Monday, April 6, 2015

တစ်သက်လုံး တရားမွေ့လျော် နေတတ်အောင်။



တစ်သက်လုံး တရားမွေ့လျော် နေတတ်အောင်။
===================
ဝိပဿနာဆိုတာ စိတ်အလုပ်၊ စိတ်အလုပ်တိုင်း ၀ိပဿနာမဖြစ်၊ ဉာဏ်ပါမှဖြစ်တယ် ၀ိပဿနာ
ဉာဏ်အစစ်မရသေးခင် ၀ိပဿနာပေါ်အောင် ကြိုးစားရတယ်။ ၀ိပဿနာအစစ်ဟာ ဘယ်အချိန်ဖြစ်
ဖြစ် ပေါ်နိုင်ပါတယ်၊ ၀ိပဿနာဉာဏ်ပေါ်အောင် ကြိုးစားတဲ့အလုပ် လုပ်မယ်ဆိုရင် အချိန်မရွေး
လုပ်နေပါ။ ၀ိပဿနာဆိုတာ ပညာဉာဏ်ပါ၊ ဉာဏ်ရှိမှ ၀ိပသနာဖြစ်ပါတယ်။ ဉာဏ်ရှိအောင် ဘာ
လုပ်ရမှာလဲ?။ 
ထိုင်ရင်းနဲ့ လဲ ဉာဏ်ရနိုင်တာဘဲ၊ ရပ်ရင်းနဲ့ လဲ ဉာဏ်ရနိုင်တာဘဲ၊ လျောင်းရင်းနဲ့ လဲ 
ဉာဏ်ရနိုင်တာဘဲ၊ လမ်းလျောက်ရင်းနဲ့ လဲ ဉာဏ်ရနိုင်တာဘဲ၊ ရေချိုးမိုးချိုး၊ ထမင်းဟင်းတည်၊
ရုံးတက်ကျောင်းသွား၊ ကိုးလို့ ကန့် လန့် ၊ကုန်းကုန်းကွကွ၊ အမူအရာနဲ့  အချိန်တွေမှာလဲ ဉာဏ်
ရနိုင်ပါတယ်။ ၀ိပဿနာဉာဏ်ရအောင် ဘယ်အချိန်ဖြစ်ဖြစ် ရနိုင်တယ်ဆိုရင် အချိန်ကိုဂရုစိုက်စရာ
မလိုပါဘူး။ အချိန်တိုင်း ၀ိပဿနာဉာဏ်ဖြစ်ဖို့  စိတ်တွေမွေးရပါမယ်။ အချိန်ဆိုတာ လူကိုမစောင့်
ပါဘူး၊ မနက်လဲမနက်၊ နေ့ လဲနေ့ ၊ ညလဲည၊ အချိန်မရွေး အားထုတ်လို့  ရပါတယ်။
ဝိပဿနာဆိုတာ ဉာဏ်လို့ ပြောခဲ့တော့ အမူအရာကို ဂရုစိုက်စရာ မလိုပါဘူး၊ ၀ိပဿနာ
ဘာဝနာအလုပ် အားထုတ်တဲ့အခါ “ဣရိယာပုတ်နဲ့ ဘဲ ပြသနာတွေ များကြပါတယ်၊ ထိုင်တဲ့
“ဣရိယာပုတ်နဲ့ လဲ တရားရနိုင်တယ်ဆိုတော့ ကြာကြာထိုင်ရမှာလား၊ ခဏဘဲထိုင်ရမှာလား၊ လှုပ်
ရမှာလား၊ ငြိမ်ရမှာလား၊ အမေးတွေက ပြသနာတက်လာပါတယ်။ ဉာဏ်ပေါ်ဖို့  ဉာဏ်ဖြစ်ဖို့ ၊
ထိုင်တာက ဉာဏ်ကိုပိုဖြစ်စေသလား၊ လှုပ်တာက ဉာဏ်ကိုပိုဖြစ်စေသလား၊ ထိုင်လို့ သာဉာဏ်ဖြစ်
စတမ်းဆိုရင် ထိုင်ခဲ့ပေါင်းလဲ များလှပြီ၊ ငြိမ်တာက ဉာဏ်ဖြစ်စေတယ်၊ လှုပ်တာက ဉာဏ်ဖြစ်စေ
တယ်လို့  ပြောလောက်အောင် ငြိမ်ခဲ့ဘူးပေါင်းလဲ၊ လှုပ်ခဲ့ဘူးပေါင်းလဲ၊ များလှပါပြီ။
