Wednesday, May 7, 2014

ဒိဋ္ဌိ ၀ီစိကိစ္ဆာပယ်ပုံတရားတော် ၁၄-၁၁-၆၀ ရန်ကုန်ဧည့်သည်များကို ဟောတရား

ဒိဋ္ဌိ ၀ီစိကိစ္ဆာပယ်ပုံတရားတော်
၁၄-၁၁-၆၀ ရန်ကုန်ဧည့်သည်များကို
ဟောတရား

သောတာပန်ဖြစ်ချင်ရင် ဒိဋ္ဌိ ၀ိစိကိစ္ဆာပယ်ရ
လိမ့်မည်ဆိုသော သတိပေးစကားဖြင့် ဤ
တရားကို အစပြိုး၍ဟောကြားတော်မူသည်။
ဒိဋ္ဌိသည် ခန္ဓာငါးပါးမှာ ငြိကပ်နေသည်။
ထို့ကြောင့် ဒိဋ္ဌိကို ပယ်ချင်လျှင် ခန္ဓာငါးပါး
ဖြစ်ပုံပျက်ပုံသဘောကို ကောင်းစွာသိရမည်။
ခန္ဓာသဘောကို မသိလျှင် ဒိဋ္ဌိကိုမပယ်နိုင်ဟူ
လို။ ခန္ဓာဖြစ်လာတာမှ မသိလို့ရှိချင် ခန္ဓာမှာ
ကပ်နေတဲ့ ဒိဋ္ဌိခွါနည်းနိဿရည်းကိုလည်းရ
နိုင်မှာမဟုတ်ဘူးဟု ဆရာတော်က ဆိုထား
သည်။ ဒိဋ္ဌိကိုခွါချင်လျှင် ပဋိစ္စသမုပ္ပါဒ်ကို အ
ရင်းကျကျ သိအောင်လုပ်ပါဟုလည်း လမ်း
ညွှန်ပြတော်မူသည်။ ပဋိစ္စသမုပ္ပါဒ်ဆိုရာမှာ
လည်း ပစ္စုပ္ပန်ယခုရောက်ဆဲ ယခုဖြစ်ဆဲ ပ
ဋိစ္စသမုပ္ပာဒ်ကို နားလည်မှသာလျှင်ဒိဋ္ဌိ ၀ိစိ
ကိစ္ဆာကွာမယ်ဟုပြတ်သားစွာ ပြညွှန်းလေ
သည်။ ပြီးမှ ခန္ဓာဖြစ်ကြောင်းကို မသိလျှင်
ဝီစိကိစ္ဆာကပ်လိမ့်မယ်။ ခန္ဓာဖြစ်ကျိုးကိုမသိ
လျှင်ဒိဋ္ဌိကပ်လိမ့်မယ်ဟု ရှင်းလင်းဖော်ပြပြန်
သည်။ ဤတရားတွင်ဖော်ပြထားသော ဆရာ
တော်ကြီး၏ ထူးခြားသော စကားမှာ အလာ
ကြီးလာရပြီးကာမှ စူဠသောတာပန်အခြေအ
နေမရောက်ပဲနှင့် မပြန်ကြပါနဲ့ဆိုသော ဆုံးမ
စကားဖြစ်၏။

ဒိဋ္ဌိဖြုတ်ရေးသည် အရေးကြီးပုံကို သံယုတ်
ပါဠိတော်မှ သတ္တိယာဝိယ သြမဋ္ဌောဂါထာ
ကိုပြ၍ ဟောသည်။ ရင်ဝလှံစူး ထိပ်ဦးမီး
လောင်သူသည်လှံကိုနုတ်ပြီးဆေးကုဖို့ထက်
ဦးခေါင်းမှာ လောင်သော မီးကို ငြိမ်းသတ်ဖို့
ထက် အရင်ဦးစွာ ဒိဋ္ဌိဖြုတ်ဖို့ကိုအရေးထား
အပ်ကြောင်း ပြပါသည်။ ဒိဋ္ဌိက အပါယ်သို့
ဆွဲချသည်။ ဒိဋ္ဌိလောက် ကြောက်စရာ
ကောင်းတာ ဘာမျှမရှိဟုဟောတော်မူသည်။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုတားတာ တဏှာမ
ဟုတ်ဘူး။ ဒိဋ္ဌိက တားတာ။ ဒိဋ္ဌိကို မခွါဘဲ
အနိစ္စ ဒုက္ခ အနတ္တ အာပေါက်အောင် အား
ထုတ် ဖြစ်ပျက်ကိုမြင်ချင်လဲ မြင်မယ်။ မဂ်မ
ရဘူးဟု ယတိပြတ် အခိုင်အမာဆိုပါသည်။
ခန္ဓ၀ဂ္ဂသံယုတ်မှာ အနုရာဓမထေရ် ဖြစ်ပျက်
မြင်သော်လည်း မဂ်မရပုံကို နမူနာပြပါသည်။
အရှင်ဆန္ဒ (မြင်းမီးဆွဲ)လည်း ဖြစ်ပျက်မြင်
သည်။ ဒိဋ္ဌိမပြုတ်၍ မဂ်မရကြောင်း နမူနာ
ပြပါသည်။ အရှင်ဆန္ဒကို အရှင်အာနန္ဒာက
ဒိဋ္ဌိပြုတ်အောင် ပဋိစ္စသမုပ္ပါဒ်ကိုပြပြီးဟော
မှ မဂ်ရသည်။

