Friday, April 17, 2015

အားကိုးစရာ ၀ိပဿနာ



အားကိုးစရာ ၀ိပဿနာ

ဝိပဿနာအလုပ်ဟာ ဘယ်လောက်ထိ
အားကိုးစရာကောင်းတယ်။ အားထုတ်
သင့်တယ်ဆိုတဲ့အကြောင်းကို အင်္ဂုတ္တရ
အဋ္ဌကထာထဲမှ ထုတ်ပြီး ၀တ္ထုသက်သေ
ပြပါမယ်။

ရှေးရှေးတုန်းက မုဆိုးကြီး တစ်ယောက်
ဟာ အမဲလိုက် အလွန် ၀ါသနာပါတယ်။
အသားလည်း အင်မတန်မှကြိုက်တယ်။
အသားစားကြီးလွန်းလို့ တခြား အစာအာ
ဟာရတွေကို မစားချင်တော့ဘူး။ သမင်၊
ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ အသားတွေ
ကို စားရမှသာလျှာကအရသာတွေ့တယ်
တဲ့။ ဒါနဲ့ပဲ လေးနဲ့မြှားကိုယူ၊ အိမ်သူသက်
ထားကိုပါစွန့်ပြီး တောထဲမှာပဲ လှည့်လည်
နေတယ်။ အမဲပစ်လိုက် အသားစားလိုက်
ပေါ့လေ။ အသားစားကြူးတာကြောင့် လူ့
ဘီလူးကြီး ဖြစ်နေတော့တယ်။ နှစ်ပေါင်း
ကြာလာတော့ လူကလည်း ခက်တရော်
ကြမ်းတမ်းလာတယ်။ အကုသိုလ်က
လည်းကြီးလာတယ်။

တစ်နေ့မှာတော့ အမဲလိုက်သွားရင်းတော
ရကျောင်းနေတဲ့ ရဟန်းတော် တစ်ပါးရဲ့
ကျောင်းသင်္ခန်းရောက်သွားတော့မောမော
နဲ့ရေခပ်သောက်မိတယ်။ သူရေခပ်သောက်
လေတိုင်း ရေမတွေ့ဘဲ ရေမှုတ်နှင့် အိုးဖင်
ထိမိလို့ တဂျင်ဂျင်အသံသာလျှင်မြည်ထွက
လာတယ်။ ဒီတော့သူကသူ့အဖြစ်ကို မရိပ်
မိသေးဘဲနှင့် ရဟန်းတော်တွေကိုသာ ဒီ
ရဟန်းတွေက သိပ်ပျင်းတာပဲ။ စားပြီးအိပ်
နေကြတယ်။ ရေတောင် ခပ်မထားဘူး။ ဒီ
လိုသူက ဆူပူ မောင်းမဲတာပေါ့။ အမှန်က
တော့ရေက အပြည့်ကြီး ရှိနေတာ။ မုဆိုး
ကြီးရဲ့အကုသိုလ် အရှိန်ကြောင့် ရေတွေ
ခန်းကုန်တာ။ အကုသိုလ်များ ဘယ်
လောက်ကြောက်စရာကောင်းသလဲလို့။
မုဆိုးကတော့ ကိုယ့်အဖြစ်ကိုယ်မသိသေး
ဘူး။ သူများကိုပဲ အပြစ်တင်နေလိုက်သေး
တယ်။

ဒီအသံကြားတော့ ရဟန်းတော်ကစဉ်းစား
မိတယ်။ အကုသိုလ်ကောင် တစ်ကောင်
တော့ရောက်လာပြန်ပြီလို့လေ။ ဒါကြောင့်
အသာလာပြီးတော့ ကြည့်တယ်။ ရဟန်း
တော်က လာကြည့်တော့ ရေအပြည့် ရှိ
တယ်။ ဒီတော့မှ ရဟန်းတော်က