ဉာဏ်ဆိုတာ လုပ်ယူလို့ မရပါဘူး၊ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ။ သီလဆို
တာ လုပ်ယူလို့ ရတယ် အောင့်ထားလို့ ရတယ် ထိမ်းထားလို့ ရတယ်။ သမာဓိဆိုတာ မိမိစိတ်က
လေးကို ထိမ်းမလား ရတယ်။ ကာယကံ ၀စီကံ ထိမ်းတာက သီလ၊ မိမိစိတ် မနောကံ ထိမ်းတာက
သမာဓိ။ ပညာသိက္ခာ ဆိုတာက စောင့်ထိမ်းရတာ မဟုတ်ပါဘူး၊ လုပ်ယူလို့ ရတဲ့ဟာ မဟုတ်ပါဘူး၊
သဘောပေါက်ရတာပါ၊ နားလည်ရတာပါ၊ ကိုယ့်စိတ်ကို ထိမ်းလို့ ရ မရ နားလည်ရပါတယ်၊ ကိုယ့်
ကာယကံတွေ၊ ၀စီကံတွေကို ထိမ်းနိုင်မထိမ်းနိုင် နားလည်ရပါတယ်၊ ဟုတ်၏ မဟုတ်၏ နားလည်ရပါ
တယ်၊ မှန်၏ မမှန်၏ နားလည်ရပါတယ်၊ အကျိုးရှိ၏ မရှိ၏ နားလည်ရပါတယ်။
ပညာကိုရအောင် ကျင့်ကိုကျင့်မယ်ဆိုရင် ကွဲကွဲပြားပြား ဟုတ်၏ မဟုတ်၏ မှန်၏ မမှန်၏ 
သင့်၏ မသင့်၏ အကျိုးရှိ၏ မရှိ၏ အဓိပ္ဖါယ်ရှိ၏ မရှိ၏။ ထိုင်တာနဲ့  ထလမ်းလျောက်တာ ဘယ်ဟာက
အကျိုးရှိသလဲ၊ ငြိမ်တာနဲ့ လှုပ်တာ ဘယ်ဟာအကျိုးရှိသလဲ၊ သိရပါတယ်။ ပညာဆိုတာ ရေစစ်နဲ့တူ
ပါတယ် ။ မိမိကာယကံတွေ လုပ်တော့မယ်ဆိုရင် ရေစစ်ကအနည်ပါရင် စစ်ပေးသလို အကျိုးရှိတာ
ကိုဘဲ လုပ်တော့တယ်၊ မိမိဝစီကံတွေ ပြောတော့မယ်ဆိုရင် ပါးစပ်ထဲမှာ ပညာရှိရေစစ်က ကောင်း
တာတွေဘဲ ထွက်လာတယ် မကောင်းတာတွေကို ရေစစ်ကလေးက တားထားလိုက်တယ်။
တရားအားထုတ်တဲ့အခါ ကောင်းပေမဲ့ မသင့်တာတွေ ရှိပါတယ်၊ ထိုင်တဲ့ ဣရိယာပုဒ် ကောင်း
ပါတယ် ဒါပေမဲ့ ကိုယ့်မှာ ခါးနာနေတယ်၊ အနာရှိတယ်၊ ဘာလို့ ထိုင်မှာလဲ၊ ကောင်းတယ်လို့ သတ်
မှတ်တိုင်း ကိုယ်နဲ့ သင့် မသင့်ရှိ သေးတယ်။ တရားထိုင်တာကောင်းတယ်၊ ခါးလဲမနာဘူး၊ ထိုင်ချိန်လဲ
ရှိတယ်၊ ကိုယ်နဲ့ သင့်မသင့် သိရမယ်။ 
တကယ်ကျင့်ချင်တယ်ဆိုရင် ဖြစ်ကြောင်းလေးမှာ အချိန်မရွေး ရေစစ်ကလေး တပ်ထားရမယ်။
ကာယကံလုပ်လုပ်၊ ၀စီကံပြောပြော၊ မနောကံစဉ်းစားစဉ်းစား၊ ဉာဏ်ကပိုင်းခြားသွားလိမ့်မယ်။ ပေါ့
ပေါ့တန်တန် မလုပ်ဘူးဟေ့၊ ပေါ့ပေါ့တန်တန် မပြောဘူးဟေ့၊ ပေါ့ပေါ့တန်တန် မစဉ်းစားဘူးဟေ့။
