Tuesday, April 7, 2015

ကိုးဘွဲ့ရဆရာတော်၏ " အသဲနာတယ် "



ကိုးဘွဲ့ရဆရာတော်၏ " အသဲနာတယ် "။
===================
ဦးဇင်းတို့ လွန်ခဲ့တဲ့နှစ်ရက်လောက်က ပြည်မြို့ဘက်ကို သွားပါတယ်။ ပြည်မြို့အနီး ပေါက်
ခေါင်းမြို့နဲ့ ပေါင်းတလည်မြို့အစပ်ကြားမှာ အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ ရွာကလေးတစ်ရွာရှိ
ပါတယ်။ အဲဒီရွာကလေးမှာနေကြတဲ့ တောင်သူလယ်သမားများ၊ ၀ါဆိုဝါကပ်တော်မူကြသော သံဃာ
တော်အရှင်မြတ်များအား ဦးဇင်းတို့က ၀ါဆိုသင်္ကန်း၊ ထီး၊ ဖိနပ် အစရှိသော လှူဘွယ်ပစ္စည်း (၁၆)
မျိုးဖြင့်လှူဒါန်းပြီးတော့ တစ်ရွာလုံးကျွတ် အစာအဟာရစတုဒီသာကျွေးကာ တရားဟောပြီးတော့
ပြန်လာတာ မနေ့ကပဲ ပြန်ရောက်လာပါတယ်။
ဦးဇင်း ပြောချင်တာက အဲဒီရွာမှာ ဘာဖြစ်နေသလဲဆိုရင် အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ 
ရွာကလေးတစ်ရွာမှာ သုံးပုံတစ်ပုံက ခရစ်ယာမ် ဖြစ်သွားတယ်တဲ့၊ သုံးပုံတစ်ပုံက ဗုဒ္ဓဘာသာပေါ့။
ဗိုလ်ချုပ်တစ်ယောက်က လှူဒါန်းထားတဲ့ ပေ ၆၀×၈၀ နှစ်ထပ်ကျောင်းကြီးတစ်ကျောင်းရှိပါရဲ့။
သာယာဖြောင့်ဖြူးတဲ့ တောလမ်းကလေး၊ ရေတွင်းရေကန် စုံစုံညီညီနဲ့ နေချင်စဖွယ်ကောင်းတဲ့
သာသာယာယာ ရွာကလေးပါ။ ပြည်မြို့နဲ့ ၉ မိုင်လောက်ပဲဝေးတဲ့ တောရွာကလေးဆိုတော့ သွား
ရေးလာရေး အဆင်ပြေတယ်လို့ ခေါ်ရပါမယ်။
အဲဒီလောက် အဆင်ပြေပြီးတော့ ဘေးပတ်လည်အားလုံး ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရှိတဲ့
ပတ်ဝန်းကျင်မှာ ဘာဖြစ်လို့ခရစ်ယာမ်တွေရဲ့ ၀ါးမျိုခြင်းကို ခံရတာလဲ ?။ ဓမ္မမိတ်ဆွေအပေါင်းတို့
လည်း စဉ်းစားကြပါ။ အခု ဦးနီထွန်း+ ဒေါ်သီတာအေးတို့ကခလေးမွေးနေ့ အကြောင်းပြုပြီး ဒါန
လုပ်ကြတယ်။ ရှင်းရှင်းပြောရရင် 
မိဘဆိုတာကတော့ ကိုယ့်သားသမီးတွေကို ကိုယ့်ထက်တောင် ပိုပြီးတော့ ချစ်ကြပါတယ်။ သားသမီး
နာမကျန်းဖြစ် ရောဂါတစ်ခု၊ ဝေဒနာတစ်ခု ခံစားရတယ်ဆိုရင် မိဘတွေက သားလေးရယ် သမီးလေး
ရယ် မင်းတို့ မခံစားရပါစေနဲ့ မင်းတို့ကိုယ်စား အမေသာခံစားလိုက်ချင်ပါတယ် အဖေသာခံစားလိုက်
ချင်ပါတယ်ဆိုပြီး သွေးသာဖေါက်ပေးရရ အသဲသာတစ်ခြမ်းခွဲပေးရရ ကျောက်ကပ်သာတစ်လုံးခွဲထုတ်
ပေးရရနဲ့ပါပဲ။ လောကကြီးမှာ သားသမီးအပေါ် မိဘချစ်ပုံ ပြောမကုန်၊ နှိုင်းမကုန်ပါ။
မိဘတွေက သားသမီးတွေကို ချစ်ကြတော့ ပစ္စုပ္ပန်လောကမှာ စိန် ရွှေ ရတနာ ကျောက်သံ
