Friday, May 30, 2014

တရားအားထုတ်ရင်းနဲ့ မောသလို အသက်ရှုကြပ်သလိုဖြစ်လာပါတယ်။ ဘယ်လိုမှားနေတယ်ဆိုတာ သိချင် ပါတယ်။

တရားအားထုတ်ရင်းနဲ့ မောသလို
အသက်ရှုကြပ်သလိုဖြစ်လာပါတယ်။
ဘယ်လိုမှားနေတယ်ဆိုတာ သိချင်
ပါတယ်။

မောသလို ကျပ်သလိုဖြစ်လာတယ်ဆိုတာ
မတရားအားထုတ်လို့ မကောင်းကျိုးဖြစ်
မှားတာပါ။

တရားအားထုတ်တဲ့သူတွေ သိသင့်တာက
အရှုခံအာရုံနဲ့ရှုတဲ့စိတ်နှစ်မျိုးပါ။ ယောဂီဆို
တဲ့မိမိက ရှုတဲ့စိတ်နဲ့သာဆိုင်တယ်။ ရှုတဲ့
စိတ်ကို သတိ သမာဓိအသိဉာဏ်ကောင်း
ဖို့ ကြိုးစားရမယ်။ အရှုခံအာရုံဆိုတာက သူ့
သဘာဝ အရှိ အတိုင်းပဲ၊ ထင်ရှားချင် ထင်
ရှားမယ်။ မထင်ရှားချင်ရင် မထင်ရှားဘူး။
အာရုံကိုပြုပြင်ပေးစရာမလိုပါဘူး။

များသောအားဖြင့် နာတဲ့အာရုံကို မနာအောင်
တင်းတာကို ပျော့တာ၊ ပူတာကို အေးတာဆို
တဲ့ အာရုံအစားထိုးလဲတာတွေ လုပ်နေတတ်
ကြတယ်။ နာလည်းနာတဲ့သဘော မနာလည်း
မနာတဲ့သဘောပေါ့။ အရှိအတိုင်းကိုကြည့်
တတ်၊ ကြည့်နိုင်ရမယ်။ တင်းတဲ့သဘောကို
လျော့တာနဲ့ လှုပ်တဲ့သဘောကို ငြိမ်တာနဲ့မ
ပြောင်းပစ်ရဘူး။

တရားအားထုတ်တဲ့သူဟာ ကိုယ်ကြည့်လိုတဲ့
အာရုံကိုလိုက်ကြည့်နေတာလား။ စောင့်ကြည့်
နေတာလား။ သေချာ စဉ်းစားပါ။ ဆရာသမား
ခိုင်းတဲ့ အာရုံပဲဖြစ်ဖြစ် ကိုယ်ကြည့်ချင်တဲ့အာရုံ
ပဲဖြစ်ဖြစ် လိုက်ကြည့်နေရင် လောဘပဲ။ အစ
ပိုင်း ကြည့်နိုင် ရှုနိုင်အား တင်းထားမှု ရှိတုန်း
တော့ ရှုလို့ရသလိုလို ဟုတ်သလိုလိုပေါ့။
တဖြည်းဖြည်းကြာလာတော့ လောဘရဲ့ဆိုးကျိုး
မောသလိုလို ပမ်းသလိုလို အသက်ရှုကြပ်သလို
လိုဖြစ်လာရော။ ဒါကြောင့်မကောင်းကျိုးဖြစ်တာ
မတရားအားထုတ်လို့ မှားတယ်ပြောတာပေါ့။

တရားကို စပြီးအားထုတ်ရင် စောင့်ကြည့်ရတယ်။
စောင့်ကြည့်တာက သတိသဘော။ စောင့်ကြည့်
ရင်မပင်ပန်းဘူး။ ဘောလုံးပွဲတစ်ပွဲကြည့်သလိုပေါ့။
ကိုယ်ကအေးအေးဆေးဆေး စောင့်ကြည့်နေရင်
နှစ်ဘက် ဘောလုံးသမားတွေရဲ့ ကစားကွက်တွေ
ကစားနည်းတွေနားလည်သဘောပေါက်တယ်။
အဲဒီလိုမှမဟုတ်ဘဲ တစ်ဘက်ဘက်ကို ကိုယ့်လူပဲ
ဆိုပြီး နိုင်စေချင်တဲ့ လောဘနဲ့ လိုက်ကြည့်နေရင်
ထိုင်ရမလို ထရမလို ကိုယ်လည်းပင်ပန်း စိတ်လည်း
ပင်ပန်းမှာပဲ။

