Friday, July 10, 2015

" စိတ်၏ဆူးငြောင့် နှင့် အနှောင်းအဖွဲ့ များ "



" စိတ်၏ဆူးငြောင့် နှင့် အနှောင်းအဖွဲ့ များ "
=======================
* တရားအားထုတ်ရာမှာ ၊ စိတ်ကို အနှောက်အယှက်ပြုတတ် ၊ နာကျင်စေတတ် ၊
ထိခိုက်စေတတ် ၊ သံသရာဝဋ်မှ ကျွတ်အောင်ရှောက်တဲ့ ၊ မဂ်လမ်း ၊ နိဗ္ဗာန်လမ်း ၊
လျှောက်လှမ်းရာမှာ ခရီးမသွင်အောင် ၊ ကြံကြာစေ တတ်သော ၊ ဆူးငြောင့် (၅) မျိုး နှင့်
အနှောင်းအဖွဲ့ (၅) မျိုး ရှိတယ် ။ *
* အကုသိုလ်တရားတွေတိုးပွားနေလျှင် ၊ ကုသိုလ်တရားတွေဆုတ်ယုတ်နေမယ် ။ *
* ကုသိုလ်တရားတွေတိုးပွားနေလျှင် ၊ အကုသိုလ်တရားတွေဆုတ်ယုတ်နေမယ် ။*
* နေနေ ညည ၊ ကုသိုလ်ကောင်းမှုတွေတိုးပွားဘို့ အတွက် ၊ ရှောင်ကျင်ရမဲ့ ၊ စိတ်၏
ဆူငြောင့်ကို ဖယ်ရှားရမယ် ။ ဖြတ်တောက်ရမဲ့ ၊ အနှောင့်အဖွဲ့ များကို ၊ ဖြတ်တောက်
ရမယ် ။*
' ဆူးငြောင့်တသင်း (၅) မျိုး '
~~~~~~~~~~~~~~~
(၁) ဘုရားရှင်တွင် ၊ ယုံမှားဝင် ၊ ထိုတွင် ငြောင့်တသင်း ။
(၂) တရာတော်တွင် ၊ ယုံမှားဝင် ၊ ထိုတွင် ငြောင့်တသင်း ။
(၃) သံဃာတော်တွင် ၊ ယုံမှားဝင် ၊ ထိုတွင် ငြောင့်တသင်း ။
(၄) ကျင့်သိက္ခါတွင် ၊ ယုံမှားဝင် ၊ ထိုတွင် ငြောင့်တသင်း ။
(၅) ကျင့်ဖော်တို့ တွင် ၊ မြတ်ထွက်လျှင် ၊ ထိုတွင် ငြောင့်တသင်း ။
( ဒေါသကြောင့် ဖြစ်တဲ့ ၊ ဆူငြောင့် )
' အနှောင်းအဖွဲ့ (၅) မျိုး '
~~~~~~~~~~~~~
(၁) ကာမကုန်များတွင် ၊ တပ်မက်လျှင် ၊ ထိုတွင်နှောင်းဖွဲ့ ခြင်း ။
(၂) ကိုယ် ၌ ခင်တွယ် ၊ တပ်မက်လျှင် ၊ ထိုတွင်နှောင်းဖွဲ့ ခြင်း ။
(၃) ရုပ် ၌ ခင်တွယ် ၊ တပ်မက်လျှင် ၊ ထိုတွင်နှောင်းဖွဲ့ ခြင်း ။
(၄) လိုတိုင်း စားမြို ၊ အိပ်ငိုက်ပို ၊ ထိုတွင်နှောင်းဖွဲ့ ခြင်း ။
(၅) နတ်ပြည်ကိုရွယ် ၊ ကျင့်ကြံမယ် ၊ ထိုတွင်နှောင်းဖွဲ့ ခြင်း ။
# သံသရာဝဋ်မှ ကျွတ်အောင်ရှောက်တဲ့ ၊ မဂ်လမ်း ၊ နိဗ္ဗာန်လမ်း ၊
လျှောက်လှမ်းရာမှာ ခရီးမသွင်အောင် ၊ ကြာစေတတ်သော ၊ စိတ်ရဲ့ 
ဆူငြောင့်များကို ဖယ်ရှားရမယ် ။ ဖြတ်တောက်ရမဲ့ ၊
အနှောင့်အဖွဲ့ များကို ၊ ဖြတ်တောက်ရမယ် ဆိုတာ ကိုနားလည် ၊
သဘောပေါက်ကာ ၊ ကျင့်ကြံအားထုတ်နိုင်ကြပါစေ ။ #
" သာဓု သာဓု သာဓု "
( ကျေးဇူးတော်ရှင် ဓမ္မဒူတတောရ ဆရာတော် ဒေါက်တာအရှင်ပညိဿရ )
c/o ( MS )

0 comments:

Post a Comment