ပတ္တမြားတွေ ပေးကြသလို ပညာတွေလည်း ပေးကြပါတယ်။ ဓမ္မမိတ်ဆွေတို့ အသက် ၃၀/၄၀/၅၀/
၆၀ အရွယ် သရဏဂုံ သုံးပါးနှင့် ငါးပါးသီလမြဲကြပြီး အပါယ်တံခါးပိတ်၊ အပါယ်လေးပါးသို့ မကျ
ရောက်နိုင်တဲ့သူတွေ ဖြစ်နေကြပေမယ့် ကိုယ့်ရဲ့ သားသမီးလေးတွေ၊ တူလေးတွေ၊ မြေးလေးတွေ၊ 
မြစ်လေးတွေဟာ ခလေးတွေဘ၀ဆိုတာကတော့ သရဏဂုံ သုံးပါးနှင့် ငါးပါးသီလ မြဲတယ်၊ မမြဲတယ်
သေချာမသိ၊ ..မသေချာပါ။ မိဘက သားသမီး၊ မြေး မြစ်တွေကို ရွှေတွေပေးသလို၊ ငွေတွေပေးသလို
စိန်ရွှေရတနာ ကျောက်သံပတ္တမြားတွေပေးကြသလို ခလေးတွေရဲ့ နှလုံးသားထဲကို သရဏဂုံ သုံးပါး
နှင့် ငါးပါးသီလမြဲအောင် ဗုဒ္ဓဘာသာအသိတွေ ပေးကြပါလို့ ဦးဇင်းက ပြောချင်ပါတယ်။
အဲဒီမှာ သက်ဆိုင်ရာ ရပ်လူကြီး ရွာလူကြီးတွေက ဦးဇင်းကို တိုင်ကြတယ် ရွာကျောင်းက
ဆရာတော်ကြီးက အသက် ၆၀ ကျော် ၇၀ ရှိပြီဘုရား.. ဘုန်းကြီးက ရေခဲတုံးကြီး၊ ဘုန်းကြီးက ငါး
ပါးသီလတောင် ချမပေးဘူးတဲ့၊ ဥပုသ်နေ့ကျရင်လည်း ဥပုသ်သီလတောင် ချမပေးဘူးတဲ့၊ ပရိတ် မ
ရွတ်ပေးဘူးတဲ့။ 
ဒီမှာဆိုရင် ဦးဇင်းကို အရှင်ဘုရား တရား တိုတိုလေးဟောပေးပါ၊ အရှင်ဘုရား.. နောက်မှာ
ဧည့်သည်တွေက ရှိပါသေးတယ် တရား တိုတိုလေး ဟောပေးပါလို့ လျှောက်တဲ့သူက ရှိသေးတယ်။
ဟိုရွာက ဘုန်းကြီးကျတော့ တရားလုံးဝမဟောဖြစ်တော့ .....။ ဗုဒ္ဓဘာသာ ဆရာတော်ကမဟော
တော့ သူများက ၀င်ဟောသွားတာပေါ့၊ အခုဆိုရင် ရွာထဲဝင်လိုက်တာနဲ့ အိမ်ခြံတံခါးဝမှာ စာရေးပြီး
ချိတ်ထားတယ်။ "ဤအိမ်သည် ထာဝရဘုရားသခင် ပြန်လည်ရှင်သန်ထမြောက်ရာအိမ်ဖြစ်သည်"။
ဆိုလိုတာက ဗုဒ္ဓဘာသာအိမ်မဟုတ်တော့ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေကို ဆွမ်းခံမကြွပါနဲ့လို့
တားထားတာပဲ။ " အသဲနာလိုက်တာ" တချိန်က တစ်ရွာလုံးဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ပေမယ့် ဆွမ်း
ခံကြွတဲ့ ဗုဒ္ဓဘာသာရဟန်းသံဃာတွေ ဆွမ်းခံရခက်ခဲလာပြီ။ အဓိကပြဿနာ ဘာလဲဆိုတော့ ဗုဒ္ဓ
ဘာသာ တရားဟောပြော၊ သွန်သင်ဆုံးမမှုမရှိတဲ့ အတွက်ကြောင့်ပါ။
ဒါလေးကို နမူနာထားပြီး သားတွေ သမီးတွေ ဗုဒ္ဓဘာသာဝင်တွေ မဆုံးရှုံးရအောင် အပါယ်
လေးပါးသို့ မကျရောက်အောင်၊ ဘာသာရေးကို လေးစားသက်ဝင်ယုံကြည်လာအောင် သားတွေ သ
မီးတွေ၊ တူတွေ မြေးတွေကို သွန်သင်ဆုံးမပေးကြပါလို့ တိုက်တွန်းရင်း ဓမ္မမိတ်ဆွေအပေါင်းတို့က
လည်း တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။

0 comments:

Post a Comment