ဉာဏ်ကဘဲ လုပ်သွားမှာပါ၊ လူကမလုပ်နိုင်ပါဘူး။ အာရုံတစ်ခုကိုရောက်နေလို့  ပူပါလျက် မသိဘူး၊
ကျင်ပါလျက် မသိဘူး၊ နာပါလျက် မသိဘူး၊ အခုသိသွားပြီ ပူတဲ့ဆီ၊ ကျင်တဲ့ဆီ၊ နာတဲ့ဆီ၊ အာရုံ
ရောက်သွာပြီကို...ဒီစိတ်ကဆုံတဲ့ အာရုံကိုဘဲ သိခွင့်ရှိပါလား? ၊ သိသွားပြီ။
ကိုယ်ကြိုက်တာကိုဘဲ သတိထား ကြည့်ချင်တယ်ဆိုရင် အဲဒီသတိမျိုးကို မိစ္ဆာသတိ လို့ ခေါ်
ပါတယ်၊ အရပ်ပြော ပြောရရင် ဖဲသမားကလဲ ဖဲပွင့်ကို ကြည့်ချင်တယ်၊ အရက်သမားကလဲ အရက်
ပုလင်းကို ကြည့်ချင်တယ်၊ ဆေးလိပ်သမားကလဲ ဆေးလိပ်ကို လိုက်ရှာတယ်၊ သူ့ ဟာသူသတိထား
ပါတယ်၊ သတိမကောင်းဘူးလား ကောင်းပါတယ်၊ သူသတိထားရမှာ မမေ့ဘူးလေ...အဲဒါမိစ္ဆာသတိ၊
တကေ ဉာဏ်ရှိတဲ့ သတိက မမေ့တာလား၊ စွဲလန်းလို့  မမေ့တာလား၊ ဘာတွေ စွဲလန်းတာလဲ၊ ဥပါဒါဏ်
ကြောင့် ဖြစ်တဲ့သတိမှန်သမျှ မိစ္ဆာသတိ။ အဲဒီ သတိမျိုးဟာ လိုလားနေတဲ့ ပညာ ဉာဏ် ၀ိပသနာ
ဉာဏ်မပြောနဲ့  ရိုးရိုးပညာ ဉာဏ်ကိုတောင် ဖျက်ဆီးပစ်ပါတယ်။
အမူအရာမရွေး အားထုတ်ရမယ် သိတဲ့ ဉာဏ်၊ အချိန်မရွေးဘဲ အားထုတ်ရမယ် သိတဲ့ ဉာဏ်၊
နေရာမရွေးဘဲ အားထုတ်ရမယ် သိတဲ့ ဉာဏ်၊ အလုပ်မရွေးဘဲ အားထုတ်ရမယ် သိတဲ့ ဉာဏ်၊ အဲဒီ
ဉာဏ်လေးမျိုး အသိတော့ ရှိထားရမယ်၊ မိစ္ဆာသတိတွေ ရှုတ်နေလို့  ဉာဏ်မပေါ်တာ ဆိုတာလဲ
သဘောပေါက်ပါ၊ နားလည်ပါ။
လိုချင်လို့  စွဲလန်း မမေ့၊ ဟုတ်လှပြီ ထင်ပြီးတော့ စွဲလန်း မမေ့၊ ငါလုပ်နေကျမို့ လို့  စွဲလန်း
မမေ့၊ သေချာပေါက်ဘဲ ဆိုပြီးတော့ စွဲလန်း မမေ့၊ အဲဒီစွဲလန်းတဲ့ သဘောကနေ မိစ္ဆာသတိကြီးဖြစ်။
အကုသိုလ်ကြီး ဖြစ်ပြီးတော့ သမ္မာသတိ လို့ ခေါ်တဲ့ တကယ့် ပေါ်သင့်ပေါ်ထိုက်တဲ့ မဂ္ဂင်ရှစ်ပါး
ဉာဏ်တရားတွေ မပေါ်တာပါ။ ကိုယ့်စိတ်မှာ မဟုတ်တာတွေ မမွေးနဲ့ တော့။ မဟုတ်တာမတွေး
ရင် ဟုတ်တယ်လို့  ခေါ်နိုင်တဲ့ မဂ္ဂင်ရှစ်ပါး တရားတွေ ဆိုင်ရာဆိုင်ရာ ပေါ်လာနိုင်ပါတယ်။
မိစ္ဆာသတိကို အားကိုးထားသမျှ သမ္မာသတိ မလာသလို၊ မိစ္ဆာဝါယမကြီးကို အားကိုးထားသမျှ၊
