါမကျန် စကား
ပြောနေစဉ်အထိ ကိုယ်အမှုအရာမှန်သမျှ မကျန်ရ
လေအောင် သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ရှုပွား
ရပါသည်။ ထိုသို့ ရှုပွားမှု ထက်သန်လျှင် ရုပ်နာမ်
တို့၏ သဘောမှန်ကို ဉာဏ်အမြင်ထင်ရှားလာနိုင်
ပါသည်။

၎။ ပဋိကူလ မနသိကာရပဗ္ဗ
ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို တစ်ခုစီခွဲကာ
စက်ဆုတ်ရွံရှာဖွယ်ဟု ရှုပွားသောအပိုင်းသည် ပဋိ
ကူလ မနသိကာရ ပဗ္ဗ မည်ပါသည်။

ဦးခေါင်းမှ ခြေဖျားသို့တိုင် တစ်လံမျှသာရှိသည့်
ဤကိုယ်ကာယတွင် ဆံပင်၊ မွှေးညှင်း၊ ခြေသည်း၊
လက်သည်း၊ သွား၊ အရေ ..... စသည်ဖြင့် ၃၂ပါး
သော ကောဋ္ဌာသရုပ်အစုသည် စက်ဆုပ်ရွံရှာဖွယ်
တည်ရျိကြကုန်သည်။ 

ထိုကောဋ္ဌာသတို့ကို အစမှအဆုံးသို့လည်းကောင်း၊
အဆုံးမှ အစသို့လည်းကောင်း၊ ဉာဏ်မြင်ထင်ရှား
သည်အထိ စက်ဆုတ်ဖွယ်အတိဖြစ်အောင် အပြန်
ပြန် အလှန်လှန် ရှုရပါသည်။ ထိုသို့ရှုပွားသော
ယောဂီအား ကျုယ်ကာယရုပ်အစု၌ ရွံရှာစက်ဆုတ်
လျက် တွယ်တာတက်မက် နှစ်သက်စွဲလမ်းတတ်
သည့် တဏှာများ ကင်းကွာစေပါသည်။

၅။ ဓာတုမနသိကာရ ပဗ္ဗ
ခန္ဓာကိုယ်၌ ဖွဲ့စည်းပါဝင်နေသော ဓာတ်ကြီးလေးပါး
ကို နှလု့းသွင်းရှုပွားရသော အပိုင်းသည် ဓာတုမနသိ
ကာရ ပဗ္ဗမည်ပါသည်။

ဓာတ်ကြီးလေးပါးဟူသည် ပထ၀ီ အာပေါ တေဇော
ဝါယောဓာတ်တို့ကို ဆိုပါသည်။ ယင်းဓာတ်ကြီးလေး
ပါးကို တိုက်ရိုက်နှလု့းမသွင်းရဘဲ ယင်းတို့၏သဘာဝ
လက္ခဏာများကိုသာ ဆင်ခြင်ရှုပွားရပါသည်။

ပထ၀ီဓာတ်သည် ခက်မာသည့်သဘော၊ နူးညံ့သည့်
သဘောများရှိပါသည်။ အာပေါဓာတ်သည်ယိုစီးခြင်း
သဘော ဖွဲ့စည်းခြင်း သဘော ရှိပါသည်။ တေဇော
ဓာတ်သည် အေးမှု၊ နွေးမှုသဘောများ ရှိပါသည်။ 
ဝါယောဓာတ်သည် တွန်းကန်မှု၊ ပင့်မမှု၊ လှုပ်ရှားမှု
သဘောများရှိပါသည်။ ထိုဆိုင်ရာ ဆိုင်ရာ ကိုယ်ပိုင်
သဘော သဘာဝ လက္ခဏာ အသီးသီးကို အကြိမ်
ကြိမ် အဖန်ဖန် ဆင်ခြင် ရှုပွားသည်ရှိသော် ပုဂ္ဂိုလ်
သတ္တ၀ါ ငါ သူတစ်ပါး ယောက်ျား မိန်းမဟူ၍ ခွဲကာ
မမြင်။ ဓာတ်တို့၏ သဘော သဘာဝသာ ထင်၏။
ခေါင်း ကိုယ် ခြေ လက် ခါး တင် ရင် စသည်တို့
လည်းမမြင်၊ မရှိ။ ဓါတ်သဘော အစုဟူ၍သာ သိ
တော့၏။ 

၆။ န၀သိဝထိက ပဗ္ဗ
သူသေကောင်ကိုးမျိုးကို နှလုံးသွင်း ဆင်ခြင် ရှုပွား
သည့်အပိုင်းသည် န၀သိဝထိကာ ပဗ္ဗ မည်ပါသည်။
သူသေကောင်ကိုးမျိုးအနက် သင့်ရာ တစ်မျိုးမျိုးကို
သေချာစွာ ကြည့်ပြီးနောက် မိမိသည်လည်းကောင်း
သူတစ်ပါးသည် လည်းကောင်း ဤသို့သဘောသာ
ရှိ၏ဟု ဆင်ခြင်ရှုပွားရပါသည်။ အဖန်ဖန်ရှုပွားသော
အခါ ထင်ရှားသက်ရှိလူပကတိကိုပင်အသုဘအသွင် 
ထင်မြင်၏။ ထိုသို့ ထင်မြင်သဖြင့် မိမိကိုယ်၌ဖြစ်စေ၊
သူတစ်ပါး ကိုယ်၌ဖြစ်စေ တက်မက်ခြင်း ရာဂ ကင်း
လေသည်။

မှတ်ချက် ။ ။ မဟာသတိပဋ္ဌာနပါဠိတော်၊ 
ကာယာနုပဿနာ သတိပဋ္ဌာန်တွင် ဣရိယာပထ
ပဗ္ဗ၊ သမ္ပဇညပဗ္ဗ၊ ဓာတု မနသိကာရ ပဗ္ဗ ဤသုံးမျိုး
ကို ၀ိပဿနာ အနေဖြင့် ဟောတော်မူကြောင်း
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ လာရှိပါသည်။

အာနာပါန ပဗ္ဗ၊ ပဋိကူလ မနသိကာရ ပဗ္ဗ၊ န၀သိဝိ
ထိကာ ပဗ္ဗတို့ကိုမူ သမထ အနေဖြင့် ဟောတော်မူ
၍ ထိုမှတဆင့် ၀ိပဿနာသို့ ကူးပြောင်း ရှုပွားရပါ
သည်။

မလေးငြိမ်
သစ္စဉာဏ်၌ ဦးတိုက်ခြင်း

0 comments:

Post a Comment