သတိနဲ့ စောင့်ကြည့်လို့ အေးအေးဆေးဆေးချမ်း
သာမှုကို ရလာပေမယ့် ဉာဏ်မပါသေးရင်တော့
အာရုံရဲ့သဘောကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။
သတိနဲ့ရှုရင် ဘေးအာရုံတွေ မရောက်ဘူး။ ဒါပေ
မယ့် သတိအားနည်းလို့ တဖြည်းဖြည်း ကြာလာ
ရင် ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နဲ့ ကိုယ်ကောင်ကြီး လှုပ်လှုပ်
လှုပ်လှုပ်ဖြစ်ပြီး မှိန်းလိုက်နေတတ်တယ်။ မျော
လိုက်နေတတ်တယ်။ ဒီလိုဖြစ်တာလည်း အမှား
မို့ သတိထားပါ။

ဝိပဿနာဆိုတာ ဉာဏ်၊ ဖြစ်တိုင်းသိတာလည်း
ဉာဏ်ပါပဲ။ ဖြစ်တိုင်းသိဖို့ ဉာဏ်ပေါ်ဖို့ဆိုတာတစ်
လနဲ့ မလွယ်၊ တစ်ပါတ်နဲ့လည်း မလွယ်၊ တစ်ရက်
နဲ့လည်း မလွယ်ပါဘူး။ ဒါဆိုရင် ဉာဏ်ပေါ်ဖို့အချိန်
ဘယ်လောက် စောင့်ရမလဲ မေးဖို့ကောင်းတယ်။
အကြောင်းညီညွတ်လို့ကတော့ တစ်မိနစ်၊ တစ်
စက္ကန့်အတွင်းမှာပဲ ဉာဏ်ပေါ်နိုင်ပါတယ်။

ဉာဏ်ပေါ်အောင် သတိကခေါ်နိုင်ပါတယ်။ သတိ
ဆိုတာ သိပြီးသားတွေကို အမှတ်ရသိနေတာ။
ဒီသတိက ဉာဏ်ကိုခေါ်နိုင်တဲ့ သတိဖြစ်ဖို့အရေး
ကြီးတယ်။ သတိနဲ့နေရတာကိုပဲ ကျေနပ်ပြီးတော့
နေလို့ကတော့ ဉာဏ်မပေါ်နိုင်ပါဘူး။

သတိက ကိလေသာ နီဝရဏတွေကိုတားဆီးထား
တယ်။ အာရုံမှာ ပညတ်ကင်းဖို့ ပရမတ်ထင်ရှားဖို့
ရှုစိတ်မှာလည်း ကိလေသာကွာဖို့ဆိုရင် ဉာဏ်ပေါ်
လာမှဖြစ်တယ်။ သတိနဲ့ကြိုးစားကြည့်ရင်း ကြည့်
ရင်း ဂရုစိုက်အားကောင်းရင် ဉာဏ်ပေါ်လာပါတယ်။

အာရုံကိုလိုက်ကြည့်တာက လောဘ၊ စောင့်ကြည့်
တာက သတိ၊ ဖြစ်တိုင်းသိတာက ဉာဏ်လို့မှတ်ပါ။

လောဘနဲ့လိုက်ကြည့်မိရင်မှားတယ်။ သတိနဲ့သာ
စောင့်ကြည့် ဂရုစိုက်နိုင်လေ ဉာဏ်ပေါ်နိုင်လေပဲ။
လောဘနဲ့ သတိ ကွာခြားတာကို သိချင်ရင်ခါတိုင်း
လုပ်ရှု လိုက်ရှုနေတာမျိုး မလုပ်တော့ဘဲ မိမိကိုယ်
ကို အသာလေးသက်တောင့်သက်သာ နေရင်း နဂို
နေ နေရင်း ထင်ရှားတဲ့သဘောကို မရှုမှတ်ဘဲကြည့်
နေရုံ သိနေရုံ သဘောမျှလောက်သာ နေလိုက်စမ်း
ပါ။ တိုးတာ၊ ထိတာတွေဟာ နဂိုရှိအတိုင်းပေါ်နေပါ
တယ်။

အဲဒီလို နဂိုရှိအတိုင်း ကြည့်လို့တွေ့နေမှ သတိနဲ့ရှု
တာဖြစ်ပြီး မောသလို ကျပ်သလို ပင်ပမ်းမှုတွေကင်း
ပျောင် ချမ်းသာအစစ်ကို ရရောက်နိုင်ပါတယ်။

ဝိပဿနာသင်တန်းအမေးအဖြေများ ၁

0 comments:

Post a Comment