ဒီကမုဆိုးကြီး ရေသောက်လိုပါသလား။

မှန်ပါ။ ရေသောက်လိုလို့ လာတာ။ အရှင်
ဘုရားဆို့က ရေမှခပ်မထားဘဲကိုး။

ကောင်းပြီလေ။ ဟောဒီမှာရေ သောက်ပါ
တော့ လို့ မုဆိုးရှေ့တွင် ရေအိုးထဲကရေ
ကို ခပ်ပေးတယ်။ ရဟန်းတော် လက်နှင့်
ကိုင်ပြီးတော့ ရေတိုက်တော့မှ ရေသောက်
ရတယ်။ ဒီတော့ မုဆိုးကြီး သိပ်လန့်သွား
တယ်။ အရှင်ဘုရား တပည့်တော်ဘဝ
တယ်ဆိုးနေပြီပါပြီကလား။ ကယ်တော်
မူပါဘုရား။

ကိုယ်ဆိုးတာ ကိုယ်သိတော့ တော်သေး
တာပေါ့။ ရဟန်းတော်ဟာသနားခြင်းဖြင့်
မုဆိုးကိုဒီနေရာမှာပဲ ရဟန်းဝတ်ပေးတယ်။
သတိပဋ္ဌာန်တရား အားထုတ်ခိုင်းတယ်။
တရား အားထုတ်တယ်ဆိုရင် စရိုက်ကြမ်း
တဲ့လူဆိုတော့ တရားအားထုတ်ဖို့ မျက်စိ
မှတ်လိုက်တိုင်း ခွေးနက်ကြီးတွေ ကျား
နက်ကြီးတွေ မြွေဆိုးကြီးတွေဝိုင်းနေတာ
ချည်း မြင်တယ်။ တရားမရဘူး။ ဇောချွေး
တွေ ပြန်နေတယ်။ ကြမ်းတမ်းတဲ့ဘ၀ဆို
တာ သိပ်ကြောက်စရာကောင်းတယ်နော်
ဒီတော့ ရဟန်းကြီးက အရှင်ဘုရား တရား
အားထုတ်လို့မရပါဘုရား။ တပည့်တော်
ဖြစ်ချင်ရာဖြစ် လူထွက်ပါရစေတော့လို့
လျှောက်ထားလာတယ်။

ရဟန်းတော်က သြော်သနားစရာ သတ္တ၀ါ
တရား မရရင်တော့ အပါယ်ကျတော့မယ်
လို့ သနားစိတ်ပြင်းပြတာကြောင့် အိုရဟန်း
ကြီး သင်လူထွက်လိုက ထွက်လေလို့ မ
ပြောရက်ဘူး။ ဖြစ်အောင်ကယ်တင်မယ်ဆို
ပြီးတော့ ကဲ ရဟန်းကြီး ခဏနေဦး သဖန်း
သား ထင်း အစိမ်းသက်သက်တစ်ပုံပုံလိုက်
စမ်း။

သဖန်းသားဆိုတာ အစိမ်းဆိုရင်အစေးတွေ
သိပ်ထွက်ပြီး ရေစိုသလိုဖြစ်နေတယ်။ ဘယ်
လိုမီးတိုက်တိုက်မီးမတောက်ဘူး။ ကဲရဟန်း
ကြီးကိုယ်တိုင်မီးရှို့စမ်းဆိုတော့ တစ်မနက်
သာကုန်တယ်။ မီးတောင်မစွဲဘူး။ တောက်ဖို့
အသာထား။ ဒီတော့မှ ရဟန်းကြီးလက်မှိုင်ချ
မောဟိုက်နေတုန်း ရဟန်းတော်က ငရဲပြည်
ကို တန်ခိုးနဲ့သွားပြီး ငရဲမီးလေး မုန်ညင်းစေ့
လောက်လက်ကြား ညှပ်ယူလာတယ်။