ဤသို့ ကြောင်းကျိုးပြစကားကိုဆိုပြီးမှ ဆရာ
တော်က မျက်စိနှင့်အဆင်းတိုက်၍ မြင်စိတ်
ပေါ်ပုံ ပဋိစ္စသမုပ္ပါဒ်ကိုပြသည်။ မြင်စိတ်နှင့်
အတူ နာမ်ခန္ဓာလေးပါးတပေါင်းတည်း ( သ
မ္ပယုတ္တအဖြစ်)ပါပုံကို ပြသည်။ ပစ္စုပ္ပန်ခန္ဓာ
ငါးပါးပေါ်ပုံကို ပြသည်။ ဖြစ်ဆဲခန္ဓာငါးပါးကို
ကျကျနနသိမှ သဿတဒိဋ္ဌိဖြုတ်နိုင်သည်။
အကြောင်းနှစ်ခုကြောင့် အကျိုးနာမ်ခန္ဓာ
လေးပါးပေါ်လာပုံကို သိသဖြင့် ဥစ္ဆေဒဒိဋ္ဌိ
ပြုတ်သည်။ သဿတ ဥစ္ဆေဒဒိဋ္ဌိအစွန်းနှစ်
ဖက်ကို အသိနှင့်ခွါပြီးမှ တရားအားထုတ်
ခြင်းကိစ္စကိုဆောင်ရွက်ရမည်။

ဤတွင် မျက်စိနှင့်အဆင်း (ရုပ်နှစ်ခု) တိုက်
ဆိုင်မှုအကြောင်းကြောင့် မြင်စိတ်နှင့်အတူ
ဝေဒနာ၊ သညာ၊ စေတနာ(သင်္ခါရ)နာမ်ခန္ဓာ
များ အကျိုးအဖြစ် ပေါ်လာပုံကို သိရမည်။
ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ ယောက်ျား မိန်းမပေါ်
လာသည်မဟုတ် ဓမ္မမျှသာ။ အကြောင်းနှင့်
အကျိုးမျှသာ ဖြစ်သည်။ ဘယ်ခန္ဓာ ဖြစ်ဖြစ်
အကြောင်းနှင့်အကျိုးချည်းပဲဟု ဆရာတော်
ကဆိုသည်။ဤသို့ခန္ဓာငါးပါးသည်အကြောင်း
အကျိုးချည်းပဲဟု သိလျှင် အသိဖြင့် ဒိဋ္ဌိကို
ပယ်ခွါနိုင်ပြီ။ ထိုကဲ့သို့ ခန္ဓာငါးပါးအပေါ် စွဲ
သောဒိဋ္ဌိနှင့် သံသယ ၀ီစိကိစ္ဆာကို ပယ်နိုင်ပြီ
ဆိုလျှင်ကလျာဏပုထုဇဉ် (စူဠသောတာပန်)
ပဲဟု ဆရာတော်ကဆိုပါသည်။ ဤသို့ ဒိဋ္ဌိဝီစိ
ကိစ္ဆာကို အသိဖြင့် ( ဉာတပရိညာ ) ဖြင့်
ဖြုတ်ပြီးမှ အလုပ်စခန်းသို့ တက်လှမ်းရမည်
ဖြစ်သည်။

ဤတရားတွင် နာမ်ရုပ်ကို ၀ိပဿနာရှုပုံကို
လည်းပြသည်။ ၀ိပဿနာအလုပ်သည် ကံ
အလုပ်မဟုတ်၊ဉာဏ်အလုပ်ဖြစ်ကြောင်းကို
လည်းပြတော်မူသည်။ ပြီးမှ ခန္ဓာငါးပါးကို
သတိပဋ္ဌာန်လေးပါးဖြင့် ခွဲဝေပုံကိုလည်းပြ
ထားသည်။ ရုပ်ကိုရှုလျှင် ကာယနုပဿနာ
စိတ်ဝိညာဉ်ကို ရှုလျှင် စိတ္တာနုပဿနာ၊
ဝေဒနာကိုရှုလျှင် ဝေဒနာနုပဿနာ၊ သင်္ခါ
ရနှင့်သညာကိုရှုလျှင် ဓမ္မာနုပဿနာဖြစ်
ကြောင်းပြသည်။ ဤတရားတွင်ဆရာတော်
ကြီး၏ ထူးခြားသောစကားမှာ ကံစီမံသလို
ခံကြရင်တော့ လူ့ဘော်လုံးဖြစ်လိမ့်မယ်ဟု
ဆိုပြီး ၀ိပဿနာအလုပ်သည် ကံဖြတ်သည့်
အလုပ်ဖြစ်ကြောင်းကို ဟောလေသည်။

ဆန်းလွင် - အရှင်အာဒိစ္စရံသီ
မိုးကုတ်ဝိပဿနာအလုပ်စဉ်တရား

0 comments:

Post a Comment