Wednesday, July 1, 2015

အမဲရိုးကိုက်တဲ့ခွေလို



အမဲရိုးကိုက်တဲ့ခွေလို
===========
သား၊ လင်၊ ခင်ပွန်းနဲ့ပစ္စည်းတွေ ခင်တွယ်နေတဲ ပုဂ္ဂိုလ်များဟာ၊ ခွေးအမဲရိုကိုက်တာနဲ့တူတယ်၊ အမဲရိုးရ
ထားတော့ ခွေးကကံကောင်းတယ်လို့ထင်တယ်၊****** အမဲရိုးက ရိုးတွင်ချဉ်ဆီအနံ့ကလေးနဲ့မို့ အရသာရှိသလို
လိုနဲ့ နောက်ဆုံးပိတ်ကျတော့ ဝါးရင်းမောလာတာနဲ့ပစ်ချလိုက်ရတယ်၊ ဝပြီးပြန်ရတာလား၊ အညှီနံ့ကလေး
ရရုံနဲ့ ပြန်ရတာလားဆိုတော့ အညှီနံ့ကလေး ရရုံနဲ့ ပြန်ရတာ၊ နက်ဖြန်ကျတော့လဲ ဒီအတိုင်းပဲ၊ လာပြီးဝါး
ရပြန်တယ်၊ ဝါးရတော့လဲ ဝပြီးပြန်ရတာမဟုတ်ဘူး၊ အညှီနံ့ကလေး ရရုံပြန်ရတာပဲ၊ ဝါးရတာနဲ့ အညှီနံ့က
လေး ရရုံနဲ့ပြောပလောက်အောင်ချမ်းသာမှုမရကြပါဘူး၊ ထိုအတူပဲ သား လင် ခင်ပွန်း ပစ္စည်းတွေခင်တွယ်
ကြရတာတစ်နေ့လဲ ဒီအလုပ်နဲ့ဒီသားသမီးနဲ့သွားပြီးဝါရပြန်တာပဲ၊ မနက်ဖြန် သန်ဘက်ခါကျတော့လဲ သွား
ပြီးဝါရပြန်တာပဲ၊ မိုးချုပ်နေဝင်ကျတော့လဲ ဝသလားဆိုတော့မဝဘဲနဲ့ ပြန်ခဲ့ရတာပဲ၊ နောက်လဲ ဒီသား လင်
ခင်ပွန်းများအတွက်သွားရပြန်တာပဲ၊ တစ်နေ့လုံး ဝါးနေတော့တာပဲ၊ ညနေရောက်လို့ စာရင်းတွက်တော့
၂၀-ကျပ်၊ ၂၅-ကျပ်၊ ၃၀-ကျပ် အမြတ်ကလေးကျန်မယ်၊ ဒီအညှီနံ့လေးခံပြီးပြန်ခဲ့ရတာပဲ၊ ဘယ်လောက်ကြာ
ကြာ ဝါးရမှာလဲလို့မေးရင် သွားတွေသာ ကျိုးစရာအကြောင်းရှိတယ်၊ ဝမှတော့မဟုတ်ဘူး။
အဲဒီတော့ ခင်ဗျားတို့ အရောင်းအဝယ်လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်စဉ်က ခွေးအမဲရိုးကိုက်သလိုပဲ၊ ကိုက်လို့
မောတာနဲ့ အညှီနံ့ကလေး ခံရတာနဲ့မမျှပါဘူး၊ အနံ့ကလေးကမဖြစ်လောက်ပါဘူး၊ ဒါကို တစ်နေ့လုံးဝါးနေရ
တယ်၊ ဒါကြောင့် ဘုရားရှင်က ငါးပါးအာရုံ ကာမဂုဏ်တွေဟာသာယာစရာက နည်းနည်းလေးသာရှိတယ်၊
ဒုက္ခတွေက သိပ်များတယ်လို့ ဟောထားခဲ့တယ်၊ နေ့တိုင်းဝါးနေရတဲ့အမဲရိုးကို စိတ်မပျက်သရွေ့ ခင်ဗျားတို့
သွားပြီး ဝါးနေမှာပဲ၊ သေသည်အထိ ဝါးနေမှာပဲ၊ သေတော့လဲ ဝရဲ့လားဆိုတော့၊ မဝဘဲနဲ့သေရတာ၊ သေပွဲ
ဝင်တော့လဲ မပြီးသေးဘူး၊ ရောက်ရာဘဝမှာလဲ ကိုက်ဦး ဝါးဦးမှာပဲ၊ ဝပြီးသေတဲ့သဘောကိုမပါဘူး၊ တန်း
လန်းနဲ့ပဲ ပစ်ထားခဲ့ရတာပဲ၊ အမဲရိုးဟာသာယာစရာ အညှီနံ့လောက်ပဲရှိသလို၊ ခင်ဗျားတို့ မှာလဲ သားသမီး
ပစ္စည်းတွေကို ချစ်ခင်တာ သာယာတာကနည်းနည်းကလေး၊ သူတို့အတွက် ဒုက္ခခံရတာတွေကအများကြီ်း
ပဲလို့ ဘုရားကဟောခဲ့တယ်။
ဒါဘာဟောနေတာလဲဆိုတော့"တဏှာ"သတ်ဖို့ဟောနေတာ၊ ဒီတဏှာက ဘယ်တော့မှ ဝ မှာမဟုတ်ဘူး၊(မိုးကုတ်ဆရာတော်ဘုရားကြီး၏ အမဲရိုးကိုက်တဲ့ခွေလို )
c/o ( MS )

0 comments:

Post a Comment