ရဟန်းကြီး ဟောဒီမှာမြင်ရဲ့လား။ ငရဲမီးက
လေးဆိုပြီး ၄င်းမီးကို သဖန်းပုံထဲ ပစ်ထည့်
လိုက်တယ်။ သဖန်းသားအပုံကြီးဟာ တစ်
ခါတည်း လောင်ကျွမ်းသွားတယ်။
အစတောင်ရှာမရလိုက်တော့ဘူး။ ဒီတော့မှ
ရဟန်းကြီးသိပ်လန့်သွားတယ်။ ငရဲမီးဘယ်
လောက်ပြင်းတယ်ဆိုတာ လက်တွေ့သိသွား
တယ်။ ကဲ ရဟန်းကြီး ခင်ဗျားသေရင် ဒီလို
ပြင်းထန်တဲ့ငရဲမှာ သွားပြီးခံရမယ်။ဘယ့်နှယ့်
လဲ လူထွက်မလားမေးတော့ မထွက်ရဲတော့
ပါဘုရား။ တပည့်တော် တရားကို ရအောင်
အားထုတ်ပါတော့မယ်။

ပရိသတ်များ ငရဲမီးကို ငြိမ်းသတ်နိုင်တာ
တရားပဲ ရှိတယ်နော်။ ရဟန်းကြီးဟာ
ကြောက်ကြောက်နဲ့ ဇွဲတင်းပြီး တရားအား
ထုတ်တယ်။ အိပ်ချင်လာရင် ငိုက်မှာစိုးလို့
ကောက်ရိုးခွေကြီးရေဆွတ် ခေါင်းပေါ်တင်
ကောက်ရိုးခွေတစ်ခုကို ရေဆွတ် ဖင်ခုထိုင်
ပြီး ဇွတ်ပေ အားထုတ်လိုက်တာ အနာဂါမ်
တည်သွားတယ်။ သူ့အတွက် တောက်
လောင်နေတဲ့ ငရဲမီးလည်းငြိမ်းရော။

ဒီတော့မှ ရဟန်းကြီးကအားရ၀မ်းသာလွန်း
လို့ ဥဒါန်းကျူးလိုက်တယ်။

ဥပသန္တော ဥပရတော၊
မန္တဘာဏီ အနုဒ္ဓတော၊
ဓုနာတိပါပကေ ဓမ္မေ၊
ဒုမပတ္တံဝ မာလုတော။
အဟံ၊ မုဆိုးငရဲသားဘ၀မှ တဖြစ်လဲလာခဲ့
သော ငါရဟန်းကြီးသည်။ ပါပကေဓမ္မေ၊
ဘီလူးသဘက်ပမာ လွန်စွာ ဆိုးရွား အကု
သိုလ်အယုတ်တရားတို့ကို။ ဒုမပတ္တံ၊ အချပ်
တစ်ရာရွှေပဒုမ္မာ၏ ငုံ့အာဖြန့်ကြက်ရွှေကြာ
ရွက်သည်။ မာလုတော၊ ရေဖြင့်။ န လိမ္ပတိ
ယထာ၊မကပ်မသိမ်း မလိမ်းမကျန် ဧ၀ကန်
ပျံ့သင်း အလွန်ပင်သန့်ရှင်းသကဲ့သို့။ ဓုနာ
တိ၊ သုံးမဂ်သုံးတန် အနာဂါမ်ဖြင့် ပယ်လှန်
သတ်ဖြတ်အောင်နိုင်အပ်ပေပြီ။ ဣဒါနိ၊ ငရဲ
မီးကြီးငြိမ်းပြီးလေရာယခုအခါမှသာလျှင်။
ဥပသန္တော၊ စိတ်ငြိမ်းလက်ငြိမ်း အကုန်ငြိမ်း
လျက်။ ဥပရတော၊ နှလုံးမွေ့သိမ် ပီတိရှိန်
ဖြင့် စိတ်ငြိမ်းမွေ့လျော် အလွန်ပျော်လျက်။
မန္တဘာဏီ၊ ပညာဖြင့်သာ အရာရာကိုသာ
ယာရွှန်းမြ နှုတ်ခွန်းဟလျက်သာလျှင်။ အနု
ဒ္ဓတော၊ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ မြတ်
ဗုဒ္ဓ၏ ထုတ်ပြမြွက်ဖော်သာသနာတော်ဝယ်။
အဟောတ၀၊အပျော်ကြီးပျော်၍ နေရပါလေ
ပြီတကား။

ဆုထူးပန်ဆရာတော်
အရှင်နာယက

0 comments:

Post a Comment