Tuesday, July 7, 2015

ဘဒ္ဒေကရတ္တသုတ်ဥပရိပဏ္ဏာသပါဠိတော် (၀ိဘင်္ဂ၀ဂ်)



ဘဒ္ဒေကရတ္တသုတ်ဥပရိပဏ္ဏာသပါဠိတော် (၀ိဘင်္ဂ၀ဂ်)
=====================================
က်ျသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် နာမည်ကျော် သာဝတ္တိနိုင်ငံ၊ ဇေတ၀န် ကျောင်းတွင် ရဟန်းတော်များကို ဟောကြားတော်မူခဲ့သည်။
သုတ္တန်တရားတော်အနှစ်ချုပ်မှာ-
- အတိတ်က ဖြစ်ခဲ့ပြီးတဲ့ ရုပ်နာမ်တွေကို တွေးမနေကြနဲ့။
- အနာဂါတ် ရုပ်နာမ်ကိုလည်း မျှော်လင့်ချက်ထားပြီး လျှောက်တွေးမနေပါနဲ့။
- အတိတ် ရုပ်နာမ်တွေက ကုန်ဆုံးခဲ့ပြီလေ။
- အနာဂါတ်ရုပ်နာမ်တွေကလည်း ရောက်မလာသေးဘူး။
အခုပစ္စုပန်ဖြစ်ဆဲ ရုပ်နာမ်ကို ဖြစ်နေခိုက်ခဏမှာ
ဥာဏ်မျက်စိနဲ့မြင်တတ်အောင် ကြည့်နေပါ။
အခုဖြစ်ဆဲရုပ်နာမ်အပေါ်မှာ အချစ်+အမုန်း အမြင်လွဲမှားတာတွေ
ဝင်ဆွဲသွားခြင်းမခံရလေအောင်၊ အချစ်အမုန်း အမြင်လွဲမှားတာတွေ
ဝင်လာပြီး ဖျက်ဆီးသွားတာ မခံရလေအောင်၊
ကိုယ့်စိတ်ကို ချမ်းသာစေချင်တဲ့သူက
(သတိထားကာ) ဥာဏ်နဲ့မြင်တတ်အာင် ကြည့်နေရမယ်။
ပြုလုပ်စရာရှိတဲ့ မသေရာသွားတဲ့ အလုပ်ကို
နက်ဖြန်မရွေ့ဘဲ ဒီနေ့ဘဲလုပ်ပါ။
နက်ဖြန်ခါ ကိုယ်သေမယ် ရှင်မယ်ဆိုတာကို
ဘယ်သူက အတိအကျ သိနိုင်မလဲ။
တကယ်တော့ ရေဘေး၊ မီးဘေး၊ လက်နက်အမျိုးမျိုးဘေး၊
အဆိပ်အမျိုးမျိုးဘေး၊ ရောဂါမျိုးစုံဘေး စတဲ့
သေစရာ အကြောင်းတွေများလှတဲ့ သေစေတတတ်တဲ့သေခြင်းတရားနဲ့ ရက်ချိန်းပေးထားကြတာ (တို့တထွေမှာ) မရှိကြပါဘူး။
ဒီလိုနေ့ရော ညပါ မပျင်းမရိ ဥာဏ်နဲ့ မြင်အောင် အားထုတ်နေတဲ့
ပညာရှိသူကို ကိလေသာကင်းကွာ အမြဲချမ်းသာတော်မူသော
ဗုဒ္စဘုရားရှင်က ကောင်းမြတ်သော နေ့နဲ့ညကို
ပိုင်ဆိုင်ရသြူဖစ်တယ်လို့မိန့်ဆို သတ်မှတ်တော်မူတယ်။
သုတ္တန်အကျယ်ဖွင့်ဆိုချက်ကို မြန်မာပြန်တွင်ဖတ်ရှုကြပါ။
( ဟုတ်မှန်လှပါသည်။ ပစ္စုပ္ပန်ဖြစ်ဆဲ ရုပ်နာမ်တွေက အလွန်တိုတောင်းလှသည်။ ခဏတိုင်း ခဏတိုင်း ပြောင်းလဲဖြစ်ပျက်နေရ်ျ စိတ်ပူပန်ဖို့ရန် အချိန်မရ၊ ရှူ့ပွားရင်း သမာဓိ ပညာ ရင့်ကာအင်အားပြည့်ဝလာလျင် ဒုက္ခကုန်သွားရာ နိဗ္ဗာန်အထိမြင်နိုင်ကြမည်ဖြစ်ပါသည်။ ထို့ကြောင့်ဤ သုတ္တန်၏ညွှန်ပြထားမှုနှင့်အညီ စွမ်းနိုင်သမျှ ကြိုးစားနိုင်ကြပါစေ…)
သစ္စာပါရမီ ဆရာတော်
c/o ( MS )

0 comments:

Post a Comment