Thursday, April 2, 2015

ပါရမီများပြည့်သွားသောအခါ ထိုဘုရားအလောင်းတော်တို့သည် ပညာဓိက သဗ္ဗညုဗုဒ္ဓ ဘုရားရှင်များ ဖြစ်လာကြပေသည်။



ပါရမီများပြည့်သွားသောအခါ ထိုဘုရားအလောင်းတော်တို့သည် 
ပညာဓိက သဗ္ဗညုဗုဒ္ဓ ဘုရားရှင်များ ဖြစ်လာကြပေသည်။

■အကြင်သဗ္ဗညုဘုရားဖြစ်လိုသော ဘုရားအလောင်းတော်တို့သည် 
“သဒ္ဓါဓိက” ဖြစ်ခဲ့သော် “ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း” ကာလပတ်လုံး 
ကိုယ်နှင့်အသက်ကို မငဲ့ကွက်ဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်ကြရပေသည်။ 
ပါရမီများပြည့်သွားသောအခါ ထိုဘုရားအလောင်းတော်တို့သည် 
သဒ္ဓါဓိက သဗ္ဗညုဘုရားရှင်များ ဖြစ်လာကြပေသည်။

■အကြင်သဗ္ဗညု ဘုရားဖြစ်လိုသော ဘုရားအလောင်းတော်တို့သည် 
“၀ီရိယာဓိက”ဖြစ်ခဲ့သော် “တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း”
ကာလပတ်လုံး ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပါဘဲ ပါရမီတော်တို့ကို 
ဖြည့်ကျင့်ကြရပေသည်။ ပါရမီများ ပြည့်သွားသောအခါ 
ထိုဘုရားအလောင်းတော်တို့သည် ၀ီရိယာဓိက 
သဗ္ဗညုဘုရားရှင်များ ဖြစ်လာကြရပေသည်။

■ယခုအခါ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ကိုးကွယ်ဆည်းကပ်နေကြသည့် 
ဂေါတမမြတ်စွာဘုရားသည် သုမေဓာရသေ့ဘ၀၌ 
ဗျာဒိတ်ခံယူစဉ်အခါက ဤကမ္ဘာမှ လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ 
ဂေါတမအမည်ရသည့် ဘုရားရှင်ဖြစ်လာလိမ့်မည်ဟု 
“ဒီပင်္ကရာမြတ်စွာဘုရား”၏ ဗျာဒိတ်တော်ကို ထောက်ထား၍ 
“ပညာဓိက ဘုရား” ဖြစ်သည်ဟု သိကြရပေသည်။

ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ပညာဓိကဘုရားဖြစ်သည့် 
ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီးနှင့် 
တွေ့ကြုံနေကြရသည်အားလျော်စွာ သံသရာဝဋ်ဆင်းရဲမှ 
လွတ်မြောက်၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ကြောင်းဖြစ်သည့် 
သတိပဋ္ဌာန်ဝိပဿနာတရားတို့ကို မိမိတို့စွမ်းအားရှိသမျှ 
အားထုတ်နေကြရပေသည်။ 

-【သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်】

0 comments:

Post a Comment