Friday, July 10, 2015

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။



အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
=========================================
အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး
မသေတရားကို ရှာကြတယ်။ အဲဒီလိုရှာရင်းနဲ့ သိဉ္ဇည်းပရဗိုဇ်ကြီးဆီ ရောက်သွားတယ်။ သိဉ္ဇည်းဆ
ရာကြီးဆီက အတတ်ပညာတွေကို သင်တော့ အကုန်တတ်သွားတယ်။ ဒါပေမဲ့ သူတို့က မအို မနာ
မသေရာကို ရောက်စေနိုင်တဲ့ ဓမ္မတရားကိုရှာတဲ့ သူတော်ကောင်းတွေဆိုတော့ သိဉ္ဇည်းပရဗိုဇ်ကြီး
ဆီမှာ လက်ထောက်ဆရာအဖြစ်ခန့်ပေမဲ့ နေချင်စိတ် မရှိဘူး။ မြတ်တရားကိုပဲ လိုက်ရှာကြတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး အလောင်းအလျာ ဥပတိဿက အရှင်အဿဇိမထေရ်
မြတ်ကြီး ဆွမ်းခံကြွတာကို တွေ့တယ်။ တရားထူးရှိနေတဲ့ ပုဂ္ဂိုလ်ပဲလို့ ယုံကြည်တယ်။ အဲဒါနဲ့ပဲ
ဥပတိဿက အရှင်အဿဇိ မထေရ်ရဲ့ နောက်ကနေလိုက်ပြီး တရားမေးဖို့ ကပ်နေပါတယ်။ နောက်
ဆုံး အရှင်မြတ်က ဆွမ်းဘုဉ်းပေးပြီးတဲ့အချိန် ဝေယျာဝစ္စတွေကို ပြုစုပေးပြီးကာ တရားမေးတော့
“ယေ ဓမ္မ ဟေတုပ္ပဘ၀ါ” အစချီတဲ့ ဂါထာတစ်ဝက်ကို ဟောပေးတယ်။ အဲဒီတရားကို နာကြားရ
တဲ့အခိုက် “အရှင်ဘုရား ခေတ္တရပ်တော်မူပါဦး” လို့တောင်းပန်တယ်။ ဉာဏ်ပညာကြီးမားတော့
ဂါထာတစ်ဝက်မျှကိုသာ နာပြီး တရားထူးရသွားတယ်။ သောတာပန် အရိယာပုဂ္ဂိုလ် ဖြစ်သွားတယ်။
အရှင်မြတ် ဟောတော်မူတဲ့ တရားတော်ရဲ့ အဓိက ဆိုလိုရင်းကတော့ “ လောကမှာ ဖြစ်လာ
သမျှ ဖြစ်နေတာတွေ မှန်သမျှ အဲဒီအကျိုးတရားတွေ မှန်သမျှဟာ အကြောင်းတရားဆိုတာ ရှိတယ်
ဆိုတာပါပဲ။ အကျိုးမှန်သမျှ အကြောင်းမကင်းဘူး” လို့ ပြောပေးရုံတင် အရှင်သာရိပုတ္တရာ
မထေရ်မြတ်ကြီး အလောင်းတော် ဥပတိဿကတော့ ပညာဉာဏ် ဧတဒဂ်ရနိုင်တဲ့ ပုဂ္ဂိုလ်ကြီးဆို
တော့ အကြောင်းအကျိုးကို ချက်ချင်းသိမြင် တရားဓမ္မကိုလည်း ထိုးထွင်းသိမြင်တာပေါ့။ အဲဒီ
မှာတင် သောတာပန် အရိယာ ဖြစ်သွားပါတယ်။
သူတော်ကောင်းအစစ် ဖြစ်ချင်ရင်လည်း အကြောင်းအကျိုး တရားနဲ့ အကြောင်းအကျိုးတို့
ရဲ့ ဆက်စပ်ပုံတွေကို နားလည်ရမယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်၊ ဆိုးတာလုပ်ရင်
ဆိုးတာဖြစ်တယ်လို့ သိရှိပြီး သမာဓိပြည့်စုံ၊ ပညာပြည့်စုံပြီး ကောင်းကျိုးချမ်းသာတွေ ခံစားစံစား
ပြီး နိဗ္ဗာန်တိုင်ထိ စံဝင်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။

0 comments:

Post a Comment