သမ္မာဝါယမ မလာနိုင်ဘူး။
အမှန်တကယ် ကိုယ်ကရွေးတာ မဟုတ်ပါဘူး၊ မိစ္ဆာသတိက ရွေးတာပါ။ မိစ္ဆာသတိကလဲ
သူရွေးတာ မဟုတ်ပါဘူး၊ ကိုယ်ကြိုက်ရာလေး ကိုရှုချင်နေလို့ ပါ။ ကိုယ်တရားထင်တာ ကိုယ်
ရှုနေတာပါ။ ကိုယ်လုပ်နေကျလေး လုပ်နေတာပါ။ ဉာဏ်ကိုဖျက်စီးနေတဲ့၊ ဉာဏ်ကိုမလာအောင်
တားနေတာတွေ မရှိရင်၊ သမာသတိဆိုတဲ့ ဉာဏ်ပေါ်ပါတယ်။ အချိန်ကို ရွေးနေတာ မရှိရင်
အချိန်မရွေးတဲ့ ဉာဏ် ပေါ်ပါတယ်။ အလုပ်ကို ရွေးနေတာတွေ မရှိတော့ရင် အလုပ်မရွေးဘဲ
အားထုတ်တဲ့ ဉာဏ် ပေါ်ပါတယ်။
အချိန်၊ နေရာ၊ အလုပ်၊..မရွေးတဲ. ဉာဏ် ပေါ်မှတော့ သူနဲ့ ပေါင်းတဲ့ဟာ အားလုံးကလဲ
မရွေးတော့ဘူး။ မရွေးတော့မှ ဘယ်အာရုံပေါ်ပေါ် သူကြည့်မှာပေါ့၊ ရွေးနေရင် ရွေးထားတဲ့
အာရုံကိုဘဲ ကြည့်မယ်။ ရွေးနေရင် ဖေါ်ထားတဲ့ အာရုံကိုဘဲ ကြည့်လိမ့်မည်။ ရွေးနေရင်
ကောင်းတယ်ထင်တဲ့ အာရုံကိုဘဲ ကြည့်လိမ့်မည်။ ရွေးနေရင် တရားလို့  မှတ်နေတဲ့ နေရာ
ကိုဘဲ ကြည့်လိမ့်မည်။ ကိုယ့် ဉာဏ်လေးနဲ့  ကိုယ်ဆန်းစစ်စမ်းပါ။ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။
သိ၊ပယ်၊ဆိုက်၊ပွား၊ သစ္စာလေးပါး တရားဟာ သာမန် ဉာဏ်နဲ့  မရနိုင်ပါ။ တကယ့် ၀ိပ
သနာစစ်စစ် ပင်ကိုယ်ဓါတ်ခံ ပါရမီ ဉာဏ် ရှိမှ ရပါတယ်။ ဘုရားရှင်တော်မြတ်ကြီးက မရွေး
နဲ့ ပြောတယ် မစွဲအောင်၊ မိစ္ဆာသတိ မဖြစ်အောင်၊ မိမိတို့ ကရွေးနေရင် ဘုရားစကားနဲ့ 
လွှဲနေပါတယ်။ 
ကိလေသာ..မိစ္ဆာတွေဖြစ်နေတာကိုတော့ ဉာဏ်နဲ့ သိရပါမယ်။ ဒါနထက်သီလ၊ သီလ
ထက်သမထ၊ သမထထက် ၀ိပသနာ၊ တဆင့်ထက်တဆင့်၊ တဆင့်ထက်တဆင့်၊ နုညံ့ သိမ်မွေ့  
ခက်ခဲပါတယ်။ ထိုင်တာကိုဘဲတရား ထင်ထားတဲ့ ပုဂ္ဂိုလ်အတွက်၊ ထိုင်တဲ့အချိန်သာ တရား
ဖြစ်ပြီး၊ မထိုင်တဲ့အချိန် မတရားတွေ ဖြစ်နေကြမယ်ဆိုရင်၊ အရှုံးကြီးရှုံးပါတယ်။ ကြောက်
စရာကောင်းပါတယ်။ မရွေးတော့လို့  ရမဲ့နိဗ္မာန်ကို မြင်လိုက်စမ်းပါ။ တစ်သက်လုံး နေတတ်
ထိုင်တတ် အားထုတ်တတ်ကြပါစေ။ ။

0 comments:

Post a Comment